ရန္ကုန္တိုင္းအစိုးရခြင့္ျပဳထားသည့္ အစၥလမ္ဘာသာ ဥပုဒ္လ ၀တ္ျပဳေနရာကို လူ ၂၀၀ ျဖင့္ဝိုင္း၍ ပိတ္ခိုင္း…!

ရန္ကုန္၊ ေမ ၁၅

ရန္ကုန္တိုင္းေဒသႀကီးအစိုးရက အစၥလမ္ဘာသာ၀င္မ်ား၏ ဥပုဒ္လအတြက္ တရား၀င္ ၀တ္ျပဳခြင့္ျပဳထားေသာ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ ၂၆ ရပ္ကြက္ရွိ ၀တ္ျပဳ အေဆာက္အအုံတစ္ခုကို ေမလ ၁၄ ရက္ေန႔ ညပိုင္းက လူ ၂၀၀ ခန္႔က လူအုပ္စုျဖင့္ ဝိုင္း၀န္းၿပီး ဖိအားေပးသျဖင့္ ၀တ္ျပဳခြင့္ ပိတ္ပင္ခံရ ေၾကာင္း သိရွိရသည္။

အစၥလမ္ဘာသာေရးအတြက္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းတြင္ ၀တ္ျပဳခြင့္ ၁၆ ေနရာ ေတာင္းခံ တင္ျပခဲ့ေသာ္လည္း ရန္ကုန္တိုင္းအစိုးရက ၃ ေနရာကိုသာ တရား၀င္ ၀တ္ျပဳခြင့္ ေနရာအျဖစ္ ခြင့္ျပဳခဲ့ေၾကာင္း၊ တိုင္းအစိုးရ တရား၀င္ ခြင့္ျပဳေပးေသာ ၀တ္ျပဳေနရာ ၃ ခုတြင္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိ္ုင္းၿမိဳ႕နယ္၊ ၂၆ ရပ္ကြက္ရွိ ေနရာလ္း အပါအ၀င္ျဖစ္ေၾကာင္း သိရွိရသည္။

ယမန္ေန႔ညပိုင္း လူ ၂၀၀ ခန္႔က ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ ၂၆ ရပ္ကြက္႐ုံးကို လာေရာက္ဝိုင္းၿပီး အစၥလမ္ဘာသာ၀င္မ်ား ၀တ္ျပဳေနရာကို ၀တ္ျပဳခြင့္ မျပဳရန္ ေတာင္းဆိုခဲ့ၾကေၾကာင္း သိရွိရသည္။

“က်ေနာ္တို႔ ေတာင္ဒဂုံမွာ က်ေနာ္တို႔ ဥပုဒ္လ အတြက္ တိုင္းေဒသႀကီး အစိုးရအဖြဲ႔ကို ၃ ေနရာ သတ္မွတ္ေပးတယ္။ က်ေနာ္တို႔ တင္ထားတာ ေတာင္ဒဂုံၿမိဳ႕နယ္မွာ ၁၆ ေနရာ တင္ထားတာ ၃ ေနရာ ဘဲ ခြင့္ျပဳခ်က္ေပးတယ္။ ၃ ေနရာထဲ ညကျဖစ္တဲ့ ေယာက္ေဂါ ေနရာ ပါတယ္။ အဲ့ေနရာမွ တိ္ုင္းေဒသအစိုးရအဖြဲ႔ကေန ဒီေနရာမွ ဥပုဒ္လ မွာ တရားဝင္ ဝတ္ျပဳဆုေတာင္းခြင့္ေပးတယ္။ ဘုရားရွစ္ခိုးခြင့္ေပးတယ္။

မေန႔ညက ဘယ္မွာေနထိုင္မွန္းမသိတဲ့လူေတြက လာၿပီးေတာ့ ဒီဟာကို ဝတ္ျပဳလိုမရဘူး ၊ ပိတ္ပါ ၊ ျပဳပါလို အင္အား ၂၀၀ ေလာက္ လာလုပ္တယ္။ က်ေနာ္တို႔ကို တရားဝင္ စာနဲ႔ ခြင့္ျပဳထားၿပီးေတာ့ တရားမဝင္ ႏုတ္မိန္႔ နဲ႔ ဝတ္ျပဳလို႕မရဘူး ။ ကန္႔ကြက္တဲ့သူေတြ ရွိတယ္ဆိုၿပီး မေန႔ညက လာတားတယ္” ဟု ျမန္မာႏိုင္ငံအစၥလမ္ဘာသာေရးအဖြဲ႕မွ ဦးေဇာ္မင္းလတ္က ေျပာသည္။

