ကား႐ိုက္မ႐ွိလို႔ ကေလးစရိတ္ေတာင္ အဆင္မေျပဘူးဆိုတဲ့ ႏိႈင္းယွဥ္ျမင့္မိုရ္…!

ျမန္မာဗီဒီယိုဇာတ္လမ္းေတြထဲမွာဇာတ္ပို႔အေနနဲ႔သ႐ုပ္ေဆာင္ခဲ့ၿပီးအခုခ်ိန္မွာဗီဒီယိုေစ်းကြက္ယိုယြင္းလာမႈဒဏ္ေတြကိုခံေနရတဲ့သူေတြထဲကတစ္ေယာက္ျဖစ္တဲ့ႏိႈင္းယွဥ္ျမင့္မိုရ္တစ္ေယာက္ကိုေတာ့သိၾကမယ္ထင္ပါတယ္။သူကနဲ႔အင္တာဗ်ဴးတစ္ခုမွာသူႀကံုေတြေနရတဲ့ဘဝျဖတ္သန္းမႈအေျခအေနေတြကိုေျပာျပသြားပါတယ္။သူေျပာျပသြားတဲ့အေၾကာင္းေတြကိုေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြကို သိေအာင္ေျပာျပေပးလိုက္ပါတယ္။

လတ္တေလ အႏုပညာလႈပ္႐ွားမႈေတြကို“ဘာမွမ႐ိွပါဘူး။မေန႔ကမွက်ိဳက္ထိုကေဖ်ာ္ေျဖၿပီးျပန္လာတာပါ။က်ိဳက္ထို႐ိုး႐ိုးေလး ဟိုတယ္ပိုင္႐ွင္ရဲ႕ ရဟန္းခံ႐ွင္ျပဳပြဲေပ့ါေနာ္ ကိုႀကီးခင္လိွဳင္တို႔အဖြဲ႔နဲ႔ အိမ့္ခ်စ္တို႔ကိုဟဲေလးတို႔နဲ႔ခ်စ္ငယ္တို႔နဲ႔သီခ်င္းဆိုၿပီးေတာ့ ျပန္လာတာပါ။”လို႔ေျပာျပသြားတဲ့အျပင္ဗီဒီယိုေစ်းကြက္ပ်က္သြားတာနဲ႔ပတ္သက္ၿပီးႀကံဳေတြေနရတဲ့အေျခအေနေတြကိုလည္း “အနည္းငယ္အခက္အခဲမဟုတ္ဘူး။

အရမ္းႀကီးကိုအခက္အခဲျဖစ္ေနတာသိသေလာက္ေတာ့။ဒါေပမဲ့တခ်ိဳ႕စက္အဖြဲ႔ေတြ က်ေတာ့လည္းျမင္ခဲ့တာဇာတ္လမ္းတြဲေတြဘာေတြမွာျပန္လုပ္ေနတယ္။သူတို႔ကိုေတြ႔လိုက္ေတာ့စိတ္ေအးသြားတယ္ေပါ။တခ်ိဳ႕အဆင္မေျပတဲ့သူေတြလည္း႐ိွပါတယ္။ဇာတ္ပို႔ဇာတ္ရန္ေတြ၊လူၾကမ္းေတြအရမ္းကိုတိုင္ေတြပတ္ေနၾကတယ္။ဘာအလုပ္မွာလဲမ႐ိွၾကဘူး ။အဲ့ဒီလိုမ်ိဳးေတြျဖစ္ေနတယ္လို႔သတင္းၾကားတယ္။ သမီးကိုယ္တိုင္လည္းအခက္အခဲေတြျဖစ္ေနတယ္။

ကေလးေက်ာင္းစရိတ္ေတြနဲ႔တလတလ ေပါအဲ့ဒီလိုမ်ိဳးအိမ္လခေတြနဲ႔ ျဖစ္ေနတယ္ေပါ့ ။အဲ့ဒီလိုမ်ိဳးေတြျဖစ္ေနတယ္ဆိုေတာ့ သမီးတို႔စိတ္ထဲမွာသမီးတို႔ေလာကႀကီးအဲ့ေလာက္ႀကီးျဖစ္သြားလိမ့္မယ္လို႔သမီးတို့မထင္ထားဘူးေပါ့။သမီးကိုေျပာတယ္။နင္တို႔ဘာလို႔ မစုခဲ့မေဆာင္းခဲ့တာလဲ အရမ္းရယ္ခ်င္ပါတယ္။ သမီးတို႔ဘယ္ေလာက္ရလို႔လဲလို႔ စုရေအာင္ေလ။ ကေလးစရိတ္ ၊ အိမ္စရိတ္ေတြနဲ႔သမီးတို႔ရတာေလးနဲ႕က ကြက္တိေတာင္မက်ဘူး လိုေတာင္လိုေနေသးတယ္။

