ေသာၾကာသားသမီးမ်ားအတြက္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း…!

ေကာဇာ သကၠရာဇ္ ၁၃၈၁-ခုႏွစ္၊ ဦးတန္ခူးလဆန္း (၁၃)ရက္ (၁၇-၄-၂၀၁၉) ဗုဒၶဟူးေန႔သည္ ႏွစ္ဆန္း(၁)ရက္ေန႔ ျဖစ္သည္။

ေသာၾကာသားသမီးမ်ားအတြက္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း

ဘ၀တစ္ဆင့္ခ်ဳိးေျပာင္းလဲျမင့္တက္သြားအံ့။စီးပြားတက္အံ့။ နာမည္ဂုဏ္သတင္းေက်ာေဇာထင္ရွားအံ့။အေကာင္းေျပာ ခ်ီးမြမ္းခံရလတၱံ႔။တရားထူးအသိထူးရအံ့။

ရာထူးတိုးလစာတိုးျခင္း၊အလုပ္ေနရာေကာင္းရရွိျခင္းမ်ားႀကံဳလတၱံ႔။ကံတရာ သက္ရွိသက္မဲ့ အားလံုးတို႔၏ မ်က္ႏွာသာေပးျခင္း ခံရလတၱံ႕။စိတ္ထဲမွာ ျဖတ္ခနဲေပၚလာလွ်င္ ဆတ္ခနဲ ထလုပ္ပါ။

ႀကီးပြားတိုးတက္ေအာင္ျမင္ခ်မ္းသာမည့္ အခြင့္အလမ္းေကာင္း ၊ အေျခအေနေကာင္း ၊ အဆက္အသြယ္ေကာင္း ၊ အႀကံေကာင္းဥာဏ္ေကာင္း ၊ မိတ္ေကာင္းေဆြေကာင္းမ်ားရလတၱံ႔။

ေကာင္းေသာအႀကံအစည္ရည္ရြယ္ခ်က္မ်ားေအာင္ျမင္လတၱံ႔။ စိတ္ႏွစ္ခြျဖစ္စရာမ်ား ေရြးခ်ယ္ရခက္ေသာ အေျခအေနမ်ားႀကံဳရလတၱံ႔။ လူႀကီးတစ္ေယာက္၏အကူအညီ ႀကီးႀကီးမားမားရအံ့။

မိတ္ေဆြရင္း ဆရာရင္းမ်ားထံမွလည္း အကူအညီေကာင္းမ်ားရအံ့။

ေငြေရးေၾကးေရး – ေငြေၾကးကံ အင္မတန္ေကာင္းေနအံ့ ။ ေရစီးသလိုေငြ၀င္ေနအံ့ ။ ေနရာမ်ဳိးစံုက ပံုစံအမ်ဳိးမ်ဳိးႏွင့္ ေငြအ၀င္ၾကမ္းေနအံ့။ အ၀င္လည္းၾကမ္း အထြက္လည္းၾကမ္း ျဖစ္ေနအံ့။

၀င္သေလာက္ သံုးျဖဳန္းမိေနအံ့ ။ မလုိအပ္သည့္ေနရာမ်ားတြင္ မသံုးမိရန္သတိျပဳပါ။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္းေဆာင္ရြက္ပါ။

ေငြေရးေၾကးေရး အထူးယၾတာ – ေျခသည္း လက္သည္း ဆံပင္ အမႈိက္ ေကာ္ပစၥည္းအစုတ္မ်ားကို ေကာ္ဗူးအစုတ္ထဲတြင္ထည့္ၿပီး ေနာက္ေဖးတြင္ မၾကာခဏစြန္႔ရင္း ဆုေတာင္းပါ။

( ၀င္လာသမွ်ေငြေတြကို မေလလြင့္ေအာင္ အထူးဂရုျပဳပါ)

ထီထိုးကံစမ္းရန္ – စမူဆာႏွင့္လက္ဖက္ရည္ ဘုရားလွဴပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ။

ၿပီးလွ်င္ ( စ ဆ ဇ စ် ည ရ ယ လ ၀ ) ပါေသာထီဆိုင္တြင္ (၃) ႏွင့္ (၄) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ။ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …။

အခ်စ္ေရး – အပ်ဳိ၊လူပ်ဳိမ်ား မိမိကိုၾကင္နာတတ္သူ မိမိကိုတန္ဖိုးထားသူမ်ားႏွင့္ခ်စ္သူျဖစ္ရတတ္။ အခ်စ္ရဲ႕ခ်ိန္ၿမိန္တဲ့ အသီးအပြင့္မ်ားကို ဆြတ္ယူစားသံုးရအံ့။

