စိတ္ထား မျပည့္ဝတဲ့သူ (EQ နိမ့္တဲ့သူ) ေတြရဲ႕လကၡဏာရပ္မ်ာ

လူမႈဆက္ဆံေရးတစ္ခုမွာ EQ ေကာင္းဖို႔လိုအပ္ပါတယ္။ အခ်ိဳ႕ပညာရွင္ေတြဆိုရင္ IQ ထက္ EQ ပိုေကာင္းမွ ဘဝမွာ အျပည့္အဝေအာင္ျမင္မယ္လို႔သတ္မွတ္ထားၾကပါတယ္။ အလုပ္ရွင္နဲ႔အလုပ္သမား၊ မိဘနဲ႔သားသမီး၊ ခ်စ္သူ၊ သူငယ္ခ်င္း ေတြၾကားမွာ EQ ေကာင္းျခင္းဟာ အဓိကေနရာမွာ ပါဝင္ပါတယ္။ လုပ္ငန္းခြင္မွာ၊ မိသားစုမွာ EQ မေကာင္းတဲ့သူေတြေၾကာင့္ မလိုအပ္ဘဲ ဆက္ဆံေရးတင္းမာမႈေတြ၊ အျငင္းပြားမႈေတြ ႀကဳံဖူးၾကမွာပါ။ ဒါမွမဟုတ္ ကိုယ္ကိုယ္တိုင္ပဲ EQ မေကာင္းခဲ့တဲ့ အခ်ိန္ေတြလည္း ရွိေကာင္းရွိႏိုင္တာပဲ။ မသိလို႔လုပ္မိတာက ျပင္လို႔ရပါတယ္။ ဒါေၾကာင့္ ဘယ္လိုအျပဳအမူေတြက EQ နိမ့္တဲ့အျပဳအမူ၊ စိတ္ထားမျပည့္ဝတဲ့ အျပဳအမူလဲဆိုတာ ေလ့လာၾကည့္ၾကရေအာင္။

signs of low emotional intelligence

အျငင္းပြားမႈေတြကို အမ်ားႀကီးလုပ္တတ္သူ

တျခားသူေတြနဲ႔မၾကာခဏ အျငင္းပြားေနတတ္သူကို ေတြ႕ဖူးပါသလား။ မိသားစု၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္နဲ႔သာမက သူစိမ္းနဲ႔ပါမက်န္ အျငင္းပြားခ်င္ေနတဲ့သူမ်ိဳးေပါ့။ ဘာလို႔အျငင္းပြားလဲဆိုေတာ့ EQ နိမ့္တဲ့သူေတြဟာ တျခားသူရဲ႕စိတ္ခံစားခ်က္ကို နားမလည္ႏိုင္ၾကလို႔ပါ။ အျခားသူေတြ ဘယ္လိုခံစားရမလဲ မစဥ္းစားဘဲ ကိုယ္ထင္ရာေျပာၿပီး အျငင္းပြားဖို႔ေလာက္ပဲ သိသူေတြမို႔လို႔ပါ။ သူတို႔ရဲ႕စကားေၾကာင့္ တစ္ဖက္လူ ဘယ္ေလာက္ စိတ္ထိခိုက္သြားမလဲဆိုတာ ဘယ္ေတာ့မွ ထည့္မတြက္တဲ့သူေတြပါ။

Image result for laughing at a funeral

တျခားသူေတြကို စိတ္ထိခိုက္လြယ္လြန္းတယ္လို႔ထင္ေနသူ

EQ နိမ့္တဲ့သူေတြဟာ တစ္ပါးသူရဲ႕ ခံစားခ်က္ကို ျပက္ရယ္ျပဳတတ္ၾကတယ္။ ဥပမာ-နာေရးမွာပဲျဖစ္ျဖစ္၊ ဆိုး႐ြားတဲ့အျဖစ္အပ်က္တစ္ခုအၿပီးမွာပဲျဖစ္ျဖစ္ သူမ်ားေတြဝမ္းနည္းေနတာကို အပိုေတြပါလို႔ထင္တတ္ၾကတယ္။ ဟာသေတြၾကည့္ၿပီး သူမ်ားေတြရယ္ေမာေနရင္လည္း Over ေတြလုပ္ေနတယ္လို႔ ေျပာတတ္ၾကတယ္။ ကိုယ္မခံစားရတာနဲ႔ သူမ်ားရဲ႕ခံစားခ်က္ေတြကို အပိုအလုပ္ေတြလို႔ ထင္ေနတယ္ဆိုတာ အဲဒီလူက EQ နိမ့္လို႔ပါ။

