မအိပ္တဲ့ အခ်ိန္ေတြမ်ားလာတဲ့ အခါ သင့္ခႏၵာကိုယ္က ဒီလုုိေတြေျပာင္းလဲလာပါလိမ့္မယ္…!

တစ္ညတာအိပ္မေပ်ာ္ၿပီးေနာက္ ၆နာရီၾကာေသာအခါ –

တစ္ညလုံးမအိပ္ရေသာအခါ သင့္ကိုယ္ထဲမွာ ေကာ္တီေစာလို႔ေခါတဲ့ ဟိုမုန္းမ်ားျမင့္တက္လာပါတယ္။ထိုဟိုမုန္းေၾကာင့္ စိတ္ဖိစီးမွုမ်ားလာၿပီး စိတ္ရွုပ္ေထြးျခင္း၊စိတ္တိုျခင္း၊စိုးရိမ္ပူပန္ျခင္းတို႔ ခံစားရပါတယ္။

၁၂နာရီၾကာေသာအခါ –

ဦးေႏွာက္ကေန တစ္စုံတစ္ခုကိုတုံ႔ျပန္ခ်ိန္နဲ႔ဆုံးျဖတ္ခ်က္ခ်ခ်ိန္ေတြ ေႏွးေကြးလာပါတယ္။ဒါေပမယ့္ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကိုေတာ့ေဆာင္ရြက္နိုင္ပါေသးတယ္။

၂၄နာရီၾကာေသာအခါ –

ေျပာင္းျပန္နည္းစဥ္စတင္လာၿပီး သင္ဟာပင္ပန္းရမယ့္အစား ပိုေတာင္လန္းၿပီး အလုပ္ပိုလုပ္နိုင္ပါေသးတယ္။ စြမ္းအင္မ်ားတဟုန္ထိုးမ်ားျပားလာလို႔ျဖစ္ပါတယ္။ သင့္အာ႐ုံခံစားမွုေကာင္းမြန္လာၿပီး သင့္စိတ္ၾကည္ေနပါလိမ့္မယ္။ဒါဟာဘာေၾကာင့္လဲဆိုရင္ သင့္အိပ္ေရးပ်က္မွုကို ျပန္လည္ျဖည့္ဆည္းဖို႔အတြက္ ဦးေႏွာက္ကေန ဒိုပါမင္း ဟိုမုန္းကို ျမင့္တက္ေစလို႔ျဖစ္ပါတယ္။

၃၆နာရီၾကာေသာအခါ –

-သင့္မွတ္ဉာဏ္အားနည္းလာၿပီး တစ္ခုခုကိုတုံ႔ျပန္နိုင္တဲ့စြမ္းရည္က်ဆင္းလာပါၿပီ၊ဒါဟာ ဦးေႏွာက္အေနနဲ႔ စြမ္းအင္ကိုေခၽြတာေနရလို႔ျဖစ္ပါတယ္။ တကယ္လို႔သင္ဟာ ေနာက္တစ္ရက္ေလာက္ထပ္မအိပ္မိပါက သင့္ခႏၶာအစိတ္အပိုင္းတိုု႔ရဲ့ စြမ္းေဆာင္ရည္ေတြ က်ဆင္းသြားနို္င္ပါတယ္။

၄၈နာရီၾကာေသာအခါ –

အေတာ္ေၾကာက္စရာေကာင္းေနပါၿပီ။သင္ဟာ ထင္ေယာင္ထင္မွားေတြ စတင္ၾကဳံေတြ႕ရပါေတာ့မယ္။ တကယ္မရွိတာေတြကို ရွိတယ္ျမင္ရၿပီး မရွိတဲ့အသံေတြ ၾကားေနရမွာပါ။ထို႔ျပင္ ဦးေႏွာက္အတြက္မရွိမျဖစ္လိုအပ္ေသာ အာဟာရဓာတ္ေတြခ်ိဴ႕တဲ့ေနၿပီျဖစ္လို႔ စိတ္ေရာဂါလကၡဏာမ်ိဴးေတာင္ ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။ သင့္နာမည္ေတာင္သင္မမွတ္မိတာမ်ိဴးအစာကိုဘယ္လိုစားရမလဲမသိတာမ်ိဴးေတြ ျဖစ္လာမွာပါ။

၃ရက္ကေန၁၁ရက္ၾကာေသာအခါ –

-ပင္ကိုယ္ စိတ္အေျခအေနေကာင္းမြန္ၿပီးသား မည္သူမဆို ၁၁ရက္ခန႔္မအိပ္ပဲ မေနနို္င္ပါဘူး။အေမရိကန္နို္င္ငံ San Diegoျပည္နယ္တြင္ ၁၉၆၄ခုႏွစ္က ၁၇ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးကို စမ္းသပ္မွုျပဳလုပ္ခဲ့ပါတယ္။သူ႔ကို ၂၆၄နာရီၾကာမအိပ္စက္ခိုင္းပါဘူး၊ထိုအခ်ိန္ဟာရက္ေပါင္း၁၁နဲ႔ညီမၽွပါတယ္။ လူတစ္ေယာက္ဟာ ၁၁ရက္ထိေတာ့မအိပ္ပဲေနနိုင္တယ္ဆိုတာ သက္ေသျပနို္င္ေပမယ့္ ဦးေႏွာက္ကိုဘယ္ေလာက္ထိ ပ်က္စီးမယ္ဆိုတာေတာ့ သင္မသိနိုင္ပါဘူး။

