ဘဝအေသမခံႏိုင္လို့ အကုန္လံုးကို ဖြင့္ခ်လိုက္တဲ႔ မင္းထက္ !!!

ပရိသတ္ေတြရဲ႕ ေဝဖန္ဆဲဆိုျခင္းကို ခံခဲ႔ရတဲ့ မင္းသား မင္းထက္က သူေျပာဖို့က်န္ခဲ႔တဲ႔ စကားေတြကို ေနာက္ဆံုးအႀကိမ္ ရင္ဖြင့္လာျပန္ပါတယ္။

သူဟာ သူ့ဘဝကို အၾကပ္ကိုင္ခ်ုပ္ကိုင္ တက္တဲ႔ မိန္းမရဲ႕ လက္ထဲကို အေရာက္မခံႏိုင္တာေၾကာင့္ ခုလို ရွင္းျပခဲ႔တာျဖစ္တယ္လို့သိရပါတယ္။

သူထပ္မံျပီးေနာက္ဆံုးအႀကိမ္ရွင္းျပခဲ႔တဲ႔ အေၾကာင္းအရာေတြကို အေသးစိတ္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

သူေျပာခဲ႔တာေတြကေတာ့ ” အင္တာဗ်ဴးမွာအခ်ိန္ကန္႔သတ္မႈရွိတဲ့အတြက္ ကၽြန္ေတာ့္ပရိတ္သတ္ေတြသိသင့္တာေတြမေျပာလိုက္ရလို႔ ေနာက္ဆံုးအႀကိမ္ရင္ဖြင့္တဲ့အေနနဲ႔ေျပာျပလိုပါတယ္။

ကၽြန္ေတာ့္ပရိတ္သတ္ကိုကၽြန္ေတာ္အရမ္းေလးစားပါတရ္။

ဘယ္တုန္းကမွလဲပရိတ္သတ္ေတြအေပၚမေထမဲ့ျမင္ျပဳတာမ်ိဳး၊ဂရုမစိုက္တာမ်ိဳးမလုပ္ခဲ့ဖူးသလို အႏုပညာဘက္မွာလဲ ဘဝတစ္ခုလံုးကိုႏွစ္ျမႇပ္ၿပီး အစြမ္းကုန္ တာဝန္ေက်ေအာင္ႀကိဳးစားခဲ့တာအားလံုးအသိပါ။

ဘယ္တုန္းကမွလည္းမေလးမစား ရင့္ရင့္သီးသီး မေထမဲ့ျမင္ျဖစ္ေစတဲ့အရာေတြကို ကၽြန္ေတာ္မျပဳခဲ့ မတင္ခဲ့ပါဘူး။

အခုလတ္တေလာကိစၥမွာကၽြန္ေတာ့္ေၾကာင့္စိတ္အေႏွာင့္အယွက္ေတြျဖစ္သြားၾကရတာကိုလည္း နင့္နင့္နဲနဲစိတ္မေကာင္းျဖစ္မိပါတယ္ ”

” ပရိသတ္ေတြကိုေလးစားတဲ့အတြက္လည္းကၽြန္ေတာ္ ေတာ္ေတာ္စဥ္းစားခဲ့ပါတယ္။

ကၽြန္ေတာ္ခ်စ္တဲ့ပရိတ္သတ္ေတြ ရဲ႕ျပစ္တင္ေျပာဆိုခံရမွာကိုေၾကာက္ၿပီး အဲဒီမိန္းမရဲ႕ ၿခိမ္းေျခာက္အၾကပ္ကိုင္မႈေအာက္မွာ ဘဝအေသခံမလား။ ျဖစ္ပ်က္သမွ်ကို မခၽြင္းမခ်န္ရိုးေျဖာင့္စြာဝန္ခံၿပီး ေလာကကိုရင္ဆိုင္မလား။

ကၽြန္ေတာ္ေဝခြဲရခက္ခဲ့ပါတယ္။ေနာက္ဆံုး ဆံုးျဖတ္ခ်က္ခ်ၿပီး အေမွာင္ထဲမွာဘဝအေသမခံဘဲ အလင္းထဲကို ထြက္ရပ္ ရင္ဆိုင္လိုက္တာပါ။