Image result for reject

တျခားသူေတြရဲ႕အျမင္ကို ျငင္းပယ္တတ္သူ

EQ နိမ့္တဲ့သူေတြဟာ သူတို႔ကိုယ္သူတို႔အၿမဲမွန္ေနတယ္လို႔ထင္ၾကတယ္။ ဉာဏ္ရည္ျမင့္တယ္ဆိုၿပီး တျခားသူရဲ႕ အႀကံျပဳခ်က္ေတြကို နားမေထာင္ဘူး။ သူတို႔ဟာ မ်ားေသာအားျဖင့္ အဆိုးျမင္တတ္သူေတြျဖစ္ၿပီး တစ္ပါးသူရဲ႕ခံစားခ်က္ကို ေဝဖန္ခ်င္တဲ့သူေတြျဖစ္ၾကတယ္။ ဘယ္ေလာက္ပဲ IQ ျမင့္ေနပါေစ EQ မေကာင္းရင္ အဲဒီလူကအလကားပါပဲ။ သူ႔ရဲ႕ေအာင္ျမင္မႈကလည္း ၾကာရွည္ခံမွာမဟုတ္ပါဘူး။

Image result for blaming

အမွားေတြအတြက္ တျခားသူကို အျပစ္တင္သူ

EQ နိမ့္တဲ့သူေတြဟာ သူတို႔ရဲ႕စိတ္ခံစားခ်က္တစ္ခုတည္းေၾကာင့္ ဘယ္လိုျပႆနာေတြ ျဖစ္လာႏိုင္လဲဆိုတာ မသိၾကပါဘူး။ ျပႆနာတစ္ခုခု ျဖစ္လာရင္လည္း အျပစ္တင္ဖို႔ေလာက္ပဲ သိၾကပါတယ္။ အျခားသူေတြရဲ႕ အျပဳအမူေတြနဲ႔ ျပႆနာရဲ႕အေျခအေနကိုသာ အျပစ္တင္တတ္ၾကတယ္။ သူတို႔ရဲ႕အမွားကေတာ့ မတတ္သာလို႔မွားရတာျဖစ္ၿပီး တျခားသူေတြကေတာ့ အသုံးမက်လို႔ဆိုတဲ့ပုံစံမ်ိဳး ေျပာတတ္တဲ့ တာဝန္ယူစိတ္မရွိသူေတြေပါ့။

Image result for angry

႐ုတ္တရက္ ထေပါက္ကြဲတတ္သူ

စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ျခင္းဆိုတာ EQ ျမင့္ျခင္းထဲမွာပါတဲ့ အဓိကအခ်က္ေတြထဲက တစ္ခ်က္ပါ။ EQ နိမ့္တဲ့သူေတြဟာ သူတို႔ရဲ႕ကိုယ္ပိုင္စိတ္ခံစားခ်က္ေတြကိုေတာင္ နားလည္ႏိုင္ဖို႔ခက္ခဲေနၿပီး မထိန္းခ်ဳပ္ႏိုင္ၾကပါဘူး။ သူတို႔ဟာ မထင္ရင္မထင္သလို ေဒါသေတြ ထေပါက္ကြဲတတ္ၾကပါတယ္။

