ဖတ္​ရင္​းနဲ႔ မ်က္​ရည္​က်မိပါတယ္​ ဦးၾကည္ (သုိ႔) အၿငိမ္းစား အမွဳိက္သိမ္းသမား

အျမင့္ေလးေပခန္႔႐ွိ ဘီးတပ္အစိမ္းေရာင္အမႈိက္ပုံးတစ္လုံးကုိေ႐ွ႕မွ လက္ျဖင့္ေနာက္ျပန္ဆြဲကာစစ္ကုိင္းၿမိဳ႕တြင္းလမ္းမ်ား၌ နံနက္ပုိင္းအခ်ိန္မ်ားတြင္ ေန့စဥ္ ေျဖးညင္းစြာသြားလာလွုပ္လ်ားေနေသာ အသက္၇ဝေက်ာ္ အဘုိးအုိတစ္ဦးကုိေတြ႔ျမင္ေနရသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ ေခ်ၿပီ။ထုိအဘုိးအုိ ကား ဘယ္လုိရည္ရြယ္ခ်က္နဲ႔ အမွဳိက္ပုံးတစ္လုံးကုိ ဆြဲကာ ၿမိဳ႕တြင္းလမ္းမ်ားမွာ သြားလာလွဳပ္႐ွားေနရသလဲဆုိတာ စိတ္ဝင္စားဖြယ္ေကာင္းလွေပသည္။

ထုိအဘုိးဘုိသည္တစ္ခ်ိန္ကစည္ပင္သာယာဝန္ထမ္းတစ္ဦးျဖစ္ခဲ့ကာ အသက္ရြယ္ႀကီးျမင့္လာ၍ စည္ပင္မွ သက္ျပည့္ပင္စင္ယူထားသည့္ပင္စင္စားတစ္ဦးျဖစ္ေလသည္။ ပင္စင္ယူၿပီးသည့္တုိင္ ဆယ္စုႏွစ္တစ္စုေက်ာ္ၾကာ စစ္ကုိင္းၿမိဳ႕ေပၚ၌အမွဳိက္သိမ္းျခင္းလုပ္ငန္းအား ကုိယ့္အသိစိတ္ျဖင့္ဆက္လက္လုပ္ကုိင္ေနေသာအသက္ ၇၂ႏွစ္အရြယ္ ဦးၾကည္ဝင္း(ခ)ဦးၾကည္ျဖစ္ေလသည္။

လက္ဖက္ရည္ခြက္ကုိ လက္ျဖင့္ကုိင္မေသာက္ပဲ ေခါင္းငုံ႕ကာေလးငါးခါေလာက္ စုတ္ယူျပီးလက္ဖက္ရည္ တစ္ဝတ္ေရာက္ေသာအခါ လက္ႏွစ္ဖတ္ျဖင့္ တုန္တုန္ရီရီ ေမာ့ေသာက္ၿပီးလက္ဖက္ရည္ခြက္ကုိခ်ကာ” အသက္ သုံးဆယ္ကတည္း အမႈိက္သိမ္းလာတာ။လမ္းေပၚအမွဳိက္ေတြ မျမင္ျခင္ဘူး။ အမႈိက္ေတြမ႐ွိတာေကာင္းတာေပါ့၊ မုိးရြာရင္ေတာ့ အျပင္မထြက္ဖူး”ဟုခပ္တုိုတုိ ခပ္ျပတ္ျပတ္ ေျဖညင္းစြာ ဦးၾကည္ ကေျပာျပေလသည္။

ေန့စဥ္ မနက္ ငါးနာရီတြင္ေနအိမ္မွစထြက္ကာတာ႐ုိးလမ္း၊တာရုိးလမ္းမွတစ္ဆင့္ေစ်းလမ္းအတုိင္းေျဖးညင္းစြာ အမွဳိက္ပုံးအားေနာက္ျပန္ဆြဲ၍ ၿမိဳ႕မေစ်းပတ္လည္ႏွင့္ပုိးတန္း၊နန္းေတာ္ရာ၊အပ္ခ်ဳပ္စုစသည့္ရပ္ကြက္မ်ားအတြင္းနံနက္ဆယ္နာရီထိလွည့္လည္အမွဳိက္သိမ္းကာ အမွဳိက္မ်ားကုိ ေစ်းေထာင့္႐ွိစည္ပင္အမွဳိက္ကားေပၚသုိ႔တင္ေပးၿပီး သတင္းစာေရာင္းေသာဆုိင္မွသတင္းစာယူကာ လက္ဖက္ရည္ဆုိင္တစ္ဆုိင္ဆုိင္သုိ႔ လက္ဖက္ရည္ဝင္ေသာက္ကာအိမ္သုိ႔ျပန္ေလ့႐ွိေလသည္။

