JB နဲ့ Hailey တို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုနဲ့ ပတ်သတ်ပြီး Selena ရဲ့ ခံစားချက်





CHAN (ရွှေအင်းလေး)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဆိုတော် Justin Bieber နှင့် Hailey Baldwin တို့ရဲ့ စေ့စပ်သတင်းဟာ ရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသတင်းနှင့် ပတ်သတ်ပြီး ကမ္ဘာတဝှမ်း လူစိတ်ဝင်စားမှုများလည်း များစွာရှိနေကြဆဲပါ။

နောက်ပြီး ဒီကိစ္စအပေါ် JB ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Selena Gomez ရဲ့ စိတ်ခံစားမှုအခြေအနေကိုလည်း အားလုံးက သိချင်နေကြပါတယ်။

ကြားသိရသလောက်ကတော့ Selena Gomez ဟာ JBတို့နှစ်ဦး လက်ထပ်တော့မည့် ကိစ္စနဲ့ပတ်သတ်ပြီး အထူးတလည် ဂရုစိုက်နေခြင်းမရှိသလို ဒီလိုဖြစ်လာတဲ့ကိစ္စအပေါ်လည်း ဝမ်းမြောက်ဝမ်းသာပါပဲ။ သေချာတာကတော့ သူမဟာ သူမရဲ့ သီချင်းအသစ် နှင့် လုပ်ငန်းများကို ကြိုးစားလုပ်ဆောင်နေပြီး Justin Bieber အကြောင်းကိုလည်း စဉ်းစားနေပုံ မပေါ်ပါဘူး။ သူမကိုကြည့်ရတာ တကယ်ကို ကောင်းမွန်တဲ့နေရာကို ရောက်ရှိနေပြီး ပျော်ရွှင်နေသလိုပါပဲ…

JB နဲ့ တွဲနေခဲ့စဉ်တုန်းကလည်း အကောင်းဆုံးချစ်ခဲ့၊ တာဝန်ကျေခဲ့တဲ့ Selena လေးအတွက် ဘာနောင်တ၊ ပူဆွေးသောကမှုမှ မရှိနိုင်တော့ပါဘူး။

CHAN (ရွှေအင်းလေး)

2 Comments

Leave a Reply

Your email address will not be published.


*