Image result for bad friendship

ဆက္ဆံေရးတစ္ခုကို ေကာင္းေကာင္း မထိန္းသိမ္းႏိုင္သူ

EQ နိမ့္တဲ့သူေတြဟာ ခက္ထန္ၾကမ္းတမ္းၿပီး ခံစားခ်က္မဲ့သူေတြ ျဖစ္တာေၾကာင့္ ဆက္ဆံေရးတစ္ခုကို ထိန္းသိမ္းတဲ့ေနရာမွာ အခက္ေတြ႕ၾကပါတယ္။ အရမ္းရင္းႏွီးတဲ့ မိတ္ေဆြအေပါင္းအသင္းဆိုတာမွာ အေပးအယူေတြရွိမယ္၊ ခံစားခ်က္ေတြေဝမွ်တာရွိမယ္၊ စာနာနားလည္ေပးရတာေတြရွိမယ္၊ စိတ္ပိုင္းဆိုင္ရာ ႏွစ္သိမ့္အားေပးမႈေတြရွိမယ္။ EQ နိမ့္တဲ့သူေတြဟာ အဲလို ဆက္ဆံေရးေတြနဲ႔ပတ္သက္လာရင္ အခက္ေတြ႕ၿပီး မကိုင္တြယ္ႏိုင္ၾကပါဘူး။

ပုဂၢိဳလ္စြဲရွိသူ

EQ နိမ့္တဲ့သူေတြဟာ ဆက္ဆံေရးေတြကို ပုဂၢိဳလ္စြဲနဲ႔ေပါင္းသင္းပါတယ္။ လူတစ္ေယာက္နဲ႔ ပတ္သက္လို႔ တစ္ခုေလာက္အျမင္မၾကည္ရင္ အဲဒီလူကို တစ္သက္လုံးအျမင္မၾကည္ေတာ့ပါဘူး။ တစ္ခါေလာက္ပဲ အမွားလုပ္ဖူးတာနဲ႔ အဲဒီလူဘာလုပ္လုပ္ အမွန္မျမင္ေတာ့ဘူး။ သူတို႔အျမင္ၾကည္တဲ့သူဆိုရင္ေတာ့ ဘာလုပ္လုပ္ကို အျမင္ၾကည္ေနျပန္ေရာ။ အဲလို တစ္ဖက္စြန္းေရာက္သူေတြေပါ့။ လူတိုင္းမွာ ေကာင္းကြက္ ဆိုးကြက္ေတြ ေရာေႏွာေနတယ္၊ လူတိုင္းဟာ တစ္ခါတစ္ရံ မွားတတ္တယ္ဆိုတာကို EQ နိမ့္တဲ့သူေတြက နားမလည္ပါဘူး။

စိတ္ထားမျပည့္ဝဘူးဆိုတာ ဘယ္ရႈေထာင့္ကၾကည့္ၾကည့္ မေကာင္းပါဘူး။ ဉာဏ္ရည္ဘယ္ေလာက္ ျမင့္ေနပါေစ စိတ္မထားတတ္သ၍ ေအာင္ျမင္မႈဆီ ေရာက္ဖို႔ခက္ခဲေနအုံးမွာပါ။ စိတ္ရဲ႕အဆင့္အတန္းဟာ လူတစ္ေယာက္ရဲ႕အဆင့္အတန္းကို ေဖာ္ျပေနတာပါ။ EQ ေရာ IQ ပါေကာင္းတဲ့ သူမ်ား ျဖစ္ၾကပါေစ။

လူမှုဆက်ဆံရေးတစ်ခုမှာ EQ ကောင်းဖို့လိုအပ်ပါတယ်။ အချို့ပညာရှင်တွေဆိုရင် IQ ထက် EQ ပိုကောင်းမှ ဘဝမှာ အပြည့်အဝအောင်မြင်မယ်လို့သတ်မှတ်ထားကြပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမား၊ မိဘနဲ့သားသမီး၊ ချစ်သူ၊ သူငယ်ချင်း တွေကြားမှာ EQ ကောင်းခြင်းဟာ အဓိကနေရာမှာ ပါဝင်ပါတယ်။ လုပ်ငန်းခွင်မှာ၊ မိသားစုမှာ EQ မကောင်းတဲ့သူတွေကြောင့် မလိုအပ်ဘဲ ဆက်ဆံရေးတင်းမာမှုတွေ၊ အငြင်းပွားမှုတွေ ကြုံဖူးကြမှာပါ။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ EQ မကောင်းခဲ့တဲ့ အချိန်တွေလည်း ရှိကောင်းရှိနိုင်တာပဲ။ မသိလို့လုပ်မိတာက ပြင်လို့ရပါတယ်။ ဒါကြောင့် ဘယ်လိုအပြုအမူတွေက EQ နိမ့်တဲ့အပြုအမူ၊ စိတ်ထားမပြည့်ဝတဲ့ အပြုအမူလဲဆိုတာ လေ့လာကြည့်ကြရအောင်။

