အန္ တြမ္ နီ ေဟး နဲ႔ ျမန္ မာ အ သင္း ဘယ္ေလာက္ထိ လုပ္ျပႏုိင္မလဲ !!!

အန္ တြမ္ နီ ေဟး နဲ႔ ျမန္ မာ အ သင္း ဘယ္ေလာက္ထိ လုပ္ျပႏုိင္မလဲ

ျမန္မာ့လက္ေရြးစင္နည္းျပခ်ဴပ္ နည္းျပအန္တြမ္နီေဟးအေနနဲ႔ ေအာက္တုိဘာလအတြင္းမွာယွဥ္ၿပိဳင္ကစားမယ့္ ဖီဖာအသိအမွတ္ျပဳႏုိင္ငံတကာေျခစမ္းပြဲႏွစ္ပြဲအတြက္ ျမန္မာ့လက္ေရြးစင္အသင္းရဲ႕ပဏာမလူစာရင္းကုိ ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းကပဲ ထုတ္ျပန္ေၾကညာခဲ့တာေတြ႔ရပါတယ္။

ျမန္မာေဘာလုံးပရိသတ္ေတြကေတာ့အင္ဒုိနီး႐ွားနဲ႔ယွဥ္ၿပိဳင္ကစားမယ့္ေျခစမ္းပြဲထက္ေတာင္အေမရိကတုိက္ရဲ႕အသင္းျဖစ္တဲ့ဘုိလီဗီးယားနဲ႔ပြဲစဥ္ကုိ ပုိၿပီးရင္ခုန္ၾကည့္ခ်င္ေနၾကမွာအမွန္ပါဘဲ။

ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းနည္းျပခ်ဴပ္အန္တြမ္နီေဟးထုတ္ျပန္ေၾကညာတဲ့ပဏာမလူစာရင္းကုိ ထုတ္ျပန္ေၾကညာၿပီးအခ်ိန္ပုိင္းအတြင္းမွာ အျမင္မတူမႈေတြနဲ႔ေဝဖန္ေျပာဆုိမႈေတြျမင့္တက္ခဲ့တာလည္းေတြ႔ခဲ့ရပါတယ္။

ထုိထဲမွာ ျမန္မာ့လက္ေရြးစင္ကစားသမားေဟာင္းတစ္ခ်ိဳ႕နဲ႔အေရြးမခံရတဲ့ ကစားသမားတစ္ခ်ိဳ႕ပါပဏာမလက္ေရြးစင္အသင္းရဲ႕လူစာရင္းနဲ႔ပတ္သက္ၿပီးေဝဖန္ေျပာဆုိမႈ႐ွိခဲ့ပါတယ္။

ျမန္မာေဘာလုံးပရိသတ္ေတြအဓိကေျပာဆုိခဲ့တဲ့ေနရာကေတာ့ ဂုိးသမားဘုန္းသစၥာမင္းနဲ႔သီဟထက္ေအာင္တုိ႔ ပဏာမအသင္းမွာေရြးခ်ယ္ခဲ့ျခင္းနဲ႔ ေနာက္ခံလူေဇာ္မင္းထြန္းပဏာမလက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ျခင္းမျပဳလုပ္ခဲ့တာေတြျဖစ္ပါတယ္။

ဂုိးသမားဘုန္းသစၥာမင္းနဲ႔ေျပာရရင္သူ႔ရဲ႕အရပ္အေမာင္း ၊ ပင္ကုိယ္ဟန္အေနအထားအရအမ်ားႀကီး ယခုထက္ပုိၿပီးျဖစ္သင့္ေပမယ့္သူ႔ရဲ႕ မိမိ့ကုိယ္ကုိယုံၾကည္မႈနည္းတဲ့ကစားပုံနဲ႔မတည္ၿငိမ္တဲ့လက္စြမ္းအေနအထားအျပင္အားအနည္းဆုံးအခ်က္ကေတာ့ ဂုိးသမားတစ္ေယာက္မွာမ႐ွိသင့္တဲ့ အခ်ိန္အဆလြဲေခ်ာ္မႈေတြ ၊ မတြက္ခ်က္တတ္မႈေတြေၾကာင့္ထင္ေပၚသင့္သေလာက္ မထင္ေပၚခဲ့တာျဖစ္ပါတယ္။