ခ်စ္စိတ္ေတြ ငယ္ထိပ္ေရာက္ေနအံ့။ အခ်စ္ေရးမွာ ပန္းႏုေရာင္ေတြ လႊမ္းမိုးေနအံ့။ မိမိထက္အဆင့္အတန္းျမင့္မားသူ ခ်မ္းသာသူမ်ားႏွင့္ ဖူးစာဆံု အိမ္ေထာင္က်လတၱံ႔။

အိမ္ေထာင္ေရး – အိမ္ေထာင္ဖက္၏ ဂရုစိုက္ျခင္း၊အလိုလိုက္ျခင္း၊ေကာင္းက်ဳိးျပဳျခင္းကို ခံရလတၱံ႔။

မိမိ၏လုပ္ငန္းေဆာင္တာရည္ရြယ္ခ်က္မ်ားအတြက္ အိမ္ေထာင္ဖက္ထံမွ အကူအညီေကာင္း အႀကံေကာင္း ဥာဏ္ကာင္းမ်ားရလတၱံ႔။အိမ္ေထာင္ဖက္ကို အေၾကာင္းျပဳ၍စီးပြားတက္အံ့။ စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ရအံ့။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ ၾကာသပေတးသားသမီးမ်ား ၊ နာမည္တြင္ ပ ဖ ဘ ဗ မ ပါေသာသူမ်ား ၊ ပညာေရး ၊ ဆရာအလုပ္ ၊ ေျမ ၊ ဖုန္း ၊ မုန္႔ ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – အေထြအထူးလုပ္ရန္မလိုပါ ။ လုပ္ခ်င္သပဆိုလွ်င္ သူငယ္ခ်င္းမိတ္ေဆြမ်ား ေကာ္ရည္ေခါက္ဆြဲ ဒါနလုပ္ပါ။

ပညာေရး – ပညာေရးကံ တအားေကာင္းေနအံ့။ဆရာေကာင္း သမားေကာင္းမ်ားထံမွ အကူအညီေကာင္း အႀကံေကာင္း ဥာဏ္ေကာင္းမ်ားရအံ့။

မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္အံ့။ ပညာေရးရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္လတၱံ႔။

ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ လက္ဖက္ရည္(၄)ခြက္၊ ႏွင္းဆီ(၇)ပြင့္၊ ေသာက္ေတာ္ေရ(၃)ခြက္၊ ဖေယာင္းတိုင္(၃)တိုင္ ဘုရားလွဴၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။

ခ်ဳိးမယ့္ေရထဲမွာ ေရႊရည္ ေငြရည္ ထည့္ၿပီး ေရးခ်ဳိးရင္းလည္းဆုေတာင္းပါ။

( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)

က်န္းမာေရး – ၀မ္းဗိုက္ ၊အဖုအပိန္႔ ၊ မ်က္လံုး ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – ေသာၾကာေန႔ည …။ သံပံုး တစ္ခုထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။

အက်ီအစုတ္ ၊ လံုခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …။

မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။

ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို ပန္းအ၀ါ (၅)ပြင့္ နဲ႔ရုိက္ေပးပါ …။

ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …။

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၇)နာရီ (၄၀) မိနစ္တိတိတြင္ ယို(၄)ပြဲ ၊ ႏွင္းဆီ(၇)ပြင့္ ၊ ႏြားႏို႔(၃)ခြက္ ၊ ေသာက္ေတာ္ေရ (၃)ခြက္ ၊ ဖေယာင္းတိုင္ (၃) တိုင္ ၊ ကို

မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း

ကောဇာ သက္ကရာဇ် ၁၃၈၁-ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃)ရက် (၁၇-၄-၂၀၁၉) ဗုဒ္ဓဟူးနေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။

သောကြာသားသမီးများအတွက် ၁၃၈၁-ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း

ဘဝတစ်ဆင့်ချိုးပြောင်းလဲမြင့်တက်သွားအံ့။စီးပွားတက်အံ့။ နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့။အကောင်းပြော ချီးမွမ်းခံရလတ္တံ့။တရားထူးအသိထူးရအံ့။

