ေမာင္နဲ႕လမ္းခြဲၿပီးမွ ကိုကို႔ကို ခ်စ္ခဲ့မိတယ္လို႔ ရင္ဘတ္ထဲက လူႏွစ္ေယာက္ကို ဖြင့္ခ်ျပလိုက္တဲ့ အိုင္ရင္းဇင္မာျမင့္

Melody world 2009 ခုႏွစ္ သီခ်င္းဆိုၿပိဳင္ပြဲမွာ Top-5 ၿပိဳင္ပြဲဝင္ တစ္ဦးအေနနဲ႕ ေအာင္ျမင္ လူသိမ်ားလာတဲ့ အိုင္ရင္း ဇင္မာျမင့္ဟာ သူမရဲ႕ အသံခ်ိဳခ်ိဳေလးေတြနဲ႕ သီခ်င္းေကာင္းေလးကို ဆြဲေဆာင္နိုင္သူျဖစ္ပါတယ္

“ႏွလုံးသား အရင္းအႏွီး” သီခ်င္းေလးနဲ႕ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ စတင္ ေနရာယူနိုင္ခဲ့သလို သူမ သီဆိုခဲ့တဲ့ သီခ်င္းေတြကလည္း တကယ့္ကို ရင္တြင္း ခံစားခ်က္ေတြ အျပည့္မို႔ ပရိသတ္ေတြ ရင္ထဲ ေရာက္ခဲ့တာ ျဖစ္ပါတယ္

ၾသဂုတ္လ( ၂၉) ရက္ေန႕မွာ သူမ အသက္(၂၈) ႏွစ္ျပည့္ခဲ့ၿပီျဖစ္သလို သူမရဲ႕ ေမြးေန႕ မွာ အမွတ္တရ ျဖစ္ေအာင္ သူမရဲ႕ သီခ်င္းေခြသစ္ ျဖစ္တဲ့ “မာ ” ဆိုတဲ့ ေတးစီးရီး Album ေလးထြက္ရွိခဲ့တာ ျဖစ္ပါတယ္

ဒီ ေတးစီးရီး Album ေလးမွာ Pop၊ R&B သီခ်င္းေလးေတြကို နားဆင္ရမွာ ျဖစ္ၿပီး အျမည္းအေနနဲ႕ တင္ဆက္ခ်ျပလိုက္တဲ့ အမိုက္စား တစ္ပုဒ္ သီခ်င္းတစ္ပုဒ္ ကေတာ့ မိန္းခေလး ပရိသတ္ေတြၾကားမွာ ေရပန္းစားေနခဲ့ပါတယ္

” ရင္ဘတ္ထဲက လူႏွစ္ေယာက္” လို႔ အမည္ရတဲ့ ဒီသီခ်င္းေလးမွာေတာ့ ကိုကို႔ကို ခ်စ္ရင္း ေမာင့္ကို လြမ္းေနတဲ့ မိန္းကေလးတစ္ေယာက္အေၾကာင္းေရးထားတဲ့ သီခ်င္းေလးျဖစ္ၿပီး “သိပ္သိပ္ဆိုးတဲ့ ေမာင့္ကို စိတ္နာၿပီး ကိုကို အခ်စ္ေတြနဲ႕ ေမြ႕ေလ်ာ္တယ္။ ကိုကို သိၿပီး ဂ႐ုစိုက္ေပးပါတယ္။ ဒါေၾကာင့္လဲ ကိုကို သိပ္ခ်စ္ပါတယ္။ ဒါေပမဲ့ ကိုကိုရယ္ ေမာင့္ကို ထားခဲ့ၿပီးမွ သိပ္လြမ္းေနမိေတာ့တယ္။ကိုကိုရယ္ ေမာင့္ကို လမ္းခြဲၿပီးမွ ကိုကို႔ကို ခ်စ္ခဲ့မိတယ္ ” ဆိုတဲ့ ေဝခြဲမရျဖစ္ေနတဲ့ မိန္းကေလးတစ္ေယာက္ ခံစားခ်က္ကို ရင္ဖြင့္ျပထားတာမို႔ ပရိသတ္ေတြ ရင္ထဲ ေရာက္မဲ့ သီခ်င္းေကာင္းေလး တစ္ပုဒ္ျဖစ္ပါတယ္