လူငယ္ဂုိးသမားတစ္ေယာက္ကုိ ထုိးႏွက္မႈေတြစိတ္ဓာတ္ပုိင္းအားနည္းမႈေတြျဖစ္ေပၚေအာင္အမ်ားႀကီးမေျပာခ်င္ပါဘူး။

ဒါေပမယ့္ ယခုအေနအထားအရေတာ့လက္ေရြးစင္အသင္းမွာ သူ႔ထက္ေရြးသင့္တဲ့ါဝင္လာသင့္တဲ့ဂုိးသမားေတြ အမ်ားႀကီးျမန္မာေဘာလုံးေလာကမွာ႐ွိေနတာေတာ့ အမွန္ပါဘဲ။

သီဟထက္ေအာင္နဲ႔ပတ္သက္ၿပီးေျပာရရင္ေတာ့ေတာ္ေတာ္ေလး႐ႈပ္ေထြးတဲ့အေနအထားမွာ႐ွိပါတယ္။

သီဟထက္ေအာင္ရဲ႕ကစားပုံနဲ႔ပတ္သက္ၿပီးခ်ီးက်ဴးမႈေတြ အႀကိမ္ႀကိမ္ေရးခဲ့ဖူးပါတယ္။

ကစားဟန္မာမာေက်ာေက်ာ႐ွိတယ္။ေဘာလုံးကုိ ျမန္မာေနာက္ခံလူေတြၾကားမွာ႐ွား႐ွားပါးပါးဦးေႏွာက္သုံးကစားတတ္တယ္။

သူသာ ေဘာလုံးကုိ အျပည့္အဝအာ႐ုံစုိက္ၿပီးႀကိဳးႀကိဳးစားစားကစားၿပီး ေျခစြမ္းတုိးတက္လာရင္ယခုျမန္မာေဘာလုံးေလာကရဲ႕ေနာက္ခံကစားသမားမ်ားစြာၾကားမွာ သူ႔ကုိမွီတဲ့ကစားသမား႐ွိမွာမဟုတ္ပါဘူး။

ခက္တာက သီဟထက္ေအာင္ရဲ႕မလုိအပ္ဘဲစိတ္လုိက္မာန္ပါကစားမႈေတြစည္းကမ္းပုိင္းအားနည္းမႈေတြေျခစြမ္းပုိင္း ယခုထက္ပုိၿပီးတုိးတက္မလာတာေတြအေနအထားေတြအျပင္ ေဘာလုံးသမားတစ္ေယာက္မွာ႐ွိသင့္တဲ့ ခႏၶာကုိယ္အခ်ိဳးအစားထက္ပုိလာတာ ၊ လုပ္အားႏႈန္း ၊ ေျပးအားေတြယခုေနာက္ပုိင္းမွာေလ်ာ့က်လာတာေတြကသီဟထက္ေအာင္ရဲ႕လုိအပ္ခ်က္ေတြပါ။

သီဟထက္ေအာင္ဟာ Fri ထဲမွာ႐ွိပါတယ္။သူဟာ က်ေနာ္အႀကိဳက္ဆုံး ျမန္မာကစားသမားေတြထဲမွာတစ္ဦးအပါအဝင္မုိ႔ ယခုထက္ပုိၿပီးႀကိဳးစားဖုိ႔ေရးျခင္းျဖစ္ပါတယ္။

သီဟထက္ေအာင္ကုိ ပဏာမအသင္းမွာျပန္ေရြးတဲ့နည္းျပအန္တြမ္နီေဟးရဲ႕ဆုံးျဖတ္ခ်က္ကုိေတာ့က်ေနာ္ လက္ခံပါတယ္။

