ၿဖိဳးျမတ္ေအာင္နဲ႔အတူ အလွဴအတန္းေတြလုပ္ရလို႔ ေက်နပ္ပီတိျဖစ္ခဲ့တဲ့ ျမန္မာျပည္သိန္းတန္

ျမန္မာျပည္သိန္းတန္တဲ႔ ဇနီးျဖစ္သူ ေတးခ်စ္သူတုိ႔ဟာ ဧရာဝတီတုိင္း ဟသၤာတၿမိဳ႕နယ္မွာ ၿဖဳိးျမတ္ေအာင္နဲ႔ အတူတူ အလွဴအတန္းေတြ လုပ္ ခဲ့ရလုိ႔ ဝမ္းသာေက်နပ္ေနၾကပါတယ္။

အဆိုေတာ္ ျမန္မာျပည္သိန္းတန္နဲ႔ သူ႔ရဲ႕ ဇနီးေတးခ်စ္သူတုိ႔ဟာ Myanmar idol Season 3 ရဲ႕ winner ဆုရွင္ျဖစ္တဲ့ ၿဖဳိးျမတ္ေအာင္တုိ႔ ရြာကုိ သြားေရာက္လည္ပတ္ခဲ့တယ္လုိ႔ သိရပါတယ္။ ၿဖဳိးျမတ္ေအာင္နဲ႔အတူ ဧရာဝတီတုိင္း ဟသၤာတၿမိဳ႕နယ္မွာရွိတဲ့ ေနရာေဒသတခ်ဳိ႔မွာလည္း အလွဴအတန္းေတြ အတူတူေဆာင္ရြက္ခဲ့ၾကတယ္လုိ႔ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

” ဇလြန္မွာ ေရႊသကၤၠန္းကပ္တယ္၊ လွဴလည္း လွဴခဲ့တယ္၊ ေရႊဂူႀကီး ဘုရားမွာလည္း ေက်ာင္း လွဴခဲ့တယ္။ ၿပီးေတာ့ ဒူတင္ဆရာေတာ္ဘုရား ႀကီး ကုိလည္း လွဴခဲ့ရတယ္၊ ဖူးခဲ့ရပါတယ္။ ဆရာေတာ္ႀကီးရဲ႕ ၾသဝါဒေတြလည္း ရခဲ့ပါတယ္။ အလွဴ အတန္းလုပ္ရတာကေတာ့ အန္ကယ္တုိ႔ ႏွစ္ ေယာက္အတြက္ စိတ္ဆႏၵျပင္းျပရတဲ့ ကိစၥပါဘဲေလ” ဆုိၿပီးေတာ့ ျမန္မာျပည္သိန္းတန္နဲ႔ ဇနီးေတးခ်စ္သူတုိ႔ က ေျပာျပခ့ဲပါတယ္။

ဇနီးေမာင္ႏွံ ႏွစ္ဦးတြဲၿပီး အလွဴအတန္းေတြ ေဆာင္ရြက္ရတဲ့ အေပၚမွာလည္း ဝမ္းသာပီတိျဖစ္မိတယ္လုိ႔ ျမန္မာျပည္သိန္းတန္က ေျပာပါ တယ္။ အလွဴအတန္းလုပ္တုိင္းလည္း ပရိသတ္ေတြအတြက္ ရည္ရြယ္ၿပီး ေမတၱာပုိ႔ေပးတယ္ ဆုိတာကုိ ၾသဂုတ္လ ၂၇ ရက္ေန႔က ေအာင္ ဆန္းကြင္းမွာျပဳလုပ္တဲ့ ခ်စ္ၾကည္ေရးေဘာလုံးပြဲကုိ တက္ေရာက္လာရင္း သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိေပးခဲ့ပါတယ္။