ရန္ကုန္တိုင္းအစိုးရက တရား၀င္စာျဖင့္ ခြင့္ျပဳထားေသာ ၀တ္ျပဳေနရာကို ရပ္ကြက္ဥကၠ႒က ႏုတ္မိန္႔ျဖင့္ ပိတ္ပင္ခဲ့ေၾကာင္း သိရွိရသည္။

“ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔က တစ္လဝတ္ျပဳပါ ဆိုၿပီး တရားဝင္ ထုတ္ျပန္ေပးထားတယ္။ အခုမွ အစိုးရမဟုတ္ေသာ အဖြဲ႔တစ္ဖြဲ႔က ဒီေနရာကို လာၿပီး ဝတ္ျပဳတာ မရဘူး ၊ ဆိုရင္ ညကလူေတြက အစိုးရထက္ ႀကီးတဲ့လူေတြလား ။ ၀တ္ျပဳကိုးကြယ္ခြင့္က မေနညကတည္း ရပ္ကြက္ ဥကၠ႒က ႏႈတ္မိန္႔နဲ႔ လာပိတ္သြားၿပီ ။ ႏုတ္မိန္႔နဲ႔ ပိတ္သြားတယ္။ တိုင္းေဒသႀကီး အစိုးရက တရားဝင္ခြင့္ျပဳခ်က္ေပးတယ္။ ဒီေနရာမွာ ဝတ္ျပဳပါ ။

ခြင့္ျပဳခ်က္ေပးတဲ့ေနရာကို အစိုးရထက္ ႀကီးတဲ့ အဖဲြ႕တစ္ခုက လာေျပာလိုလား ၊ ရပ္ကြက္ဥကၠ႒က ႏုတ္မိန္႔ နဲ႔ ဝတ္မျပဳနဲ႔ေတာ့ ၊ ပိတ္ပါလို ႏုတ္မိန္႔ နဲ႔ လာတားသြားတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က မၾကာေသးကပဲ ေျပာတယ္။ ႏႈတ္မိန္႔နဲ႔ မည္သူကိစၥမွ တားလို မရဘူး ေျပာသြားတဲ့ စကား ၾကားမိမွာပါ။ သို႔ေသာ္ ႏုတ္မိန္႕ နဲ႔ ဘယ္သူကိစၥမွ တားလို မရဘူး ဆိုတာက က်ေနာ္ထင္တာက အစၥလာမ္ ဘာသာဝင္မွ အပ လို႔ ထင္တယ္” ဟု ဦးေဇာ္မင္းလတ္က ဆိုသည္။

ဓာတ္ပုံ- လူ ၂၀၀ ခန္႔က ရပ္ကြက္႐ုံးကို ဝိုင္း၍ အစၥလမ္ဘာသာ၀င္မ်ား ၀တ္ျပဳေနရာကို ပိတ္ပင္ခိုင္းခဲ့ၾကသည္။

Photo Credit – မင္း႐ိုးယာဥ္ Facebook

ရန်ကုန်၊ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အစ္စလမ်ဘာသာဝင်များ၏ ဥပုဒ်လအတွက် တရားဝင် ဝတ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရှိ ဝတ်ပြု အဆောက်အအုံတစ်ခုကို မေလ ၁၄ ရက်နေ့ ညပိုင်းက လူ ၂၀၀ ခန့်က လူအုပ်စုဖြင့် ဝိုင်းဝန်းပြီး ဖိအားပေးသဖြင့် ဝတ်ပြုခွင့် ပိတ်ပင်ခံရ ကြောင်း သိရှိရသည်။

အစ္စလမ်ဘာသာရေးအတွက် ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဝတ်ပြုခွင့် ၁၆ နေရာ တောင်းခံ တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်းအစိုးရက ၃ နေရာကိုသာ တရားဝင် ဝတ်ပြုခွင့် နေရာအဖြစ် ခွင့်ပြုခဲ့ကြောင်း၊ တိုင်းအစိုးရ တရားဝင် ခွင့်ပြုပေးသော ဝတ်ပြုနေရာ ၃ ခုတွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရှိ နေရာလ်း အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ညပိုင်း လူ ၂၀၀ ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရုံးကို လာရောက်ဝိုင်းပြီး အစ္စလမ်ဘာသာဝင်များ ဝတ်ပြုနေရာကို ဝတ်ပြုခွင့် မပြုရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