သူ႔ကုိ ျပန္ႀကိဳးစားခြင့္ေပးသင့္တယ္လုိ႔ယူဆလုိ႔ပါ။

ဝါရင့္ေနာက္ခံလူေဇာ္မင္းထြန္းကုိ ပဏာမလက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ျခင္းမျပဳလုပ္ခဲ့တာကေတာ့ျမန္မာေဘာလုံးပရိသတ္ေတြကုိ အံ့ျသသင့္မႈေတြျဖစ္ေပၚေစခဲ့ပါတယ္။

အသက္အရြယ္အရေရာ ၊ ေျခစြမ္းအရေရာျမန္မာ့လက္ေရြးစင္အသင္းမွာ သုံးလုိ႔ရတဲ့လုိအပ္တဲ့ကစားသမားမ်ိဳးျဖစ္ေပမယ့္ခ်န္ခဲ့တာကေတာ့ နားမလည္ႏုိင္စရာပါ။

ဒါေပမယ့္ ေဇာ္မင္းထြန္းကုိ နည္းျပအန္တြမ္နီေဟးရဲ႕ထုတ္ျပန္ခဲ့တဲ့ေျပာစကားအရေတာ့ဆူဇူးကီးဖလားၿပိဳင္ပြဲမွာ မေရြးခ်ယ္ေတာ့ဘူးလုိ႔ယူဆလုိ႔ေတာ့မရပါဘူး။

နည္းျပအန္တြမ္နီေဟး ေျပာစကားအရ” ေဇာ္မင္းထြန္းဟာ က်ေနာ္ အခ်ိန္မေရြးယူသုံးလုိ႔ရတဲ့ ကစားသမားမ်ိဳးပါ ” ဆုိတဲ့ေျပာစကားအေနအထားအရ ေျခစမ္းပြဲေတြမွာလူငယ္ေတြကုိ စမ္းသုံးၾကည့္ၿပီးေနရာေပးခ်င္တာေၾကာင့္လုိ႔ ယူဆလုိ႔ရပါတယ္။

အဆင္မေျပရင္ေတာ့ နည္းျပအန္တြမ္နီေဟးဟာ ေဇာ္မင္းထြန္းကုိ လက္ေရြးစင္အသင္းမွာ ျပန္ေခၚပါလိမ့္မယ္။

အလယ္တန္းမွာ သန္းထက္ေအာင္ကုိေရြးခ်ယ္တာဟာ ေက်နပ္စရာပါ။

ရဲကုိဦးဟာလည္း သူ႔ရဲ႕ေျခစြမ္းအရေရြးသင့္တဲ့အေနအထားမွာ႐ွိပါတယ္။

ျမန္မာေဘာလုံးပရိသတ္ေတြ အဓိကေက်နပ္စရာျဖစ္ခဲ့တာကေတာ့ လူငယ္ကစားသမားျမတ္ေကာင္းခန္႔ပါဝင္လာတာနဲ႔ေက်ာ္ကုိကုိမပါဝင္တဲ့တုိက္စစ္ပုိင္းမွာအေရြးသင့္ဆုံးကစားသမားျဖစ္တဲ့ ေကာင္းဆက္ႏုိင္ပါဝင္လာတာပါပဲ။

ကစားပုံအရမ္းျမန္ၿပီး ေျပးအား ၊ ႐ုန္းအား႐ွိတဲ့ကစားပုံနဲ႔ ေကာင္းဆက္ႏုိင္ဟာျမန္မာ့လက္ေရြးစင္အသင္းမွာ တုိက္စစ္ပုိင္းအတြက္လုိအပ္ေနတဲ့ကစားသမားျဖစ္ပါတယ္။

ေငြတံဆိပ္ရခဲ့တဲ့ စင္ကာပူဆီးဂိမ္းမွာျမန္မာအသင္းတုိက္စစ္ပုိင္းထက္ျမက္ခဲ့တာေကာင္းဆက္ႏုိင္ရဲ႕ အခန္းက႑ဟာအမ်ားႀကီးပါဝင္ခဲ့ပါတယ္။

ဂုိးသြင္းယူမႈအပုိင္းနဲ႔ ကစားပုံသာယခုထက္ပုိတုိးတက္လာမယ္ဆုိရင္ေတာ့ယခုထက္ပုိအားကုိးလုိ႔ရလာမွာပါ။

