သားဖြစ်သူရဲ့ အိုင်ဖုန်းကို တက်နင်းမိလို့ ပုဆိန်နဲ့ ရက်ရက်စက်ပေါက်သတ်တာ ခံခဲ့ရတဲ့ ဖခင်…!
သားဖြစ်သူရဲ့ အိုင်ဖုန်းကို တက်နင်းမိလို့ ပုဆိန်နဲ့ပေါက် သတ်ခံခဲ့ရတဲ့ ဖခင် 1
Huon ကသူ့အဖေကို အော်ဟစ်ပြောဆိုခဲ့ပြီး သူတို့ ဖုန်းကိစ္စကြောင့်စကားများရင်း ဖခင်ဖြစ်သူကလည်း သားရဲ့နောက်ကျောကို ခြေထောက်နဲ့ ဆောင့်ကန်ခဲ့ပါတယ်
သားဖြစ်သူရဲ့ အိုင်ဖုန်းကို တက်နင်းမိလို့ ပုဆိန်နဲ့ပေါက် သတ်ခံခဲ့ရတဲ့ ဖခင် 2…
crd
unicode
ပျော်ပွဲရွှင်ပွဲတစ်ခုမှ ဖခင်တစ်ဦးက သားရဲ့ အိုင်ဖုန်းကို တက်နင်းမိခဲ့တဲ့အတွက် သားဖြစ်သူရဲ့ ပုဆိန်နဲ့ခုတ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ဒီဖြစ်ရပ်က ကမ္ဘောဒီယား နိုင်ငံမှာဖြစ်ပွားခဲ့တာပါ။
မိသားစုနေအိမ်မှာ သောက်စားပျော်ပါးကြတဲ့ ပါတီပွဲတစ်ခုကို ကျင်းပခဲ့ပြီးနောက် အသက် ၅၀အရွယ် Leng Saoက သူ့ရဲ့အသက် ၂၃ နှစ်အရွယ်သားဖြစ်သူ Leng Huon ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။
ရဲချုပ် Chuon Samnan က ဖြစ်စဉ်ကိုအခုလိုပြောပြထားပါတယ်။…
Huon ကသူ့ရဲ့ အိုင်ဖုန်းကို အိမ်အပြင်ဘက် မြေကြီးပေါ်မှာ ပြုတ်ကျခဲ့ပါတယ်။ အဲ့အချိန်မှာ အဖေဖြစ်သူက အိပ်မရလို့ ကုတင်ပေါ်ကထပြီး လမ်းလျှောက်ချိန်မှာ သားရဲ့ အိုင်ဖုန်းကို တက်နင်းမိခဲ့ပါတယ် ။…
Huon ကသူ့အဖေကို အော်ဟစ်ပြောဆိုခဲ့ပြီး သူူတို့ ဖုန်းကိစ္စကြောင့်စကားများရင်း ဖခင်ဖြစ်သူကလည်း သားရဲ့နောက်ကျောကို ခြေထောက်နဲ့ ဆောင့်ကန်ခဲ့ပါတယ် ။…
အဲ့တာကိုမကျေနပ်တဲ့သားက အဖေကိုပြန်ပြီး ခေါင်း၊လည်ပင်းနဲ့ ရင်ဘတ်တို့ကို ပုဆိန်နဲ့ ပေါက်သတ်ခဲ့ပါတယ်။ နောက်ပြီး အခင်းဖြစ်ရာကနေ ထွက်ပြေးသွားခဲ့ပေမဲ့ နောက်တော့ရဲတွေကသူ့ကို ပုဆိန်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။
သူ့အနေနဲ့ အပြစ်ရှိကြောင်းအမိန့်ချခံရရင် ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရမှာဖြစ်ပြီး အခုတော့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲပါ။
crd