s1
မြန်မာနိုင်ငံ မှာ နေတဲ့သူတွေ မျက်စိပွင့်ကြ ပါတော့ရှင်…. ကြေက်စရာကြီးကို ကြောက်ရကောင်းမှန်း သိအောင် ကျွန်မ ဘယ်လိုများ ပြောရ ပါ့မလဲ ? ဟိုးအရင်တုန်းက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ စိမ်းစိုခဲ့တဲ့ ဒီ နိုင်ငံကြီးက နေရင်းထိုင်ရင်း ထပြီး ပူလာတာ မဟုတ်ပါဘူး … ။
aa 1
နောက်ထပ်လဲ ဒီထက် ဆက်ပြီး ခုတ်နေရင် ဒီ အပူလောက်နဲ့တင် ရပ်နေမှာ မဟုတ်ပါဘူး…ကျွန်မတို့ မြို့ထဲနားက ပန်ထရာ လမ်းမှာဆိုရင် အရင်က သက်သက်မဲ့ လှလွန်းလို့ လမ်းမကြုံကြုံအောင် ဖြတ်သွားရတဲ့ နေရာလေးပါ သစ်ပင်ရိပ်တွေနဲ့ လှမှလှ…..လွန်ခဲ့တဲ့ ၆ လလောက်ကမှ ဟိုတယ်ကြီးဆောက်ဖို့ ဆိုပြီး လှပ အုံ့ဆိုင်းနေတဲ့ အပင်အကြီးကြီး တွေကို ရက်ရက် စက်စက် ခုတ်ချလိုက်တာ မြို့ထဲက ဒဂုံမြို့နယ် ထဲမှာဆိုတော့ တောင်ဒဂုံနဲ့ မြောက်ဒဂုံကို အားကျ လို့လားမသိပါဘူး ။
s2
s3
ဒီပုံလေးကိုပဲ ကြည့်ကြည့်ပါ အရင်တုန်းက မြန်ာနိင်ငံရဲ့ အပူချိန်နဲ့ အခုဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အပူချိန်က မတွေးရဲ့စရာပါ… အာရှမှာ အပူဆုံးဆိုတာအပြင် သမိုးတစ်လျှောက်လုံးမှာ အပူဆုံးဆိုတာကို ပြထားတာပါ …။
Credit – celeplatform
စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေလို့ မြန်မာနိုင်ငံက လူတွေအတွက် သန္တာလှိုင် နှိုးဆော် …
မော်ဒယ် သန္တာလှိူင် ကတော့ မြန်မာနိုင်ငံမှာ နေတဲ့ သူတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် နှိုးဆော်လိုက်ပြီနော်..။ ကြောက်စရာ အခြေအနေ ရောက်နေလို့ မြန်မာနိုင်ငံက လူတွေ မျက်စိပွင့် ကြပါတော့ရှင်..လို့ နှိုးဆော် လိုက်တာပဲ ဖြစ်ပါတယ်… ။
မြန်မာနိုင်ငံ မှာ နေတဲ့သူတွေ မျက်စိပွင့်ကြ ပါတော့ရှင်…. ကြေက်စရာကြီးကို ကြောက်ရကောင်းမှန်း သိအောင် ကျွန်မ ဘယ်လိုများ ပြောရ ပါ့မလဲ ? ဟိုးအရင်တုန်းက အုံ့အုံ့ဆိုုင်းဆိုင်းနဲ့ စိမ်းစိုခဲ့တဲ့ ဒီ နိုင်ငံကြီးက နေရင်းထိုင်ရင်း ထပြီး ပူလာတာ မဟုတ်ပါဘူး … ။
စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေလို့ မြန်မာနိုင်ငံက လူတွေအတွက် သန္တာလှိုင် နှိုးဆော် 1
နောက်ထပ်လဲ ဒီထက် ဆက်ပြီး ခုတ်နေရင် ဒီ အပူလောက်နဲ့တင် ရပ်နေမှာ မဟုတ်ပါဘူး…ကျွန်မတို့ မြို့ထဲနားက ပန်ထရာ လမ်းမှာဆိုရင် အရင်က သက်သက်မဲ့ လှလွန်းလို့ လမ်းမကြုံကြုံအောင် ဖြတ်သွားရတဲ့ နေရာလေးပါ သစ်ပင်ရိပ်တွေနဲ့ လှမှလှ…..လွန်ခဲ့တဲ့ ၆ လလောက်ကမှ ဟိုတယ်ကြီးဆောက်ဖို့ ဆိုပြီး လှပ အုံ့ဆိုုင်းနေတဲ့ အပင်အကြီးကြီး တွေကို ရက်ရက် စက်စက် ခုတ်ချလိုက်တာ မြို့ထဲက ဒဂုံမြို့နယ် ထဲမှာဆိုတော့ တောင်ဒဂုံနဲ့ မြောက်ဒဂုံကို အားကျ လို့လားမသိပါဘူး …။
စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေလို့ မြန်မာနိုင်ငံက လူတွေအတွက် သန္တာလှိုင် နှိုးဆော် 2
ဟိုတယ် ဆိုတဲ့ ပါမစ်လေး တင်လိုက်တာနဲ့ ကောင်စီက ခုတ်ခွင့်တွေ ပေးလိုက်တာ… လွင်ထီးခေါင်ပြင်ကြီးကို ဖြစ်သွားရောပဲ…ဒီထက် ဆက်ပြီး အပူချိန် ပိုမြင့်လာရင် အပင်အသစ် တွေတာင် ပြန်စိုက်ဖို့ မလွယ်တော့တဲ့ သဲကန္ဒာရကြီးလို ဖြစ်သွားမှာ မကြောက်ကြဘူးလားရှင့် …။
စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေလို့ မြန်မာနိုင်ငံက လူတွေအတွက် သန္တာလှိုင် နှိုးဆော် 3
ဒီပုံလေးကိုပဲ ကြည့်ကြည့်ပါ အရင်တုန်းက မြန်ာနိင်ငံရဲ့ အပူချိန်နဲ့ အခုဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အပူချိန်က မတွေးရဲ့စရာပါ… အာရှမှာ အပူဆုံးဆိုတာအပြင် သမိုုးတစ်လျှောက်လုံးမှာ အပူဆုံးဆိုတာကို ပြထားတာပါ …။
စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေလို့ မြန်မာနိုင်ငံက လူတွေအတွက် သန္တာလှိုင် နှိုးဆော် 4
ဒီနှစ် အပူဆုံးဆိုတာနဲ့ နောင်နှစ် ဒီလောက်မူ့ဘူးလို့ ထင်နေတွေးနေကြမယ့် သူတွေကို သတင်းဆိုး တစ်ခု ပေးပါရစေ နောင်နှစ်ကျရင် ဒီထက် ပိုပြီး ပူဖို့ပဲ ရှိပါတယ်ရှင်… သစ်ပင်တွေ မစိုက်သရွေ့ သစ်ပင်တွေ ထပ်ပြီး ခုတ်နေသရွေ့…… ဒီနှစ်အပူဆုံးဆိုတာ နောင်နှစ်ကို မှီမှာ မဟုတ်ပါဘူးလို့…ငါနဲ့မဆိုင်ဘူးလို့ ထင်နေသောသူများကို ဒီpost လေး ရှယ်ပေးကြပါနော်… ဘယ်နေရာမှာလဲ ကြည့်ကြည့်လို့ ရပါတယ်… သစ်ပင်တွေ ပြန်စပြီး စိုက်ကြပါတော့ …။
Credit – celeplatform