ဘဝမွာ တစ္ႀကိမ္ေလာက္ေတာ့ စြန္႔စားခရီးထြက္သင့္တဲ့ အေၾကာင္းအရင္း

လူတုိင္းကေတာ့ ခရီးသြားၿပီဆိုရင္ သက္ေတာင့္သက္သာနဲ႔ ၾကယ္ငါးပြင့္ဟိုတယ္မွာ တည္းၿပီး ဇိမ္က်က် ခရီးသြားခ်င္ၾကတာပါပဲ။ ဒါေပမယ့္ ဘဝမွာ တစ္ႀကိမ္ေလာက္ေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ ေတာင္တက္ခရီးတို႔၊ trekking ခရီးသြားသင့္တယ္ပါတယ္။ ဒီလိုပင္ပင္ပန္းပန္းနဲ႔ ခက္ခဲၾကမ္းတမ္းတဲ့ စြန္႔စား ခရီးထြက္မယ္ဆိုရင္ သင့္ရဲ႕ စိတ္ကို အမွန္တကယ္ စိတ္လက္ေပါ့ပါး ေစမွာပါ။

(၁) စိတ္ေက်နပ္မႈရရွိေစ

ဒီလိုခက္ခံၾကမ္းတမ္းတဲ့ ခရီး၊ ေတာင္တက္ခရီးေတြ သြားတဲ့အခါမွာ ကိုယ့္အားကိုယ္ကိုးၿပီး တက္မွ ေတာင္ထိပ္ကို အဆင္ေျပေျပ ေရာက္ႏုိင္မွာပါ။ ဒီေတာ့.. ကိုယ့္ႀကိဳးစားအားထုတ္မႈ၊ လံု႔လစိုက္မႈေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ ခရီးကို ေခ်ာေခ်ာေမြ႔ေမြ႔လုပ္ေဆာင္သြားႏုိင္တဲ့အတြက္ စိတ္ေက်နပ္မႈ အျပည့္အဝရရွိေစမွာပါ။ ငါလုပ္ႏုိင္တာပဲ ဆုိတဲ့ မိမိကိုယ္ကိုယံုၾကည္မႈ ျဖစ္ေပၚေစတဲ့ ေက်နပ္စိတ္ကေလး ရရွိလာေစပါတယ္။

(၂) မိတ္ေဆြရင္းမ်ားရရွိႏုိင္

လူတစ္ေယာက္ရဲ႕ စိတ္ရင္းအမွန္၊ အတြင္းစိတ္ကို သိခ်င္ရင္ ခရီးတူတူသြားၾကည့္ပါတဲ့။ အေပါင္းအသင္းေတြနဲ႔ ခရီးထြက္တဲ့အခါမွာ လိုက္ေလ်ာညီေထြစြာ ေနထုိုင္တတ္သူ၊ ကူညီေဖးမၿပီး မိသားစုစိတ္ဓာတ္ရွိတဲ့သူက သင့္အတြက္ မိတ္ေဆြေကာင္းပါပဲ။ ဒီေတာ့.. ဒီလိုခက္ခဲၾကမ္းတမ္းတဲ့ ခရီးေတြ တူတူသြားတဲ့အခါမွာ တစ္ဦးနဲ႔ တစ္ဦးကူညီေဖးမရင္း မိတ္ေဆြရင္း၊ မိတ္ေဆြတု ခြဲျခားႏုိင္ပါတယ္။

(၃) စိတ္ဖိစီးမႈ ေလ်ာ့က်ေစ

စြန္႔စားသြားလာရတဲ့ ခရီးက သင့္ရဲ႕စိတ္ဖိစီးမႈ ၊ စိတ္ရႈ႔ပ္စရာမ်ားကို ေျပေလ်ာ့ေစပါတယ္။ လမ္းေလွ်ာက္ၿပီး သြားတဲ့ ခရီးမ်ိး၊ ေတာင္တက္ခရီးေတြက စိတ္ဖိစီးမႈကို အမွန္တကယ္ ေလ်ာ့ပါးေစ ပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈေတြ မ်ားလာတဲ့အခါ စြန္႔စားရတဲ့ ခရီး ထြက္ၾကည့္လိုက္ပါ။

(၄) ဘဝအတြက္အေရးပါတာ၊ မပါတာခြဲျခားသိလာႏုိင္

သင့္ဘဝအတြက္ ဘယ္အရာေတြက အေရးပါေနတာလဲ ဆိုတာကို ခက္ခဲၾကမ္းတမ္းတဲ့ ခရီးထြက္တဲ့ အခါမွာ သိလာပါလိမ့္မယ္။ ငါဘာအားသာခ်က္ေတြရွိၿပီး ဘာေတြအားနည္းေနလဲ ဆိုတာမ်ိဳးေပါ့။ ခရီးထြက္ျခင္းက စိတ္ကိုလည္း ေျပာင္းလဲေစသလုိ၊ သင့္ဘဝကိုလည္း ေျပာင္းလဲေပး ႏိုင္တဲ့ အရာတစ္ခုပါပဲ။

(၅) ဗဟုသုတမ်ားရရွိႏုိင္

ေနရာသစ္၊ ပတ္ဝန္းက်င္သစ္က လူေနမႈပံုစံေတြ ကို ေလ့လာခြင့္ရၿပီး မသိရွိေသးတဲ့ အေၾကာင္းအရာမ်ား၊ ဗဟုသုတမ်ား ကိုလည္း ရရွိႏုိင္ပါေသးတယ္။ ေလယာဥ္၊ ကားနဲ႔ သက္ေတာင့္သက္သာ သြားလာမယ့္အစား၊ လမ္းေလွ်ာက္ခရီးမ်ိဳးက ပိုမိုအျမင္က်ယ္ေစၿပီး ခရီးသြားတဲ့ အေတြ႔အႀကံဳအစစ္အမွန္ကို ရရွိေစမွာပါ။

နန္း(ေရႊအင္းေလး)

လူတိုင်းကတော့ ခရီးသွားပြီဆိုရင် သက်တောင့်သက်သာနဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ တည်းပြီး ဇိမ်ကျကျ ခရီးသွားချင်ကြတာပါပဲ။ ဒါပေမယ့် ဘဝမှာ တစ်ကြိမ်လောက်တော့ ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်ခရီးတို့၊ trekking ခရီးသွားသင့်တယ်ပါတယ်။ ဒီလိုပင်ပင်ပန်းပန်းနဲ့ ခက်ခဲကြမ်းတမ်းတဲ့ စွန့်စား ခရီးထွက်မယ်ဆိုရင် သင့်ရဲ့ စိတ်ကို အမှန်တကယ် စိတ်လက်ပေါ့ပါး စေမှာပါ။

(၁) စိတ်ကျေနပ်မှုရရှိစေ

ဒီလိုခက်ခံကြမ်းတမ်းတဲ့ ခရီး၊ တောင်တက်ခရီးတွေ သွားတဲ့အခါမှာ ကိုယ့်အားကိုယ်ကိုးပြီး တက်မှ တောင်ထိပ်ကို အဆင်ပြေပြေ ရောက်နိုင်မှာပါ။ ဒီတော့.. ကိုယ့်ကြိုးစားအားထုတ်မှု၊ လုံ့လစိုက်မှုကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ချောချောမွေ့မွေ့လုပ်ဆောင်သွားနိုင်တဲ့အတွက် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမှာပါ။ ငါလုပ်နိုင်တာပဲ ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှု ဖြစ်ပေါ်စေတဲ့ ကျေနပ်စိတ်ကလေး ရရှိလာစေပါတယ်။

(၂) မိတ်ဆွေရင်းများရရှိနိုင်

လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်၊ အတွင်းစိတ်ကို သိချင်ရင် ခရီးတူတူသွားကြည့်ပါတဲ့။ အပေါင်းအသင်းတွေနဲ့ ခရီးထွက်တဲ့အခါမှာ လိုက်လျောညီထွေစွာ နေထိုင်တတ်သူ၊ ကူညီဖေးမပြီး မိသားစုစိတ်ဓာတ်ရှိတဲ့သူက သင့်အတွက် မိတ်ဆွေကောင်းပါပဲ။ ဒီတော့.. ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ခရီးတွေ တူတူသွားတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးကူညီဖေးမရင်း မိတ်ဆွေရင်း၊ မိတ်ဆွေတု ခွဲခြားနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှု လျော့ကျစေ

စွန့်စားသွားလာရတဲ့ ခရီးက သင့်ရဲ့စိတ်ဖိစီးမှု ၊ စိတ်ရှု့ပ်စရာများကို ပြေလျော့စေပါတယ်။ လမ်းလျှောက်ပြီး သွားတဲ့ ခရီးမျိး၊ တောင်တက်ခရီးတွေက စိတ်ဖိစီးမှုကို အမှန်တကယ် လျော့ပါးစေ ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စွန့်စားရတဲ့ ခရီး ထွက်ကြည့်လိုက်ပါ။

(၄) ဘဝအတွက်အရေးပါတာ၊ မပါတာခွဲခြားသိလာနိုင်

သင့်ဘဝအတွက် ဘယ်အရာတွေက အရေးပါနေတာလဲ ဆိုတာကို ခက်ခဲကြမ်းတမ်းတဲ့ ခရီးထွက်တဲ့ အခါမှာ သိလာပါလိမ့်မယ်။ ငါဘာအားသာချက်တွေရှိပြီး ဘာတွေအားနည်းနေလဲ ဆိုတာမျိုးပေါ့။ ခရီးထွက်ခြင်းက စိတ်ကိုလည်း ပြောင်းလဲစေသလို၊ သင့်ဘဝကိုလည်း ပြောင်းလဲပေး နိုင်တဲ့ အရာတစ်ခုပါပဲ။

(၅) ဗဟုသုတများရရှိနိုင်

နေရာသစ်၊ ပတ်ဝန်းကျင်သစ်က လူနေမှုပုံစံတွေ ကို လေ့လာခွင့်ရပြီး မသိရှိသေးတဲ့ အကြောင်းအရာများ၊ ဗဟုသုတများ ကိုလည်း ရရှိနိုင်ပါသေးတယ်။ လေယာဉ်၊ ကားနဲ့ သက်တောင့်သက်သာ သွားလာမယ့်အစား၊ လမ်းလျှောက်ခရီးမျိုးက ပိုမိုအမြင်ကျယ်စေပြီး ခရီးသွားတဲ့ အတွေ့အကြုံအစစ်အမှန်ကို ရရှိစေမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*