ေတာင္အေမရိကေဘာလုံးအသင္းျဖစ္တဲ့ ဘုိလီဗီးယားလုိအသင္းမ်ိဳးကုိ ဖီဖာအသိအမွတ္ျပဳေျခစမ္းပြဲကစားလုိ႔ရေအာင္ စီစဥ္ခဲ့တဲ့ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဴပ္ MFF ကုိလည္းအသိအမွတ္ျပဳရမွာပါ။

ဒါဟာ ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းကုိႏုိင္ငံတကာမွာ အသင္းရဲ႕ပုံရိပ္တက္ေစတာအမွန္ပါဘဲ။

ျမန္မာ့လက္ေရြးစင္အသင္းကုိ လူငယ္ေတြနဲ႔အဓိကတည္ေဆာက္ခ်င္တဲ့ နည္းျပအန္တြမ္နီေဟးဘယ္ေလာက္ထိလုပ္ျပႏုိင္မလဲ ေစာင့္ၾကည့္ရမွာပါ။

KNကုိႏုိင္

unicode ျဖင့္ဖတ္ရန္

အန် တွမ် နီ ဟေး နဲ့ မြန် မာ အ သင်း ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ

မြန်မာ့လက်ရွေးစင်နည်းပြချူပ် နည်းပြအန်တွမ်နီဟေးအနေနဲ့ အောက်တိုဘာလအတွင်းမှာယှဉ်ပြိုင်ကစားမယ့် ဖီဖာအသိအမှတ်ပြုနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းရဲ့ပဏာမလူစာရင်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။

မြန်မာဘောလုံးပရိသတ်တွေကတော့အင်ဒိုနီးရှားနဲ့ယှဉ်ပြိုင်ကစားမယ့်ခြေစမ်းပွဲထက်တောင်အမေရိကတိုက်ရဲ့အသင်းဖြစ်တဲ့ဘိုလီဗီးယားနဲ့ပွဲစဉ်ကို ပိုပြီးရင်ခုန်ကြည့်ချင်နေကြမှာအမှန်ပါဘဲ။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချူပ်အန်တွမ်နီဟေးထုတ်ပြန်ကြေညာတဲ့ပဏာမလူစာရင်းကို ထုတ်ပြန်ကြေညာပြီးအချိန်ပိုင်းအတွင်းမှာ အမြင်မတူမှုတွေနဲ့ဝေဖန်ပြောဆိုမှုတွေမြင့်တက်ခဲ့တာလည်းတွေ့ခဲ့ရပါတယ်။

ထိုထဲမှာ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းတစ်ချို့နဲ့အရွေးမခံရတဲ့ ကစားသမားတစ်ချို့ပါပဏာမလက်ရွေးစင်အသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုမှုရှိခဲ့ပါတယ်။

မြန်မာဘောလုံးပရိသတ်တွေအဓိကပြောဆိုခဲ့တဲ့နေရာကတော့ ဂိုးသမားဘုန်းသစ္စာမင်းနဲ့သီဟထက်အောင်တို့ ပဏာမအသင်းမှာရွေးချယ်ခဲ့ခြင်းနဲ့ နောက်ခံလူဇော်မင်းထွန်းပဏာမလက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမပြုလုပ်ခဲ့တာတွေဖြစ်ပါတယ်။

ဂိုးသမားဘုန်းသစ္စာမင်းနဲ့ပြောရရင်သူ့ရဲ့အရပ်အမောင်း ၊ ပင်ကိုယ်ဟန်အနေအထားအရအများကြီး ယခုထက်ပိုပြီးဖြစ်သင့်ပေမယ့်သူ့ရဲ့ မိမိ့ကိုယ်ကိုယုံကြည်မှုနည်းတဲ့ကစားပုံနဲ့မတည်ငြိမ်တဲ့လက်စွမ်းအနေအထားအပြင်အားအနည်းဆုံးအချက်ကတော့ ဂိုးသမားတစ်ယောက်မှာမရှိသင့်တဲ့ အချိန်အဆလွဲချော်မှုတွေ ၊ မတွက်ချက်တတ်မှုတွေကြောင့်ထင်ပေါ်သင့်သလောက် မထင်ပေါ်ခဲ့တာဖြစ်ပါတယ်။

