ပြောသွားတာ အမှန်​တရား​တွေချည်း​ပဲ…!



ဆန်စပါးအများကြီး ထွက်တယ်ပြည်သူတွေ ဝဝလင်လင်မစားရဘူး



























ဒေါက်တာ အောင်ခင်

Credit :

ပြောသွားတာ အမှန်တရားတွေချည်ပဲ 👍

လျှပ်စစ်တွေ ထုတ်တယ်ပြည်သူအများစု မသုံးရဘူး

ဆံစပါးအများကြီး ထွက်တယ်ပြည်သူတွေ ဝဝလင်လင်မစားရဘူး

တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီခြံစည်းရိုးမရှိဘူး

ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး

စစ်သည်သုံးသိန်းရှိတယ်သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး

ပညာတတ်တွေ အများကြီးထွက်တယ်ပြည်တွင်းမှာ အသုံးမချတတ်ဘူး

ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်လမ်းတွေ မကောင်းဘူး

သံတွေထွက်တယ်အပ်တစ်ချောင်းတောင် မလုပ်တတ်ဘူး

ရာဘာတောကြီး ရှိတယ်တာယာကို နိုင်ငံခြားက ဝယ်ရတယ်

သယံဇာတတွေ အများကြီးထွက်တယ်ကုန်ချော မလုပ်တတ်ဘူး

ရတနာတွေ အများကြီးထွက်တယ်ပြည်သူတွေ အလှမဆင်နိုင်ဘူး

ပညာရေးနိမ့်ကျနေတယ်ကောင်းကောင်း သင်ဖို့ စိတ်မကူးဘူး

ပင်လယ်ပြင်ကြီးရှိတယ်ပင်လယ်စာကောင်းကောင်း မစားရဘူး

အုပ်ချုပ်ရေး ကစဉ့်ကလျားဖြစ်နေတယ်တရားဥပဒေ စိုးမိုးအောင် မလုပ်ကြဘူး

အကျင့်ပျက်ချစားမှုတွေ များနေတယ်ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ဘူး

ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်ငြိမ်းချမ်းအောင် မအုပ်ချုပ်နိုင်ဘူး

အမှန်တရားရှိတယ်အမုန်းတရားနဲ့ အုပ်ချုပ်တယ်

မကျန်းမာတဲ့သူတွေ ရှိတယ်ဆေးမကုနိုင်ဘူး

ရာသီဥတု ကောင်းတယ်စိုက်ပျိုးရေးမှာ အောက်ဆုံးက

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး

ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်အရေးမယူဘူး

ကျွန်းတွေ သစ်တွေ အများကြီးထွက်တယ်ပြည်သူအများစု တဲနဲ့နေရတယ်

သစ်တွေခုတ်ပြီး အတုံးလိုက်ရောင်းတယ်ပြန်စိုက်ရမယ်ဆိုတာ မသိတတ်ကြဘူး

ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ်ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး

ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး

အမှားတွေ ထောက်အပြခံရတယ်မပြင်ဆင်ကြဘူး

ဒီမိုကရေစီနိုင်ငံထူထောင်တယ်အာဏာရှင် စိတ်ဓါတ်နဲ့

ကမ္ဘာကျာ် ခေါင်းဆောင်ရှိတယ်အုပ်ချုပ်ခွင့် မရဘူး

ဒေါက်တာ အောင်ခင်

Credit :