တန်ဖိုးရှိတဲ့မိန်းမကောင်း ၊ မိန်းမမြတ် ဖြစ်ဖို့ မဖြစ်မနေသိထားသင့်တဲ့ အချက် ( ၁၅ ) ချက်…!


aa 24



a 25













credit – O’ writer. & ‘photo.

(၁)သင် အရမ်းမချော အရမ်းမလှလည်း ရတယ်…ဒါပေမဲ့ ကိုယ့်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ တင့်တယ်တဲ့ အလှအပရှိရင် ကျေနပ်ဖို့လိုတယ် …။

(၂)ကိုယ်ရဲ့ချောမောလှပမှုအောက်မှာ အသိညဏ်ဆိုတာ ပေါင်းထပ်ထားရမယ်…ဒါမှ သိပ်လှတဲ့ မိန်းကလေးဖြစ်မယ်…။

(၃)မိန်းကလေးဆိုပြီး ပျော့ညံမနေရဘူး မိန်းကလေးတစ်ယောက်လို မဟုတ်ပဲ လူတစ်ယောက်လို ရှင်သန်ရမယ်… ရဲရင့်ရမယ် သန်မာရမယ် …။

(၄) မိမိမှာ ဦးနှောက်ရှိတာနဲ့ညဏ်ရည် မြင့်တာ ကို ကောင်းကောင်းကြီး ခွဲခြား တတ်ရမယ်…ဒါမှသာ ဘဝဆိုတဲ့ သက်တမ်းတိုတစ်ခုမှာ ကြုံလာတဲ့ လောကဓံတွေကို အကောင်းဆုံး ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်မယ်…။

(၅) တန်ဖိုးကြီးတဲ့ အသုံးအဆောင်တွေ သုံးပြီး…ဘယ်လောက်ပဲ လှအောင်ပြင်ပြင်…ဒါတွေက ခဏတာပဲဖြစ်တယ် စိတ်ရင်း စိတ်နေကောင်းပြီး စိတ်သဘောထားပြည့်ဝမှုကသာ ကြာရှည်ခံတဲ့ တစ်ကယ့်အလှ ဖြစ်တယ် …။

(၆) တစ်ခါတစ်လေမှာ ဘာမှမသိချင်ယောင် ဆောင်ပါ…ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ဘာမှမသိသလို တုံးတိတုံးအ နေတတ်ကြတယ် …။

(၇) စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် ဝမ်းနည်း ရင်ပဲဖြစ်ဖြစ် မျက်နှာကြီးကို ရှုံ့မဲ့ မထားနဲ့… သင့်အပြုံးတစ်ချက်ဟာ သိပ်လှတဲ့ ဘာသာစကားတစ်မျိုးပါ …။

(၈) သူ့ပုံစံကို ကိုယ် ကြည့်မရသလို ကိုယ့်အသွင်ပြင်ကိုလည်း သူက နှစ်သက်ချင်မှ နှစ်သက်လိမ့်မယ် ဘယ်တော့မှ ပုံသေ တွက်မထားပါနဲ့။ လူတိုင်းက သင့်ကို မနှစ်သက်နိုင်ပါဘူး …။

(၉) ကိုယ့်အားကိုယ်ကိုးဖို့ အမြဲတမ်း ကြိုးစားပါ…ငွေရေးကြေးရေးမှာ ပဲဖြစ်ဖြစ် အခက်ခဲတွေ ကြုံတွေ့တာ ပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ပါစေ …။

(၁၀) သင် သိထားရမယ့် မိန်းကလေးတွေ အမြဲတမ်း မှားတတ်တဲ့ အမှားက “သူပြောင်းလဲသွားပါမှာလေ” ဆိုပြီး စဉ်းစားပေးခြင်းဖြစ်တယ် …။

(၁၁) အားလပ်ချိန်မှာ စာဖတ်ပါ… စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ရင့်ကျက်သန်မာပါစေ …။

(၁၂) မိဘနေရာရောက်မှ မိဘကျေးဇူး သိသူ မဖြစ်ပါစေနဲ့…အနားမှာ ရှိတုန်းမှာ ဂရုစိုက်ပါ…ကျေးဇူးသိပါ …။

(၁၃) နှလုံးသားကို ကြီးကြီးထားပါ ရင်ခွင်ကို ကျယ်ကျယ်ထားပါ မနာလိုဝန်တိုမှုတွေကို လျှော့ချပါ ။ ရည်မွန်အောင် ကြိုးစားပါ ရှင်သန်ခြင်းကို ချစ်ပါ …။

(၁၄) ကိုယ့်ကိုယ် မချစ်ခင် မနှစ်သက်လို့ ထွက်သွားတာ သူ့ကိစ္စဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်ရွင်အောင်နေရမှာက ကိုယ့်ကိစ္စဖြစ်တယ် …။

(၁၅) ကိုယ်ရဲ့ ထက်မြက်မှုအောက်မှာ မာနကို ချိုးနှိမ်တတ်ဖို့လိုသလို စိတ်ထားဖြူ စင်တတ်မှု အောက်မှာ လည်း သဘောထားကြီးမားတတ်ဖို့လိုတယ်… ဒါမှတကယ်တော်ပြီး ထက်မြက်တဲ့ မိန်းကလေး ဖြစ်မယ်နော်…။

credit – O’ writer. & ‘photo.

Share this: