လိပ္ကြၽန္း လူသတ္မႈ ေနာက္ဆံုး အေျခအေန !!!

၂၂.၈.၂၀၁၈ ရက္​​ေန႔သတင္​း

လိပ္ကြၽန္းလူသတ္မႈ ေနာက္ဆုံးခ်မည့္ အမိန႔္ထုတ္​မွာကို ျမန္​မာတစ္​ႏိုင္​ငံလံုးကျပည္​သူ​ေတြ စိုးရိမ္​​​ေနၾကလ်က္​႐ွိ​ေန

ဝိုင္​းၿပီးသာဆု​ေတာင္​း​ေပးၾကပါ​ေတာ့ အျမန္​ဆံုးလြတ္​​ေျမာက္​ပါ​ေစ ညီကိုႏွစ္​​ေယာက္​ ဝင္​းႏွင္​့​ေဇာ္​

ထိုင္းနိုင္ငံေတာင္ပိုင္း၊ ခိုေတာင္ကြၽန္း (Koh Tao) ကြၽန္းလူသတ္မႈႏွင့္ပတ္သက္ၿပီး ေသဒဏ္ခ်မွတ္ခံထားရသည့္ ျမန္မာ ၂ ဦး သည္ ထိုင္းနိုင္ငံ၏ အျမင့္ဆုံး ဗဟိုတရား႐ုံးက

ခ်မွတ္မည့္ ေနာက္ဆုံး အမိန႔္အေပၚတြင္ စိုးရိမ္မႈမ်ားရွိေနေၾကာင္း ယင္းအမႈအား လိုက္ပါေဆာင္႐ြက္ေနသူမ်ားက ေျပာသည္။

ထိုင္းအစိုးရက ၉ ႏွစ္ေက်ာ္ၾကာ ရပ္ဆိုင္းထားခဲ့ေသာ ေသဒဏ္က် အက်ဥ္းသား ကြပ္မ်က္မႈကို ယခုႏွစ္ဇြန္လတြင္ ျပန္လည္ က်င့္သုံးခဲ့ၿပီးေနာက္ စိုးရိမ္ေနျခင္း ျဖစ္ေၾကာင္း လိပ္ကြၽန္းအမႈကို လိုက္ပါေဆာင္႐ြက္ေပးေနသည့္

ထိုင္းေတာင္ပိုင္း အေျခစိုက္ ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED) အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက ေျပာသည္။

ဦးမင္းဦး က “ေသဒဏ္က ထိုင္းမွာ မေပးတာၾကာၿပီေလ အခုလိုေပးလိုက္ေတာ့ အားလုံးက ေၾကာက္ကုန္တာေပါ့။ ဝင္းေဇာ္ထြန္းနဲ႕ ေဇာ္လင္း အပါအဝင္ ေသဒဏ္ေပးခံထားရတဲ့ သူေတြအားလုံးက ေၾကာက္ကုန္တာ ေမွ်ာ္လင့္ခ်က္ မဲ့သလို ျဖစ္ကုန္ၾကတာေပါ့” ဟု ဧရာဝတီသို႔ ေျပာသည္။

ထိုင္းနိုင္ငံတြင္ ေသဒဏ္က် အက်ဥ္းသားကြပ္မ်က္မႈကို ၉ ႏွစ္ၾကာ ရပ္ဆိုင္းထားခဲ့ရာမွ ယခုႏွစ္ ဇြန္လ ၁၉ ရက္ေန႕တြင္ အသက္ ၂၆ ႏွစ္အ႐ြယ္ သီရာဆတ္လုန္ဂ်ီ ဆိုသူကို ေဆးထိုးသတ္ၿပီး ေသဒဏ္ စီရင္ခဲ့သည္။

သီရာဆတ္လုန္ဂ်ီ သည္ ကြပ္မ်က္ျခင္း မခံရမီ ေနာက္ဆုံးအခ်ိန္အထိ ဝင္းေဇာ္ထြန္း၊ ေဇာ္လင္းတို႔ႏွင့္ အက်ဥ္းေထာင္အတြင္း အတူေနခဲ့သူျဖစ္သည္။

