ပြင့္ဟေနတဲ့ ေခြ်းေပါက္က်ယ္ေတြကို က်ဥ္းေအာင္ လုပ္လို႔ရနိုင္မယ့္ နည္းလမ္း ၃ ခု

မ်က္နွာနဲ႔ပတ္သတ္ျပီး ျပႆနာတက္ၾကတဲ့အထဲမွာ ေခြ်းေပါက္က်ယ္တဲ့ကိစၥကလည္း မပါမျဖစ္ပါပဲ။ ေခြ်းေပါက္က်ယ္ျခင္းက အေတာ္ၾကည့္ရဆိုးျပီး လူကိုလည္း ရင့္ေရာ္တဲ့ပံု ေပါက္ေစပါတယ္။ ဒါေတြကို မိတ္ကပ္ေတြနဲ႔ ဖံုးဖိၾကေပမယ့္ ပင္ကိုယ္မ်က္နွာေျပာင္နဲ႔ ေနတဲ့အခါေတြက် သင့္ကို အလွပ်က္ေစမွာပါ။

ေခြ်းေပါက္က်ယ္တာကို အရွင္းေပ်ာက္ျပီး အေရျပား တေျပးညီျဖစ္ေအာင္ မလုပ္နိုင္ေပမယ့္ ပိုမဆိုးလာေအာင္၊ ျပန္ျပီး တေျဖးေျဖးသက္သာလာေအာင္ ထိန္းသိမ္းနိုင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။

၁။ သံပုယိုသီး နွင့္ သခြားသီး

သခြားသီးမွာ ပါဝင္တဲ့ ဆီလီကာဟာ အေရျပားကို နုပ်ိဳမႈေပးစြမး္ရံုသာမက ေခြ်းေပါက္ေတြကိုပါ ျပန္လည္ က်ဥး္ေျမာင္းေစတဲ့ အစြမ္းသတၱိ ရွိပါတယ္။ သူ႔ကို သံပုယုိသီးနဲ႔ ေရာလိုက္တဲ့အခါမွာေတာ့ ျဖဴစင္ျခင္းဆိုတဲ့ ဆုလာဘ္ေလးပါ အပိုတိုးရလာပါလိ့မ္မယ္ေနာ္။ သခြားသီးကို အရည္ညွစ္ယူျပီး သံပုယိုရည္နွင့္ ဆတူေရာစပ္ကာ မ်က္နွာျပင္ေပၚလိမ္းေပးပါ။ မိနစ္ ၂၀၊ နာရီဝက္ခန္႔ၾကာလွ်င္ ေရျဖင့္ ေဆးေၾကာေပးလိုက္ရံုပါပဲ။ ဒီနည္းလမ္းကို တစ္ပါတ္လွ်င္ ၃ၾကိမ္ ပံုမွန္ျပဳလုပ္ေပးပါ။

၂။ ငွက္ေပ်ာသီးအခြံ

ငွက္ေပ်ာသီးကိုေတာ့ အေတာ္မ်ားမ်ား ၾကိဳက္ၾကမယ္ထင္ပါတယ္ေနာ္။ ငွက္ေပ်ာသီးခြံမွာလည္း သူမတူတဲ့ အစြမ္းေတြ ရွိပါတယ္။ သူ႔မွာပါဝင္တဲ့ Lutein လို႔ေခၚေဝၚတဲ့ antioxidants ဟာ အေရျပားအတြက္ လိုအပ္တဲ့ အာဟာရဓါတ္ေတြကို ေပးစြမ္းနိုင္ပါတယ္။ ပိုတက္စီယမ္ဓါတ္ကလည္း မ်က္နွာမွာ အစက္အေျပာက္မ်ား မရွိေအာင္ ျပဳလုပ္ေပးနိုင္ပါေသးတယ္တဲ့။ ငွက္ေပ်ာသီးခံြျဖင့္ သင့္မ်က္နွာကို စက္ဝိုင္းပံုအတိုင္း ၁၅မိနစ္ခန္႔ ညွင္သာစြာ ပြတ္ေပးျပီး ေရျဖင့္ ေဆးေၾကာလိုက္မယ္ဆိုရင္ မ်က္နွာ ေခြ်းေပါက္မ်ားက်ယ္ျခင္းကို သက္သာေစရံုမက အေရျပားကိုပါ လွပၾကည္လင္ေစမွာပါ။ ဒါကေတာ့ တစ္ပါတ္လွ်င္ ဘယ္နွစ္ၾကိမ္လုပ္ရမယ္လို႔ မရွိပါဘူး။ လုပ္နိုင္သေလာက္သာ ျပဳလုပ္ေပးပါ။

၃။ နႏြင္းမႈန္႔

နႏြင္းကေတာ့ က်န္းမာေရးအတြက္သာမက အေရျပားအတြက္ပါ ေကာင္းမြန္တယ္ဆိုတာ အားလံုး သိရွိျပီး ျဖစ္ပါလိမ့္မယ္။ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္းခန္႔ကို ေရ အစက္ အနည္းငယ္ခ်ျပီး ခပ္ပ်စ္ပ်စ္ အေနအထားေလးရေအာင္ ယူပါ။ ထို႔ေနာက္ ေခြ်းေပါက္က်ယ္တဲ့ေနရာသို႔ လိမ္းျပီး ၁၀မိနစ္ခန္႔ ထားလိုက္ျပီး ၾကက္သီးေႏြးေရျဖင့္ ေဆးေၾကာေပးပါ။ ဒီနည္းလမ္းကို တစ္ပါတ္လွ်င္ ၃ၾကိမ္ခန္႔ ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ ေခြ်းေပါက္က်ယ္တာေတြ သက္သာလာပါလိ့မ္မယ္။

CHAN (ေရႊအင္းေလး)

မျက်နှာနဲ့ပတ်သတ်ပြီး ပြဿနာတက်ကြတဲ့အထဲမှာ ချွေးပေါက်ကျယ်တဲ့ကိစ္စကလည်း မပါမဖြစ်ပါပဲ။ ချွေးပေါက်ကျယ်ခြင်းက အတော်ကြည့်ရဆိုးပြီး လူကိုလည်း ရင့်ရော်တဲ့ပုံ ပေါက်စေပါတယ်။ ဒါတွေကို မိတ်ကပ်တွေနဲ့ ဖုံးဖိကြပေမယ့် ပင်ကိုယ်မျက်နှာပြောင်နဲ့ နေတဲ့အခါတွေကျ သင့်ကို အလှပျက်စေမှာပါ။

ချွေးပေါက်ကျယ်တာကို အရှင်းပျောက်ပြီး အရေပြား တပြေးညီဖြစ်အောင် မလုပ်နိုင်ပေမယ့် ပိုမဆိုးလာအောင်၊ ပြန်ပြီး တဖြေးဖြေးသက်သာလာအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ သံပုယိုသီး နှင့် သခွားသီး

သခွားသီးမှာ ပါဝင်တဲ့ ဆီလီကာဟာ အရေပြားကို နုပျိုမှုပေးစွမ်းရုံသာမက ချွေးပေါက်တွေကိုပါ ပြန်လည် ကျဥ်းမြောင်းစေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။ သူ့ကို သံပုယိုသီးနဲ့ ရောလိုက်တဲ့အခါမှာတော့ ဖြူစင်ခြင်းဆိုတဲ့ ဆုလာဘ်လေးပါ အပိုတိုးရလာပါလိ့မ်မယ်နော်။ သခွားသီးကို အရည်ညှစ်ယူပြီး သံပုယိုရည်နှင့် ဆတူရောစပ်ကာ မျက်နှာပြင်ပေါ်လိမ်းပေးပါ။ မိနစ် ၂၀၊ နာရီဝက်ခန့်ကြာလျှင် ရေဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပါတ်လျှင် ၃ကြိမ် ပုံမှန်ပြုလုပ်ပေးပါ။

၂။ ငှက်ပျောသီးအခွံ

ငှက်ပျောသီးကိုတော့ အတော်များများ ကြိုက်ကြမယ်ထင်ပါတယ်နော်။ ငှက်ပျောသီးခွံမှာလည်း သူမတူတဲ့ အစွမ်းတွေ ရှိပါတယ်။ သူ့မှာပါဝင်တဲ့ Lutein လို့ခေါ်ဝေါ်တဲ့ antioxidants ဟာ အရေပြားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ပိုတက်စီယမ်ဓါတ်ကလည်း မျက်နှာမှာ အစက်အပြောက်များ မရှိအောင် ပြုလုပ်ပေးနိုင်ပါသေးတယ်တဲ့။ ငှက်ပျောသီးခွံဖြင့် သင့်မျက်နှာကို စက်ဝိုင်းပုံအတိုင်း ၁၅မိနစ်ခန့် ညှင်သာစွာ ပွတ်ပေးပြီး ရေဖြင့် ဆေးကြောလိုက်မယ်ဆိုရင် မျက်နှာ ချွေးပေါက်များကျယ်ခြင်းကို သက်သာစေရုံမက အရေပြားကိုပါ လှပကြည်လင်စေမှာပါ။ ဒါကတော့ တစ်ပါတ်လျှင် ဘယ်နှစ်ကြိမ်လုပ်ရမယ်လို့ မရှိပါဘူး။ လုပ်နိုင်သလောက်သာ ပြုလုပ်ပေးပါ။

၃။ နနွင်းမှုန့်

နနွင်းကတော့ ကျန်းမာရေးအတွက်သာမက အရေပြားအတွက်ပါ ကောင်းမွန်တယ်ဆိုတာ အားလုံး သိရှိပြီး ဖြစ်ပါလိမ့်မယ်။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေ အစက် အနည်းငယ်ချပြီး ခပ်ပျစ်ပျစ် အနေအထားလေးရအောင် ယူပါ။ ထို့နောက် ချွေးပေါက်ကျယ်တဲ့နေရာသို့ လိမ်းပြီး ၁၀မိနစ်ခန့် ထားလိုက်ပြီး ကြက်သီးနွေးရေဖြင့် ဆေးကြောပေးပါ။ ဒီနည်းလမ်းကို တစ်ပါတ်လျှင် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျယ်တာတွေ သက်သာလာပါလိ့မ်မယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*