“အကုိႀကီး ငယ္ငယ္က ေက်ာက္ေရာဂါျဖစ္တယ္။ဂြမ္းကပ္ေစာင္နဲ႔ပတ္ၿပီး သိပ္မိလုိ႔ အေၾကာဆုိင္းတဲ့ေရာဂါျဖစ္ခဲ့ရတယ္။ ေမြးခ်င္း႐ွစ္ေယာက္မွာအကုိႀကီးက အႀကီးဆုံးပါ။ ေလးတန္းထိေက်ာင္းတက္ခဲ့တယ္။အိမ္ေထာင္မျပဳခဲ့ပါဘူး။သူကစကားလည္းနည္းတယ္၊ေအးေအးေဆးေဆးေနတက္တယ္။ စစ္ကုိင္းေစ်းမွာ ညေစာင့္လုပ္ခုိင္းေတာ့ သူမလုပ္ပဲ သန္႔႐ွင္းေရးဝန္ထမ္းလုပ္ခဲ့တယ္။ပင္စင္ယူၿပီးကတည္းက အမွဳိက္သိမ္းတာကုိမလုပ္ဖုိ႔ေျပာတာလည္းမရပါဘူး။ စည္ပင္ဥကၠဌဗုိလ္မွဳးကုိကုိက သူဆက္လုပ္ေနတာကုိသိလုိ႔ ဘီးတပ္အမွဳိက္ပုံးတစ္ခုကုိေပးခဲ့တယ္။

အစပုိင္းေတာ့လမ္းေပၚကအမွဳိက္ေတြလုိက္ေကာက္ႏုိင္ေပမဲ့ အသက္ရြယ္ရလာေတာ့ အိမ္ေတြဆီပဲသြားၿပီး အမႈိက္သိမ္းတာပဲလုပ္ႏုိင္ေတာ့တယ္။ဒီအမႈိက္သိမ္းတာကုိ ဆက္မလုပ္ပါနဲ႔လုိ႔ ဘယ္လုိေျပာေျပာ မရပါဘူး။သူ႔ေရာဂါကလည္း ထုိင္ေနလုိ႔မရဘူး အျမဲလွဳပ္လ်ားေနမွ အဆင္ေျပလုိ႔အမွဳိက္ပုံးတစ္လုံးနဲ႔ လမ္းေပၚထြက္ေနတာ”ဟု အတူေနထုိင္သူ ဦးၾကည္၏ညီမ ေဒၚျမျမကဆုိေလသည္။စစ္ကုိင္းၿမိဳ႕နႏၵဝန္ ရပ္ကြက္၊ေဒါက္တာလွေရႊအဆင္းလမ္းေဘး ၁၅ေပ ၆၀ေပအက်ယ္ ေျမေပၚ႐ွိေျမစုိက္ႏွစ္ခန္းတြဲ အိမ္ေလး၌ ဦးၾကည္ သည္သူ၏ညီမျဖစ္သူ ေဒၚျမျမ၊ ေျမးျဖစ္သူတုိ႔ ျဖင့္အတူေနထုိင္လ်က္႐ွိေလသည္။”လြန္ခဲ့တဲ့ သုံးႏွစ္က အဘကုိ လူတစ္ေယာက္က ဓာတ္ပုံ႐ုိက္ၿပီး ေတာင္းစားေနတဲ့သူလုိ႔ေရးၿပီးFacebook တင္တာတစ္ခါၾကဳံ ဖူးတယ္။

ကြၽန္မတုိ႔ အရမ္းစိတ္မေကာင္းျဖစ္မိလုိ႔ အဘကုိအမႈိက္ေကာက္တာဆက္မလုပ္ဖုိ႔ေျပာပါတယ္။မရပါဘူး အဘကသူ႔အလုပ္သူလုပ္ေနတယ္ပဲေျပာတယ္။ ကြၽန္မတုိ႔က မ်ိဳး႐ုိးနိမ့္တဲ့မိသားစုမဟုတ္ပါဘူး။ ကုိယ္ပုိင္အိမ္နဲ႔ေနထုိင္ပါတယ္။ အဘက ပင္စင္ရတယ္။အျခားေမာင္ႏွမအခ်ဳိ့က ေထာက္ပံ႔ပါတယ္။ ဒီအမွဳိက္ေကာက္တာကုိ အဘကဝါသနာအရကုိလုပ္ေနတာ။ သူ႔ကုိသနားဂ႐ုဏာျဖစ္တဲ႔သူေတြက စားစာရာ၊ပုိက္ဆံေပးေလ့႐ွိၾကတယ္။အဘက ဘယ္ေတာ့မွ ေတာင္းမစားပါဘူး” ဟု ဦးၾကည္၏ ေျမးျဖစ္သူ မမင္းမင္းလြင္ကဆုိေလသည္။

