အာ႐ံုေၾကာ အားနည္းျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ ေနာက္ဆက္တြဲ ျပႆနာမ်ားႏွင့္ ေဆာင္ရန္ ေ႐ွာင္ရန္မ်ား…!

အာရံုေၾကာ အားနည္းေရာဂါ သည္ အာရံုေၾကာမ်ား ပ်က္စီးမႈ ေၾကာင့္ ျဖစ္ေသာ ေရာဂါျဖစ္ပါသည္။ အာရံုေၾကာမ်ား၏ တာဝန္မွာ ဦးေႏွာက္ႏွင့္ ပင္မအာရံုေၾကာမၾကီးမွ သတင္းအခ်က္အလက္မ်ားကို ခႏၶာကုိယ္၏ က်န္အစိတ္အပိုင္းမ်ားသုိ႔ ပို႔လႊတ္ေပးပါသည္။

ေရာဂါလကၡဏာမ်ားမွာ လက္မ်ား၊ ေျခေထာက္မ်ား လႈပ္ရွားမႈ အားနည္းျခင္း၊ ပင္အပ္ႏွင့္ ထုိးသကဲ့သုိ႔ စူးကနဲ၊ ပူကနဲ ျဖစ္ျခင္း၊ ထံုက်င္ျခင္း၊ အထိမခံႏုိင္ျဖစ္ျခင္းတုိ႔ ျဖစ္ပါသည္။ အခ်ိဳ႕လူနာမ်ားတြင္ ေခၽြးထြက္မမွန္ကန္ျခင္း၊ အထုိင္အထ မိုက္ခနဲျဖစ္ျခင္း၊ ဆီးဝမ္းႏွင့္ အစာေျခဆုိင္ရာ ျပႆနာမ်ား၊ ေယာက်ာ္းမ်ား စြမ္းေဆာင္ရည္ အားနည္းျခင္းတုိ႔ ျဖစ္ႏုိင္ပါသည္။

ျဖစ္ေစေသာ အေၾကာင္းအရင္းမ်ားမွာ

ထိခိုက္ ဒဏ္ရာမ်ား၊ ေရာဂါ ပိုးမ်ား၊ ဇီဝျဖစ္စဥ္ ျပႆနာမ်ား၊ ဆီးခ်ိဳေရာဂါ၊ အရက္ေသာက္ျခင္း၊ အာရံုေၾကာကို ဖိမိျခင္း၊ Vitamin ခ်ိဳ႕တဲ့ျခင္း၊ ရုိးတြင္းခ်ဥ္ဆီ ျပႆနာမ်ား၊ အလုိအေလ်ာက္ ခုခံမႈအား ဆုိင္ရာေရာဂါမ်ား၊ ေက်ာက္ကပ္အသည္းေရာဂါမ်ား၊ မ်ိဳးရုိးလုိက္ေသာ ေရာဂါမ်ား၊ အဆိတ္အေတာက္မ်ား ထိေတြ႕မႈ တုိ႔ေၾကာင့္ ျဖစ္ႏုိင္ပါသည္။

ေနာက္ဆက္တြဲျပႆနာမ်ား

ထံုေနျခင္းေၾကာင့္ အေရျပားထိခိုက္ လြယ္ျခင္း၊ အပူေလာင္လြယ္ျခင္း၊ ထိခိုက္ရွနာျဖစ္လြယ္ျခင္း၊ ပိုးဝင္လြယ္ျခင္း၊ ဟန္ခ်က္မညီပဲ ေခ်ာ္လဲလြယ္ျခင္း။

ေဆာင္ရန္ ေ႐ွာင္ရန္မ်ား

အာ႐ံုေၾကာအားေကာင္းေစေသာ ရဲယို၊ ျမင္းခြာရြက္၊ ဒန္႔သလြန္ရြက္၊ ဆင္တုံးမႏြယ္တို႔ကုိ မၾကာခဏ စားေပးသင့္သည္။ ထုိ႔ျပင္ ငါးၾကင္း၊ ငါးလူး၊ ငါးသလဲထုိး တုိ႔ကုိ ကင္ပြန္းခ်ဥ္ရြက္ႏွင့္ ခ်က္စားျခင္း၊ ေရွာက္သီးသုပ္၊ သံပရာသီးသုပ္တုိ႔ကုိ မၾကာခဏ စားေပးသင့္သည္။ မွ်တေသာ၊ ေၾကညက္လြယ္ေသာ အာဟာရတုိ႔ကုိ စားေပးရမည္။ ေသြး အားေကာင္းေစေသာ အစားအစာ၊အသီးအႏွံမ်ားကုိလည္း စားသုံးေပးသင့္သည္။

