ခါးနာေနသူမ်ား ခါးနာတာၾကာလာရင္ အခုလိုအျဖစ္မ်ိဳးနဲ႔ မႀကံဳရေအာင္ လံုးဝမေပါ့ဆပါနဲ႔

ေမာင္ေလး ခြဲခန္းက ထြက္လာပါၿပီ ခါးနာေနတာ ၾကာေနတဲ့သူေတြကို သတိျပဳရေအာင္ ေျပာျပခ်င္တယ္။

ေမာင္ေလး က ခါး နာ တာ ၾကာၿပီ မ႐ွိဘူးဆို အနည္းဆံုး ၆ ႏွစ္ ၇ ႏွစ္ေပါ့ သူ ခါးနာရင္ မ်က္ႏွာေတြျဖဴဆုတ္ၿပီး အေတာ္ ခံရတယ္ ခန နားလိုက္ရင္ သက္သာတယ္ဆို ေပါ့ေနလိုက္တာ လြန္ခဲ့တဲ့ တပတ္ကေတာ့ ခါး ျပန္နာရာကေန ညာဘက္ေျခေထာက္တစ္ေခ်ာင္းလံုး လံုး၀ လႈပ္မရပဲ ထံုၿပီး အေၾကာ ေသသလို ျဖစ္သြားလို႔ အေရးေပၚ ​ေဆးရံု တင္ လိုက္ရတာပါ။

သံလိုက္ဓာတ္မွန္႐ိုက္ၿပီး ဒီေန႔ခြဲတာေပါ့ ခုအေျဖက ခါးနာရာကေန ခါးဆစ္႐ိုး ဟသြားတာ အဲ ခါးဆစ္႐ိုးထဲမွာ အရြတ္ေတြခံေနျပီး အာရံုေၾကာမကို သြား ေထာက္လို႔ လႈပ္မရေတာ့တာပါ။ အဲဒီ အရြတ္ေတြကို ခြဲထုတ္တာပါ။ လူသာမာန္လို ျပန္ေကာင္းဖို႔ေတာ့ ၃ လ ေလာက္ အခ်ိန္ယူရပါမယ္တဲ့ ။ အဲဒါေၾကာင့္ ခါးနာရင္ မေပါ့ၾကပါနဲ႔လို႔။

ဒီညေန ခြဲစိတ္တဲ့ ဆရာ၀န္ လာေျပာျပ သြားတာ ပိုေၾကာက္စရာေကာင္းလို႔ Edit ေလး ထပ္လုပ္လိုက္တာပါ။ အခ်ိန္ၾကာသြားတဲ့အတြက္ အရြတ္ေတြက ေပါက္ထြက္ၿပီး အာရံုေၾကာေတြထဲ ေရာက္ကုန္တာတဲ့။

ဒါေၾကာင့္ မေပါ့ဆဖို႔ ထပ္ ၿပီး သတိေပးပါရေစ ေနာ္။ ေနာက္ၿပီး ကုန္​က်စရိတ္​ အတြက္ ေမးၾကလို႔ ေျပာျပရရင္ ကုန္​က်စရိတ္​ အရမ္းနည္းၿပီး ေစတနာပါ တယ္။ ၾကည္​့ျမင္​တိုင္​ အ႐ိုးေဆးရံု ျပင္ပလူနာဌာနမွာ အရင္ျပၿပီး ဆရာ၀န္​ ေတြ ၫႊန္ၾကားခ်က္အတိုင္း ဆက္လုပ္ရံုပါပဲ။

Credit : Thanda Soe Aung

(Unicode Version)

ခါးနာနေသူများ ခါးနာတာကြာလာရင် လုံးဝမပေါ့ဆပါနဲ့

မောင်လေး ခွဲခန်းက ထွက်လာပါပြီ ခါးနာနေတာ ကြာနေတဲ့သူတွေကို သတိပြုရအောင် ပြောပြချင်တယ်။

မောင်လေး က ခါး နာ တာ ကြာပြီ မရှိဘူးဆို အနည်းဆုံး ၆ နှစ် ၇ နှစ်ပေါ့ သူ ခါးနာရင် မျက်နှာတွေဖြူဆုတ်ပြီး အတော် ခံရတယ် ခန နားလိုက်ရင် သက်သာတယ်ဆို ပေါ့နေလိုက်တာ လွန်ခဲ့တဲ့ တပတ်ကတော့ ခါး ပြန်နာရာကနေ ညာဘက်ခြေထောက်တစ်ချောင်းလုံး လုံးဝ လှုပ်မရပဲ ထုံပြီး အကြော သေသလို ဖြစ်သွားလို့ အရေးပေါ် ​ဆေးရုံ တင် လိုက်ရတာပါ။

သံလိုက်ဓာတ်မှန်ရိုက်ပြီး ဒီနေ့ခွဲတာပေါ့ ခုအဖြေက ခါးနာရာကနေ ခါးဆစ်ရိုး ဟသွားတာ အဲ ခါးဆစ်ရိုးထဲမှာ အရွတ်တွေခံနေပြီး အာရုံကြောမကို သွား ထောက်လို့ လှုပ်မရတော့တာပါ။ အဲဒီ အရွတ်တွေကို ခွဲထုတ်တာပါ။ လူသာမာန်လို ပြန်ကောင်းဖို့တော့ ၃ လ လောက် အချိန်ယူရပါမယ်တဲ့ ။ အဲဒါကြောင့် ခါးနာရင် မပေါ့ကြပါနဲ့လို့။

ဒီညနေ ခွဲစိတ်တဲ့ ဆရာဝန် လာပြောပြ သွားတာ ပိုကြောက်စရာကောင်းလို့ Edit လေး ထပ်လုပ်လိုက်တာပါ။ အချိန်ကြာသွားတဲ့အတွက် အရွတ်တွေက ပေါက်ထွက်ပြီး အာရုံကြောတွေထဲ ရောက်ကုန်တာတဲ့။

ဒါကြောင့် မပေါ့ဆဖို့ ထပ် ပြီး သတိပေးပါရစေ နော်။ နောက်ပြီး ကုန်​ကျစရိတ်​ အတွက် မေးကြလို့ ပြောပြရရင် ကုန်​ကျစရိတ်​ အရမ်းနည်းပြီး စေတနာပါ တယ်။ ကြည်​့မြင်​တိုင်​ အရိုးဆေးရုံ ပြင်ပလူနာဌာနမှာ အရင်ပြပြီး ဆရာဝန်​ တွေ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ရုံပါပဲ။

Credit : Thanda Soe Aung

Be the first to comment

Leave a Reply

Your email address will not be published.


*