LED မီးေတြဟာ မ်က္စိကြယ္တဲ့အထိ အျမင္အာ႐ုံကို ထိခိုက္ပ်က္စီးေစႏိုင္…!

LED မီးေတြဟာ မ်က္စိအျမင္လႊာကို တစ္သက္စာပ်က္စီးႏိုင္ၿပီး သဘာဝအတိုင္း အိပ္စက္မႈကိုလည္း အေႏွာင့္အယွက္ ျဖစ္ေစတယ္လို႔ ေလ့လာေတြ႕ရွိခ်က္ေတြအရ သိရပါတယ္။ ျပင္သစ္ အစားအေသာက္၊ ပတ္ဝန္းက်င္၊ က်န္းမာေရးနဲ႔ လုံၿခဳံေရးေအဂ်င္စီ ANSES က စြမ္းအားျပည့္ဝတဲ့ LED မီးေတြဟာ အျမင္အာ႐ုံကို အဆိပ္ အေတာက္ျဖစ္ေစေၾကာင္း သတိေပးေျပာၾကားခဲ့တာပါ။

စာမ်က္ႏွာ ၄၀၀ ရွိတဲ့ အစီရင္ခံစာတစ္ခုအရ LED မီးေတြဟာ အျမင္လႊာဆဲလ္ေတြကို ပ်က္စီးေစၿပီး မ်က္စိ အျမင္ကြယ္သြားတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ LED ဖုန္း၊ Tablet နဲ႔ Laptop ဖန္သားျပင္ေတြဟာ မ်က္စိ ထိခိုက္ေစတာမွန္ေပမဲ့ ကားေရွ႕မီးေတြမွာ အသုံးျပဳတဲ့ အလင္းအားျပင္းတဲ့ မီးႀကီးေတြကေတာ့ မ်က္စိအျမင္ အာ႐ုံကို ပိုမိုႀကီးမားစြာ ထိခိုက္ေစႏိုင္ပါတယ္။

အစီရင္ခံစာမွာ သိပ္သည္းဆမ်ားတဲ့ LED မီးကို စူးရွေအာင္ ဖြင့္လိုက္တာနဲ႔ သိပ္သည္းဆနည္းတဲ့ မီးကို အခ်ိန္ၾကာၾကာဖြင့္ထားတာရဲ႕ ၾကားက ကြဲျပားျခားနားခ်က္ကို ေလ့လာခဲ့ၾကပါတယ္။ အႏၲရာယ္ျဖစ္တာနည္းပါး ႏိုင္ေပမယ့္ မီးကိုၾကာၾကာဖြင့္ထားတာဟာ အျမင္လႊာဆဲလ္ေတြကို အိုမင္းရင့္ေရာ္ႏႈန္း ျမန္ဆန္ေစၿပီး အျမင္အာ႐ုံ ကို အားနည္းသြားေစပါတယ္။

ၾကာရွည္ခံၿပီး စြမ္းအင္ျပည့္ဝသလို ေဈးလည္းမႀကီးတဲ့ LED နည္းပညာဟာ ေဈးကြက္မွာ ေခတ္စားလာတာ ဆယ္စုႏွစ္တစ္ခုစာေလာက္ ၾကာခဲ့ပါၿပီ။ လုပ္ငန္းဆိုင္ရာ ကြၽမ္းက်င္သူေတြကလည္း ေနာက္ႏွစ္ ႏွစ္ကုန္ပိုင္း အထိ LED မီးရဲ႕ ေရာင္းအားဟာ ဆက္လက္ျမင့္တက္ႏိုင္ၿပီး ၆၀ ရာခိုင္ႏႈန္းေလာက္ ထိပ္တန္းေရာက္ေနဦးမွာ ျဖစ္ပါတယ္။

LED မီးေတြကို အိမ္ေတြနဲ႔ လမ္းေတြမွာ အသုံးျပဳၾကၿပီး ႐ုံးခန္းနဲ႔ လုပ္ငန္းေတြမွာလည္ညး အသုံးျပဳပါတယ္။ ဒါ့ျပင္ ကားမီးေတြ၊ ဓာတ္မီးေတြနဲ႔ တခ်ိဳ႕ကစားစရာအ႐ုပ္ေတြမွာလည္း အသုံးျပဳမႈမ်ားျပားလာပါတယ္။ ဖုန္း၊ Tablet နဲ႔ Laptop တို႔ရဲ႕ LED ဖန္သားျပင္အလင္းအားဟာ တျခားမီးအမ်ိဳးအစားေတြက LED မီးအလင္းအား ထက္စာရင္ ပိုနည္းတာေၾကာင့္ မ်က္စိအျမင္အာ႐ုံကို ထိခိုက္မႈပိုနည္းပါတယ္။ ဒါေပမဲ့ မီးအလင္းေရာင္ ေကာင္းေကာင္းမရတဲ့ ေနရာမွာ အသုံးျပဳမယ္ဆိုရင္ေတာ့ အိပ္စက္ျခင္းအပါအဝင္ ဇီဝကမၼျဖစ္စဥ္ေတြကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။