အာ႐ံုေၾကာအားနည္း ေရာဂါတြင္ အေအးခံလြန္းျခင္း၊ အေအးစာမ်ားကုိ လြန္စြာစားသုံးျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အစာကုိအခ်ိန္မွန္မစားျခင္း၊ ကြမ္းစားျခင္း၊ အတက္စာမ်ား အစားမ်ားျခင္း၊အိပ္ေရးပ်က္ခံျခင္း၊ ပင္ပန္းေသာအလုပ္မ်ား လြန္စြာ လုပ္ကုိင္ျခင္းတုိ႔ကုိ ေရွာင္ၾကဥ္ရမည္။

အာ႐ံုေၾကာ အားနည္းေရာဂါကုိ သက္သာေစရန္အတြက္ သင့္ေလ်ာ္ေသာ ကုိယ္လက္လႈပ္ရွားမႈမ်ားကုိ ျပဳလုပ္ေပးသင့္သည္။ စားေသာက္ခ်ိန္ကုိ အခ်ိန္မွန္ေစျခင္း၊ အခ်ိန္မွန္မွန္ အိပ္ျခင္း၊ စိတ္ဖိစီးမႈေလ်ာ့နည္းေစရန္အတြက္ တရားထုိင္ျခင္း၊ ေႏြးေႏြးေထြးေထြးႏွင့္ သန္႔ရွင္းလတ္ဆတ္ေသာ ေနရာတြင္ေနျခင္း၊ နံနက္ေစာေစာတြင္ ေနပူဆာလႈံျခင္းတုိ႔ကုိ ျပဳလုပ္ေပးသင့္သည္။

Credit : မူရင္းေရးသားသူ

Unicodeဖြင့်ဖတ်ရန်

အာရုံကြော အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများနှင့် ဆောင်ရန် ရှောင်ရန်များ

အာရုံကြော အားနည်းခြင်းဆိုတာ ဘာလဲ နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်လဲ

အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။

ရောဂါလက္ခဏာများမှာ လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ၊ ယောကျာ်းများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။

ဖြစ်စေသော အကြောင်းအရင်းများမှာ

ထိခိုက် ဒဏ်ရာများ၊ ရောဂါ ပိုးများ၊ ဇီဝဖြစ်စဉ် ပြဿနာများ၊ ဆီးချိုရောဂါ၊ အရက်သောက်ခြင်း၊ အာရုံကြောကို ဖိမိခြင်း၊ Vitamin ချို့တဲ့ခြင်း၊ ရိုးတွင်းချဉ်ဆီ ပြဿနာများ၊ အလိုအလျောက် ခုခံမှုအား ဆိုင်ရာရောဂါများ၊ ကျောက်ကပ်အသည်းရောဂါများ၊ မျိုးရိုးလိုက်သော ရောဂါများ၊ အဆိတ်အတောက်များ ထိတွေ့မှု တို့ကြောင့် ဖြစ်နိုင်ပါသည်။

နောက်ဆက်တွဲပြဿနာများ

ထုံနေခြင်းကြောင့် အရေပြားထိခိုက် လွယ်ခြင်း၊ အပူလောင်လွယ်ခြင်း၊ ထိခိုက်ရှနာဖြစ်လွယ်ခြင်း၊ ပိုးဝင်လွယ်ခြင်း၊ ဟန်ချက်မညီပဲ ချော်လဲလွယ်ခြင်း။

ဆောင်ရန် ရှောင်ရန်များ

အာရုံကြောအားကောင်းစေသော ရဲယို၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်သည်။ ထို့ပြင် ငါးကြင်း၊ ငါးလူး၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း၊ ရှောက်သီးသုပ်၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်သည်။ မျှတသော၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရမည်။ သွေး အားကောင်းစေသော အစားအစာ၊အသီးအနှံများကိုလည်း စားသုံးပေးသင့်သည်။

အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း၊ အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများ အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။

အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်း၊ နွေးနွေးထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။

Credit : မူရင်းရေးသားသူ