လူငယ်ဂိုးသမားတစ်ယောက်ကို ထိုးနှက်မှုတွေစိတ်ဓာတ်ပိုင်းအားနည်းမှုတွေဖြစ်ပေါ်အောင်အများကြီးမပြောချင်ပါဘူး။

ဒါပေမယ့် ယခုအနေအထားအရတော့လက်ရွေးစင်အသင်းမှာ သူ့ထက်ရွေးသင့်တဲ့ါဝင်လာသင့်တဲ့ဂိုးသမားတွေ အများကြီးမြန်မာဘောလုံးလောကမှာရှိနေတာတော့ အမှန်ပါဘဲ။

သီဟထက်အောင်နဲ့ပတ်သက်ပြီးပြောရရင်တော့တော်တော်လေးရှုပ်ထွေးတဲ့အနေအထားမှာရှိပါတယ်။

သီဟထက်အောင်ရဲ့ကစားပုံနဲ့ပတ်သက်ပြီးချီးကျူးမှုတွေ အကြိမ်ကြိမ်ရေးခဲ့ဖူးပါတယ်။

ကစားဟန်မာမာကျောကျောရှိတယ်။ဘောလုံးကို မြန်မာနောက်ခံလူတွေကြားမှာရှားရှားပါးပါးဦးနှောက်သုံးကစားတတ်တယ်။

သူသာ ဘောလုံးကို အပြည့်အဝအာရုံစိုက်ပြီးကြိုးကြိုးစားစားကစားပြီး ခြေစွမ်းတိုးတက်လာရင်ယခုမြန်မာဘောလုံးလောကရဲ့နောက်ခံကစားသမားများစွာကြားမှာ သူ့ကိုမှီတဲ့ကစားသမားရှိမှာမဟုတ်ပါဘူး။

ခက်တာက သီဟထက်အောင်ရဲ့မလိုအပ်ဘဲစိတ်လိုက်မာန်ပါကစားမှုတွေစည်းကမ်းပိုင်းအားနည်းမှုတွေခြေစွမ်းပိုင်း ယခုထက်ပိုပြီးတိုးတက်မလာတာတွေအနေအထားတွေအပြင် ဘောလုံးသမားတစ်ယောက်မှာရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားထက်ပိုလာတာ ၊ လုပ်အားနှုန်း ၊ ပြေးအားတွေယခုနောက်ပိုင်းမှာလျော့ကျလာတာတွေကသီဟထက်အောင်ရဲ့လိုအပ်ချက်တွေပါ။

သီဟထက်အောင်ဟာ Fri ထဲမှာရှိပါတယ်။သူဟာ ကျနော်အကြိုက်ဆုံး မြန်မာကစားသမားတွေထဲမှာတစ်ဦးအပါအဝင်မို့ ယခုထက်ပိုပြီးကြိုးစားဖို့ရေးခြင်းဖြစ်ပါတယ်။

သီဟထက်အောင်ကို ပဏာမအသင်းမှာပြန်ရွေးတဲ့နည်းပြအန်တွမ်နီဟေးရဲ့ဆုံးဖြတ်ချက်ကိုတော့ကျနော် လက်ခံပါတယ်။

သူ့ကို ပြန်ကြိုးစားခွင့်ပေးသင့်တယ်လို့ယူဆလို့ပါ။

ဝါရင့်နောက်ခံလူဇော်မင်းထွန်းကို ပဏာမလက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမပြုလုပ်ခဲ့တာကတော့မြန်မာဘောလုံးပရိသတ်တွေကို အံ့သြသင့်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။

အသက်အရွယ်အရရော ၊ ခြေစွမ်းအရရောမြန်မာ့လက်ရွေးစင်အသင်းမှာ သုံးလို့ရတဲ့လိုအပ်တဲ့ကစားသမားမျိုးဖြစ်ပေမယ့်ချန်ခဲ့တာကတော့ နားမလည်နိုင်စရာပါ။