ႏွစ္ေပါင္းမ်ားစြာ လမ္းေပၚ၌သြားလာလွဳပ္လ်ားခဲ့ေသာေၾကာင့္အူက်ေရာဂါ ျဖစ္ခဲ့၍ ႏွစ္ႀကိမ္ခြဲစိတ္ခဲ့ရေလသည္။စစ္ကိုင္းၿမိဳ႕ေဒါက္တာေအာင္မုိးေဆးခန္းသုိ႔ပုံမွန္ေဆးရေလ့႐ွိသည္။ ေစ်းသူေစ်းသားမ်ား၊ ၿမိဳ႕သူျမဳိ့သားမ်ားမွ သူ႔အား ေပးလုိက္ေသာ မုန္႔မ်ားအားလမ္းေတြ႔႐ွိသည့္ကေလးမ်ားအားျပန္ေပးေလ့ ႐ွိၿပီး ကေလးမ်ားကလည္း ဦးၾကည္၏ အမႈိက္ပုံးအားဝုိင္းကူတြန္းေပးေလ့႐ွိေလသည္။တခါတရံ အမႈိက္သိမ္းရင္း ေနထုိင္မေကာင္း၍တစ္ေနရာရာမွာ ထုိင္ေနလ်ွင္ ယာဥ္ထိန္းရဲမ်ား၊ဦးၾကည္ကုိ သိမိသူမ်ားမွ ဆုိင္ကယ္၊ဆုိက္ကားျဖင့္တင္ကာ ေနအိမ္သုိ႔လာေရာက္ပုိ႔ေလ့႐ွိေလသည္။

“ဒီအဘကုိျမင္​​ေန​ေတြ႕​ေနရတာၾကာၿပီဗ်က်​ေတာ္​တုိ႔​ေက်ာင္​းသားဘဝ ငယ္​ငယ္​​ေလးကတည္​းကပဲ၊ သူ႔အ​ေၾကာင္​းက​ေတာ့ ​ေသခ်ာမသိဘူး။ျမင္​တုိင္​းလည္​းစိတ္​မ​ေကာင္​းရဘူး၊ တအိအိနဲ႔အမိႈက္​ပံုးႀကီးဆြဲၿပီး အမိႈက္​လာသိမ္​းတုိင္​း အလြယ္​တကူအမိႈက္​ခ်မိတဲ့ ကိုယ္​့ကုိယ္​ကုိလည္​းရွက္​မိတယ္​။အမိႈက္​လာသိမ္​း​ေပးၿပီး ပုိက္​​ဆံ​ေပးပါလုိ႔လည္​း​မ​ေတာင္​းဘူး၊ က်​ြန္ေတာ္​က​ေတာ့ ႀကံဳတဲ့အခါတုိင္​း၁၀၀၀ ၂၀၀၀ အၿမဲ​ေပးျဖစ္​တယ္​။ ၿပီးခဲ့တဲ့လ​ေတြတုန္​းက​ေတာ့ အဘကုိမ​ေတြ႕တာ​ေတာ္​​ေတာ္​ၾကာတယ္​၊ အဲ့ဒီတုန္​းက ​ေနထုိင္​မ​ေကာင္​းလုိ႔လား၊ ဆုံးမ်ားသြားၿပီလားထင္​မိ​ေသးတယ္​၊ အနားယူသင္​့​ေနၿပီျဖစ္​တဲ့အ႐ြယ္​မွာ ငါ့အဘုိးသာဆုိရင္​ဆုိတဲ့စိတ္​နဲ႔ ကုိယ္​ခ်င္​းစာမိပါတယ္​၊ အဘဟာ ကြၽန္ေတာ္တုိ႔ၿမိဳ႕ေလးသန္​႔ရွင္​းသာယာ​ေရးအတြက္​ ရဲမက္​အုိႀကီးတစ္​​ေယာက္​လုိတာဝန္​​ေက်ခဲ့ပါတယ္​၊ တာဝန္​​ေက်​ေနဆဲပါ” ဟု စစ္ကုိင္းၿမိဳ႕ခံ ကဗ်ာဆရာကုိဒီျမတ္ၿငိမ္းကဆုိေလသည္။

