အေမရိကန္သမၼတ အုိဘားမားက အႀကံေပးထားတဲ့ ဘဝလက္တြဲေဖာ္ေရြးနည္း…

အေမရိကန္သမၼတ အုိဘားမားလုိ႔ ေျပာလုိက္တာနဲ႔ သူဟာ အေမရိကန္သမၼတ သမုိင္းတစ္ေလွ်ာက္ မွာ လူခ်စ္လူခင္အမ်ားဆံုးနဲ႔ အၾကင္နာတရား ႏွလံုးသားျပည့္ဝဆံုး သူရယ္လုိ႔ အမ်ားက သတ္မွတ္ ခ်စ္ခင္ၾကပါတယ္။ ဟုတ္ပါတယ္.. သူဟာ တကယ့္ကုိ ေမတၱာတရားႀကီးမားတဲ့ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ရယ္လုိ႔လည္း ဆုိရမွာပါပဲ။ လူ အခ်င္းခ်င္းခြဲျခားဆက္ဆံတဲ့ စိတ္ထားသူ႔ဆီမွာ မရွိသလုိ အထူးသျဖင့္ အမ်ိဳးသမီးေတြအေပၚမွာ ေလးစားမႈရွိၿပီး ညွာတာေစာင့္ေရွာက္တတ္တဲ့စိတ္၊ ေဖးမကူညီ တတ္တဲ့ အမ်ိဳးသားတစ္ဦးရဲ႕ စိတ္ရင္းမွန္ေၾကာင့္ သူ႔ကုိ စံျပအမ်ိဳးသားတစ္ဦးလုိ႔ အမ်ိဳးသမီးေတြက ခ်ီးက်ဴးေလးစားေခၚေဝၚၾက တာျဖစ္ပါတယ္။

ဘားရက္အုိဘားမားဟာ ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးတစ္ခုကုိပုိင္ဆုိင္ထားသူျဖစ္ၿပီး ဇနီးသည္မီရွဲလ္ နဲ႔ သမီးႏွစ္ဦးကုိ အေကာင္းဆံုး ကာကြယ္ေစာင့္ေရွာက္ေပးတဲ့ အိမ္ေထာင္ဖက္ေကာင္း၊ ဖခင္ေကာင္း တစ္ဦးလည္းျဖစ္ပါတယ္။ အုိဘားမားဟာ သူ႔အတြက္ အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရး ဘယ္လုိနားလည္ လက္ခံထားလဲဆုိတဲ့ သူ႕ရဲ႕ ခံယူခ်က္သေဘာထားေတြဟာ သိပ္ကုိႀကီးက်ယ္ျမင့္ျမတ္ပါတယ္။ ဇနီး သည္၊ ဘဝလက္တြဲေဖာ္ျဖစ္လာမယ့္ သူ႔ရဲ႕ အိမ္ေထာင္ဖက္အမ်ိဳးသမီးကုိ ေရြးခ်ယ္တဲ့ေနရာမွာလည္း သူ႔ရဲ႕ ခံယူခ်က္သေဘာထားက လူတုိင္းက အတုယူလုိက္နာသင့္တယ္လုိ႔ ဆုိရမွာပါပဲ။

အိမ္ေထာင္ျပဳေတာ့မယ္လုိ႔ ဆံုးျဖတ္ခ်က္ခ်ထားသူ အမ်ိဳးသားတစ္ဦးအေနနဲ႔ မိမိအိမ္ေထာင္ဖက္ကုိ ေရြးခ်ယ္တဲ့အခါ အေရးႀကီးတဲ့ အခ်က္ ၃ ခ်က္ကုိ အုိဘားမားက သူ႔ခံယူခ်က္နဲ႔ အႀကံေပးထားပါတယ္။

မိမိအိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္မယ့္ သူဆီမွာ ကုိယ့္အတြက္ စိတ္ဝင္စားစရာအေၾကာင္း အရာ၊ ဒါမွမဟုတ္ ကုိယ့္ကုိ စိတ္ပါဝင္စားေစႏုိင္လားဆုိတဲ့ အေၾကာင္းကုိ စဥ္းစားပါတဲ့… ဒီအခ်က္က သိပ္ကုိ အေရးႀကီးပါတယ္။ ကုိယ္က ဒီအမ်ိဳးသမီးအေပၚကုိ စိတ္ဝင္စားမႈက အၿမဲလုိလုိကုိျဖစ္ေနရမယ္။ ရုိး သြားရတာမ်ိဳး မဟုတ္ပဲ သူကအၿမဲတမ္း ကုိယ့္ကုိ စိတ္ဝင္စားေစတဲ့ အမ်ိဳးသမီးျဖစ္ေစရမယ္ကုိ ဆုိလုိပါတယ္။

အဲ့ဒီအမ်ိဳးသမီးက ကုိယ့္ကုိ ရယ္ေမာေစတဲ့သူလား။ ေလာကဒဏ္ေတြေၾကာင့္ ငုိျခင္း၊ ရယ္ျခင္းေတြ ရွိေနေပမယ့္ ကုိယ့္ကုိေတာ့ အၿမဲၿပံဳးလာေအာင္ အားေပးတတ္သူ၊ ႏွစ္သိမ့္ေပးတတ္တဲ့ အမ်ိဳးသမီး ျဖစ္မလားဆုိတာကုိ ေရြးခ်ယ္ပါ။

သင့္အနာဂတ္ ကေလးေတြအတြက္ မိခင္ေကာင္းတစ္ဦးျဖစ္ႏုိင္မလား။ သင့္မ်ိဳးဆက္ အနာဂတ္ ရင္ေသြးေတြအတြက္ သူမဟာ မိခင္ေကာင္းတစ္ဦးျဖစ္လိမ့္မယ္ဆုိရင္ေတာ့ ဒီအမ်ိဳးသမီးကုိ သင္ေရြး ခ်ယ္သင့္ပါၿပီ…”  အေမရိကန္ သမၼတ အုိဘားမားက လက္တြဲေဖာ္ေရြးတဲ့အခါ သူ႔ရဲ႕ ခံယူခ်က္နဲ႔ ဆံုး ျဖတ္ခ်က္ေတြကုိ အၾကံျပဳေပးထားပါတယ္။

Credit-shweinnlay

အမေရိကန်သမ္မတ အိုဘားမားလို့ ပြောလိုက်တာနဲ့ သူဟာ အမေရိကန်သမ္မတ သမိုင်းတစ်လျှောက် မှာ လူချစ်လူခင်အများဆုံးနဲ့ အကြင်နာတရား နှလုံးသားပြည့်ဝဆုံး သူရယ်လို့ အများက သတ်မှတ် ချစ်ခင်ကြပါတယ်။ ဟုတ်ပါတယ်.. သူဟာ တကယ့်ကို မေတ္တာတရားကြီးမားတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ရယ်လို့လည်း ဆိုရမှာပါပဲ။ လူ အချင်းချင်းခွဲခြားဆက်ဆံတဲ့ စိတ်ထားသူ့ဆီမှာ မရှိသလို အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ လေးစားမှုရှိပြီး ညှာတာစောင့်ရှောက်တတ်တဲ့စိတ်၊ ဖေးမကူညီ တတ်တဲ့ အမျိုးသားတစ်ဦးရဲ့ စိတ်ရင်းမှန်ကြောင့် သူ့ကို စံပြအမျိုးသားတစ်ဦးလို့ အမျိုးသမီးတွေက ချီးကျူးလေးစားခေါ်ဝေါ်ကြ တာဖြစ်ပါတယ်။

