အတိတ္မွာနာက်င္ခဲ့ဖူးတဲ့ မိန္းကေလးဆိုရင္ လက္လြတ္မခံပါနဲ႔…!

တကယ္လို႔မ်ား အမ်ိဳးသားပရိသတ္ေတြထဲက တစ္ေယာက္တေလမ်ား အတိတ္မွာ ဒဏ္ရာဒဏ္ခ်က္ေတြ ပရဗြနဲ႔ က်ရႈံးခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ပတ္သက္ခြင့္ ရေနမယ္ဆိုရင္၊ ဒီထက္ပိုၿပီး ေဝးမသြားေစဖို႔၊ ပိုၿပီး နီးစပ္ေအာင္ ႀကိဳစားဖို႔ တိုက္တြန္းခ်င္ပါတယ္။

အတိတ္မွာနာက်င္ခဲ့ဖူးတဲ့ မိန္းကေလးဟာ သင့္ရဲ့ အခ်စ္စစ္အခ်စ္မွန္အတြက္ အထိုက္တန္ဆုံးေသာ ေရြးခ်ယ္မႈဆိုတာကို ေအာက္ပါအခ်က္ေတြက သက္ေသျပပါလိမ့္မယ္။

(၁) ေကာင္းစြာနားလည္သေဘာေပါက္ခဲ့ၿပီးၿပီ

အတိတ္မွာ အခ်စ္ေၾကာင့္ ခါးသီးတဲ့ဘဝကို ျဖတ္သန္းခဲ့ရတဲ့ မိန္းမပ်ိဳဟာ ဘယ္လိုခ်စ္ရမလဲဆိုတာကို သိသလို၊ ဘယ္လိုေၾကာင့္ နာက်င္မႈေတြ ရခဲ့တယ္ဆိုတာကိုလည္း သင့္ကို သင္ျပေပးသြားမွာပါ။ သူမဟာ အခ်စ္မွာ အေတြ႕အၾကဳံရွိျခင္း ဆိုတာထက္ နာက်င္မႈမွာ အေတြ႕အၾကဳံရခဲ့ၿပီမို႔ သင့္ကို သူလို႔ နာက်င္မႈေတြ မခံစားရဖို႔ ေဖးမ ကူညီပါလိမ့္မယ္။

(၂) နာက်င္မႈကို သိခဲ့ၿပီ

အတိတ္ခါးခါးထဲမွာ ေပ်ာ္က်ခဲ့ရတဲ့ စိတ္ကူးရင္ အိပ္မက္ေတြ၊ သင္ရဲ့ အၾကင္နာတရားနဲ႔အတူ ျပန္လည္ဖမ္းဆုတ္ခြင့္ ရတဲ့အခါ သူမ အထူးကို ဝမ္းသာေနပါလိမ့္မယ္။ ဒီနာက်င္မႈေတြေျပေပ်ာက္ျခင္း ရွိမရွိဟာ သင့္အခ်စ္နဲ႔ ဂ႐ုစိုက္မႈေပၚမွာ မူတည္ၿပီး သူမကေတာ့ သင့္ကို ဘယ္ေတာ့မွ နာက်င္ေစလိမ့္မည္မဟုတ္။ လူဆိုတာ ကိုယ္နာဖူးမွ ကိုယ္ခ်င္းစားတတ္တာေလ။

(၃) ထိုက္တန္ေသာေပးဆပ္မႈ

သူမဟာ ၿပီးခဲ့တဲ့အတိတ္က အခ်စ္မွာ အတၱႀကီးသူ ျဖစ္ခ်င္ျဖစ္ခဲ့ပါလိမ့္မယ္၊ ရယူလိုမႈတစ္ခုတည္းအတြက္ ခ်စ္ခဲ့တာလည္း ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ တကယ့္ လက္ေတြ႕ဘဝမွာေတာ့ အဲဒီအတၱေတြအတြက္ သူမဟာ ေနာင္တေတြ၊ နာက်င္မႈေတြနဲ႔ ထိုက္တန္ေသာေပးဆပ္မႈေတြ ေပးခဲ့ၿပီးပါၿပီ။ သင့္အေနနဲ႔ ေဝဒနာေတြ ေပးမယ္ မထင္ပါနဲ႔။ အၾကင္နာေတြသာ သူမမွာ က်န္ရွိပါေတာ့တယ္။

(၄) ခံနိုင္ရည္ရွိလာမယ္

သင့္ရဲ့ လမ္းညႊန္ဦးေဆာင္မႈေအာက္မွာ သူမဟာ ရဲရင့္လာမယ္။ ခံနိုင္ရည္ရွိလာမယ္၊ သတၱိေတြ ပြားလာမယ္၊ ေနာက္တစ္ႀကိမ္ မက်ရႈံးေစရေတာ့ဘူး။ ဘဝကို ဦးေမာ့ရင္ဆိုင္ရဲလာမယ္။ အတၱကို မၽွေဝသုံးစြဲတတ္လာမယ္၊ သင္သာလၽွင္ သူ႔ဘဝရဲ့ အရွင္သခင္ ျဖစ္ခြင့္ ရွိပါတယ္။

(၅) ပိုၿပီး ခ်စ္တတ္လာလိမ့္မယ္

ပထမအခ်စ္ကို အခ်စ္ဆုံးဆိုတာ အခ်စ္မွာက်ရႈံးခဲ့တဲ့သူေတြအတြက္ေတာ့ မမွန္ပါဘူး။ ဘာေၾကာင့္ဆို ပထမအခ်စ္ကို မခ်စ္လိုက္ရေသးတဲ့ အခ်စ္ေတြ သူ႔မွာ အမ်ားႀကီး က်န္ေနပါေသးတယ္။ အခ်စ္မွာ က်ရႈံးခဲ့ရသူေတြရဲ့ အခ်စ္ဆုံးဟာ ဒုတိယအခ်စ္ျဖစ္မယ္ဆိုတာ ခံစားဖူးသူတိုင္းသာ သိနိုင္တာမ်ိဳးပါ။