ထိုင္းနိုင္ငံ ေနာခြန္ပထုံရွိ ဘန္ခဝမ္ အက်ဥ္းေထာင္ထဲတြင္ လိပ္ကြၽန္းလူသတ္မႈ ေသဒဏ္ ခ်မွတ္ခံထားရေသာ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔ အပါအဝင္ ေသဒဏ္ခ်မွတ္ခံထားရေသာ ျမန္မာနိုင္ငံသား ၇ ဦးရွိၿပီး

တသက္တကြၽန္း ၃ ဦးရွိေၾကာင္း ၎တို႔ အားလုံးသည္ ထိုင္းအစိုးရ၏ ေသဒဏ္ကြပ္မ်က္မႈ ၾကားသိရၿပီးေနာက္ စိုးရိမ္ေနၾကသည္ဟု ဆိုသည္။

ထိုင္းနိုင္ငံ၌ ၂၀၀၃ ခုႏွစ္ ေရွ႕ပိုင္းတြင္ ေသဒဏ္က်ခံရသူမ်ားကို ေသနတ္ႏွင့္ ပစ္၍ စီရင္ခဲ့ၿပီး ယင္းေနာက္ပိုင္းတြင္ ေဆးထိုး သတ္ၿပီး စီရင္ခဲ့သည္။

ထိုသို႔ စီရင္မႈကို ၉ ႏွစ္ၾကာ ရပ္ဆိုင္းထားၿပီးမွ ယခုႏွစ္တြင္ ျပန္လည္စီရင္ခဲ့ျခင္းျဖစ္သည္။

လိပ္ကြၽန္း လူသတ္မႈႏွင့္ ပတ္သက္၍ ျမန္မာနိုင္ငံသား ႏွစ္ဦး၏ ေရွ႕ေနမ်ားက စာမ်က္ႏွာ ၃၁၉ မ်က္ႏွာ ပါရွိေသာ ေနာက္ဆုံး အယူခံေလွ်ာက္ထားမႈအား ထိုင္းနိုင္ငံ၏ အျမင့္ဆုံး ဗဟိုတရား႐ုံး က ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာ ၂၁ ရက္ေန႕တြင္ လက္ခံ စစ္ေဆးခဲ့သည္။

အယူခံ တင္ထားမႈအား ေခ်ဖ်က္နိုင္ရန္ အတြက္ ထိုင္းအစိုးရ ေရွ႕ေနမ်ားက ေလွ်ာက္ထားျခင္းကို ၂၀၁၈ မတ္လ ၂၃ ရက္ေန႕တြင္ ထိုင္းနိုင္ငံ၏ အျမင့္ဆုံး ဗဟိုတရား႐ုံး ကလက္ခံလိုက္သည္။

ယင္းသို႔ လက္ခံၿပီးေနာက္ ၆ လ အၾကာတြင္ ေနာက္ဆုံး အမိန႔္ခ်လာနိုင္ဖြယ္ရွိေၾကာင္း ေရွ႕ေနမ်ားက သုံးသပ္ေနၾကသည္။

ေသဒဏ္စီရင္ခံခဲ့ရေသာ အသက္ ၂၆ ႏွစ္အ႐ြယ္ တီရာဆက္ေလာင္ဂ်ီသည္ ၂၀၁၂ ခုႏွစ္က အသက္ ၁၇ ႏွစ္အ႐ြယ္ အထက္တန္းေက်ာင္းသူ တဦးကို ဖုန္းႏွင့္ ဘတ္ေငြ ၂ ေထာင္လုယူကာ ဓားျဖင့္ ၂၄ ခ်က္ထိုးသတ္ကာ ရက္စက္စြာ သတ္ျဖတ္ခဲ့မႈျဖင့္ ေသဒဏ္ခ်ခံထားရသူျဖစ္သည္။

