ဘုရား ၊တရား လုပ္ျခင္း၏ လက္ငင္း အက်ိဳးေက်းဇူး …!

တရားအားထုတ္ရင္ စိတ္ၾကည္လင္တယ္။ ေအးခ်မ္းလာတယ္။ အသိဉာဏ္ေတြ သန႔္ရွင္း လာတယ္။ မလုပ္သင့္တာေတြ မလုပ္ျဖစ္ဘူး။ အမွားအယြင္း နည္းသြားတယ္ ဆိုရင္ပဲ စိတ္ခ်မ္းသာ လာတယ္။ လူေတြမွာ စိတ္ဆင္းရဲမႈျဖစ္တာဟာ အမွားအယြင္းေၾကာင့္ပါ။ ကိုယ့္အမွားရဲ႕ ဒဏ္ခ်က္ကို ကိုယ္ျပန္ခံရတာပဲ ။

တရားအားထုတ္တဲ့အခါမွာ စိတ္အင္မတန္ ၾကည္လင္လာတဲ့အခါမွာ ဘယ္စကားက ေျပာသင့္ တယ္။ ဘယ္စကားက မေျပာသင့္ဘူး။ ဘယ္ကိစၥက လုပ္သင့္တယ္ ဘယ္ကိစၥက မလုပ္သင့္ဘူး။ ဒါတင္မကဘူး။ ဘယ္အဝတ္အစားက ဝတ္သင့္တယ္။ ဘယ္အဝတ္အစားက မဝတ္သင့္ဘူး သိလာ တယ္။ ဘယ္အစားက စားသင့္တယ္ ဘယ္အစားမ်ိဳးက မစားသင့္ဘူး ဒါေတြကိုပါ သိလာတယ္။

ကိုယ့္စိတ္ကို ျပန္ၾကည့္တတ္လာတဲ့ သူဆိုရင္ စိတ္ထဲမွာ ေပၚေနတဲ့ အေတြးေတြကို ၾကည့္ၿပီးေတာ့ ဘယ္အေတြးကေတာ့ ေလာဘပဲ။ ဘယ္အေတြးကေတာ့ ေဒါသပဲ။ ဒီအေတြးေတြကေတာ့ မာနပဲ။ ဒါကေတာ့ ဣႆာမစၦရိယပဲလို႔ ပိုင္းပိုင္းျခားျခား သိလာတယ္။ သူတို႔ကို ျမင္လာရင္ သူတို႔ရဲ႕ လႊမ္းမိုးမႈ ေနာက္ကို ပါမသြားဘူး။ ပါမသြားတာကိုက လြတ္လပ္မႈ တစ္မ်ိဳးပဲ။

ေလာဘႏွင့္ ဆုံးျဖတ္ၿပီး မလုပ္ဘူး။ ေလာဘရဲ႕ဆြဲအား ေလာဘရဲ႕ လွည့္စားမႈနဲ႔ မလုပ္သင့္တာကို မလုပ္ျဖစ္ဘူး။ ေဒါသရဲ႕တြန္းအား ေဒါသရဲ႕ ဖ်က္ဆီးခ်င္တဲ့ ေနာက္လိုက္ၿပီး ဖ်က္ဆီးခ်င္တာကို မလုပ္ျဖစ္ဘူး။

မာနရဲ႕ လႈံ႕ေဆာ္မႈေၾကာင့္ ငါမွငါဆိုတဲ့ ဣႆာ မစၦရိယေၾကာင့္ မနာလိုလို႔ သူတစ္ပါး ႀကီးပြား တာကို တိုက္႐ိုက္ျဖစ္ေစ သြယ္ဝိုက္တဲ့ နည္းနဲ႔ ျဖစ္ေစ ပ်က္စီးေအာင္ မလုပ္ျဖစ္ေတာ့ဘူး။ မလုပ္ျဖစ္တဲ့ အတြက္ စိတ္ခ်မ္းသာမႈ ရလာတယ္။

သူ အဲသလို ေနလိုက္တဲ့အတြက္ေၾကာင့္ ၾကာလာရင္ ပတ္ဝန္းက်င္က လူေတြဟာ သူ႔ကို သိလာတယ္။ ဒီလူဟာ ေတာ္ေတာ္ေအးေအးခ်မ္းခ်မ္း စည္းကမ္းရွိရွိ ေနတဲ့လူ ေအးေအးခ်မ္းခ်မ္း လုပ္တဲ့လူ မဟုတ္တာ မမွန္တာ မလုပ္ဘူး။ စဥ္းစဥ္းစားစား လုပ္တတ္တဲ့လူ ဆိုၿပီးေတာ့ သူ႔ အေပၚမွာ ပိုၿပီး ခ်စ္လင္လာၾကတယ္။ ေလးစားလာတယ္။ အားကိုးမႈ ရလာတယ္။