ကၽြန္ေတာ္ပရိတ္သတ္ကို ေလးစားစြာနဲ႔ရိုးရိုးသားသား ဘဝခရီးကို ဆက္ေလွ်ာက္ခ်င္ပါတယ္ ”

” ကၽြန္ေတာ့္ကိုအကြက္ဆင္ ေထာင္ေခ်ာက္ဆင္ ယံုၾကည္မႈ သနားတတ္တာကိုအသံုးခ်ၿပီးေနာက္ေက်ာဓားထိုးတဲ့မိန္းမ၊ မစားရရင္သဲနဲ႔ပက္ၿပီး အရွက္ခြဲတဲ့မိန္းမ(ကၽြန္ေတာ့္ဘဝရပ္တည္ခ်က္ မိသားစုအေရး စီးပြားေရး ေတြကအစလိုက္ၿပီးသိကၡာခ်အရွက္ခြဲျပတဲ့မိန္းမ)ကို ဘဝအေဖာ္အျဖစ္ ….

ေမတၱာမထားႏိုင္ေပမဲ့ သူေျပာေနတဲ့ သူ႔ရင္ေသြးက ကၽြန္ေတာ္နဲ႔ပတ္သက္တာစစ္မွန္တယ္ဆိုရင္ ဥပေဒနဲ႔အညီ ကေလးစားရိတ္ ေပးသြားပါမယ္လို႔ကၽြန္ေတာ္ အႀကိမ္ႀကိမ္ေျပာခဲ့ၿပီးသားပါ။

အဲဒါကုိမွေလာဘႀကီးစြာ မတရားေတာင္းဆိုမႈျပဳခဲ့တာကိုေတာ့ ကၽြန္ေတာ္မလိုက္ေလ်ာႏိုင္ပါဘူး။”

” ဒီလိုအျဖစ္မ်ိဳးခံလိုက္ရတဲ့ေယာက်ာၤးေတြရယ္၊ ဒီလိုအျဖစ္ၾကံဳၾကရတဲ့မိဘေတြရယ္ ကၽြန္ေတာ့္ကိုပိုၿပီးနားလည္ႏိုင္ၾကပါလိမ့္မယ္။

ကၽြန္ေတာ့္မိဘသူ႔ကိုလက္မခံႏိုင္တာကလည္း တစ္ေယာက္ထဲ ည2နာရီ ကက ငွားၿပီး အိမ္ေရွ႕လာ ကၽြန္ေတာ့္ကိုဆင္းေတြ႕ဖို႔အၾကပ္ကိုင္တာေတြ၊ အရက္မေသာက္တတ္တဲ့ကၽြန္ေတာ့္ကို ျပႆနာရွာ အားနာမႈကိုအခြင့္ေကာင္းယူ ျပႆနာမျဖစ္ခ်င္တာကို အားနဲခ်က္ကိုယူၿပီး …

အရက္အတင္းတိုက္တာေတြ၊ ညည့္နက္သန္းေခါင္ ည12/1နာရီ တစ္ေယာက္ထဲသြားလာေနတာ(ကၽြန္ေတာ့္မိဘေတြမ်က္ျမင္မို႔သူမျငင္းႏိုင္ခဲ့ဘူး)ေတြကိုအဓိကလက္မခံႏိုင္တာေၾကာင့္ သူ႔ကိုခါးခါးသီးသီးျဖစ္လာၾကခဲ့တာပါ။

ဇာတ္လမ္းရွည္ရိုက္ကြင္းမွာလည္းသတင္းေတြကို ကၽြန္ေတာ့္မိဘနားထဲအကုန္ၾကားထားတဲ့အတြက္ေၾကာင့္လဲပါပါတယ္ ”

” ကၽြန္ေတာ့္ေက်းဇူးရွင္ေတြ၊စီးပြားေရးလုပ္ငန္းပါတနာေတြ၊လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ကၽြန္ေတာ့္ဘဝကိုတိုးတက္ေအာင္လုပ္ေပးမဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားနဲ႔လဲသူဝင္ ျခယ္လွယ္မႈ၊ရန္လိုမႈေတြေၾကာင့္ မိတ္ပ်က္ရၿပီး ကၽြန္ေတာ့္ဘဝတက္လမ္းေတြ အိပ္မက္ေတြ အနာဂတ္ေတြ သူ႔လက္ထဲမွာ တစ္စတစ္စပ်က္စီးလာခဲ့ရတယ္။