လိပ္ကြၽန္းအမႈျဖင့္ ေနာက္ဆုံး အယူခံရင္ဆိုင္ေနရသည့္ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔ အမႈသည္ တီရာဆက္ေလာင္ဂ်ီ၏ အမႈႏွင့္ မတူေၾကာင္း ျမန္မာ ၂ ဦးသည္ ထိုအမႈတြင္ က်ဴးလြန္ခဲ့ျခင္းမရွိသျဖင့္ လြတ္ေျမာက္လာလိမ့္မည္ဟု ယုံၾကည္ ထားေၾကာင္း

လိပ္ကြၽန္းအမႈကို လိုက္ပါေဆာင္႐ြက္ေပးေနသည့္ ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး ဥပေဒအႀကံေပး ေရွ႕ေန ဦးေအာင္မ်ိဳးသန႔္က ဧရာဝတီသို႔ ေျပာသည္။

“အန္ကယ္တို႔ ကေလးေတြဟာ အျပစ္မရွိဘူး။ အမႈကေန လုံးဝ လြတ္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ဒီဟာနဲ႕ ပတ္သက္လို႔ ျဖစ္ရပ္ခ်င္းမတူပါဘူး။ မတူပါဘူးဆိုတာက အန္ကယ္တို႔ျဖစ္တဲ့ကိစၥက ထိုင္းနိုင္ငံမွာ ျဖစ္တာမွ တပါး အျပည္ျပည္ဆိုင္ရာ ဥပေဒေတြနဲ႕ လြဲမွားစြာ ရွိေနပါတယ္။

အဲဒါကိုလည္း တရား႐ုံးမွာ သက္ေသခံ တင္ထားၿပီးၿပီ” ဟု ဦးေအာင္မ်ိဳးသန႔္က ေျပာသည္။

ထိုအယူခံတြင္ ျမန္မာ ၂ ဦး ေသဒဏ္ခ်မွတ္ခံရသည့္ အမႈသည္ မူလကတည္းက ပီျပင္ခိုင္လုံေသာ အေထာက္အထားမ်ား မရွိျခင္း၊ လူသတ္လက္နက္တြင္ မ်ိဳးဗီဇ (DNA) မေတြ႕ရွိ ျခင္း၊ အဓမၼျပဳက်င့္ ခံထားရေသာ အမ်ိဳးသမီး၏ အဝတ္အစားမ်ားကို DNA စစ္ေဆးထားမႈ မရွိျခင္း စသည့္ အခ်က္မ်ား ပါဝင္ေၾကာင္း သိရသည္။

ဦးေအာင္မ်ိဳးသန႔္ က “အထင္ရွားဆုံးလက္နက္က လူသတ္လက္နက္ေပါက္တူးမွာ ကေလးေတြရဲ႕ DNA မရွိဘူးဆိုတဲ့ အရွင္းဆုံး အခ်က္ေတြ ေပၚေနတာပါ။ ဒါေၾကာင့္မို႔ ခုနကလို

ကိစၥေတြမွာလို သက္ေသထင္ရွားမရွိဘဲနဲ႕ ေသဒဏ္ေပးလို႔ ရနိုင္တဲ့ အေျခ အေနမ်ိဳး မရွိဘူးဆိုတာကို အန္ကယ္တို႔ ယုံၾကည္ပါတယ္” ဟု ရွင္းျပသည္။

ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔၏ ေနာက္ဆုံး အယူခံရႈံးနိမ့္ခဲ့လွ်င္ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာ တင္သြားရန္ အတြက္လည္း ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၊ ထိုင္းေရွ႕ေနမ်ားေကာင္စီတို႔က ညွိႏွိုင္း ျပင္ဆင္ထားၿပီး ျဖစ္ေၾကာင္း ဦးေအာင္မ်ိဳးသန႔္ က ေျပာသည္။