အငြင်းပွားမှုတွေကို အများကြီးလုပ်တတ်သူ

တခြားသူတွေနဲ့မကြာခဏ အငြင်းပွားနေတတ်သူကို တွေ့ဖူးပါသလား။ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့သာမက သူစိမ်းနဲ့ပါမကျန် အငြင်းပွားချင်နေတဲ့သူမျိုးပေါ့။ ဘာလို့အငြင်းပွားလဲဆိုတော့ EQ နိမ့်တဲ့သူတွေဟာ တခြားသူရဲ့စိတ်ခံစားချက်ကို နားမလည်နိုင်ကြလို့ပါ။ အခြားသူတွေ ဘယ်လိုခံစားရမလဲ မစဉ်းစားဘဲ ကိုယ်ထင်ရာပြောပြီး အငြင်းပွားဖို့လောက်ပဲ သိသူတွေမို့လို့ပါ။ သူတို့ရဲ့စကားကြောင့် တစ်ဖက်လူ ဘယ်လောက် စိတ်ထိခိုက်သွားမလဲဆိုတာ ဘယ်တော့မှ ထည့်မတွက်တဲ့သူတွေပါ။

တခြားသူတွေကို စိတ်ထိခိုက်လွယ်လွန်းတယ်လို့ထင်နေသူ

EQ နိမ့်တဲ့သူတွေဟာ တစ်ပါးသူရဲ့ ခံစားချက်ကို ပြက်ရယ်ပြုတတ်ကြတယ်။ ဥပမာ-နာရေးမှာပဲဖြစ်ဖြစ်၊ ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုအပြီးမှာပဲဖြစ်ဖြစ် သူများတွေဝမ်းနည်းနေတာကို အပိုတွေပါလို့ထင်တတ်ကြတယ်။ ဟာသတွေကြည့်ပြီး သူများတွေရယ်မောနေရင်လည်း Over တွေလုပ်နေတယ်လို့ ပြောတတ်ကြတယ်။ ကိုယ်မခံစားရတာနဲ့ သူများရဲ့ခံစားချက်တွေကို အပိုအလုပ်တွေလို့ ထင်နေတယ်ဆိုတာ အဲဒီလူက EQ နိမ့်လို့ပါ။

တခြားသူတွေရဲ့အမြင်ကို ငြင်းပယ်တတ်သူ

EQ နိမ့်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့အမြဲမှန်နေတယ်လို့ထင်ကြတယ်။ ဉာဏ်ရည်မြင့်တယ်ဆိုပြီး တခြားသူရဲ့ အကြံပြုချက်တွေကို နားမထောင်ဘူး။ သူတို့ဟာ များသောအားဖြင့် အဆိုးမြင်တတ်သူတွေဖြစ်ပြီး တစ်ပါးသူရဲ့ခံစားချက်ကို ဝေဖန်ချင်တဲ့သူတွေဖြစ်ကြတယ်။ ဘယ်လောက်ပဲ IQ မြင့်နေပါစေ EQ မကောင်းရင် အဲဒီလူကအလကားပါပဲ။ သူ့ရဲ့အောင်မြင်မှုကလည်း ကြာရှည်ခံမှာမဟုတ်ပါဘူး။