အဲဒါေတြကိုျမင္တဲ့ကၽြန္ေတာ့္မိဘေတြ၊ေမာင္ႏွမေတြ၊မိတ္ေဆြရင္းခ်ာသူငယ္ခ်င္းေတြက သူ႔ကိုခါးခါးသီးသီးျဖစ္လာၾကတာပါ။

အဲဒီအေျခအေနမွာကၽြန္ေတာ္သူ႔ကိုစိတ္ပ်က္လာၿပီး အႀကိမ္ႀကိမ္ကိုယ့္လမ္းကိုယ္ေလ်ာက္ၾက ဖို႔ေျပာတိုင္း ကၽြန္ေတာ့္ကိုအရွက္ခြဲမယ္။

fbမွာ နာမည္ဖ်က္မယ္…

ကၽြန္ေတာ့္အသိုင္းအဝိုင္းမိဘေတြကိုျပသနာလာရွာမယ္ဆိုၿပီး ကၽြန္ေတာ့္ကိုအၾကပ္ကိုင္ၿခိမ္းေျခာက္ခဲ့တဲ့အတြက္ ကၽြန္ေတာ္ သူ႔ကိုမလြန္ဆန္ႏိုင္ခဲ့ဘူး။

ေနာက္ဆံုးမွာ အျမဲ အၾကပ္ကိုင္ ခံရတဲ့ ကိုယ့္ဘဝကိုယ္ နာက်င္မြန္းၾကပ္လာလို႔ မခံႏိုင္တဲ့အဆံုး ျဖစ္ခ်င္ရာျဖစ္ ရင္ဆိုင္ေတာ့မယ္ဆိုၿပီးဆံုးျဖတ္တဲ့အခ်ိန္မွာဘဲကၽြန္ေတာ္လမ္းခြဲေတာ့မယ္ဆိုတာကိုသူရိပ္မိၿပီး အယံုသြင္း ေထာင္ေခ်ာက္ဆင္ ခဲ့တာပါ ”

” အခုကၽြန္ေတာ္ ယတိျပတ္ဆံုးျဖတ္ခ်က္ခ်ၿပီး ေလာကႀကီးကိုရဲရဲဝံ့ဝံ့ ရင္ဆိုင္လိုက္တဲ့အခ်ိန္မွာ သူၿခိမ္းေျခာက္ခဲ့တဲ့အတိုင္း ကၽြန္ေတာ့္ကိုပက္ပက္စက္စက္အရွက္ခြဲခဲ့တယ္။

ကၽြန္ေတာ့္ရဲ႕နာမည္တစ္လံုးကိုေရာ၊ကၽြန္ေတာ့္မိသားစုရဲ႕သိကၡာကိုေရာရစရာမရွိ ေအာင္ သူသိကၡာခ်ခဲ့တယ္။

ဒါေပမဲ့ ဒီလိုျဖစ္လာမယ္ဆိုတာ ကၽြန္ေတာ္ႀကိဳတင္ေမ်ာ္လင့္ထားၿပီးသားပါ။ကၽြန္ေတာ္ေက်နပ္ပါတယ္။

သူ႔လက္ထဲမွာကၽြန္ေတာ့္ဘဝရွင္လ်က္နဲ႔ေသေနရတာထက္ ခုလိုျဖစ္သြားတာကၽြန္ေတာ့္ဘဝပိုေကာင္းတယ္လုိ႔ကၽြန္ေတာ္ခံယူပါတယ္။

ေရွ႕ဆက္ၿပီးေတာ့ကၽြန္ေတာ့္ဘဝကိုအေကာင္းဆံုးေလွ်ာက္လွမ္းသြားဖို႔ဘဲႀကိဳးစားေတာ့မယ္”

” ပရိတ္သတ္ရဲ႕ျပစ္တင္မႈကိုလည္း ကၽြန္ေတာ္အေနနဲ႔ မပတ္သက္သင့္သူနဲ႔ပတ္သက္မိလို႔မွားမိတဲ့အမွား၊ ကၽြန္ေတာ့္ရဲ႕အျပစ္ ေတြအတြက္ေပးဆပ္ျခင္း လို႔ ယူဆၿပီး ေက်ေက်နပ္နပ္ခံယူပါ့မယ္။

