
သမီးရွင္ေတြ သတိထားဖို႔ (နားနဲ႔မနာ ဖဝါးနဲ႔နာ ပါ)
#မေရးခ်င္ေပမယ့္_ေရးလိုက္ပါဦးမည္။
ဒီေန႔ေဆးခန္းမွာ case 2 ခု တၿပိဳင္တည္း ရပါသည္။
ပထမ case က ၂၃နွစ္ပါ။
က်မရဲ႕ထံုးစံက ultrasoud ၾကည့္ရင္း early pregnancy ေတြ႔ရင္ ကိုယ္ဝန္႐ွိေနၿပီလို႔ တခါတည္း တန္းမေျပာပဲ အိမ္ေထာင္႐ွိလားလို႔ အရင္ေမးတတ္ပါတယ္။
အိမ္ေထာင္မ႐ွိတဲ့ ကိုယ္ဝန္ေဆာင္ တေန႔တျခား မ်ားလာတဲ့ေခတ္ႀကီးမွာ လူနာနဲ႔အေဖာ္ပါလာတဲ့သူကို မသိေစခ်င္လို႔ပါ။
အိမ္ေထာင္မ႐ွိဘူးလို႔ ေျဖေတာ့ ရည္းစားေရာ႐ွိလားေပါ့။
ရည္းစားလည္းမ႐ွိဘူး ဆရာမ။ အဲ့သလိုဆိုျပန္ေတာ့ မတတ္ႏိုင္ေတာ့ သမီး ကိုယ္ဝန္ ၆လျပည့္ေတာ့မယ္။
အတူေနဖူးတဲ့ ေယာက်္ားေတာ့ ႐ွိကို႐ွိေနမွာမို ့ အဲဒီလူကို လက္ထပ္လိုက္ဖို႔ ႀကိဳးစားပါလို႔ ေျပာလိုက္ေရာ.. ဆရာမေရ႕ ကူပါကယ္ပါနဲ႔ ငိုပါေလေရာ။
… အဲ့ဒါနဲ႔ အဓိက ဘယ္သူနဲ႔ရတဲ့ကိုယ္ဝန္လည္းဆိုတာပဲ အေရးႀကီးဆံုးေလ.. အရင္ဆံုး လင္ေကာင္ေဖာ္ရမွာမို႔ ဘယ္သူနဲ႔ရတာလည္းသမီး.. ပထမေတာ့မေျဖပါ….
ကဲ… ဆရာမကိုမေျဖရင္လည္း အိမ္က်ရင္ မိသားစုကိုေျဖၿပီး အဲ့ဒီလူနဲ႔ ယူဖို႔ စီစဥ္ေပါ့လို႔ေျပာမွ အိမ္ကိုေျပာလို႔မျဖစ္ဖူး။
အိမ္ကိုေျပာရင္ အေမႀကီး လဲေသသြားလိမ့္မယ္.။
ယူလို႔လည္းမျဖစ္ႏိုင္ဘူး…ဆိုေတာ့ ဘယ္သူျဖစ္ေနလို႔လည္းသမီးလို႔ က်မထပ္ေမးမိေတာ့ အကိုဝမ္းကြဲပါတဲ့ .. သမီးတို႔အိမ္ကေန GTC လာတက္တာပါတဲ့…။
သမီးတို႔ ခ်စ္သူေတြလားဆိုေတာ့ မဟုတ္ဖူးတဲ့။ မဟုတ္ပဲနဲ႔ ဘာလို႔ အတူေနျဖစ္တာလည္းလို႔ ထပ္ေမးၾကည့္ေတာ့ အိမ္မွာ အားလံုးအျပင္သြားတဲ့ေန႔ အကို ေက်ာင္းကျပန္လာရင္း သမီးကိုဆြဲၿပီး အတူေနတာပါတဲ့။ မ႐ုန္းဘူးလား။
မေအာ္ဘူးလားဆိုတဲ့ ေမးခြန္းေတြကို ဆက္မေျဖပဲ ငူငူႀကီး ျင္ိမ္ေနပံုေထာက္ေတာ့ သူကိုယ္တိုင္က အလိုတူခဲ့ပံုပါပဲ။
အဲ့ဒါနဲ႔ အိမ္ကိုဖြင့္ေျပာၿပီး ယူလိုက္ေတာ့ေပါ့သမီးရယ္ လို႔ပဲ ေျပာျဖစ္ပါသည္..။