ဘားရက်အိုဘားမားဟာ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ထားသူဖြစ်ပြီး ဇနီးသည်မီရှဲလ် နဲ့ သမီးနှစ်ဦးကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဖက်ကောင်း၊ ဖခင်ကောင်း တစ်ဦးလည်းဖြစ်ပါတယ်။ အိုဘားမားဟာ သူ့အတွက် အချစ်ရေးနဲ့ အိမ်ထောင်ရေး ဘယ်လိုနားလည် လက်ခံထားလဲဆိုတဲ့ သူ့ရဲ့ ခံယူချက်သဘောထားတွေဟာ သိပ်ကိုကြီးကျယ်မြင့်မြတ်ပါတယ်။ ဇနီး သည်၊ ဘဝလက်တွဲဖော်ဖြစ်လာမယ့် သူ့ရဲ့ အိမ်ထောင်ဖက်အမျိုးသမီးကို ရွေးချယ်တဲ့နေရာမှာလည်း သူ့ရဲ့ ခံယူချက်သဘောထားက လူတိုင်းက အတုယူလိုက်နာသင့်တယ်လို့ ဆိုရမှာပါပဲ။

အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ချက်ချထားသူ အမျိုးသားတစ်ဦးအနေနဲ့ မိမိအိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ အရေးကြီးတဲ့ အချက် ၃ ချက်ကို အိုဘားမားက သူ့ခံယူချက်နဲ့ အကြံပေးထားပါတယ်။

မိမိအိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့် သူဆီမှာ ကိုယ့်အတွက် စိတ်ဝင်စားစရာအကြောင်း အရာ၊ ဒါမှမဟုတ် ကိုယ့်ကို စိတ်ပါဝင်စားစေနိုင်လားဆိုတဲ့ အကြောင်းကို စဉ်းစားပါတဲ့… ဒီအချက်က သိပ်ကို အရေးကြီးပါတယ်။ ကိုယ်က ဒီအမျိုးသမီးအပေါ်ကို စိတ်ဝင်စားမှုက အမြဲလိုလိုကိုဖြစ်နေရမယ်။ ရိုး သွားရတာမျိုး မဟုတ်ပဲ သူကအမြဲတမ်း ကိုယ့်ကို စိတ်ဝင်စားစေတဲ့ အမျိုးသမီးဖြစ်စေရမယ်ကို ဆိုလိုပါတယ်။

အဲ့ဒီအမျိုးသမီးက ကိုယ့်ကို ရယ်မောစေတဲ့သူလား။ လောကဒဏ်တွေကြောင့် ငိုခြင်း၊ ရယ်ခြင်းတွေ ရှိနေပေမယ့် ကိုယ့်ကိုတော့ အမြဲပြုံးလာအောင် အားပေးတတ်သူ၊ နှစ်သိမ့်ပေးတတ်တဲ့ အမျိုးသမီး ဖြစ်မလားဆိုတာကို ရွေးချယ်ပါ။

သင့်အနာဂတ် ကလေးတွေအတွက် မိခင်ကောင်းတစ်ဦးဖြစ်နိုင်မလား။ သင့်မျိုးဆက် အနာဂတ် ရင်သွေးတွေအတွက် သူမဟာ မိခင်ကောင်းတစ်ဦးဖြစ်လိမ့်မယ်ဆိုရင်တော့ ဒီအမျိုးသမီးကို သင်ရွေး ချယ်သင့်ပါပြီ…”  အမေရိကန် သမ္မတ အိုဘားမားက လက်တွဲဖော်ရွေးတဲ့အခါ သူ့ရဲ့ ခံယူချက်နဲ့ ဆုံး ဖြတ်ချက်တွေကို အကြံပြုပေးထားပါတယ်။

Credit-shweinnlay

1 Comment

1 Trackback / Pingback

  1. အေမရိကန္သမၼတ အုိဘားမားက အႀကံေပးထားတဲ့ ဘဝလက္တြဲေဖာ္ေရြးနည္း… - Focus Myanmar

Leave a Reply

Your email address will not be published.


*