အဆမတန္လည္းကြာတယ္။ အဲ့ဒီအတြက္ကို ဒါေပမယ့္ေက်နပ္တယ္။ ကိုယ္လုပ္ခ်င္တဲ့အလုပ္ကို လုပ္ေနရတဲ့အတြက္ေပါ့ေနာ္။ ဒါေပမယ့္ဒီလိုမ်ိဳးႀကီး ကိုယ့္ေလာကႀကီးရပ္သြားမယ္လို႔ပ်က္သြားမယ္လို႔ေတာ့မထင္ဘူးေပါ့။အခုေတာ့ႏိႈင္းယွဥ္ကေတာ့ဒီကား႐ိုက္မ႐ိွတဲ့အခ်ိန္ဆိုသီခ်င္းဆိုတတ္ေနေတာ့ပြဲေလးေတြေတာ့ဆိုျဖစ္ေနပါတယ္။တစ္ခုမဟုတ္ကေတာ့တက္နဲ႔မရလည္းလက္နဲ႔ေလွာ္ရမယ့္အေျခအေနျဖစ္ေနၿပီ ”ဆိုၿပီးေျပာျပသြားပါတယ္။

CRD-Nanmalgyi

Video ဖုိင္ၾကည့္ရန္

UNICODE

မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲမှာဇာတ်ပို့အနေနဲ့သရုပ်ဆောင်ခဲ့ပြီးအခုချိန်မှာဗီဒီယိုဈေးကွက်ယိုယွင်းလာမှုဒဏ်တွေကိုခံနေရတဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက်ကိုတော့သိကြမယ်ထင်ပါတယ်။သူကနဲ့အင်တာဗျူးတစ်ခုမှာသူကြုံတွေနေရတဲ့ဘဝဖြတ်သန်းမှုအခြေအနေတွေကိုပြောပြသွားပါတယ်။သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ မိတ်ဆွေတွေကို သိအောင်ပြောပြပေးလိုက်ပါတယ်။

လတ်တလေအနုပညာလှုပ်ရှားမှုတွေကို“ဘာမှမရှိပါဘူး။မနေ့ကမှကျိုက်ထိုကဖျော်ဖြေပြီးပြန်လာတာပါ။ကျိုက်ထိုရိုးရိုးလေးဟိုတယ်ပိုင်ရှင်ရဲ့ရဟန်းခံရှင်ပြုပွဲပေ့ါနော်ကိုကြီးခင်လှိုင်တို့အဖွဲ့နဲ့အိမ့်ချစ်တို့ကိုဟဲလေးတို့နဲ့ချစ်ငယ်တို့နဲ့သီချင်းဆိုပြီးတော့ပြန်လာတာပါ။”လို့ပြောပြသွားတဲ့အပြင်ဗီဒီယိုဈေးကွက်ပျက်သွားတာနဲ့ပတ်သက်ပြီးကြုံတွေနေရတဲ့အခြေအနေတွေကိုလည်း“အနည်းငယ်အခက်အခဲမဟုတ်ဘူး။

အရမ်းကြီးကိုအခက်အခဲဖြစ်နေတာသိသလောက်တော့။ဒါပေမဲ့တချို့စက်အဖွဲ့တွေကျတော့လည်းမြင်ခဲ့တာဇာတ်လမ်းတွဲတွေဘာတွေမှာပြန်လုပ်နေတယ်။သူတို့ကိုတွေ့လိုက်တော့စိတ်အေးသွားတယ်ပေါ။တချို့အဆင်မပြေတဲ့သူတွေလည်းရှိပါတယ်။ဇာတ်ပို့ဇာတ်ရန်တွေ၊လူကြမ်းတွေအရမ်းကိုတိုင်တွေပတ်နေကြတယ်။ဘာအလုပ်မှာလဲမရှိကြဘူး။အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်လို့သတင်းကြားတယ်။သမီးကိုယ်တိုင်လည်းအခက်အခဲတွေဖြစ်နေတယ်။

ကလေးကျောင်းစရိတ်တွေနဲ့တလတလ ပေါအဲ့ဒီလိုမျိုးအိမ်လခတွေနဲ့ ဖြစ်နေတယ်ပေါ့။အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတော့ သမီးတို့စိတ်ထဲမှာသမီးတို့လောကကြီးအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့သမီးတို့မထင်ထားဘူးပေါ့။သမီးကိုပြောတယ်။နင်တို့ဘာလို့မစုခဲ့မဆောင်းခဲ့တာလဲအရမ်းရယ်ချင်ပါတယ်။သမီးတို့ဘယ်လောက်ရလို့လဲလို့စုရအောင်လေ။ကလေးစရိတ်၊အိမ်စရိတ်တွေနဲ့သမီးတို့ရတာလေးနဲ့ကကွက်တိတောင်မကျဘူးလိုတောင်လိုနေသေးတယ်။

အဆမတန်လည်းကွာတယ်။အဲ့ဒီအတွက်ကိုဒါပေမယ့်ကျေနပ်တယ်။ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်ပေါ့နော်။ဒါပေမယ့်ဒီလိုမျိုးကြီးကိုယ့်လောကကြီးရပ်သွားမယ်လို့ပျက်သွားမယ်လို့တော့မထင်ဘူးပေါ့။အခုတော့နှိုင်းယှဉ်ကတော့ဒီကားရိုက်မရှိတဲ့အချိန်ဆိုသီချင်းဆိုတတ်နေတော့ပွဲလေးတွေတော့ဆိုဖြစ်နေပါတယ်။တစ်ခုမဟုတ်ကတော့တက်နဲ့မရလည်းလက်နဲ့လှော်ရမယ့်အခြေအနေဖြစ်နေပြီ ”ဆိုပြီးပြောပြသွားပါတယ်။