သူကေတာ့ ယူလို႔မရဘူး ေမာင္ႏွမဝမ္းကြဲေတြမို႔ဆိုၿပီး ထပ္ခါထပ္ခါ ေျပာလာေတာ့ ယူလို႔ ရလို႔ ညားေတာင္ေနၿပီသမီးေရ… ဒီဗိုက္က ေနာက္လဆို ဖံုးလို႔မရေတာ့ဘူး။
ဒီလထဲမွာ လူႀကီးေတြဖြင့္ေျပာၿပီး ဆြဲစိထားႏုိင္မွ ရေတာ့မွာ.. အိမ္ကိုဖြင့္ေျပာလိုက္လို႔ အၾကံေပးေတာ့ အိမ္ကိုေတာ့ လံုးဝအသိခံလို႔မရ..။ ရတယ္။ သမီးဘာသာ ၾကံအုံးမယ္လို႔ ဥာဏ္ႀကီး႐ွင္မမက ဆိုပါတယ္။
ဒီေနရာမွာ က်မ ညီမေလးေတြကို သတိေပးခ်င္တာက ဒီလိုျပသနာ ၾကံဳလာခဲ့ရင္ အရင္ဆံုး ႀကိဳးစားရမွာ လင္ေကာင္ေပၚဖို႔ ကေလးအေဖ ဖမ္းမိဖို႔မို႔ ဒီကိစၥကို အရင္ဆံုးအသိေပးသင့္သူေတြက ညီမေလးတို႔ရဲ႕ အေမနဲ႔ မိသားစုဝင္ေတြကိုပါ။
ကိုယ္မွ အေနအထိုင္မတတ္ခဲ့ေတာ့ ႐ိုက္လည္းခဏေပါ့လို႔ေတာ့ ေတြးၾကည့္လိုက္ပါ။ ဘယ္အေမ ဘယ္အကိုမွေတာ့ ေသေအာင္ မသတ္ႏိုင္တာမို႔ အနီးစပ္ဆံုးမိသားစုဝင္ေတြကို အဓိက ယံုၾကည္ေပးၿပီး အကူအညီ ေတာင္းေပးေစခ်င္ပါတယ္။
ေနာက္တခုအၾကံေပးခ်င္တာက ႐ုွပ္ေထြးလွတဲ့ အခုေခတ္ထဲမွာ သမီးမိန္းကေလး႐ွိတဲ့ အိမ္တိုင္းမွာ ေယာက်္ားလူပ်ိဳ လူအို ဘယ္သူ႔ကိုမဆို ယံုၾကည္ၿပီး တမိုးေအာက္ထားမယ္ဆိုရင္ သတိႀကီးႀကီးထားၾကဖို႔ လိုလာၿပီဆိုတာပါပဲ။
ကိုယ့္သမီး လစဥ္ရာသီလာ မလာကို တေစ့တေစာင္း အကဲခတ္ရမွာ လစဥ္ေမေမတို႔တာဝန္ ျဖစ္ေနၿပီေနာ္။
ကဲ..ထားပါေလ။ အဲ့ဒီ သမီးၾကံပါမယ္ဆိုတဲ့ ေရႊဥာဏ္႐ွင္မမေလးကို တတ္သေလာက္မွတ္သေလာက္နဲ႔ ေဆြးေႏြးဖိတ္ေခၚ အၾကံေပး အၿပီးမွာ က်မ အျခားလူနာ ဆက္ၾကည့္ေနခဲ့ပါတယ္။
၁၅မိနစ္ေလာက္သာျခားၿပီး မမ OG ဝင္လာပါတယ္ ျမတ္သန္႔ေရ.. ဒီမွာနင့္ case ေဟ့.. စိတ္ပ်က္လြန္းေပမယ့္ ေပါက္ကရေလွ်ာက္လုပ္ရင္ ငါလည္း ဒုကၡမ်ားမွာမို႔ ကိုယ္တိုင္လာပို႔တာ…ဆိုၿပီး ၁၆ႏွစ္မျပည့္ေသးတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ ဝင္လာပါတယ္။.