လိပ္ကြၽန္းအမႈေသဒဏ္ခ်ခံထားရသူ ၂ ဦးအနက္မွ ေဇာ္လင္းသည္ ယခင္လက ေထာင္အတြင္း ထိုင္းအက်ဥ္းသားတဦးႏွင့္ ခိုက္ရန္ ျဖစ္ပြားမႈ ျဖစ္ခဲ့ျခင္းေၾကာင့္ တလ တိုက္ပိတ္ခံခဲ့ရေၾကာင္း သိရသည္။

ဝင္းေဇာ္ထြန္း ႏွင့္ ေဇာ္လင္း တို႔ကို ထိုင္းနိုင္ငံေတာင္ပိုင္း ေကာ့စေမြ တရား႐ုံးက လိပ္ကြၽန္းကို အလည္လာသည့္ ၿဗိတိန္ နိုင္ငံသား ႏွစ္ဦး သတ္မႈျဖင့္ တရားစြဲဆို၍ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္က ေသဒဏ္ ခ်မွတ္ထားျခင္း ျဖစ္သည္။

ယင္းသို႔ ေသဒဏ္ ခ်မွတ္ထားျခင္း အေပၚ ျမန္မာနိုင္ငံသား ႏွစ္ဦး ဘက္မွ ထိုင္းနိုင္ငံ ေရွ႕ေနမ်ား ေကာင္စီ၊ ျမန္မာ ေရွ႕ေန မ်ား၊ ျမန္မာသံ႐ုံး တို႔က ပူးေပါင္းၿပီး ၂၀၁၆ ခုႏွစ္ ေမလက အယူခံလႊာ တင္သြင္းခဲ့ရာ

ထိုင္းအစိုးရ အယူခံ တရား႐ုံး က ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ မူလအမိန္းသာ အတည္ျဖစ္ေၾကာင္း ထပ္မံ ခ်မွတ္ျခင္း ခံခဲ့ရသည္။

လူသတ္မႈႏွင့္ပတ္သက္ၿပီး ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔က ဝန္ခံခဲ့သည္ဟု ထိုင္းရဲမ်ားက ကနဦးထုတ္ျပန္ ေၾကညာ ခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ ထိုင္းရဲမ်ား၏ ႏွိပ္စက္ ဝန္ခံခိုင္းခဲ့ျခင္းေၾကာင့္ ဝန္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း၊ လူသတ္မႈ မက်ဴး လြန္ေၾကာင္း ထြက္ဆိုထားသည္။

ၿဗိတိန္ နိုင္ငံသားႏွစ္ဦး ျဖစ္သည့္ အသက္ ၂၄ ႏွစ္ရွိ ေဒးဗစ္ေမလာ ႏွင့္ အသက္ ၂၃ ႏွစ္ရွိ ဟန္နာဝစ္သာရစ္ဂ်္ တို႔ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ၁၅ ရက္က လိပ္ကြၽန္း ကမ္းေျခအနီးတြင္ ဒဏ္ရာမ်ားႏွင့္ ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ထိုလူသတ္မႈႏွင့္ ပတ္သက္၍ ထိုင္းရဲတပ္ဖြဲ႕လည္း ေဝဖန္ခံေနရသည္။

ဆက္စပ္ ဖတ္ရႈရန္ – လိပ္ကြၽန္းလူသတ္အမႈ ၂ လအတြင္းအၿပီးသတ္ အမိန႔္ခ်မည္

Crd – #ဧရာဝတီ သတင္​း

unicode

၂၂.၈.၂၀၁၈ ရက်​​နေ့သတင်​း

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးချမည့် အမိန့်ထုတ်​မှာကို မြန်​မာတစ်​နိုင်​ငံလုံးကပြည်​သူ​တွေ စိုးရိမ်​​​နေကြလျက်​ရှိ​နေ