“၂၀၁၂ ေလာက္က စစ္ကိုင္းၿမိဳ႕မွာတာဝန္က်ပါတယ္။ေရာက္စ အဆင္မေျပေပမဲ့ အဘကိုေလးစားလို႔ ဆိုပီး အမ်ိဳးသမီးကေစ်းသြားတိုင္း ၂၀၀ ကန္ေတာ့ပါတယ္။ေနာက္ေတာ့ အမ်ိဳးသမီး မခင္မ်ိဳးႏြယ္က ရဲေမတၱာ ေဆးခန္းမွာ တိုင္းရင္းေဆးခန္းဖြင့္ပါတယ္။ ကၽြန္ေတာ္ကလဲ ရာထူးထုိးလာေတာ့ အဆင္ေျပလာပါတယ္။ အဲအဘ ကိုေတြ႕ တိုင္း တစ္ရက္ျခား ႏွစ္ရက္ျခား ၅ဝဝ၊၁၀ဝဝ ကန္ေတာ့ခဲ့ပါတယ္။ခုဆုိေတြ႕တုိင္း ငါးေထာင္ကန္ေတာ့ျဖစ္တယ္။သူေနမေကာင္းတဲ့ေန႔ေဆးထုိးရတဲ့ေန႔ဆုိ တစ္ေသာင္းကန္ေတာ့တယ္။အဘကလံုးဝ မေတာင္းပါဘူး သူ႔အသိနဲ႔သူ ေတြ႕တဲ့အမိွူက္ေလးေတြေကာက္ပီး ေကာင္းတဲ့အလုပ္လုပ္ေနတဲ့ အဘပါ” ဟု အၿငိမ္းစားရဲအရာ႐ွိတစ္ဦးျဖစ္သူဦးတင္ေမာင္ေအးကဆုိေလသည္။

ႏွစ္ေပါင္းေလးဆယ္ ေက်ာ္အမွဳိက္သိမ္းျခင္းလုပ္ငန္းအား ေန့စဥ္ ၿမိဳ႕တြင္းလမ္းမမ်ားျဖစ္ေသာတာ႐ုိးႀကီးလမ္း၊႐ုံးႀကီးလမ္း၊သုဓမၼာလမ္း၊ေဇယ်ာလမ္း၊အပ္ခ်ဳပ္စုလမ္း စသည့္လမ္းမ်ားေပၚ၌ေပၚအမွဳိက္ေကာက္သိမ္းျခင္း၊ေနအိမ္မ်ားမွအမႈိက္မ်ားအား သိမ္းယူေပးျခင္းမ်ားကုိ ျပဳလုပ္ေလ့႐ွိခဲ့ေသာ အဘဦးၾကည္ အားစစ္ကုိင္းၿမိဳ႕သူၿမိဳ႕သားမ်ား၊ ေစ်းသူေစ်းသားမ်ားက ကုိယ့္ အဘအရြယ္အဘုိးအုိတစ္ဦးအျဖစ္ေလးစားဂရုဏာသက္ကာ အစားအစာေပးျခင္း၊သုံးစြဲရန္ေငြေၾကးေပးေလ့႐ွိျခင္း၊အခါႀကီးရက္ႀကီးမ်ားတြင္ ပုဆုိး၊အက်ီၤေပးျခင္းမ်ား၊ ကူညီေစာင့္ေ႐ွာက္ေဖးမမွဳမ်ား ျပဳလုပ္ၾကေလ့႐ွိေလသည္။

“အကုိႀကီးက အိမ္ေ႐ွ႕ခန္းမွာအိပ္တယ္။ ညအိပ္ၿပီဆုိ ရာသီဥတုကုိအကဲခတ္ေနတာ တိမ္ေတြလေတြၾကည့္ၿပီး မနက္အမႈိက္ပုံးဆြဲထြက္ဖုိ႔ပဲစဥ္းစားတယ္။မနက္ေလးနာရီခြဲငါးနာရီေလာက္ဆုိ သူ႔အိပ္ယာထဲမ႐ွိေတာ့ဘူး အျပင္ထြက္သြားေတာ့တာပါပဲ။အမွဳိက္သိမ္းၿပီး အိမ္ျပန္လာတာနဲ႔ ထုိင္ခုံေပၚထုိင္ၿပီး သတင္းစာဖတ္တယ္။သူ ပါလာတဲ့မုန္႔ကုိစားတယ္။ျပီးရင္ တီဗီြဖြင့္ၿပီး သတင္းနားေထာင္တယ္။သတင္းေတြဆုိ စိတ္ဝင္စားတယ္။သူက အကုန္သိတယ္။ အေၾကာဆုိင္းတဲ့ေရာဂါ႐ွိေတာ့ စကားသိပ္မေျပာႏုိင္ဘူး။ထမင္းဆုိလည္း နယ္ၿပီး ဇြန္းတပ္ေကြၽးရတယ္။လက္တစ္ဖတ္ထဲနဲ့ ပစၥည္းေတြကုိကုိင္မရဘူး။ အားေဆးေတြေတာ့ပုံမွန္တုိက္ပါတယ္။