ရည္းစားလည္းမထားဖူး .. အိမ္အျပင္လည္း ထြက္မလည္တတ္တဲ့ ကေလးမေလးက ကိုယ္ဝန္ .၄လေက်ာ္ေနၿပီမို႔ပါတဲ့။ သူ႔အေမ.. မမ OG နဲ႔ က်မ အစ္ေအာက္ေမးလိုက္ေတာ့ တရားခံ ထြက္လာပါတယ္။ တရားခံက အေမရဲ႕ အကိုႀကီးပါဆိုေတာ့ က်မႏႈတ္ကေတာင္ ေႀသာ္ ..ဘႀကီးေပါ့ လုပ္ရက္လိုက္တာလို႔ ၿငီးမိပါတယ္။
ငယ္ငယ္ေလးထဲက ဘဘကလည္းအရမ္းခ်စ္ သူကလည္း ဘဘကို အရမ္းခ်စ္တာမို႔ ဘႀကီးက ညအိပ္ညေန သူတို႔အိမ္ကို အလည္လာတိုင္း မွာ ဘဘရဲ႕အိပ္ရာထဲမွာ အတူသြားအိပ္ပါတယ္တဲ့။ ငယ္စဥ္ထဲကေပါ့။
ဘဘက ဟိုဟိုဒီဒီစမ္းေတာ့ သမီးက မလုပ္ပါနဲ႔လို႔ ေျပာပါတယ္တဲ့။ ဒါေပမယ့္ ေဆးပညာအရေတာ့ အမွန္တကယ္ျငင္းဆိုျခင္း မေျမာက္ဘူး ေျပာရမယ္ေပါ့။ ဘဘကလည္း ခုေနာက္ပိုင္း ေဆးကုလာတယ္ဆိုၿပီး ခဏခဏ ညအိပ္ညေန လာပါတယ္တဲ့။
အသက္ ၇၀ ဘဘခမ်ာ ေနသာမေကာင္းတယ္ အစားအေသာက္ကေတာ့ ေကာင္းေနပံုပဲ။
ဘယ္လိုပဲ သေဘာတူသည္ျဖစ္ေစ သေဘာမတူပဲ လုပ္သည္ျဖစ္ေစ အဲ့သလို ေဆြမ်ိဳးရင္းနဲ႔ ကိုယ္ဝန္ရတဲ့ မိန္းမငယ္ေတြဟာ ခ်စ္သူနဲ႔ ကိုယ္ဝန္ရတဲ့သူေတြထက္ ပိုၿပီး စိတ္ထိခိုက္ခံစားရျပီး ….
အရိပ္မဲႀကီး ပိုက်န္ရစ္ခဲ့ၿပီမို႔ ေမေမတို႔အေနနဲ႔. ကိုယ့္သမီးေလး ဘယ္အရြယ္မဆို ဘယ္လို ေယာက္်ားမ်ိဳးနဲ႔မွ ႏွစ္ဦးထဲလႊတ္မေပး လႊတ္မထားေတာ့ပဲ သတိႀကီးႀကီးနဲ႔ ထိန္းသိမ္းတတ္ဖို႔ အၾကံေပးပါရေစ။
ေနာက္ၿပီး ကေလးေတြကိုလည္း မိန္းမကိုယ္ကို တင္ပါးကို ေပါင္ကို ရင္သားကို ေမေမနဲ႔ ဖြားဖြားကလြဲလို႔ မည္သူ႔ကိုမွ မျပရ မထိေတြ႔ေစရ အကိုင္တြယ္မခံရေၾကာင္း တကယ္လို႔ တဦးဦးက အဲ့သလို လုပ္လာခဲ့ရင္လည္း ေမေမတို႔ကို အရင္ဆံုးေျပာဖို႔ ငယ္စဥ္ထဲက သင္ၾကားေပးဖို႔ အၾကံေပးရင္း….