ေရွ႕ဆက္ၿပီး ကၽြန္ေတာ္ခ်စ္တဲ့ပရိတ္သတ္ကို ကၽြန္ေတာ္တတ္စြမ္းတဲ့အႏုပညာနဲ႔ အစြမ္းကုန္ ႀကိဳးစား ေပးဆပ္ရင္း ဘဝကိုရုိးသားစြာ ေလ်ာက္လွမ္းသြားပါ့မယ္။

ကၽြန္ေတာ့္ပရိတ္သတ္ေတြကၽြန္ေတာ့္အတြက္စိတ္အေနာင့္အယွက္ျဖစ္ရတာေတြကိုခြင့္လႊတ္ဖို႔ စိတ္မေကာင္းစြာအႏူးအညြတ္ေတာင္းပန္လိုက္ပါရေစ ”

Source – minhtet’s fb

unicode ျဖင့္ဖတ္ရန္

ပရိသတ်တွေရဲ့ ဝေဖန်ဆဲဆိုခြင်းကို ခံခဲ့ရတဲ့ မင်းသား မင်းထက်က သူပြောဖို့ကျန်ခဲ့တဲ့ စကားတွေကို နောက်ဆုံးအကြိမ် ရင်ဖွင့်လာပြန်ပါတယ်။

သူဟာ သူ့ဘဝကို အကြပ်ကိုင်ချုပ်ကိုင် တက်တဲ့ မိန်းမရဲ့ လက်ထဲကို အရောက်မခံနိုင်တာကြောင့် ခုလို ရှင်းပြခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သူထပ်မံပြီးနောက်ဆုံးအကြိမ်ရှင်းပြခဲ့တဲ့ အကြောင်းအရာတွေကို အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်နော်။

သူပြောခဲ့တာတွေကတော့ ” အင်တာဗျူးမှာအချိန်ကန့်သတ်မှုရှိတဲ့အတွက် ကျွန်တော့်ပရိတ်သတ်တွေသိသင့်တာတွေမပြောလိုက်ရလို့ နောက်ဆုံးအကြိမ်ရင်ဖွင့်တဲ့အနေနဲ့ပြောပြလိုပါတယ်။

ကျွန်တော့်ပရိတ်သတ်ကိုကျွန်တော်အရမ်းလေးစားပါတရ်။

ဘယ်တုန်းကမှလဲပရိတ်သတ်တွေအပေါ်မထေမဲ့မြင်ပြုတာမျိုး၊ဂရုမစိုက်တာမျိုးမလုပ်ခဲ့ဖူးသလို အနုပညာဘက်မှာလဲ ဘဝတစ်ခုလုံးကိုနှစ်မြှပ်ပြီး အစွမ်းကုန် တာဝန်ကျေအောင်ကြိုးစားခဲ့တာအားလုံးအသိပါ။

ဘယ်တုန်းကမှလည်းမလေးမစား ရင့်ရင့်သီးသီး မထေမဲ့မြင်ဖြစ်စေတဲ့အရာတွေကို ကျွန်တော်မပြုခဲ့ မတင်ခဲ့ပါဘူး။

အခုလတ်တလောကိစ္စမှာကျွန်တော့်ကြောင့်စိတ်အနှောင့်အယှက်တွေဖြစ်သွားကြရတာကိုလည်း နင့်နင့်နဲနဲစိတ်မကောင်းဖြစ်မိပါတယ် ”

” ပရိသတ်တွေကိုလေးစားတဲ့အတွက်လည်းကျွန်တော် တော်တော်စဉ်းစားခဲ့ပါတယ်။

ကျွန်တော်ချစ်တဲ့ပရိတ်သတ်တွေ ရဲ့ပြစ်တင်ပြောဆိုခံရမှာကိုကြောက်ပြီး အဲဒီမိန်းမရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုအောက်မှာ ဘဝအသေခံမလား။ ဖြစ်ပျက်သမျှကို မချွင်းမချန်ရိုးဖြောင့်စွာဝန်ခံပြီး လောကကိုရင်ဆိုင်မလား။