သူအျပင္ထြက္ခ်ိန္မုိးက်လာၿပီဆုိ ေျမးမေလးကုိသြားေခၚခုိင္းရတယ္၊ က်န္းမာေရးေကာင္းေနသမ်ွသူ အမွဳိက္ဆက္သိမ္းေနဦးမွာပဲ”ဟု ဦးၾကည္၏ညီမျဖစ္သူ ေဒၚျမျမကေျပာေလသည္။အမိႈက္မ်ား စည္းမဲ့ကမ္းမဲ့ စြန္႕ပစ္မႈေတြကုိ ကြၽန္ေတာ္တုိ႔ပတ္ဝန္းက်င္မွာေန႔စဥ္ျမင္ေတြ႔ေနရပါတယ္။ ကြ်န္ေတာ္ စစ္ကုိင္းၿမိဳ႕ေပၚမွာ အမွဳိက္တစ္စခ်မိမယ္ၾကံလုိက္တုိင္းအဘုိးအရြယ္တစ္ဦး အမႈိက္သိမ္းျခင္းလုပ္ငန္းကုိ ကုိယ့္အသိစိတ္ျဖင့္ လုပ္ကုိင္ေနေသာ ဦးၾကည္ ကုိအမွတ္ရကာ အမႈိက္တစ္စစြန္႔ပစ္ဖုိ႔ ဝန္ေလးေနမိပါေတာ့မည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Daily Eleven

အမြင့်လေးပေခန့်ရှိ ဘီးတပ်အစိမ်းရောင်အမှိုက်ပုံးတစ်လုံးကိုရှေ့မှ လက်ဖြင့်နောက်ပြန်ဆွဲကာစစ်ကိုင်းမြို့တွင်းလမ်းများ၌ နံနက်ပိုင်းအချိန်များတွင် နေ့စဉ် ဖြေးညင်းစွာသွားလာလှုပ်လျားနေသော အသက်၇ဝကျော် အဘိုးအိုတစ်ဦးကိုတွေ့မြင်နေရသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ချေပြီ။ထိုအဘိုးအို ကား ဘယ်လိုရည်ရွယ်ချက်နဲ့ အမှိုက်ပုံးတစ်လုံးကို ဆွဲကာ မြို့တွင်းလမ်းများမှာ သွားလာလှုပ်ရှားနေရသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

ထိုအဘိုးဘိုသည်တစ်ချိန်ကစည်ပင်သာယာဝန်ထမ်းတစ်ဦးဖြစ်ခဲ့ကာ အသက်ရွယ်ကြီးမြင့်လာ၍ စည်ပင်မှ သက်ပြည့်ပင်စင်ယူထားသည့်ပင်စင်စားတစ်ဦးဖြစ်လေသည်။ ပင်စင်ယူပြီးသည့်တိုင် ဆယ်စုနှစ်တစ်စုကျော်ကြာ စစ်ကိုင်းမြို့ပေါ်၌အမှိုက်သိမ်းခြင်းလုပ်ငန်းအား ကိုယ့်အသိစိတ်ဖြင့်ဆက်လက်လုပ်ကိုင်နေသောအသက် ၇၂နှစ်အရွယ် ဦးကြည်ဝင်း(ခ)ဦးကြည်ဖြစ်လေသည်။

လက်ဖက်ရည်ခွက်ကို လက်ဖြင့်ကိုင်မသောက်ပဲ ခေါင်းငုံ့ကာလေးငါးခါလောက် စုတ်ယူပြီးလက်ဖက်ရည် တစ်ဝတ်ရောက်သောအခါ လက်နှစ်ဖတ်ဖြင့် တုန်တုန်ရီရီ မော့သောက်ပြီးလက်ဖက်ရည်ခွက်ကိုချကာ” အသက် သုံးဆယ်ကတည်း အမှိုက်သိမ်းလာတာ။လမ်းပေါ်အမှိုက်တွေ မမြင်ခြင်ဘူး။ အမှိုက်တွေမရှိတာကောင်းတာပေါ့၊ မိုးရွာရင်တော့ အပြင်မထွက်ဖူး”ဟုခပ်တိုတို ခပ်ပြတ်ပြတ် ဖြေညင်းစွာ ဦးကြည် ကပြောပြလေသည်။