ဒါပေမယ့် ဇော်မင်းထွန်းကို နည်းပြအန်တွမ်နီဟေးရဲ့ထုတ်ပြန်ခဲ့တဲ့ပြောစကားအရတော့ဆူဇူးကီးဖလားပြိုင်ပွဲမှာ မရွေးချယ်တော့ဘူးလို့ယူဆလို့တော့မရပါဘူး။

နည်းပြအန်တွမ်နီဟေး ပြောစကားအရ” ဇော်မင်းထွန်းဟာ ကျနော် အချိန်မရွေးယူသုံးလို့ရတဲ့ ကစားသမားမျိုးပါ ” ဆိုတဲ့ပြောစကားအနေအထားအရ ခြေစမ်းပွဲတွေမှာလူငယ်တွေကို စမ်းသုံးကြည့်ပြီးနေရာပေးချင်တာကြောင့်လို့ ယူဆလို့ရပါတယ်။

အဆင်မပြေရင်တော့ နည်းပြအန်တွမ်နီဟေးဟာ ဇော်မင်းထွန်းကို လက်ရွေးစင်အသင်းမှာ ပြန်ခေါ်ပါလိမ့်မယ်။

အလယ်တန်းမှာ သန်းထက်အောင်ကိုရွေးချယ်တာဟာ ကျေနပ်စရာပါ။

ရဲကိုဦးဟာလည်း သူ့ရဲ့ခြေစွမ်းအရရွေးသင့်တဲ့အနေအထားမှာရှိပါတယ်။

မြန်မာဘောလုံးပရိသတ်တွေ အဓိကကျေနပ်စရာဖြစ်ခဲ့တာကတော့ လူငယ်ကစားသမားမြတ်ကောင်းခန့်ပါဝင်လာတာနဲ့ကျော်ကိုကိုမပါဝင်တဲ့တိုက်စစ်ပိုင်းမှာအရွေးသင့်ဆုံးကစားသမားဖြစ်တဲ့ ကောင်းဆက်နိုင်ပါဝင်လာတာပါပဲ။

ကစားပုံအရမ်းမြန်ပြီး ပြေးအား ၊ ရုန်းအားရှိတဲ့ကစားပုံနဲ့ ကောင်းဆက်နိုင်ဟာမြန်မာ့လက်ရွေးစင်အသင်းမှာ တိုက်စစ်ပိုင်းအတွက်လိုအပ်နေတဲ့ကစားသမားဖြစ်ပါတယ်။

ငွေတံဆိပ်ရခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာမြန်မာအသင်းတိုက်စစ်ပိုင်းထက်မြက်ခဲ့တာကောင်းဆက်နိုင်ရဲ့ အခန်းကဏ္ဍဟာအများကြီးပါဝင်ခဲ့ပါတယ်။

ဂိုးသွင်းယူမှုအပိုင်းနဲ့ ကစားပုံသာယခုထက်ပိုတိုးတက်လာမယ်ဆိုရင်တော့ယခုထက်ပိုအားကိုးလို့ရလာမှာပါ။

တောင်အမေရိကဘောလုံးအသင်းဖြစ်တဲ့ ဘိုလီဗီးယားလိုအသင်းမျိုးကို ဖီဖာအသိအမှတ်ပြုခြေစမ်းပွဲကစားလို့ရအောင် စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် MFF ကိုလည်းအသိအမှတ်ပြုရမှာပါ။

ဒါဟာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကိုနိုင်ငံတကာမှာ အသင်းရဲ့ပုံရိပ်တက်စေတာအမှန်ပါဘဲ။

မြန်မာ့လက်ရွေးစင်အသင်းကို လူငယ်တွေနဲ့အဓိကတည်ဆောက်ချင်တဲ့ နည်းပြအန်တွမ်နီဟေးဘယ်လောက်ထိလုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာပါ။

KNကိုနိုင်