ကျွန်တော်ဝေခွဲရခက်ခဲ့ပါတယ်။နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး အမှောင်ထဲမှာဘဝအသေမခံဘဲ အလင်းထဲကို ထွက်ရပ် ရင်ဆိုင်လိုက်တာပါ။

ကျွန်တော်ပရိတ်သတ်ကို လေးစားစွာနဲ့ရိုးရိုးသားသား ဘဝခရီးကို ဆက်လျှောက်ချင်ပါတယ် ”

” ကျွန်တော့်ကိုအကွက်ဆင် ထောင်ချောက်ဆင် ယုံကြည်မှု သနားတတ်တာကိုအသုံးချပြီးနောက်ကျောဓားထိုးတဲ့မိန်းမ၊ မစားရရင်သဲနဲ့ပက်ပြီး အရှက်ခွဲတဲ့မိန်းမ(ကျွန်တော့်ဘဝရပ်တည်ချက် မိသားစုအရေး စီးပွားရေး တွေကအစလိုက်ပြီးသိက္ခာချအရှက်ခွဲပြတဲ့မိန်းမ)ကို ဘဝအဖော်အဖြစ် ….

မေတ္တာမထားနိုင်ပေမဲ့ သူပြောနေတဲ့ သူ့ရင်သွေးက ကျွန်တော်နဲ့ပတ်သက်တာစစ်မှန်တယ်ဆိုရင် ဥပဒေနဲ့အညီ ကလေးစားရိတ် ပေးသွားပါမယ်လို့ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပြီးသားပါ။

အဲဒါကိုမှလောဘကြီးစွာ မတရားတောင်းဆိုမှုပြုခဲ့တာကိုတော့ ကျွန်တော်မလိုက်လျောနိုင်ပါဘူး။”

” ဒီလိုအဖြစ်မျိုးခံလိုက်ရတဲ့ယောကျာင်္းတွေရယ်၊ ဒီလိုအဖြစ်ကြုံကြရတဲ့မိဘတွေရယ် ကျွန်တော့်ကိုပိုပြီးနားလည်နိုင်ကြပါလိမ့်မယ်။

ကျွန်တော့်မိဘသူ့ကိုလက်မခံနိုင်တာကလည်း တစ်ယောက်ထဲ ည2နာရီ ကက ငှားပြီး အိမ်ရှေ့လာ ကျွန်တော့်ကိုဆင်းတွေ့ဖို့အကြပ်ကိုင်တာတွေ၊ အရက်မသောက်တတ်တဲ့ကျွန်တော့်ကို ပြဿနာရှာ အားနာမှုကိုအခွင့်ကောင်းယူ ပြဿနာမဖြစ်ချင်တာကို အားနဲချက်ကိုယူပြီး …

အရက်အတင်းတိုက်တာတွေ၊ ညည့်နက်သန်းခေါင် ည12/1နာရီ တစ်ယောက်ထဲသွားလာနေတာ(ကျွန်တော့်မိဘတွေမျက်မြင်မို့သူမငြင်းနိုင်ခဲ့ဘူး)တွေကိုအဓိကလက်မခံနိုင်တာကြောင့် သူ့ကိုခါးခါးသီးသီးဖြစ်လာကြခဲ့တာပါ။

ဇာတ်လမ်းရှည်ရိုက်ကွင်းမှာလည်းသတင်းတွေကို ကျွန်တော့်မိဘနားထဲအကုန်ကြားထားတဲ့အတွက်ကြောင့်လဲပါပါတယ် ”

” ကျွန်တော့်ကျေးဇူးရှင်တွေ၊စီးပွားရေးလုပ်ငန်းပါတနာတွေ၊လုပ်ဖော်ကိုင်ဖက်တွေ၊ ကျွန်တော့်ဘဝကိုတိုးတက်အောင်လုပ်ပေးမဲ့သူတွေ တော်တော်များများနဲ့လဲသူဝင် ခြယ်လှယ်မှု၊ရန်လိုမှုတွေကြောင့် မိတ်ပျက်ရပြီး ကျွန်တော့်ဘဝတက်လမ်းတွေ အိပ်မက်တွေ အနာဂတ်တွေ သူ့လက်ထဲမှာ တစ်စတစ်စပျက်စီးလာခဲ့ရတယ်။