နေ့စဉ် မနက် ငါးနာရီတွင်နေအိမ်မှစထွက်ကာတာရိုးလမ်း၊တာရိုးလမ်းမှတစ်ဆင့်ဈေးလမ်းအတိုင်းဖြေးညင်းစွာ အမှိုက်ပုံးအားနောက်ပြန်ဆွဲ၍ မြို့မဈေးပတ်လည်နှင့်ပိုးတန်း၊နန်းတော်ရာ၊အပ်ချုပ်စုစသည့်ရပ်ကွက်များအတွင်းနံနက်ဆယ်နာရီထိလှည့်လည်အမှိုက်သိမ်းကာ အမှိုက်များကို ဈေးထောင့်ရှိစည်ပင်အမှိုက်ကားပေါ်သို့တင်ပေးပြီး သတင်းစာရောင်းသောဆိုင်မှသတင်းစာယူကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်သို့ လက်ဖက်ရည်ဝင်သောက်ကာအိမ်သို့ပြန်လေ့ရှိလေသည်။

“အကိုကြီး ငယ်ငယ်က ကျောက်ရောဂါဖြစ်တယ်။ဂွမ်းကပ်စောင်နဲ့ပတ်ပြီး သိပ်မိလို့ အကြောဆိုင်းတဲ့ရောဂါဖြစ်ခဲ့ရတယ်။ မွေးချင်းရှစ်ယောက်မှာအကိုကြီးက အကြီးဆုံးပါ။ လေးတန်းထိကျောင်းတက်ခဲ့တယ်။အိမ်ထောင်မပြုခဲ့ပါဘူး။သူကစကားလည်းနည်းတယ်၊အေးအေးဆေးဆေးနေတက်တယ်။ စစ်ကိုင်းဈေးမှာ ညစောင့်လုပ်ခိုင်းတော့ သူမလုပ်ပဲ သန့်ရှင်းရေးဝန်ထမ်းလုပ်ခဲ့တယ်။ပင်စင်ယူပြီးကတည်းက အမှိုက်သိမ်းတာကိုမလုပ်ဖို့ပြောတာလည်းမရပါဘူး။ စည်ပင်ဥက္ကဌဗိုလ်မှုးကိုကိုက သူဆက်လုပ်နေတာကိုသိလို့ ဘီးတပ်အမှိုက်ပုံးတစ်ခုကိုပေးခဲ့တယ်။

အစပိုင်းတော့လမ်းပေါ်ကအမှိုက်တွေလိုက်ကောက်နိုင်ပေမဲ့ အသက်ရွယ်ရလာတော့ အိမ်တွေဆီပဲသွားပြီး အမှိုက်သိမ်းတာပဲလုပ်နိုင်တော့တယ်။ဒီအမှိုက်သိမ်းတာကို ဆက်မလုပ်ပါနဲ့လို့ ဘယ်လိုပြောပြော မရပါဘူး။သူ့ရောဂါကလည်း ထိုင်နေလို့မရဘူး အမြဲလှုပ်လျားနေမှ အဆင်ပြေလို့အမှိုက်ပုံးတစ်လုံးနဲ့ လမ်းပေါ်ထွက်နေတာ”ဟု အတူနေထိုင်သူ ဦးကြည်၏ညီမ ဒေါ်မြမြကဆိုလေသည်။စစ်ကိုင်းမြို့နန္ဒဝန် ရပ်ကွက်၊ဒေါက်တာလှရွှေအဆင်းလမ်းဘေး ၁၅ပေ ၆၀ပေအကျယ် မြေပေါ်ရှိမြေစိုက်နှစ်ခန်းတွဲ အိမ်လေး၌ ဦးကြည် သည်သူ၏ညီမဖြစ်သူ ဒေါ်မြမြ၊ မြေးဖြစ်သူတို့ ဖြင့်အတူနေထိုင်လျက်ရှိလေသည်။”လွန်ခဲ့တဲ့ သုံးနှစ်က အဘကို လူတစ်ယောက်က ဓာတ်ပုံရိုက်ပြီး တောင်းစားနေတဲ့သူလို့ရေးပြီးFacebook တင်တာတစ်ခါကြုံ ဖူးတယ်။

ကျွန်မတို့ အရမ်းစိတ်မကောင်းဖြစ်မိလို့ အဘကိုအမှိုက်ကောက်တာဆက်မလုပ်ဖို့ပြောပါတယ်။မရပါဘူး အဘကသူ့အလုပ်သူလုပ်နေတယ်ပဲပြောတယ်။ ကျွန်မတို့က မျိုးရိုးနိမ့်တဲ့မိသားစုမဟုတ်ပါဘူး။ ကိုယ်ပိုင်အိမ်နဲ့နေထိုင်ပါတယ်။ အဘက ပင်စင်ရတယ်။အခြားမောင်နှမအချို့က ထောက်ပံ့ပါတယ်။ ဒီအမှိုက်ကောက်တာကို အဘကဝါသနာအရကိုလုပ်နေတာ။ သူ့ကိုသနားဂရုဏာဖြစ်တဲ့သူတွေက စားစာရာ၊ပိုက်ဆံပေးလေ့ရှိကြတယ်။အဘက ဘယ်တော့မှ တောင်းမစားပါဘူး” ဟု ဦးကြည်၏ မြေးဖြစ်သူ မမင်းမင်းလွင်ကဆိုလေသည်။