Credit: Original Uploader

တကယ်လို့များ အမျိုးသားပရိသတ်တွေထဲက တစ်ယောက်တလေများ အတိတ်မှာ ဒဏ်ရာဒဏ်ချက်တွေ ပရဗွနဲ့ ကျရှုံးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ပတ်သက်ခွင့် ရနေမယ်ဆိုရင်၊ ဒီထက်ပိုပြီး ဝေးမသွားစေဖို့၊ ပိုပြီး နီးစပ်အောင် ကြိုစားဖို့ တိုက်တွန်းချင်ပါတယ်။

အတိတ်မှာနာကျင်ခဲ့ဖူးတဲ့ မိန်းကလေးဟာ သင့်ရဲ့ အချစ်စစ်အချစ်မှန်အတွက် အထိုက်တန်ဆုံးသော ရွေးချယ်မှုဆိုတာကို အောက်ပါအချက်တွေက သက်သေပြပါလိမ့်မယ်။

(၁) ကောင်းစွာနားလည်သဘောပေါက်ခဲ့ပြီးပြီ

အတိတ်မှာ အချစ်ကြောင့် ခါးသီးတဲ့ဘဝကို ဖြတ်သန်းခဲ့ရတဲ့ မိန်းမပျိုဟာ ဘယ်လိုချစ်ရမလဲဆိုတာကို သိသလို၊ ဘယ်လိုကြောင့် နာကျင်မှုတွေ ရခဲ့တယ်ဆိုတာကိုလည်း သင့်ကို သင်ပြပေးသွားမှာပါ။ သူမဟာ အချစ်မှာ အတွေ့အကြုံရှိခြင်း ဆိုတာထက် နာကျင်မှုမှာ အတွေ့အကြုံရခဲ့ပြီမို့ သင့်ကို သူလို့ နာကျင်မှုတွေ မခံစားရဖို့ ဖေးမ ကူညီပါလိမ့်မယ်။

(၂) နာကျင်မှုကို သိခဲ့ပြီ

အတိတ်ခါးခါးထဲမှာ ပျော်ကျခဲ့ရတဲ့ စိတ်ကူးရင် အိပ်မက်တွေ၊ သင်ရဲ့ အကြင်နာတရားနဲ့အတူ ပြန်လည်ဖမ်းဆုတ်ခွင့် ရတဲ့အခါ သူမ အထူးကို ဝမ်းသာနေပါလိမ့်မယ်။ ဒီနာကျင်မှုတွေပြေပျောက်ခြင်း ရှိမရှိဟာ သင့်အချစ်နဲ့ ဂရုစိုက်မှုပေါ်မှာ မူတည်ပြီး သူမကတော့ သင့်ကို ဘယ်တော့မှ နာကျင်စေလိမ့်မည်မဟုတ်။ လူဆိုတာ ကိုယ်နာဖူးမှ ကိုယ်ချင်းစားတတ်တာလေ။

(၃) ထိုက်တန်သောပေးဆပ်မှု

သူမဟာ ပြီးခဲ့တဲ့အတိတ်က အချစ်မှာ အတ္တကြီးသူ ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်၊ ရယူလိုမှုတစ်ခုတည်းအတွက် ချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ဘဝမှာတော့ အဲဒီအတ္တတွေအတွက် သူမဟာ နောင်တတွေ၊ နာကျင်မှုတွေနဲ့ ထိုက်တန်သောပေးဆပ်မှုတွေ ပေးခဲ့ပြီးပါပြီ။ သင့်အနေနဲ့ ဝေဒနာတွေ ပေးမယ် မထင်ပါနဲ့။ အကြင်နာတွေသာ သူမမှာ ကျန်ရှိပါတော့တယ်။

(၄) ခံနိုင်ရည်ရှိလာမယ်

သင့်ရဲ့ လမ်းညွှန်ဦးဆောင်မှုအောက်မှာ သူမဟာ ရဲရင့်လာမယ်။ ခံနိုင်ရည်ရှိလာမယ်၊ သတ္တိတွေ ပွားလာမယ်၊ နောက်တစ်ကြိမ် မကျရှုံးစေရတော့ဘူး။ ဘဝကို ဦးမော့ရင်ဆိုင်ရဲလာမယ်။ အတ္တကို မျှဝေသုံးစွဲတတ်လာမယ်၊ သင်သာလျှင် သူ့ဘဝရဲ့ အရှင်သခင် ဖြစ်ခွင့် ရှိပါတယ်။

(၅) ပိုပြီး ချစ်တတ်လာလိမ့်မယ်

ပထမအချစ်ကို အချစ်ဆုံးဆိုတာ အချစ်မှာကျရှုံးခဲ့တဲ့သူတွေအတွက်တော့ မမှန်ပါဘူး။ ဘာကြောင့်ဆို ပထမအချစ်ကို မချစ်လိုက်ရသေးတဲ့ အချစ်တွေ သူ့မှာ အများကြီး ကျန်နေပါသေးတယ်။ အချစ်မှာ ကျရှုံးခဲ့ရသူတွေရဲ့ အချစ်ဆုံးဟာ ဒုတိယအချစ်ဖြစ်မယ်ဆိုတာ ခံစားဖူးသူတိုင်းသာ သိနိုင်တာမျိုးပါ။

Credit: Original Uploader