အဲဒါတွေကိုမြင်တဲ့ကျွန်တော့်မိဘတွေ၊မောင်နှမတွေ၊မိတ်ဆွေရင်းချာသူငယ်ချင်းတွေက သူ့ကိုခါးခါးသီးသီးဖြစ်လာကြတာပါ။

အဲဒီအခြေအနေမှာကျွန်တော်သူ့ကိုစိတ်ပျက်လာပြီး အကြိမ်ကြိမ်ကိုယ့်လမ်းကိုယ်လျောက်ကြ ဖို့ပြောတိုင်း ကျွန်တော့်ကိုအရှက်ခွဲမယ်။

fbမှာ နာမည်ဖျက်မယ်…

ကျွန်တော့်အသိုင်းအဝိုင်းမိဘတွေကိုပြသနာလာရှာမယ်ဆိုပြီး ကျွန်တော့်ကိုအကြပ်ကိုင်ခြိမ်းခြောက်ခဲ့တဲ့အတွက် ကျွန်တော် သူ့ကိုမလွန်ဆန်နိုင်ခဲ့ဘူး။

နောက်ဆုံးမှာ အမြဲ အကြပ်ကိုင် ခံရတဲ့ ကိုယ့်ဘဝကိုယ် နာကျင်မွန်းကြပ်လာလို့ မခံနိုင်တဲ့အဆုံး ဖြစ်ချင်ရာဖြစ် ရင်ဆိုင်တော့မယ်ဆိုပြီးဆုံးဖြတ်တဲ့အချိန်မှာဘဲကျွန်တော်လမ်းခွဲတော့မယ်ဆိုတာကိုသူရိပ်မိပြီး အယုံသွင်း ထောင်ချောက်ဆင် ခဲ့တာပါ ”

” အခုကျွန်တော် ယတိပြတ်ဆုံးဖြတ်ချက်ချပြီး လောကကြီးကိုရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်တဲ့အချိန်မှာ သူခြိမ်းခြောက်ခဲ့တဲ့အတိုင်း ကျွန်တော့်ကိုပက်ပက်စက်စက်အရှက်ခွဲခဲ့တယ်။

ကျွန်တော့်ရဲ့နာမည်တစ်လုံးကိုရော၊ကျွန်တော့်မိသားစုရဲ့သိက္ခာကိုရောရစရာမရှိ အောင် သူသိက္ခာချခဲ့တယ်။

ဒါပေမဲ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်ကြိုတင်မျော်လင့်ထားပြီးသားပါ။ကျွန်တော်ကျေနပ်ပါတယ်။

သူ့လက်ထဲမှာကျွန်တော့်ဘဝရှင်လျက်နဲ့သေနေရတာထက် ခုလိုဖြစ်သွားတာကျွန်တော့်ဘဝပိုကောင်းတယ်လို့ကျွန်တော်ခံယူပါတယ်။

ရှေ့ဆက်ပြီးတော့ကျွန်တော့်ဘဝကိုအကောင်းဆုံးလျှောက်လှမ်းသွားဖို့ဘဲကြိုးစားတော့မယ်”

” ပရိတ်သတ်ရဲ့ပြစ်တင်မှုကိုလည်း ကျွန်တော်အနေနဲ့ မပတ်သက်သင့်သူနဲ့ပတ်သက်မိလို့မှားမိတဲ့အမှား၊ ကျွန်တော့်ရဲ့အပြစ် တွေအတွက်ပေးဆပ်ခြင်း လို့ ယူဆပြီး ကျေကျေနပ်နပ်ခံယူပါ့မယ်။

ရှေ့ဆက်ပြီး ကျွန်တော်ချစ်တဲ့ပရိတ်သတ်ကို ကျွန်တော်တတ်စွမ်းတဲ့အနုပညာနဲ့ အစွမ်းကုန် ကြိုးစား ပေးဆပ်ရင်း ဘဝကိုရိုးသားစွာ လျောက်လှမ်းသွားပါ့မယ်။

ကျွန်တော့်ပရိတ်သတ်တွေကျွန်တော့်အတွက်စိတ်အနောင့်အယှက်ဖြစ်ရတာတွေကိုခွင့်လွှတ်ဖို့ စိတ်မကောင်းစွာအနူးအညွတ်တောင်းပန်လိုက်ပါရစေ ”

Source – minhtet’s fb