တပ်ကုန်းမြို့နယ် အတွင်း ရှေ့နေမလေး အသတ်ခံရမှု နောက်ဆက်တွဲ သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း လူသတ်မှုမှ တရားခံအား ရဲတပ်ဖွဲ့မှ အပူတပြင်းလိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိ

နေပြည်တော်၊ သြဂုတ် ၂၇

၂၇-၈-၂၀၁၈ ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်တွင် တပ်ကုန်းမြို့နယ်၊ကံလှအုပ်စု၊ ၀က်စုကျေး ရွာနေ ဦးအောင်မောင်း(၆၃)နှစ်၊(ဘ)ဦးဖိုးရင်၊ ၉/တကန(နိုင်) ၀၈၄၂၂၆၊ ဗမာ/အစ္စလာမ်၊ (ရဲတပ်ကြပ်-ငြိမ်း)သည် သမီးဖြစ်သူ မစုရည်ဖြိုး(၂၈)နှစ်၊ ဗမာ/အစ္စလာမ်၊ အလုပ်သင်(ရှေ့နေ)နှင့် အတူ ၅၆ယ/၅၄၃၀၃၊ YONDE အနက်ရောင်ဆိုင်ကယ်ဖြင့် နေအိမ်မှထွက်လာခဲ့ပြီး

မစုရည်ဖြိုးမှ ဆိုင်ကယ်အားမောင်းနှင်ကာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တပ်ကုန်းမြို့နယ်တရားရုံးသို့ သွားရောက်စဉ် ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင် အမှတ် ၂၇၃/၁ အနီးရောက်တွင် သမီးဖြစ်သူ မစုရည်ဖြိုးမှာ လွန်ခဲ့သည့်(၁)နှစ်ခန့်က နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပေါင်းသင်းနေထိုင်ရာမှ စိတ်သဘောထားမတိုက်ဆိုင် သဖြင့် လွန်ခဲ့သည့်(၁)လခန့်က ပျော်ဘွယ်မြို့ နယ်တရားရုံး၌ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့သူ အောင်စိုး(ခ)မောင်စိုးအား ရုတ်တရက်တွေ့ရှိရသဖြင့်

ဆိုင်ကယ် အား လမ်းဘေးချရပ်တန့်ရှောင် တိမ်းနေစဉ် အောင်စိုး(ခ)မောင်စိုးမှာ ဆိုင်ကယ်အနီးသို့ရောက်ရှိလာပြီး မစုရည်ဖြိုးအား ဆွဲဖက်လှဲချကာ လွယ်အိတ်ထဲမှ ဓါးမြှောင်အားဆွဲထုတ် လည်ပင်းအားလှီးလိုက်သဖြင့် လည်ပင်းတွင်(၆)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိ သွေးများထွက်ကာ သေဆုံးခဲ့၍ ပြစ်မှုကျူး လွန်သူ အောင်စိုး (ခ)မောင်စိုး (၄၅)နှစ်၊(ဘ)ဦးကံပို၊ ၈/မသန(နိုင်) ၀၁၆၂၈၇၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ဆည်ထိပ်ကျေးရွာ၊ ရွေးစုကျေး ရွာ အုပ်စု၊ တပ်ကုန်းမြို့နယ်နေသူ အား ဥပဒေအရအရေးယူပေးရန်

ဦးအောင်မောင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တပ်ကုန်းမြို့မရဲစန်း(ပ)၂၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး တရားလို ဦးအောင်မောင်း၏ ပြောပြချက်အရ သေဆုံးသူ သမီး မစုရည်ဖြိုး မှာ ပြစ်မှုကျူးလွန်သူ အောင်စိုး(ခ)မောင်စိုးအား တရားဝင်လင်မယား ကွာရှင်းခွင့်တောင်းခံ၍ ပျော်ဘွယ်မြို့နယ်တရားရုံး၌ ကွာရှင်းပြတ်ဆဲပေး ခဲ့ရခြင်း ကို မကျေနပ်၍ လူချင်းတွေ့တိုင်းအမြဲရန်ပြုပြဿနာရှာလေ့ရှိပြီး အငြိုး ထားကာ ပြစ်မှုကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပြစ်မှုကျူးလွန်သူတရားခံ အောင်စိုး(ခ)မောင်စိုးမှာ အမှုအား ရင်ဆိုင်လိုသည့်ဆန္ဒမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ရဲတပ်ဖွဲ့မှ အပူတပြင်းလိုက်လံစုံစမ်းရှာဖွေ ဖော်ထုတ်လျက်ရှိ ပြီး ၎င်းပြစ်မှုကျူးလွန်သူတရားခံအား တွေ့ရှိပါက နီးစပ်ရာရဲစခန်းများသို့ ဆက်သွယ်သတင်းပေးနိုင်ပါ ရန် အသိပေးဖော်ပြအပ်ပါသည်။

သတင်း – နေပြည်တော်ရဲတပ်ဖွဲ့

1 Comment

Leave a Reply

Your email address will not be published.


*