နှစ်ပေါင်းများစွာ လမ်းပေါ်၌သွားလာလှုပ်လျားခဲ့သောကြောင့်အူကျရောဂါ ဖြစ်ခဲ့၍ နှစ်ကြိမ်ခွဲစိတ်ခဲ့ရလေသည်။စစ်ကိုင်းမြို့ဒေါက်တာအောင်မိုးဆေးခန်းသို့ပုံမှန်ဆေးရလေ့ရှိသည်။ ဈေးသူဈေးသားများ၊ မြို့သူမြို့သားများမှ သူ့အား ပေးလိုက်သော မုန့်များအားလမ်းတွေ့ရှိသည့်ကလေးများအားပြန်ပေးလေ့ ရှိပြီး ကလေးများကလည်း ဦးကြည်၏ အမှိုက်ပုံးအားဝိုင်းကူတွန်းပေးလေ့ရှိလေသည်။တခါတရံ အမှိုက်သိမ်းရင်း နေထိုင်မကောင်း၍တစ်နေရာရာမှာ ထိုင်နေလျှင် ယာဉ်ထိန်းရဲများ၊ဦးကြည်ကို သိမိသူများမှ ဆိုင်ကယ်၊ဆိုက်ကားဖြင့်တင်ကာ နေအိမ်သို့လာရောက်ပို့လေ့ရှိလေသည်။

“ဒီအဘကိုမြင်နေတွေ့နေရတာကြာပြီဗျကျတော်တို့ကျောင်းသားဘဝ ငယ်ငယ်လေးကတည်းကပဲ၊ သူ့အကြောင်းကတော့ သေချာမသိဘူး။မြင်တိုင်းလည်းစိတ်မကောင်းရဘူး၊ တအိအိနဲ့အမှိုက်ပုံးကြီးဆွဲပြီး အမှိုက်လာသိမ်းတိုင်း အလွယ်တကူအမှိုက်ချမိတဲ့ ကိုယ့်ကိုယ်ကိုလည်းရှက်မိတယ်။အမှိုက်လာသိမ်းပေးပြီး ပိုက်ဆံပေးပါလို့လည်းမတောင်းဘူး၊ ကျွန်တော်ကတော့ ကြုံတဲ့အခါတိုင်း၁၀၀၀ ၂၀၀၀ အမြဲပေးဖြစ်တယ်။ ပြီးခဲ့တဲ့လတွေတုန်းကတော့ အဘကိုမတွေ့တာတော်တော်ကြာတယ်၊ အဲ့ဒီတုန်းက နေထိုင်မကောင်းလို့လား၊ ဆုံးများသွားပြီလားထင်မိသေးတယ်၊ အနားယူသင့်နေပြီဖြစ်တဲ့အရွယ်မှာ ငါ့အဘိုးသာဆိုရင်ဆိုတဲ့စိတ်နဲ့ ကိုယ်ချင်းစာမိပါတယ်၊ အဘဟာ ကျွန်တော်တို့မြို့လေးသန့်ရှင်းသာယာရေးအတွက် ရဲမက်အိုကြီးတစ်ယောက်လိုတာဝန်ကျေခဲ့ပါတယ်၊ တာဝန်ကျေနေဆဲပါ” ဟု စစ်ကိုင်းမြို့ခံ ကဗျာဆရာကိုဒီမြတ်ငြိမ်းကဆိုလေသည်။

“၂၀၁၂ လောက်က စစ်ကိုင်းမြို့မှာတာဝန်ကျပါတယ်။ရောက်စ အဆင်မပြေပေမဲ့ အဘကိုလေးစားလို့ ဆိုပီး အမျိုးသမီးကဈေးသွားတိုင်း ၂၀၀ ကန်တော့ပါတယ်။နောက်တော့ အမျိုးသမီး မခင်မျိုးနွယ်က ရဲမေတ္တာ ဆေးခန်းမှာ တိုင်းရင်းဆေးခန်းဖွင့်ပါတယ်။ ကျွန်တော်ကလဲ ရာထူးထိုးလာတော့ အဆင်ပြေလာပါတယ်။ အဲအဘ ကိုတွေ့ တိုင်း တစ်ရက်ခြား နှစ်ရက်ခြား ၅ဝဝ၊၁၀ဝဝ ကန်တော့ခဲ့ပါတယ်။ခုဆိုတွေ့တိုင်း ငါးထောင်ကန်တော့ဖြစ်တယ်။သူနေမကောင်းတဲ့နေ့ဆေးထိုးရတဲ့နေ့ဆို တစ်သောင်းကန်တော့တယ်။အဘကလုံးဝ မတောင်းပါဘူး သူ့အသိနဲ့သူ တွေ့တဲ့အမှိူက်လေးတွေကောက်ပီး ကောင်းတဲ့အလုပ်လုပ်နေတဲ့ အဘပါ” ဟု အငြိမ်းစားရဲအရာရှိတစ်ဦးဖြစ်သူဦးတင်မောင်အေးကဆိုလေသည်။