ဒီေန႔ က်မၾကံဳေတြ႔ခဲ့ရတာေလးေတြကို ဗဟုသုတအျဖစ္ မ်ွေဝေပးလိုက္ပါတယ္။
ပြင့္ေသာပန္းတိုင္း လွႏိုင္ ေမႊးႏိုင္ လန္းႏိုင္ပါေစ။
#MyatThant
ျမင့္မိုရ္ေမတၱာ (ခိုနားရာ)
unicode ျဖင့္ဖတ္ရန္
သမီးရှင်တွေ သတိထားဖို့ (နားနဲ့မနာ ဖဝါးနဲ့နာ ပါ)
#မရေးချင်ပေမယ့်_ရေးလိုက်ပါဦးမည်။
ဒီနေ့ဆေးခန်းမှာ case 2 ခု တပြိုင်တည်း ရပါသည်။
ပထမ case က ၂၃နှစ်ပါ။
ကျမရဲ့ထုံးစံက ultrasoud ကြည့်ရင်း early pregnancy တွေ့ရင် ကိုယ်ဝန်ရှိနေပြီလို့ တခါတည်း တန်းမပြောပဲ အိမ်ထောင်ရှိလားလို့ အရင်မေးတတ်ပါတယ်။
အိမ်ထောင်မရှိတဲ့ ကိုယ်ဝန်ဆောင် တနေ့တခြား များလာတဲ့ခေတ်ကြီးမှာ လူနာနဲ့အဖော်ပါလာတဲ့သူကို မသိစေချင်လို့ပါ။
အိမ်ထောင်မရှိဘူးလို့ ဖြေတော့ ရည်းစားရောရှိလားပေါ့။
ရည်းစားလည်းမရှိဘူး ဆရာမ။ အဲ့သလိုဆိုပြန်တော့ မတတ်နိုင်တော့ သမီး ကိုယ်ဝန် ၆လပြည့်တော့မယ်။
အတူနေဖူးတဲ့ ယောကျ်ားတော့ ရှိကိုရှိနေမှာမို ့ အဲဒီလူကို လက်ထပ်လိုက်ဖို့ ကြိုးစားပါလို့ ပြောလိုက်ရော.. ဆရာမေရ့ ကူပါကယ်ပါနဲ့ ငိုပါလေရော။
… အဲ့ဒါနဲ့ အဓိက ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လည်းဆိုတာပဲ အရေးကြီးဆုံးလေ.. အရင်ဆုံး လင်ကောင်ဖော်ရမှာမို့ ဘယ်သူနဲ့ရတာလည်းသမီး.. ပထမတော့မဖြေပါ….
ကဲ… ဆရာမကိုမဖြေရင်လည်း အိမ်ကျရင် မိသားစုကိုဖြေပြီး အဲ့ဒီလူနဲ့ ယူဖို့ စီစဉ်ပေါ့လို့ပြောမှ အိမ်ကိုပြောလို့မဖြစ်ဖူး။
အိမ်ကိုပြောရင် အမေကြီး လဲသေသွားလိမ့်မယ်.။
ယူလို့လည်းမဖြစ်နိုင်ဘူး…ဆိုတော့ ဘယ်သူဖြစ်နေလို့လည်းသမီးလို့ ကျမထပ်မေးမိတော့ အကိုဝမ်းကွဲပါတဲ့ .. သမီးတို့အိမ်ကနေ GTC လာတက်တာပါတဲ့…။
သမီးတို့ ချစ်သူတွေလားဆိုတော့ မဟုတ်ဖူးတဲ့။ မဟုတ်ပဲနဲ့ ဘာလို့ အတူနေဖြစ်တာလည်းလို့ ထပ်မေးကြည့်တော့ အိမ်မှာ အားလုံးအပြင်သွားတဲ့နေ့ အကို ကျောင်းကပြန်လာရင်း သမီးကိုဆွဲပြီး အတူနေတာပါတဲ့။ မရုန်းဘူးလား။