” ဟုိးဘဝအဆက္ဆက္က အထုံေၾကာင့္လည္း အန္ကယ္တုိ႔ကုိ အခုခ်ိန္မွာ တစ္တုိင္းျပည္လုံးရဲ႕ ေမတၱာထားျခင္းကုိ ခံရျခင္းျဖစ္ပါတယ္။ အလွဴအတန္းေတြ လုပ္တဲ့အခါမွာလည္း ေဝေနယသတၱဝါ အကုန္လုံးကုိ ေမတၱာပုိ႔ပါတယ္။ ေက်းဇူးတင္စကားေတြလည္း ေျပာတယ္။ အမွ် အတန္းေတြလည္း ေပးပါတယ္” လုိ႔ သူကဆိုပါတယ္။

Myanmar idol season 3 ရဲ႕ Winner ဆုကေန ရရွိလာတဲ့ ေငြေၾကးေတြနဲ႔ အလွဴအတန္းေတြ ဆက္တုိက္လုပ္ျဖစ္ေနတဲ့ ၿဖဳိးျမတ္ေအာင္ရဲ႕ အေၾကာင္းကုိလည္း ျမန္မာျပည္သိန္းတန္က ေျပာျပလာပါတယ္

” ဒီကေလးကုိ အန္ကယ္တုိ႔ ေဖာ္ထုတ္ေပးလုိက္တဲ့အခ်ိန္မွာ သူက ဘာသာ သာသနာကုိပါ ဘဝအဆက္ဆက္က အထုံပါတဲ့ ကေလးျဖစ္ေန ေတာ့ ဒါဟာ အတုိင္းထက္အလြန္ပဲ တန္ဖုိးပုိႀကီးသြားတယ္။ တစ္တုိင္းျပည္လုံးကသာမက ႏုိင္ငံျခားက ပရိသတ္ေတြကပါ သူ႔ဆီကုိ အလွဴ အတန္းလုပ္ဖုိ႔ ေငြေၾကးေတြ ပုိ႔ေတာ့တာပဲ၊ သူကလည္း အလွဴလုပ္ေတာ့တာပဲ” လုိ႔ ဆုိပါတယ္။

ျမန္မာျပည္သိန္းတန္ ဟာ Myanmar Idol Season 3 သီခ်င္းဆိုၿပိဳင္ပြဲမွာ အကဲျဖတ္ဒုိင္တစ္ဦးအျဖစ္ ပါဝင္ခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာလည္း ဇနီးေမာင္ႏွံ ႏွစ္ဦးစလုံး ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ဖုိ႔ လက္ခံထားတယ္လုိ႔ သိရပါတယ္။ အခုလက္ရွိရုံတင္ေနတဲ့ အဆုိေတာ္ေတြ ေနတဲ့ ရြာ ရုပ္ရွင္ဇာတ္ကားမွာလည္း ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။

မွတ္ခ်က္-ဆယ္လီရပ္ကြက္စာမ်က္ႏွာထက္မွတဆင့္ကူးယူေဖာ္ျပထားပါသည္။

မြန်မာပြည်သိန်းတန်တဲ့ ဇနီးဖြစ်သူ တေးချစ်သူတို့ဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ ဖြိုးမြတ်အောင်နဲ့ အတူတူ အလှူအတန်းတွေ လုပ် ခဲ့ရလို့ ဝမ်းသာကျေနပ်နေကြပါတယ်။

အဆိုတော် မြန်မာပြည်သိန်းတန်နဲ့ သူ့ရဲ့ ဇနီးတေးချစ်သူတို့ဟာ Myanmar idol Season 3 ရဲ့ winner ဆုရှင်ဖြစ်တဲ့ ဖြိုးမြတ်အောင်တို့ ရွာကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့အတူ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ နေရာဒေသတချို့မှာလည်း အလှူအတန်းတွေ အတူတူဆောင်ရွက်ခဲ့ကြတယ်လို့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