နှစ်ပေါင်းလေးဆယ် ကျော်အမှိုက်သိမ်းခြင်းလုပ်ငန်းအား နေ့စဉ် မြို့တွင်းလမ်းမများဖြစ်သောတာရိုးကြီးလမ်း၊ရုံးကြီးလမ်း၊သုဓမ္မာလမ်း၊ဇေယျာလမ်း၊အပ်ချုပ်စုလမ်း စသည့်လမ်းများပေါ်၌ပေါ်အမှိုက်ကောက်သိမ်းခြင်း၊နေအိမ်များမှအမှိုက်များအား သိမ်းယူပေးခြင်းများကို ပြုလုပ်လေ့ရှိခဲ့သော အဘဦးကြည် အားစစ်ကိုင်းမြို့သူမြို့သားများ၊ ဈေးသူဈေးသားများက ကိုယ့် အဘအရွယ်အဘိုးအိုတစ်ဦးအဖြစ်လေးစားဂရုဏာသက်ကာ အစားအစာပေးခြင်း၊သုံးစွဲရန်ငွေကြေးပေးလေ့ရှိခြင်း၊အခါကြီးရက်ကြီးများတွင် ပုဆိုး၊အကျီၤပေးခြင်းများ၊ ကူညီစောင့်ရှောက်ဖေးမမှုများ ပြုလုပ်ကြလေ့ရှိလေသည်။

“အကိုကြီးက အိမ်ရှေ့ခန်းမှာအိပ်တယ်။ ညအိပ်ပြီဆို ရာသီဥတုကိုအကဲခတ်နေတာ တိမ်တွေလတွေကြည့်ပြီး မနက်အမှိုက်ပုံးဆွဲထွက်ဖို့ပဲစဉ်းစားတယ်။မနက်လေးနာရီခွဲငါးနာရီလောက်ဆို သူ့အိပ်ယာထဲမရှိတော့ဘူး အပြင်ထွက်သွားတော့တာပါပဲ။အမှိုက်သိမ်းပြီး အိမ်ပြန်လာတာနဲ့ ထိုင်ခုံပေါ်ထိုင်ပြီး သတင်းစာဖတ်တယ်။သူ ပါလာတဲ့မုန့်ကိုစားတယ်။ပြီးရင် တီဗွီဖွင့်ပြီး သတင်းနားထောင်တယ်။သတင်းတွေဆို စိတ်ဝင်စားတယ်။သူက အကုန်သိတယ်။ အကြောဆိုင်းတဲ့ရောဂါရှိတော့ စကားသိပ်မပြောနိုင်ဘူး။ထမင်းဆိုလည်း နယ်ပြီး ဇွန်းတပ်ကျွေးရတယ်။လက်တစ်ဖတ်ထဲနဲ့ ပစ္စည်းတွေကိုကိုင်မရဘူး။ အားဆေးတွေတော့ပုံမှန်တိုက်ပါတယ်။

သူအပြင်ထွက်ချိန်မိုးကျလာပြီဆို မြေးမလေးကိုသွားခေါ်ခိုင်းရတယ်၊ ကျန်းမာရေးကောင်းနေသမျှသူ အမှိုက်ဆက်သိမ်းနေဦးမှာပဲ”ဟု ဦးကြည်၏ညီမဖြစ်သူ ဒေါ်မြမြကပြောလေသည်။အမှိုက်များ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်မှုတွေကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာနေ့စဉ်မြင်တွေ့နေရပါတယ်။ ကျွန်တော် စစ်ကိုင်းမြို့ပေါ်မှာ အမှိုက်တစ်စချမိမယ်ကြံလိုက်တိုင်းအဘိုးအရွယ်တစ်ဦး အမှိုက်သိမ်းခြင်းလုပ်ငန်းကို ကိုယ့်အသိစိတ်ဖြင့် လုပ်ကိုင်နေသော ဦးကြည် ကိုအမှတ်ရကာ အမှိုက်တစ်စစွန့်ပစ်ဖို့ ဝန်လေးနေမိပါတော့မည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Daily Eleven