ဝိုင်​းပြီးသာဆု​တောင်​း​ပေးကြပါ​တော့ အမြန်​ဆုံးလွတ်​​မြောက်​ပါ​စေ ညီကိုနှစ်​​ယောက်​ ဝင်​းနှင်​့​ဇော်​

ထိုင်းနိုင်ငံတောင်ပိုင်း၊ ခိုတောင်ကျွန်း (Koh Tao) ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသည့် မြန်မာ ၂ ဦး သည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံးက

ချမှတ်မည့် နောက်ဆုံး အမိန့်အပေါ်တွင် စိုးရိမ်မှုများရှိနေကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းအစိုးရက ၉ နှစ်ကျော်ကြာ ရပ်ဆိုင်းထားခဲ့သော သေဒဏ်ကျ အကျဉ်းသား ကွပ်မျက်မှုကို ယခုနှစ်ဇွန်လတွင် ပြန်လည် ကျင့်သုံးခဲ့ပြီးနောက် စိုးရိမ်နေခြင်း ဖြစ်ကြောင်း လိပ်ကျွန်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောသည်။

ဦးမင်းဦး က “သေဒဏ်က ထိုင်းမှာ မပေးတာကြာပြီလေ အခုလိုပေးလိုက်တော့ အားလုံးက ကြောက်ကုန်တာပေါ့။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း အပါအဝင် သေဒဏ်ပေးခံထားရတဲ့ သူတွေအားလုံးက ကြောက်ကုန်တာ မျှော်လင့်ချက် မဲ့သလို ဖြစ်ကုန်ကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် သေဒဏ်ကျ အကျဉ်းသားကွပ်မျက်မှုကို ၉ နှစ်ကြာ ရပ်ဆိုင်းထားခဲ့ရာမှ ယခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၂၆ နှစ်အရွယ် သီရာဆတ်လုန်ဂျီ ဆိုသူကို ဆေးထိုးသတ်ပြီး သေဒဏ် စီရင်ခဲ့သည်။

သီရာဆတ်လုန်ဂျီ သည် ကွပ်မျက်ခြင်း မခံရမီ နောက်ဆုံးအချိန်အထိ ဝင်းဇော်ထွန်း၊ ဇော်လင်းတို့နှင့် အကျဉ်းထောင်အတွင်း အတူနေခဲ့သူဖြစ်သည်။

ထိုင်းနိုင်ငံ နောခွန်ပထုံရှိ ဘန်ခဝမ် အကျဉ်းထောင်ထဲတွင် လိပ်ကျွန်းလူသတ်မှု သေဒဏ် ချမှတ်ခံထားရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အပါအဝင် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား ၇ ဦးရှိပြီး

တသက်တကျွန်း ၃ ဦးရှိကြောင်း ၎င်းတို့ အားလုံးသည် ထိုင်းအစိုးရ၏ သေဒဏ်ကွပ်မျက်မှု ကြားသိရပြီးနောက် စိုးရိမ်နေကြသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၌ ၂၀၀၃ ခုနှစ် ရှေ့ပိုင်းတွင် သေဒဏ်ကျခံရသူများကို သေနတ်နှင့် ပစ်၍ စီရင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဆေးထိုး သတ်ပြီး စီရင်ခဲ့သည်။

ထိုသို့ စီရင်မှုကို ၉ နှစ်ကြာ ရပ်ဆိုင်းထားပြီးမှ ယခုနှစ်တွင် ပြန်လည်စီရင်ခဲ့ခြင်းဖြစ်သည်။

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့သည်။

အယူခံ တင်ထားမှုအား ချေဖျက်နိုင်ရန် အတွက် ထိုင်းအစိုးရ ရှေ့နေများက လျှောက်ထားခြင်းကို ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး ကလက်ခံလိုက်သည်။

ယင်းသို့ လက်ခံပြီးနောက် ၆ လ အကြာတွင် နောက်ဆုံး အမိန့်ချလာနိုင်ဖွယ်ရှိကြောင်း ရှေ့နေများက သုံးသပ်နေကြသည်။