အမှားတွေအတွက် တခြားသူကို အပြစ်တင်သူ

EQ နိမ့်တဲ့သူတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တစ်ခုတည်းကြောင့် ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်လဲဆိုတာ မသိကြပါဘူး။ ပြဿနာတစ်ခုခု ဖြစ်လာရင်လည်း အပြစ်တင်ဖို့လောက်ပဲ သိကြပါတယ်။ အခြားသူတွေရဲ့ အပြုအမူတွေနဲ့ ပြဿနာရဲ့အခြေအနေကိုသာ အပြစ်တင်တတ်ကြတယ်။ သူတို့ရဲ့အမှားကတော့ မတတ်သာလို့မှားရတာဖြစ်ပြီး တခြားသူတွေကတော့ အသုံးမကျလို့ဆိုတဲ့ပုံစံမျိုး ပြောတတ်တဲ့ တာဝန်ယူစိတ်မရှိသူတွေပေါ့။

ရုတ်တရက် ထပေါက်ကွဲတတ်သူ

စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဆိုတာ EQ မြင့်ခြင်းထဲမှာပါတဲ့ အဓိကအချက်တွေထဲက တစ်ချက်ပါ။ EQ နိမ့်တဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေကိုတောင် နားလည်နိုင်ဖို့ခက်ခဲနေပြီး မထိန်းချုပ်နိုင်ကြပါဘူး။ သူတို့ဟာ မထင်ရင်မထင်သလို ဒေါသတွေ ထပေါက်ကွဲတတ်ကြပါတယ်။

ဆက်ဆံရေးတစ်ခုကို ကောင်းကောင်း မထိန်းသိမ်းနိုင်သူ

EQ နိမ့်တဲ့သူတွေဟာ ခက်ထန်ကြမ်းတမ်းပြီး ခံစားချက်မဲ့သူတွေ ဖြစ်တာကြောင့် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းတဲ့နေရာမှာ အခက်တွေ့ကြပါတယ်။ အရမ်းရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းဆိုတာမှာ အပေးအယူတွေရှိမယ်၊ ခံစားချက်တွေဝေမျှတာရှိမယ်၊ စာနာနားလည်ပေးရတာတွေရှိမယ်၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုတွေရှိမယ်။ EQ နိမ့်တဲ့သူတွေဟာ အဲလို ဆက်ဆံရေးတွေနဲ့ပတ်သက်လာရင် အခက်တွေ့ပြီး မကိုင်တွယ်နိုင်ကြပါဘူး။

ပုဂ္ဂိုလ်စွဲရှိသူ

EQ နိမ့်တဲ့သူတွေဟာ ဆက်ဆံရေးတွေကို ပုဂ္ဂိုလ်စွဲနဲ့ပေါင်းသင်းပါတယ်။ လူတစ်ယောက်နဲ့ ပတ်သက်လို့ တစ်ခုလောက်အမြင်မကြည်ရင် အဲဒီလူကို တစ်သက်လုံးအမြင်မကြည်တော့ပါဘူး။ တစ်ခါလောက်ပဲ အမှားလုပ်ဖူးတာနဲ့ အဲဒီလူဘာလုပ်လုပ် အမှန်မမြင်တော့ဘူး။ သူတို့အမြင်ကြည်တဲ့သူဆိုရင်တော့ ဘာလုပ်လုပ်ကို အမြင်ကြည်နေပြန်ရော။ အဲလို တစ်ဖက်စွန်းရောက်သူတွေပေါ့။ လူတိုင်းမှာ ကောင်းကွက် ဆိုးကွက်တွေ ရောနှောနေတယ်၊ လူတိုင်းဟာ တစ်ခါတစ်ရံ မှားတတ်တယ်ဆိုတာကို EQ နိမ့်တဲ့သူတွေက နားမလည်ပါဘူး။

စိတ်ထားမပြည့်ဝဘူးဆိုတာ ဘယ်ရှုထောင့်ကကြည့်ကြည့် မကောင်းပါဘူး။ ဉာဏ်ရည်ဘယ်လောက် မြင့်နေပါစေ စိတ်မထားတတ်သ၍ အောင်မြင်မှုဆီ ရောက်ဖို့ခက်ခဲနေအုံးမှာပါ။ စိတ်ရဲ့အဆင့်အတန်းဟာ လူတစ်ယောက်ရဲ့အဆင့်အတန်းကို ဖော်ပြနေတာပါ။ EQ ရော IQ ပါကောင်းတဲ့ သူများ ဖြစ်ကြပါစေ။