ဒါ့ျပင္ ANSES ဟာ ကားထုတ္လုပ္သူေတြအေနနဲ႔ အရမ္းေတာက္ပလြန္းတဲ့ ကားေရွ႕မီးေတြရဲ႕ အလင္းအား သိပ္သည္းဆကို အကန႔္အသတ္ထားသင့္ေၾကာင္းလည္း ထုတ္ေဖာ္သတိေပးထားပါတယ္။ LED မီးမွာ ပါဝင္တဲ့ အျပာေရာင္အလင္းက အေရျပားရဲ႕အနက္ရႈိင္းဆုံးအလႊာအထိ ထိခိုက္ေစႏိုင္သလို မ်က္စိအျမင္အာ႐ုံကိုလည္း ဆိုး႐ြားစြာ ထိခိုက္ေစၿပီး မ်က္စိကြယ္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။

by Cherry Mon

Credit-We Media

LED မီးတွေဟာ မျက်စိအမြင်လွှာကို တစ်သက်စာပျက်စီးနိုင်ပြီး သဘာဝအတိုင်း အိပ်စက်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ပြင်သစ် အစားအသောက်၊ ပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ လုံခြုံရေးအေဂျင်စီ ANSES က စွမ်းအားပြည့်ဝတဲ့ LED မီးတွေဟာ အမြင်အာရုံကို အဆိပ် အတောက်ဖြစ်စေကြောင်း သတိပေးပြောကြားခဲ့တာပါ။

စာမျက်နှာ ၄၀၀ ရှိတဲ့ အစီရင်ခံစာတစ်ခုအရ LED မီးတွေဟာ အမြင်လွှာဆဲလ်တွေကို ပျက်စီးစေပြီး မျက်စိ အမြင်ကွယ်သွားတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ LED ဖုန်း၊ Tablet နဲ့ Laptop ဖန်သားပြင်တွေဟာ မျက်စိ ထိခိုက်စေတာမှန်ပေမဲ့ ကားရှေ့မီးတွေမှာ အသုံးပြုတဲ့ အလင်းအားပြင်းတဲ့ မီးကြီးတွေကတော့ မျက်စိအမြင် အာရုံကို ပိုမိုကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။

အစီရင်ခံစာမှာ သိပ်သည်းဆများတဲ့ LED မီးကို စူးရှအောင် ဖွင့်လိုက်တာနဲ့ သိပ်သည်းဆနည်းတဲ့ မီးကို အချိန်ကြာကြာဖွင့်ထားတာရဲ့ ကြားက ကွဲပြားခြားနားချက်ကို လေ့လာခဲ့ကြပါတယ်။ အန္တရာယ်ဖြစ်တာနည်းပါး နိုင်ပေမယ့် မီးကိုကြာကြာဖွင့်ထားတာဟာ အမြင်လွှာဆဲလ်တွေကို အိုမင်းရင့်ရော်နှုန်း မြန်ဆန်စေပြီး အမြင်အာရုံ ကို အားနည်းသွားစေပါတယ်။

ကြာရှည်ခံပြီး စွမ်းအင်ပြည့်ဝသလို ဈေးလည်းမကြီးတဲ့ LED နည်းပညာဟာ ဈေးကွက်မှာ ခေတ်စားလာတာ ဆယ်စုနှစ်တစ်ခုစာလောက် ကြာခဲ့ပါပြီ။ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း နောက်နှစ် နှစ်ကုန်ပိုင်း အထိ LED မီးရဲ့ ရောင်းအားဟာ ဆက်လက်မြင့်တက်နိုင်ပြီး ၆၀ ရာခိုင်နှုန်းလောက် ထိပ်တန်းရောက်နေဦးမှာ ဖြစ်ပါတယ်။

LED မီးတွေကို အိမ်တွေနဲ့ လမ်းတွေမှာ အသုံးပြုကြပြီး ရုံးခန်းနဲ့ လုပ်ငန်းတွေမှာလည်ညး အသုံးပြုပါတယ်။ ဒါ့ပြင် ကားမီးတွေ၊ ဓာတ်မီးတွေနဲ့ တချို့ကစားစရာအရုပ်တွေမှာလည်း အသုံးပြုမှုများပြားလာပါတယ်။ ဖုန်း၊ Tablet နဲ့ Laptop တို့ရဲ့ LED ဖန်သားပြင်အလင်းအားဟာ တခြားမီးအမျိုးအစားတွေက LED မီးအလင်းအား ထက်စာရင် ပိုနည်းတာကြောင့် မျက်စိအမြင်အာရုံကို ထိခိုက်မှုပိုနည်းပါတယ်။ ဒါပေမဲ့ မီးအလင်းရောင် ကောင်းကောင်းမရတဲ့ နေရာမှာ အသုံးပြုမယ်ဆိုရင်တော့ အိပ်စက်ခြင်းအပါအဝင် ဇီဝကမ္မဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒါ့ပြင် ANSES ဟာ ကားထုတ်လုပ်သူတွေအနေနဲ့ အရမ်းတောက်ပလွန်းတဲ့ ကားရှေ့မီးတွေရဲ့ အလင်းအား သိပ်သည်းဆကို အကန့်အသတ်ထားသင့်ကြောင်းလည်း ထုတ်ဖော်သတိပေးထားပါတယ်။ LED မီးမှာ ပါဝင်တဲ့ အပြာရောင်အလင်းက အရေပြားရဲ့အနက်ရှိုင်းဆုံးအလွှာအထိ ထိခိုက်စေနိုင်သလို မျက်စိအမြင်အာရုံကိုလည်း ဆိုးရွားစွာ ထိခိုက်စေပြီး မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

by Cherry Mon

Credit-We Media