“ကျနော်တို့ တောင်ဒဂုံမှာ ကျနော်တို့ ဥပုဒ်လ အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ၃ နေရာ သတ်မှတ်ပေးတယ်။ ကျနော်တို့ တင်ထားတာ တောင်ဒဂုံမြို့နယ်မှာ ၁၆ နေရာ တင်ထားတာ ၃ နေရာ ဘဲ ခွင့်ပြုချက်ပေးတယ်။ ၃ နေရာထဲ ညကဖြစ်တဲ့ ယောက်ဂေါ နေရာ ပါတယ်။ အဲ့နေရာမှ တိုင်းဒေသအစိုးရအဖွဲ့ကနေ ဒီနေရာမှ ဥပုဒ်လ မှာ တရားဝင် ဝတ်ပြုဆုတောင်းခွင့်ပေးတယ်။ ဘုရားရှစ်ခိုးခွင့်ပေးတယ်။

မနေ့ညက ဘယ်မှာနေထိုင်မှန်းမသိတဲ့လူတွေက လာပြီးတော့ ဒီဟာကို ဝတ်ပြုလိုမရဘူး ၊ ပိတ်ပါ ၊ ပြုပါလို အင်အား ၂၀၀ လောက် လာလုပ်တယ်။ ကျနော်တို့ကို တရားဝင် စာနဲ့ ခွင့်ပြုထားပြီးတော့ တရားမဝင် နုတ်မိန့် နဲ့ ဝတ်ပြုလို့မရဘူး ။ ကန့်ကွက်တဲ့သူတွေ ရှိတယ်ဆိုပြီး မနေ့ညက လာတားတယ်” ဟု မြန်မာနိုင်ငံအစ္စလမ်ဘာသာရေးအဖွဲ့မှ ဦးဇော်မင်းလတ်က ပြောသည်။

ရန်ကုန်တိုင်းအစိုးရက တရားဝင်စာဖြင့် ခွင့်ပြုထားသော ဝတ်ပြုနေရာကို ရပ်ကွက်ဥက္ကဋ္ဌက နုတ်မိန့်ဖြင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်လဝတ်ပြုပါ ဆိုပြီး တရားဝင် ထုတ်ပြန်ပေးထားတယ်။ အခုမှ အစိုးရမဟုတ်သော အဖွဲ့တစ်ဖွဲ့က ဒီနေရာကို လာပြီး ဝတ်ပြုတာ မရဘူး ၊ ဆိုရင် ညကလူတွေက အစိုးရထက် ကြီးတဲ့လူတွေလား ။ ဝတ်ပြုကိုးကွယ်ခွင့်က မနေညကတည်း ရပ်ကွက် ဥက္ကဋ္ဌက နှုတ်မိန့်နဲ့ လာပိတ်သွားပြီ ။ နုတ်မိန့်နဲ့ ပိတ်သွားတယ်။ တိုင်းဒေသကြီး အစိုးရက တရားဝင်ခွင့်ပြုချက်ပေးတယ်။ ဒီနေရာမှာ ဝတ်ပြုပါ ။

ခွင့်ပြုချက်ပေးတဲ့နေရာကို အစိုးရထက် ကြီးတဲ့ အဖွဲ့တစ်ခုက လာပြောလိုလား ၊ ရပ်ကွက်ဥက္ကဋ္ဌက နုတ်မိန့် နဲ့ ဝတ်မပြုနဲ့တော့ ၊ ပိတ်ပါလို နုတ်မိန့် နဲ့ လာတားသွားတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မကြာသေးကပဲ ပြောတယ်။ နှုတ်မိန့်နဲ့ မည်သူကိစ္စမှ တားလို မရဘူး ပြောသွားတဲ့ စကား ကြားမိမှာပါ။ သို့သော် နုတ်မိန့် နဲ့ ဘယ်သူကိစ္စမှ တားလို မရဘူး ဆိုတာက ကျနော်ထင်တာက အစ္စလာမ် ဘာသာဝင်မှ အပ လို့ ထင်တယ်” ဟု ဦးဇော်မင်းလတ်က ဆိုသည်။

ဓာတ်ပုံ- လူ ၂၀၀ ခန့်က ရပ်ကွက်ရုံးကို ဝိုင်း၍ အစ္စလမ်ဘာသာဝင်များ ဝတ်ပြုနေရာကို ပိတ်ပင်ခိုင်းခဲ့ကြသည်။

Photo Credit – မင်းရိုးယာဉ် Facebook