ဒါေၾကာင့္ ညအိပ္ေရးပ်က္ခံသူမ်ားအေနနဲ႔ မိမိက်န္းမာေရးကိုအေလးထားသင့္ေၾကာင္း တင္ျပလိုက္ပါတယ္။

Writer – Dr Jue ( Daily Hot News)

တစ်ညတာအိပ်မပျော်ပြီးနောက် ၆နာရီကြာသောအခါ –

တစ်ညလုံးမအိပ်ရသောအခါ သင့်ကိုယ်ထဲမှာ ကော်တီစောလို့ခေါတဲ့ ဟိုမုန်းများမြင့်တက်လာပါတယ်။ထိုဟိုမုန်းကြောင့် စိတ်ဖိစီးမှုများလာပြီး စိတ်ရှုပ်ထွေးခြင်း၊စိတ်တိုခြင်း၊စိုးရိမ်ပူပန်ခြင်းတို့ ခံစားရပါတယ်။

၁၂နာရီကြာသောအခါ –

ဦးနှောက်ကနေ တစ်စုံတစ်ခုကိုတုံ့ပြန်ချိန်နဲ့ဆုံးဖြတ်ချက်ချချိန်တွေ နှေးကွေးလာပါတယ်။ဒါပေမယ့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတော့ဆောင်ရွက်နိုင်ပါသေးတယ်။

၂၄နာရီကြာသောအခါ –

ပြောင်းပြန်နည်းစဉ်စတင်လာပြီး သင်ဟာပင်ပန်းရမယ့်အစား ပိုတောင်လန်းပြီး အလုပ်ပိုလုပ်နိုင်ပါသေးတယ်။ စွမ်းအင်များတဟုန်ထိုးများပြားလာလို့ဖြစ်ပါတယ်။ သင့်အာရုံခံစားမှုကောင်းမွန်လာပြီး သင့်စိတ်ကြည်နေပါလိမ့်မယ်။ဒါဟာဘာကြောင့်လဲဆိုရင် သင့်အိပ်ရေးပျက်မှုကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် ဦးနှောက်ကနေ ဒိုပါမင်း ဟိုမုန်းကို မြင့်တက်စေလို့ဖြစ်ပါတယ်။

၃၆နာရီကြာသောအခါ –

-သင့်မှတ်ဉာဏ်အားနည်းလာပြီး တစ်ခုခုကိုတုံ့ပြန်နိုင်တဲ့စွမ်းရည်ကျဆင်းလာပါပြီ၊ဒါဟာ ဦးနှောက်အနေနဲ့ စွမ်းအင်ကိုချွေတာနေရလို့ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ နောက်တစ်ရက်လောက်ထပ်မအိပ်မိပါက သင့်ခန္ဓာအစိတ်အပိုင်းတို့ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားနိုင်ပါတယ်။

၄၈နာရီကြာသောအခါ –

အတော်ကြောက်စရာကောင်းနေပါပြီ။သင်ဟာ ထင်ယောင်ထင်မှားတွေ စတင်ကြုံတွေ့ရပါတော့မယ်။ တကယ်မရှိတာတွေကို ရှိတယ်မြင်ရပြီး မရှိတဲ့အသံတွေ ကြားနေရမှာပါ။ထို့ပြင် ဦးနှောက်အတွက်မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တွေချိူ့တဲ့နေပြီဖြစ်လို့ စိတ်ရောဂါလက္ခဏာမျိူးတောင် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ သင့်နာမည်တောင်သင်မမှတ်မိတာမျိူးအစာကိုဘယ်လိုစားရမလဲမသိတာမျိူးတွေ ဖြစ်လာမှာပါ။

၃ရက်ကနေ၁၁ရက်ကြာသောအခါ –

-ပင်ကိုယ် စိတ်အခြေအနေကောင်းမွန်ပြီးသား မည်သူမဆို ၁၁ရက်ခန့်မအိပ်ပဲ မနေနိုင်ပါဘူး။အမေရိကန်နိုင်ငံ San Diegoပြည်နယ်တွင် ၁၉၆၄ခုနှစ်က ၁၇နှစ်အရွယ် ကျောင်းသားတစ်ဦးကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။သူ့ကို ၂၆၄နာရီကြာမအိပ်စက်ခိုင်းပါဘူး၊ထိုအချိန်ဟာရက်ပေါင်း၁၁နဲ့ညီမျှပါတယ်။ လူတစ်ယောက်ဟာ ၁၁ရက်ထိတော့မအိပ်ပဲနေနိုင်တယ်ဆိုတာ သက်သေပြနိုင်ပေမယ့် ဦးနှောက်ကိုဘယ်လောက်ထိ ပျက်စီးမယ်ဆိုတာတော့ သင်မသိနိုင်ပါဘူး။

ဒါကြောင့် ညအိပ်ရေးပျက်ခံသူများအနေနဲ့ မိမိကျန်းမာရေးကိုအလေးထားသင့်ကြောင်း တင်ပြလိုက်ပါတယ်။

Writer – Dr Jue ( Daily Hot News)