၁၅ ႏွစ္အရြယ္ မိန္းကေလးက ေမြးၿပီး ေျမျမႇဳပ္ခဲ့သည့္ ကေလးကို ေခြးက ျပန္ေဖာ္ကယ္တင္ (႐ုပ္သံ)

ထိုင္းေတာင္ပိုင္း နခြန္းဆီထမရတ္ခ႐ုိင္ထဲမွာ ၁၅ ႏွစ္ရြယ္ ဆယ္ေက်ာ္သက္ မိန္းကေလးက ေမြးၿပီး ေျမျမႇဳပ္ထားတဲ့ ေမြးစကေလးတေယာက္ကို ေခြးတေကာင္က ျပန္ေဖာ္ၿပီး ကယ္တင္ခဲ့ပါတယ္ …။

2019 05 17 223446

နခြန္းဆီထမရတ္ခ႐ုိင္ ခၽြန္းဖုန္းၿမိဳ႕နယ္ ထာ့လတ္ေက်းရြာအုပ္စု ေနာင္ခန္ေက်းရြာက ႏြားေက်ာင္းသမား ႏုိင္းအူဆာဆိုသူဟာ ၿပီးခဲ့တဲ့ ေမလ ၅ ရက္ေန႔က ေတာထဲ ႏြားသြားေက်ာင္းစဥ္ အတူလိုက္လာတဲ့ သူ႔ေခြးက ေျမႀကီးကိုယက္ၿပီး ေဟာင္ေနလို႔ သြားၾကည့္ခဲ့ေၾကာင္း၊ အဲဒီေနရာမွာ ကေလးငိုသံနဲ႔အတူ ေျမႀကီးထဲကေန ေျခေထာက္တဖက္ထြက္လာလို႔ တူးေဖာ္ကယ္ဆယ္ၿပီး ရြာကို ေပြ႔လာခဲ့တယ္လို႔ သတင္းေထာက္ကို ေျပာပါတယ္ …။

2019 05 17 223515

ရြာေရာက္ေတာ့ ရြာသားေတြက ကေလးငယ္ကို ခၽြန္းဖုန္းေဆး႐ုံ ပို႔ေပးခဲ့ေၾကာင္း၊ ကေလးငယ္ဟာ အေလးခ်ိန္ ၂၄၀၀ ဂရမ္ရွိ ေယာက်္ားေလးျဖစ္ၿပီး ေဆး႐ုံရဲ႕ ျပဳစုမႈေအာက္မွာ က်န္းက်န္းမာမာ ရွိေနတယ္လို႔ ဆိုပါတယ္ …။

ေဆး႐ုံက ရဲကို အေၾကာင္းၾကားရာမွာ ရဲတပ္ဖြဲ႔က မိမိရင္ေသြးကို စြန္႔ပစ္ၿပီး ေျမျမႇဳပ္ခဲ့တဲ့ ကေလးအေမကို လိုက္လံရွာေဖြခဲ့ေၾကာင္း၊ အဲဒီရြာထဲက အသက္ ၁၅ ႏွစ္ရြယ္ မိန္းကေလး တေယာက္ဟာ အမ်ိဳးသမီးဓမၼတာသံုး ဂြမ္းထုပ္ေတြကို သံသယျဖစ္ဖြယ္ အမ်ားႀကီး ဝယ္ယူခဲ့လို႔ ေက်းရြာတာဝန္ရွိသူေတြက ေခၚစစ္ရာ သူမဟာ ကေလးအေမျဖစ္ေၾကာင္း ဝန္ခံခဲ့တယ္လို႔ သတင္းေထာက္ကို ေျပာပါတယ္ …။

အဲဒီမိန္းကေလးဟာ ကိုယ္ဝန္ရွိေနတာကို အိမ္ကမိဘေတြ သိမွာစိုးလို႔ ဖံုးဖိခဲ့ေၾကာင္း၊ ကေလးကိုလည္း သူမဘာသာေမြးၿပီး လူမသိေအာင္ ေတာထဲသြား ျမႇဳပ္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္ …။

တာဝန္ရွိသူေတြက အဲဒီမိန္းကေလးကို ဥပေဒအရ အေရးယူဖို႔ ထိန္းသိမ္းထားၿပီး မိန္းကေလး မိဘေတြကေတာ့ အဲဒီကေလးေလးကို ေမြးစားဖို႔ ေဆး႐ုံကို ျပန္ေတာင္းထားပါတယ္ …။