source: Irene Zin Mar Myint

လွေတာသား

မောင်နဲ့ လမ်းခွဲပြီးမှ ကိုကို့ကို ချစ်ခဲ့မိတယ် လို့ ရင်ဘတ်ထဲက လူနှစ်ယောက်ကို ဖွင့်ချပြလိုက်တဲ့ အိုင်ရင်းဇင်မာမြင့်

Melody world 2009 ခုနှစ် သီချင်းဆိုပြိုင်ပွဲမှာ Top-5 ပြိုင်ပွဲဝင် တစ်ဦးအနေနဲ့ အောင်မြင် လူသိများလာတဲ့ အိုင်ရင်း ဇင်မာမြင့်ဟာ သူမရဲ့ အသံချိုချိုလေးတွေနဲ့ သီချင်းကောင်းလေးကို ဆွဲဆောင်နိုင်သူဖြစ်ပါတယ်

“နှလုံးသား အရင်းအနှီး” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ စတင် နေရာယူနိုင်ခဲ့သလို သူမ သီဆိုခဲ့တဲ့ သီချင်းတွေကလည်း တကယ့်ကို ရင်တွင်း ခံစားချက်တွေ အပြည့်မို့ ပရိသတ်တွေ ရင်ထဲ ရောက်ခဲ့တာ ဖြစ်ပါတယ်

သြဂုတ်လ( ၂၉) ရက်နေ့မှာ သူမ အသက်(၂၈) နှစ်ပြည့်ခဲ့ပြီဖြစ်သလို သူမရဲ့ မွေးနေ့ မှာ အမှတ်တရ ဖြစ်အောင် သူမရဲ့ သီချင်းခွေသစ် ဖြစ်တဲ့ “မာ ” ဆိုတဲ့ တေးစီးရီး Album လေးထွက်ရှိခဲ့တာ ဖြစ်ပါတယ်

ဒီ တေးစီးရီး Album လေးမှာ Pop၊ R&B သီချင်းလေးတွေကို နားဆင်ရမှာ ဖြစ်ပြီး အမြည်းအနေနဲ့ တင်ဆက်ချပြလိုက်တဲ့ အမိုက်စား တစ်ပုဒ် သီချင်းတစ်ပုဒ် ကတော့ မိန်းခလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်

” ရင်ဘတ်ထဲက လူနှစ်ယောက်” လို့ အမည်ရတဲ့ ဒီသီချင်းလေးမှာတော့ ကိုကို့ကို ချစ်ရင်း မောင့်ကို လွမ်းနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းရေးထားတဲ့ သီချင်းလေးဖြစ်ပြီး “သိပ်သိပ်ဆိုးတဲ့ မောင့်ကို စိတ်နာပြီး ကိုကို အချစ်တွေနဲ့ မွေ့လျော်တယ်။ ကိုကို သိပြီး ဂရုစိုက်ပေးပါတယ်။ ဒါကြောင့်လဲ ကိုကို သိပ်ချစ်ပါတယ်။ ဒါပေမဲ့ ကိုကိုရယ် မောင့်ကို ထားခဲ့ပြီးမှ သိပ်လွမ်းနေမိတော့တယ်။ကိုကိုရယ် မောင့်ကို လမ်းခွဲပြီးမှ ကိုကို့ကို ချစ်ခဲ့မိတယ် ” ဆိုတဲ့ ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် ခံစားချက်ကို ရင်ဖွင့်ပြထားတာမို့ ပရိသတ်တွေ ရင်ထဲ ရောက်မဲ့ သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်

source: Irene Zin Mar Myint

လှတောသား

Be the first to comment

Leave a Reply

Your email address will not be published.


*