မအော်ဘူးလားဆိုတဲ့ မေးခွန်းတွေကို ဆက်မဖြေပဲ ငူငူကြီး ငြ်ိမ်နေပုံထောက်တော့ သူကိုယ်တိုင်က အလိုတူခဲ့ပုံပါပဲ။
အဲ့ဒါနဲ့ အိမ်ကိုဖွင့်ပြောပြီး ယူလိုက်တော့ပေါ့သမီးရယ် လို့ပဲ ပြောဖြစ်ပါသည်..။
သူကတော့ ယူလို့မရဘူး မောင်နှမဝမ်းကွဲတွေမို့ဆိုပြီး ထပ်ခါထပ်ခါ ပြောလာတော့ ယူလို့ ရလို့ ညားတောင်နေပြီသမီးရေ… ဒီဗိုက်က နောက်လဆို ဖုံးလို့မရတော့ဘူး။
ဒီလထဲမှာ လူကြီးတွေဖွင့်ပြောပြီး ဆွဲစိထားနိုင်မှ ရတော့မှာ.. အိမ်ကိုဖွင့်ပြောလိုက်လို့ အကြံပေးတော့ အိမ်ကိုတော့ လုံးဝအသိခံလို့မရ..။ ရတယ်။ သမီးဘာသာ ကြံအုံးမယ်လို့ ဉာဏ်ကြီးရှင်မမက ဆိုပါတယ်။
ဒီနေရာမှာ ကျမ ညီမလေးတွေကို သတိပေးချင်တာက ဒီလိုပြသနာ ကြုံလာခဲ့ရင် အရင်ဆုံး ကြိုးစားရမှာ လင်ကောင်ပေါ်ဖို့ ကလေးအဖေ ဖမ်းမိဖို့မို့ ဒီကိစ္စကို အရင်ဆုံးအသိပေးသင့်သူတွေက ညီမလေးတို့ရဲ့ အမေနဲ့ မိသားစုဝင်တွေကိုပါ။
ကိုယ်မှ အနေအထိုင်မတတ်ခဲ့တော့ ရိုက်လည်းခဏပေါ့လို့တော့ တွေးကြည့်လိုက်ပါ။ ဘယ်အမေ ဘယ်အကိုမှတော့ သေအောင် မသတ်နိုင်တာမို့ အနီးစပ်ဆုံးမိသားစုဝင်တွေကို အဓိက ယုံကြည်ပေးပြီး အကူအညီ တောင်းပေးစေချင်ပါတယ်။
နောက်တခုအကြံပေးချင်တာက ရုှပ်ထွေးလှတဲ့ အခုခေတ်ထဲမှာ သမီးမိန်းကလေးရှိတဲ့ အိမ်တိုင်းမှာ ယောကျ်ားလူပျို လူအို ဘယ်သူ့ကိုမဆို ယုံကြည်ပြီး တမိုးအောက်ထားမယ်ဆိုရင် သတိကြီးကြီးထားကြဖို့ လိုလာပြီဆိုတာပါပဲ။
ကိုယ့်သမီး လစဉ်ရာသီလာ မလာကို တစေ့တစောင်း အကဲခတ်ရမှာ လစဉ်မေမေတို့တာဝန် ဖြစ်နေပြီနော်။
ကဲ..ထားပါလေ။ အဲ့ဒီ သမီးကြံပါမယ်ဆိုတဲ့ ရွှေဉာဏ်ရှင်မမလေးကို တတ်သလောက်မှတ်သလောက်နဲ့ ဆွေးနွေးဖိတ်ခေါ် အကြံပေး အပြီးမှာ ကျမ အခြားလူနာ ဆက်ကြည့်နေခဲ့ပါတယ်။
၁၅မိနစ်လောက်သာခြားပြီး မမ OG ဝင်လာပါတယ် မြတ်သန့်ရေ.. ဒီမှာနင့် case ဟေ့.. စိတ်ပျက်လွန်းပေမယ့် ပေါက်ကရလျှောက်လုပ်ရင် ငါလည်း ဒုက္ခများမှာမို့ ကိုယ်တိုင်လာပို့တာ…ဆိုပြီး ၁၆နှစ်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဝင်လာပါတယ်။.
