မြမြနေရာက သရုပ်ဆောင်မယ်လို့ ကြေညာလိုက်တဲ့ စစ်ပိုးအိမ်






စစ်ပိုးအိမ်ကလည်း “ Facebook ပ်ါက ရေပန်းစားသောကိစ္စများကိုဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါသည်၊ကျွန်မ ” မြမြ ” နေရာကသရုပ်ဆောင်ပါမည် ““ ဆိုတဲ့စာသားကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာ ထက်ကနေရေးသားခဲ့ပါတယ် ။


Source : Sitt Poe Eain
Molly @ CeleGabar

Lady Boy တွေထဲမှာလည်း အမျိုးသမီးတွေအရှုံးပေးရလောက်အောင် ချောပလှပတဲ့ သူလေးတွေရှိတယ်ဆိုတာ သက်သေပြသွားခဲ့တဲ့သူလေးကတော့ မြန်မာနိုင်ငံ နာမည်ကြီးLady Boyတစ်ဦးဖြစ်တဲ့ မော်ဒယ်စစ်ပိုးအိမ်ပဲ ဖြစ်ပါတယ်။ရခိုင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ သူမကတော့ ဆွဲဆောင်မှုရှိတဲ့အပြုံးချိုချိုလေးနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလာခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေစစတွေ့ချင်းမှာ မိန်းကလေးအစစ်တစ်ယောက်လားလို့တောင် ထင်ယောင်ထင်မှားဖြစ်ခဲ့ရတဲ့သူလေးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ခေတ်စားနေတဲ့ အဓ္ဓမပြုကျင့်ခံရပြီး ဓားနဲ့ထိုးသတ်ကာ အလောင်းဖျောက်ခံထားရတဲ့ အမျိုးသမီးလေး မြမြက ဝင်ရောက်ပူးကပ်ပြီး သူမကိုသတ်တဲ့သူတွေကိုဖော်ထုတ်တဲ့ အကြောင်းကို ဒါရိုက်တာ ညိုမင်းလွင်က ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းမယ်လို့ တရားဝင်ကြေငြာထားတာ ဖြစ်ပါတယ် ။ စစ်ပိုးအိမ်ကလည်း “ Facebook ပါ်က ရေပန်းစားသောကိစ္စများကိုဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါသည်၊ကျွန်မ ” မြမြ ” နေရာကသရုပ်ဆောင်ပါမည် ““ ဆိုတဲ့စာသားကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာ ထက်ကနေရေးသားခဲ့ပါတယ် ။

ကဲ CeleGabar ပရိသတ်ကြီးရေ စစ်ပိုးအိမ်တစ်ယောက် စနောက်နေတာလား တကယ်ပဲ မြမြနေရာက သရုပ်ဆောင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော် ။

Source : Sitt Poe Eain
Molly @ CeleGabar