မၾကာခင္ပရိသတ္ေတြ ၾကည့္ရွုခံစားရေတာ့မယ့္ ခီေမာင္ႏွံရဲ႕ တတိယေျမာက္ အမိုက္စားရုပ္ရွင္ဇာတ္ကားၾကီး

စစ္မွန္တဲ့အႏုပညာေတြနဲ႔ ရင္ထဲကျဖစ္လာတဲ့ခံစားခ်က္ေတြကို ေပါင္းစပ္ထားတဲ့ အမိုက္စားဇာတ္ကားေကာင္းေလးေတြကို ဖန္တီးေလ့ရွိသူနွစ္ဦးျဖစ္တဲ့ ဇဏ္ခီနဲ႔ ခရစၥတီးနားခီတို႔ဇနီးေမာင္ႏွံနွစ္ဦးကေတာ့ အျမဲလိုလို အသစ္အသစ္ေသာဖန္တီးမႈေတြနဲ႔အတူ ၾကိုးစားေနၾကတာပါ။

ဒီေန႔ေလးမွာလည္း သူတို႔ဇနီးေမာင္ႏွံနွစ္ဦးရဲ႕ တတိယေျမာက္ ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ့ “Now & Ever” ဇာတ္ကားၾကီးရဲ႕အေၾကာင္းကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေဝမွ်ေပးထားတာပဲ ျဖစ္ပါတယ္။ ဇာတ္ဝင္ခန္းထဲက စကားလံုးေတြကလည္း ထိမိလြန္းတာမို႔ ပရိသတ္ေတြအားလံုးကလည္း အရမ္းကို စိတ္ဝင္စားေနၾကတာပါ။ ခ်စ္ပရိသတ္ေတြအတြက္ ခရစၥတီးနားခီတို႔ရဲ႕ တတိယေျမာက္ရုပ္ရွင္ဇာတ္ကားၾကီးရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ခရစၥတီးနားခီကေတာ့ ” ခ်စ္သူရဲ႕ ရင္ထဲကိုျမင္ခြင့္ရတဲ့ “Now & Ever”!!! Our Third film!! သူကအခ်စ္ကို ျမင္ခြင့္ေပးလိုက္တဲ့အခါ…. ကိုယ္က အခ်စ္ကို ပံုေဖာ္ေပးဖို႕ အဆင့္သင့္ျဖစ္ေနရံုေလးပါပဲ…” ဆိုျပီး သူတို႔ႏွစ္ဦးရဲ႕ ပံုရိပ္တစ္ခ်ိဳ႕နဲ႔အတူ တတိယေျမာက္ရုပ္ရွင္ဇာတ္ကားၾကီးရဲ႕အေၾကာင္းကို ေျပာျပထားတာပါ။

အျမဲလိုလို အၾကင္နာအရိပ္ေတြျပည့္နွက္ေနတတ္တဲ့ သူတို႔ဇနီးေမာင္ႏွံနွစ္ဦး

ဇဏ္ခီနဲ႔ ခရစၥတီးနားခီတို႔ ဇနီးေမာင္နွံနွစ္ဦးကေတာ့ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားၾကီးနဲ႔ ပရိသတ္ေတြ လက္ခံအားေပးခဲ့ၾကတာျဖစ္ျပီး ဒုတိယေျမာက္ရံုတင္တဲ့ “မုျဒာေခၚသံ” ရုပ္ရွင္ဇာတ္ကားၾကီးကလည္း အႏွစ္သာရျပည့္ဝတဲ့ ဇာတ္ကားေကာင္းေလးတစ္ကားလို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးခဲ့ၾကတာပါ။ ခ်စ္ပရိသတ္ေတြေရာ ဇဏ္ခီတို႔ဇနီးေမာင္နွံနွစ္ဦးရဲ႔ တတိယေျမာက္ ရုပ္ရွင္ဇာတ္ကားၾကီးရံုတင္ျပသရင္ အားေပးၾကဖို႔ မေမ့ပါနဲ႔ေနာ္။

မွတ္ခ်က္-မိုမိုေလးစာမ်က္ႏွာထက္မွတဆင့္ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

စစ်မှန်တဲ့အနုပညာတွေနဲ့ ရင်ထဲကဖြစ်လာတဲ့ခံစားချက်တွေကို ပေါင်းစပ်ထားတဲ့ အမိုက်စားဇာတ်ကားကောင်းလေးတွေကို ဖန်တီးလေ့ရှိသူနှစ်ဦးဖြစ်တဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို အသစ်အသစ်သောဖန်တီးမှုတွေနဲ့အတူ ကြိုးစားနေကြတာပါ။

ဒီနေ့လေးမှာလည်း သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Now & Ever” ဇာတ်ကားကြီးရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းထဲက စကားလုံးတွေကလည်း ထိမိလွန်းတာမို့ ပရိသတ်တွေအားလုံးကလည်း အရမ်းကို စိတ်ဝင်စားနေကြတာပါ။ ချစ်ပရိသတ်တွေအတွက် ခရစ္စတီးနားခီတို့ရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခရစ္စတီးနားခီကတော့ ” ချစ်သူရဲ့ ရင်ထဲကိုမြင်ခွင့်ရတဲ့ “Now & Ever”!!! Our Third film!! သူကအချစ်ကို မြင်ခွင့်ပေးလိုက်တဲ့အခါ…. ကိုယ်က အချစ်ကို ပုံဖော်ပေးဖို့ အဆင့်သင့်ဖြစ်နေရုံလေးပါပဲ…” ဆိုပြီး သူတို့နှစ်ဦးရဲ့ ပုံရိပ်တစ်ချို့နဲ့အတူ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးရဲ့အကြောင်းကို ပြောပြထားတာပါ။

အမြဲလိုလို အကြင်နာအရိပ်တွေပြည့်နှက်နေတတ်တဲ့ သူတို့ဇနီးမောင်နှံနှစ်ဦး

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေ လက်ခံအားပေးခဲ့ကြတာဖြစ်ပြီး ဒုတိယမြောက်ရုံတင်တဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း အနှစ်သာရပြည့်ဝတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတာပါ။ ချစ်ပရိသတ်တွေရော ဇဏ်ခီတို့ဇနီးမောင်နှံနှစ်ဦးရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။

မှတ်ချက်-မိုမိုလေးစာမျက်နှာထက်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

1 Comment

Leave a Reply

Your email address will not be published.


*