သေဒဏ်စီရင်ခံခဲ့ရသော အသက် ၂၆ နှစ်အရွယ် တီရာဆက်လောင်ဂျီသည် ၂၀၁၂ ခုနှစ်က အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူ တဦးကို ဖုန်းနှင့် ဘတ်ငွေ ၂ ထောင်လုယူကာ ဓားဖြင့် ၂၄ ချက်ထိုးသတ်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့မှုဖြင့် သေဒဏ်ချခံထားရသူဖြစ်သည်။

လိပ်ကျွန်းအမှုဖြင့် နောက်ဆုံး အယူခံရင်ဆိုင်နေရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အမှုသည် တီရာဆက်လောင်ဂျီ၏ အမှုနှင့် မတူကြောင်း မြန်မာ ၂ ဦးသည် ထိုအမှုတွင် ကျူးလွန်ခဲ့ခြင်းမရှိသဖြင့် လွတ်မြောက်လာလိမ့်မည်ဟု ယုံကြည် ထားကြောင်း

လိပ်ကျွန်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။

“အန်ကယ်တို့ ကလေးတွေဟာ အပြစ်မရှိဘူး။ အမှုကနေ လုံးဝ လွတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ဖြစ်ရပ်ချင်းမတူပါဘူး။ မတူပါဘူးဆိုတာက အန်ကယ်တို့ဖြစ်တဲ့ကိစ္စက ထိုင်းနိုင်ငံမှာ ဖြစ်တာမှ တပါး အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ လွဲမှားစွာ ရှိနေပါတယ်။

အဲဒါကိုလည်း တရားရုံးမှာ သက်သေခံ တင်ထားပြီးပြီ” ဟု ဦးအောင်မျိုးသန့်က ပြောသည်။

ထိုအယူခံတွင် မြန်မာ ၂ ဦး သေဒဏ်ချမှတ်ခံရသည့် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဦးအောင်မျိုးသန့် က “အထင်ရှားဆုံးလက်နက်က လူသတ်လက်နက်ပေါက်တူးမှာ ကလေးတွေရဲ့ DNA မရှိဘူးဆိုတဲ့ အရှင်းဆုံး အချက်တွေ ပေါ်နေတာပါ။ ဒါကြောင့်မို့ ခုနကလို

ကိစ္စတွေမှာလို သက်သေထင်ရှားမရှိဘဲနဲ့ သေဒဏ်ပေးလို့ ရနိုင်တဲ့ အခြေ အနေမျိုး မရှိဘူးဆိုတာကို အန်ကယ်တို့ ယုံကြည်ပါတယ်” ဟု ရှင်းပြသည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ နောက်ဆုံး အယူခံရှုံးနိမ့်ခဲ့လျှင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်သွားရန် အတွက်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းရှေ့နေများကောင်စီတို့က ညှိနှိုင်း ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဦးအောင်မျိုးသန့် က ပြောသည်။

လိပ်ကျွန်းအမှုသေဒဏ်ချခံထားရသူ ၂ ဦးအနက်မှ ဇော်လင်းသည် ယခင်လက ထောင်အတွင်း ထိုင်းအကျဉ်းသားတဦးနှင့် ခိုက်ရန် ဖြစ်ပွားမှု ဖြစ်ခဲ့ခြင်းကြောင့် တလ တိုက်ပိတ်ခံခဲ့ရကြောင်း သိရသည်။

ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။

ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ

ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် မူလအမိန်းသာ အတည်ဖြစ်ကြောင်း ထပ်မံ ချမှတ်ခြင်း ခံခဲ့ရသည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်းကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။

ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။

ဆက်စပ် ဖတ်ရှုရန် – လိပ်ကျွန်းလူသတ်အမှု ၂ လအတွင်းအပြီးသတ် အမိန့်ချမည်

Crd – #ဧရာဝတီ သတင်​း

Be the first to comment

Leave a Reply

Your email address will not be published.


*