ကေလးေလးကို ေျမႀကီးထဲကေန ျပန္ေဖာ္ခဲ့တဲ့ ေခြးကေတာ့ ဘိင္းေပါင္းလို႔ေခၚၿပီး ႏြားေက်ာင္းသားက ေမြးထားတာ ၆ ႏွစ္ရွိၿပီျဖစ္ေၾကာင္း၊ ဘိင္းေပါင္းဟာ မႏွစ္က ကားတိုက္ခံရလို႔ ေျခတဖက္က်ိဳးေနေၾကာင္း၊ သူဟာ အနက္ေရာင္အေမြးရွိၿပီး မလွမပ ဒုကၡိတေခြးတေကာင္ ျဖစ္ေပမယ့္ ကေလးကို ၾကင္နာသနားစြာ ကယ္တင္ခဲ့တဲ့ သူရဲေကာင္းအျဖစ္ လူေတြက ခ်ီးက်ဴးေနၾကပါတယ္ …။

Credit – DVB

ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲမှာ ၁၅ နှစ်ရွယ် ဆယ်ကျော်သက် မိန်းကလေးက မွေးပြီး မြေမြှုပ်ထားတဲ့ မွေးစကလေးတယောက်ကို ခွေးတကောင်က ပြန်ဖော်ပြီး ကယ်တင်ခဲ့ပါတယ် …။

နခွန်းဆီထမရတ်ခရိုင် ချွန်းဖုန်းမြို့နယ် ထာ့လတ်ကျေးရွာအုပ်စု နောင်ခန်ကျေးရွာက နွားကျောင်းသမား နိုင်းအူဆာဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က တောထဲ နွားသွားကျောင်းစဉ် အတူလိုက်လာတဲ့ သူ့ခွေးက မြေကြီးကိုယက်ပြီး ဟောင်နေလို့ သွားကြည့်ခဲ့ကြောင်း၊ အဲဒီနေရာမှာ ကလေးငိုသံနဲ့အတူ မြေကြီးထဲကနေ ခြေထောက်တဖက်ထွက်လာလို့ တူးဖော်ကယ်ဆယ်ပြီး ရွာကို ပွေ့လာခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ် …။

ရွာရောက်တော့ ရွာသားတွေက ကလေးငယ်ကို ချွန်းဖုန်းဆေးရုံ ပို့ပေးခဲ့ကြောင်း၊ ကလေးငယ်ဟာ အလေးချိန် ၂၄၀၀ ဂရမ်ရှိ ယောကျ်ားလေးဖြစ်ပြီး ဆေးရုံရဲ့ ပြုစုမှုအောက်မှာ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆိုပါတယ် …။

ဆေးရုံက ရဲကို အကြောင်းကြားရာမှာ ရဲတပ်ဖွဲ့က မိမိရင်သွေးကို စွန့်ပစ်ပြီး မြေမြှုပ်ခဲ့တဲ့ ကလေးအမေကို လိုက်လံရှာဖွေခဲ့ကြောင်း၊ အဲဒီရွာထဲက အသက် ၁၅ နှစ်ရွယ် မိန်းကလေး တယောက်ဟာ အမျိုးသမီးဓမ္မတာသုံး ဂွမ်းထုပ်တွေကို သံသယဖြစ်ဖွယ် အများကြီး ဝယ်ယူခဲ့လို့ ကျေးရွာတာဝန်ရှိသူတွေက ခေါ်စစ်ရာ သူမဟာ ကလေးအမေဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ် …။

အဲဒီမိန်းကလေးဟာ ကိုယ်ဝန်ရှိနေတာကို အိမ်ကမိဘတွေ သိမှာစိုးလို့ ဖုံးဖိခဲ့ကြောင်း၊ ကလေးကိုလည်း သူမဘာသာမွေးပြီး လူမသိအောင် တောထဲသွား မြှုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် …။

တာဝန်ရှိသူတွေက အဲဒီမိန်းကလေးကို ဥပဒေအရ အရေးယူဖို့ ထိန်းသိမ်းထားပြီး မိန်းကလေး မိဘတွေကတော့ အဲဒီကလေးလေးကို မွေးစားဖို့ ဆေးရုံကို ပြန်တောင်းထားပါတယ် …။

ကလေးလေးကို မြေကြီးထဲကနေ ပြန်ဖော်ခဲ့တဲ့ ခွေးကတော့ ဘိင်းပေါင်းလို့ခေါ်ပြီး နွားကျောင်းသားက မွေးထားတာ ၆ နှစ်ရှိပြီဖြစ်ကြောင်း၊ ဘိင်းပေါင်းဟာ မနှစ်က ကားတိုက်ခံရလို့ ခြေတဖက်ကျိုးနေကြောင်း၊ သူဟာ အနက်ရောင်အမွေးရှိပြီး မလှမပ ဒုက္ခိတခွေးတကောင် ဖြစ်ပေမယ့် ကလေးကို ကြင်နာသနားစွာ ကယ်တင်ခဲ့တဲ့ သူရဲကောင်းအဖြစ် လူတွေက ချီးကျူးနေကြပါတယ် …။

Credit – DVB