အဲဒီေတာ့ ပတ္ဝန္းက်င္ရဲ႕ ခ်စ္ခင္မႈ ၾကည္ညိဳမႈ ေလးစားမႈ အားကိုးမႈ ရလာတယ္ ဆိုရင္ပဲ ဘယ္ေလာက္ အက်ိဳးမ်ားၿပီလဲ။ ။

Credit:ဆရာေတာ္ ဦးေဇာတိက (မဟာျမိဳင္ ေတာရ)

တရားအားထုတ်ရင် စိတ်ကြည်လင်တယ်။ အေးချမ်းလာတယ်။ အသိဉာဏ်တွေ သန့်ရှင်း လာတယ်။ မလုပ်သင့်တာတွေ မလုပ်ဖြစ်ဘူး။ အမှားအယွင်း နည်းသွားတယ် ဆိုရင်ပဲ စိတ်ချမ်းသာ လာတယ်။ လူတွေမှာ စိတ်ဆင်းရဲမှုဖြစ်တာဟာ အမှားအယွင်းကြောင့်ပါ။ ကိုယ့်အမှားရဲ့ ဒဏ်ချက်ကို ကိုယ်ပြန်ခံရတာပဲ ။

တရားအားထုတ်တဲ့အခါမှာ စိတ်အင်မတန် ကြည်လင်လာတဲ့အခါမှာ ဘယ်စကားက ပြောသင့် တယ်။ ဘယ်စကားက မပြောသင့်ဘူး။ ဘယ်ကိစ္စက လုပ်သင့်တယ် ဘယ်ကိစ္စက မလုပ်သင့်ဘူး။ ဒါတင်မကဘူး။ ဘယ်အဝတ်အစားက ဝတ်သင့်တယ်။ ဘယ်အဝတ်အစားက မဝတ်သင့်ဘူး သိလာ တယ်။ ဘယ်အစားက စားသင့်တယ် ဘယ်အစားမျိုးက မစားသင့်ဘူး ဒါတွေကိုပါ သိလာတယ်။

ကိုယ့်စိတ်ကို ပြန်ကြည့်တတ်လာတဲ့ သူဆိုရင် စိတ်ထဲမှာ ပေါ်နေတဲ့ အတွေးတွေကို ကြည့်ပြီးတော့ ဘယ်အတွေးကတော့ လောဘပဲ။ ဘယ်အတွေးကတော့ ဒေါသပဲ။ ဒီအတွေးတွေကတော့ မာနပဲ။ ဒါကတော့ ဣဿာမစ္ဆရိယပဲလို့ ပိုင်းပိုင်းခြားခြား သိလာတယ်။ သူတို့ကို မြင်လာရင် သူတို့ရဲ့ လွှမ်းမိုးမှု နောက်ကို ပါမသွားဘူး။ ပါမသွားတာကိုက လွတ်လပ်မှု တစ်မျိုးပဲ။

လောဘနှင့် ဆုံးဖြတ်ပြီး မလုပ်ဘူး။ လောဘရဲ့ဆွဲအား လောဘရဲ့ လှည့်စားမှုနဲ့ မလုပ်သင့်တာကို မလုပ်ဖြစ်ဘူး။ ဒေါသရဲ့တွန်းအား ဒေါသရဲ့ ဖျက်ဆီးချင်တဲ့ နောက်လိုက်ပြီး ဖျက်ဆီးချင်တာကို မလုပ်ဖြစ်ဘူး။

မာနရဲ့ လှုံ့ဆော်မှုကြောင့် ငါမှငါဆိုတဲ့ ဣဿာ မစ္ဆရိယကြောင့် မနာလိုလို့ သူတစ်ပါး ကြီးပွား တာကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ ပျက်စီးအောင် မလုပ်ဖြစ်တော့ဘူး။ မလုပ်ဖြစ်တဲ့ အတွက် စိတ်ချမ်းသာမှု ရလာတယ်။

သူ အဲသလို နေလိုက်တဲ့အတွက်ကြောင့် ကြာလာရင် ပတ်ဝန်းကျင်က လူတွေဟာ သူ့ကို သိလာတယ်။ ဒီလူဟာ တော်တော်အေးအေးချမ်းချမ်း စည်းကမ်းရှိရှိ နေတဲ့လူ အေးအေးချမ်းချမ်း လုပ်တဲ့လူ မဟုတ်တာ မမှန်တာ မလုပ်ဘူး။ စဉ်းစဉ်းစားစား လုပ်တတ်တဲ့လူ ဆိုပြီးတော့ သူ့ အပေါ်မှာ ပိုပြီး ချစ်လင်လာကြတယ်။ လေးစားလာတယ်။ အားကိုးမှု ရလာတယ်။

အဲဒီတော့ ပတ်ဝန်းကျင်ရဲ့ ချစ်ခင်မှု ကြည်ညိုမှု လေးစားမှု အားကိုးမှု ရလာတယ် ဆိုရင်ပဲ ဘယ်လောက် အကျိုးများပြီလဲ။ ။

Credit:ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)