” ဇလွန်မှာ ရွှေသင်္က္ကန်းကပ်တယ်၊ လှူလည်း လှူခဲ့တယ်၊ ရွှေဂူကြီး ဘုရားမှာလည်း ကျောင်း လှူခဲ့တယ်။ ပြီးတော့ ဒူတင်ဆရာတော်ဘုရား ကြီး ကိုလည်း လှူခဲ့ရတယ်၊ ဖူးခဲ့ရပါတယ်။ ဆရာတော်ကြီးရဲ့ သြဝါဒတွေလည်း ရခဲ့ပါတယ်။ အလှူ အတန်းလုပ်ရတာကတော့ အန်ကယ်တို့ နှစ် ယောက်အတွက် စိတ်ဆန္ဒပြင်းပြရတဲ့ ကိစ္စပါဘဲလေ” ဆိုပြီးတော့ မြန်မာပြည်သိန်းတန်နဲ့ ဇနီးတေးချစ်သူတို့ က ပြောပြခဲ့ပါတယ်။

ဇနီးမောင်နှံ နှစ်ဦးတွဲပြီး အလှူအတန်းတွေ ဆောင်ရွက်ရတဲ့ အပေါ်မှာလည်း ဝမ်းသာပီတိဖြစ်မိတယ်လို့ မြန်မာပြည်သိန်းတန်က ပြောပါ တယ်။ အလှူအတန်းလုပ်တိုင်းလည်း ပရိသတ်တွေအတွက် ရည်ရွယ်ပြီး မေတ္တာပို့ပေးတယ် ဆိုတာကို သြဂုတ်လ ၂၇ ရက်နေ့က အောင် ဆန်းကွင်းမှာပြုလုပ်တဲ့ ချစ်ကြည်ရေးဘောလုံးပွဲကို တက်ရောက်လာရင်း သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။

” ဟိုးဘဝအဆက်ဆက်က အထုံကြောင့်လည်း အန်ကယ်တို့ကို အခုချိန်မှာ တစ်တိုင်းပြည်လုံးရဲ့ မေတ္တာထားခြင်းကို ခံရခြင်းဖြစ်ပါတယ်။ အလှူအတန်းတွေ လုပ်တဲ့အခါမှာလည်း ဝေနေယသတ္တဝါ အကုန်လုံးကို မေတ္တာပို့ပါတယ်။ ကျေးဇူးတင်စကားတွေလည်း ပြောတယ်။ အမျှ အတန်းတွေလည်း ပေးပါတယ်” လို့ သူကဆိုပါတယ်။

Myanmar idol season 3 ရဲ့ Winner ဆုကနေ ရရှိလာတဲ့ ငွေကြေးတွေနဲ့ အလှူအတန်းတွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ အကြောင်းကိုလည်း မြန်မာပြည်သိန်းတန်က ပြောပြလာပါတယ်။

” ဒီကလေးကို အန်ကယ်တို့ ဖော်ထုတ်ပေးလိုက်တဲ့အချိန်မှာ သူက ဘာသာ သာသနာကိုပါ ဘဝအဆက်ဆက်က အထုံပါတဲ့ ကလေးဖြစ်နေ တော့ ဒါဟာ အတိုင်းထက်အလွန်ပဲ တန်ဖိုးပိုကြီးသွားတယ်။ တစ်တိုင်းပြည်လုံးကသာမက နိုင်ငံခြားက ပရိသတ်တွေကပါ သူ့ဆီကို အလှူ အတန်းလုပ်ဖို့ ငွေကြေးတွေ ပို့တော့တာပဲ၊ သူကလည်း အလှူလုပ်တော့တာပဲ” လို့ ဆိုပါတယ်။

မြန်မာပြည်သိန်းတန် ဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇနီးမောင်နှံ နှစ်ဦးစလုံး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ အခုလက်ရှိရုံတင်နေတဲ့ အဆိုတော်တွေ နေတဲ့ ရွာ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

မှတ်ချက်-ဆယ်လီရပ်ကွက်စာမျက်နှာထက်မှတဆင့်ကူးယူဖော်ပြထားပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*