ရည်းစားလည်းမထားဖူး .. အိမ်အပြင်လည်း ထွက်မလည်တတ်တဲ့ ကလေးမလေးက ကိုယ်ဝန် .၄လကျော်နေပြီမို့ပါတဲ့။ သူ့အမေ.. မမ OG နဲ့ ကျမ အစ်အောက်မေးလိုက်တော့ တရားခံ ထွက်လာပါတယ်။ တရားခံက အမေရဲ့ အကိုကြီးပါဆိုတော့ ကျမနှုတ်ကတောင် သြော် ..ဘကြီးပေါ့ လုပ်ရက်လိုက်တာလို့ ငြီးမိပါတယ်။
ငယ်ငယ်လေးထဲက ဘဘကလည်းအရမ်းချစ် သူကလည်း ဘဘကို အရမ်းချစ်တာမို့ ဘကြီးက ညအိပ်ညနေ သူတို့အိမ်ကို အလည်လာတိုင်း မှာ ဘဘရဲ့အိပ်ရာထဲမှာ အတူသွားအိပ်ပါတယ်တဲ့။ ငယ်စဉ်ထဲကပေါ့။
ဘဘက ဟိုဟိုဒီဒီစမ်းတော့ သမီးက မလုပ်ပါနဲ့လို့ ပြောပါတယ်တဲ့။ ဒါပေမယ့် ဆေးပညာအရတော့ အမှန်တကယ်ငြင်းဆိုခြင်း မမြောက်ဘူး ပြောရမယ်ပေါ့။ ဘဘကလည်း ခုနောက်ပိုင်း ဆေးကုလာတယ်ဆိုပြီး ခဏခဏ ညအိပ်ညနေ လာပါတယ်တဲ့။
အသက် ၇၀ ဘဘခမျာ နေသာမကောင်းတယ် အစားအသောက်ကတော့ ကောင်းနေပုံပဲ။
ဘယ်လိုပဲ သဘောတူသည်ဖြစ်စေ သဘောမတူပဲ လုပ်သည်ဖြစ်စေ အဲ့သလို ဆွေမျိုးရင်းနဲ့ ကိုယ်ဝန်ရတဲ့ မိန်းမငယ်တွေဟာ ချစ်သူနဲ့ ကိုယ်ဝန်ရတဲ့သူတွေထက် ပိုပြီး စိတ်ထိခိုက်ခံစားရပြီး ….
အရိပ်မဲကြီး ပိုကျန်ရစ်ခဲ့ပြီမို့ မေမေတို့အနေနဲ့. ကိုယ့်သမီးလေး ဘယ်အရွယ်မဆို ဘယ်လို ယောက်ျားမျိုးနဲ့မှ နှစ်ဦးထဲလွှတ်မပေး လွှတ်မထားတော့ပဲ သတိကြီးကြီးနဲ့ ထိန်းသိမ်းတတ်ဖို့ အကြံပေးပါရစေ။
နောက်ပြီး ကလေးတွေကိုလည်း မိန်းမကိုယ်ကို တင်ပါးကို ပေါင်ကို ရင်သားကို မေမေနဲ့ ဖွားဖွားကလွဲလို့ မည်သူ့ကိုမှ မပြရ မထိတွေ့စေရ အကိုင်တွယ်မခံရကြောင်း တကယ်လို့ တဦးဦးက အဲ့သလို လုပ်လာခဲ့ရင်လည်း မေမေတို့ကို အရင်ဆုံးပြောဖို့ ငယ်စဉ်ထဲက သင်ကြားပေးဖို့ အကြံပေးရင်း….
ဒီနေ့ ကျမကြုံတွေ့ခဲ့ရတာလေးတွေကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။
ပွင့်သောပန်းတိုင်း လှနိုင် မွှေးနိုင် လန်းနိုင်ပါစေ။
#MyatThant
မြင့်မိုရ်မေတ္တာ (ခိုနားရာ)