ရာထူးတိုးလစာတိုးခြင်း၊အလုပ်နေရာကောင်းရရှိခြင်းများကြုံလတ္တံ့။ကံတရာ သက်ရှိသက်မဲ့ အားလုံးတို့၏ မျက်နှာသာပေးခြင်း ခံရလတ္တံ့။စိတ်ထဲမှာ ဖြတ်ခနဲပေါ်လာလျှင် ဆတ်ခနဲ ထလုပ်ပါ။

ကြီးပွားတိုးတက်အောင်မြင်ချမ်းသာမည့် အခွင့်အလမ်းကောင်း ၊ အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်းဉာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများရလတ္တံ့။

ကောင်းသောအကြံအစည်ရည်ရွယ်ချက်များအောင်မြင်လတ္တံ့။ စိတ်နှစ်ခွဖြစ်စရာများ ရွေးချယ်ရခက်သော အခြေအနေများကြုံရလတ္တံ့။ လူကြီးတစ်ယောက်၏အကူအညီ ကြီးကြီးမားမားရအံ့။

မိတ်ဆွေရင်း ဆရာရင်းများထံမှလည်း အကူအညီကောင်းများရအံ့။

ငွေရေးကြေးရေး – ငွေကြေးကံ အင်မတန်ကောင်းနေအံ့ ။ ရေစီးသလိုငွေဝင်နေအံ့ ။ နေရာမျိုးစုံက ပုံစံအမျိုးမျိုးနှင့် ငွေအဝင်ကြမ်းနေအံ့။ အဝင်လည်းကြမ်း အထွက်လည်းကြမ်း ဖြစ်နေအံ့။

ဝင်သလောက် သုံးဖြုန်းမိနေအံ့ ။ မလိုအပ်သည့်နေရာများတွင် မသုံးမိရန်သတိပြုပါ။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းဆောင်ရွက်ပါ။

ငွေရေးကြေးရေး အထူးယတြာ – ခြေသည်း လက်သည်း ဆံပင် အမှိုက် ကော်ပစ္စည်းအစုတ်များကို ကော်ဗူးအစုတ်ထဲတွင်ထည့်ပြီး နောက်ဖေးတွင် မကြာခဏစွန့်ရင်း ဆုတောင်းပါ။

( ဝင်လာသမျှငွေတွေကို မလေလွင့်အောင် အထူးဂရုပြုပါ)

ထီထိုးကံစမ်းရန် – စမူဆာနှင့်လက်ဖက်ရည် ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။

ပြီးလျှင် ( စ ဆ ဇ ဈ ည ရ ယ လ ၀ ) ပါသောထီဆိုင်တွင် (၃) နှင့် (၄) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ်။ အချစ်ရဲ့ချိန်မြိန်တဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးရအံ့။

ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေအံ့။ အချစ်ရေးမှာ ပန်းနုရောင်တွေ လွှမ်းမိုးနေအံ့။ မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။

မိမိ၏လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွက် အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကာင်းများရလတ္တံ့။အိမ်ထောင်ဖက်ကို အကြောင်းပြု၍စီးပွားတက်အံ့။ စိတ်ချမ်းသာ ပျော်ရွှင်ရအံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် ကြာသပတေးသားသမီးများ ၊ နာမည်တွင် ပ ဖ ဘ ဗ မ ပါသောသူများ ၊ ပညာရေး ၊ ဆရာအလုပ် ၊ မြေ ၊ ဖုန်း ၊ မုန့် နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – အထွေအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများ ကော်ရည်ခေါက်ဆွဲ ဒါနလုပ်ပါ။

ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ဆရာကောင်း သမားကောင်းများထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကောင်းများရအံ့။

မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်လတ္တံ့။

ပညာရေးကံကောင်းစေရန် – မနက်စောစော လက်ဖက်ရည်(၄)ခွက်၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ(၃)ခွက်၊ ဖယောင်းတိုင်(၃)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။

ချိုးမယ့်ရေထဲမှာ ရွှေရည် ငွေရည် ထည့်ပြီး ရေးချိုးရင်းလည်းဆုတောင်းပါ။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – ဝမ်းဗိုက် ၊အဖုအပိန့် ၊ မျက်လုံး နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – သောကြာနေ့ည …။ သံပုံး တစ်ခုထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။

အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။

မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို ပန်းအဝါ (၅)ပွင့် နဲ့ရိုက်ပေးပါ …။

ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ (၄၀) မိနစ်တိတိတွင် ယို(၄)ပွဲ ၊ နှင်းဆီ(၇)ပွင့် ၊ နွားနို့(၃)ခွက် ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၃) တိုင် ၊ ကို

မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း