မယူသင္​့တဲ့​ ေယာက်္​ား (၈) မ်ိဳး

– { လင္​မြဲ }

ဘယ္​​ေလာက္​ပဲခ်စ္​ခ်စ္​ စီးပြား​ေရးအသိတရား မရွိဘူးဆိုရင္​ အိမ္​​ေထာင္​​ေရးဟာ ​ေရမ႐ွိတဲ့အိုင္​မွာ ​ေနရတဲ့ငါးလိုပဲ ပူ​ေလာင္​​ေျခာက္​​ေသြ႔လြန္​းပါတယ္​။

ဒါ့​ေၾကာင္​့…မြဲတဲ့​ေယာက်္​ား မယူ​ေလနဲ႔။

– { လင္​နာ }

မဂၤလာဦးညကစလို႔ ျဖစ္​လိုက္​တဲ့​ ေရာဂါႀကီး​ေသး​ေပါင္​းစံု၊ ပိုး​ေမြးသလို​ ေမြး​ေနရမယ္​့ ကိုခ်ဴခ်ာ၊ ကုလိုက္​ရတဲ့​ေဆး၊ ႐ွိသမ်ွ အကုန္​​ေျပာင္​။
အက်ိဳးစီးပြား တိုးတက္​ရာလမ္​းမျမင္​ ဆုတ္​ယုတ္​ရန္​သာ႐ွိ မယူ​ေလနဲ႔အမိ။

– { လင္​အရက္​သမား(လင္​သူရာႀကိဳက္​) }

အရက္​​ေသစာ၊ ယခု​ေခတ္​​ေတာ့ မူးယစ္​​ေဆး​ေသာက္​စား မူးယစ္​တတ္​တဲ့​ေယာက်္​ား မိတ္​​ေကာင္​း​ေဆြ​ေကာင္​းမ႐ွိ၊ ဂုဏ္​သိကၡာကင္​းမဲ့၊ ​ေက်ာ္​​ေစာမႈနတၳိ၊ စီးပြားဥစၥာပ်က္​ျပား။
ကိုယ္​့လက္​ထဲ​ေရာက္​မွ ျပဳ ျပင္​ပါ့မယ္​၊ ကိုယ္​ကိုင္​တြယ္​ပါ့မယ္​လို႔မ​ေတြးနဲ႔။

ကတိ​ေတြ အထပ္​ထပ္​​ေပးလည္​း မယံုလိုက္​​ေလနဲ႔။ လ်ွာမွာ အ႐ိုးမ႐ွိ။
အလကား ​ေခြးၿမီး​ေကာက္​ က်ည္​​ေတာက္​စြပ္​ပဲ။

– { လင္​မိုက္​ (လင္​ရမ္​းကား) }

ထစ္​ခနဲ႐ွိ ဆဲ​ေရး၊ ​ေပးစား၊ အိုးခြက္​ပန္​းကန္ ​မက်န္​ကုန္​​ေအာင္​ ႐ိုက္​ခြဲ။ ​ေျခပါလက္​ပါ ရမ္​းကား။ ယူမိရင္​မ်က္​ရည္​နဲ႔ဒူးနဲ႔ ဝမ္​းဆက္​ျဖစ္​လိမ္​့မယ္​။

– { လင္​ဖ်င္​း }

အစစအရာရာ မိန္​းမကသာ ဦး​ေဆာင္​ရတယ္​။ အစပိုင္​း​ေတာ့ မိုက္​တယ္​။ ခ်စ္​လို႔ပဲ ဦးစား​ေပးသ​ေယာင္​​ေယာင္​၊ သာယာစရာလိုလို ဘာလိုလို။
ကိုယ္​ပိုင္​ရပ္​တည္​ခ်က္​မ႐ွိ။ ကိုယ္​ပိုင္​အစြမ္​းအစ မ႐ွိ။ ႏြားမ်ားလို သူမ်ားခိုင္​းတာ နားစြင္​့ၿပီးလုပ္​တတ္​တဲ့​ေယာက်္​ား။ လင္​႐ုပ္​​ေသး ​ေဝး​ေဝးက​သာ​ေ႐ွာင္​။

– { လင္​ပ်င္​း }

​ေသခ်ာတယ္​ ခ်စ္​သူဘဝမွာ ကတည္​းက ထမင္​း​ေတာင္ ​ခြံ႔​ေကြၽးရလိမ္​့မယ္​။ မိခင္​စိတ္​႐ွိတတ္​တဲ့ မိန္​းက​ေလး​ေတြအဖို႔ သ​ေဘာက်စရာပဲ။
ဒီလိုအစားၾကာၾကာဝါးမွ ခါးမွန္​းသိမယ္​။ မိတ္​​ေဆြ​ေကာင္​းမ႐ွိ။ အပ်င္​းထူအ​ေရထြက္​ စီးပြားမတက္​။

– { လင္​အို }

အိုတဲ့​ေယာက်္​ား သူမ်ားအတြက္​​ေရာ၊ မိန္​းမအတြက္​​ေရာ ဘယ္​​ေနရာမ်ား အသံုးတဲ့တာ႐ွိသတုန္​း။ သဝန္​တိုတတ္​တာ ႏွစ္​​ေယာက္​မ႐ွိ။
သူမစြမ္​းတာ သူသိတိုင္​း လူတစ္​ကာနဲ႔​ေပးစား။ စိတ္​ကိုမီးလိုပူ​ေစတဲ့​ေယာက်္​ား ​ေဝးရာက႐ွား​ေလာ့ ခ်စ္​သမီး။

– { လင္​အလိုမျပည္​့ }

ဘယ္​​ေလာက္​ပဲ​…ေကာင္​း​ေအာင္​လုပ္​​ေပး​ေပး ​ေက်းဇူးတရားကိုမသိ၊ အဆိုးအျပစ္​သာ ျမင္​တတ္​​ေျပာတတ္​တဲ့​ေယာက်္​ား။
အျပဳသ​ေဘာမ​ေဆာင္​ အပ်က္​သ​ေဘာ၊ အဖ်က္​သ​ေဘာသာ႐ွိတဲ့​ ေယာက်္​ား အလကားပဲ။

ႀကိဳက္​ရင္​လည္​းယူ​ေတာ္​မူ…မတားလိုပါ။(ဝဋ္​​ေႂကြးဆပ္​လိုတဲ့သ​ေဘာ)

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဘဝသုတ_စာေပ Page

– { လင်မွဲ }

ဘယ်လောက်ပဲချစ်ချစ် စီးပွားရေးအသိတရား မရှိဘူးဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့အိုင်မှာ နေရတဲ့ငါးလိုပဲ
ပူလောင်ခြောက်သွေ့လွန်းပါတယ်။

ဒါ့ကြောင့်…မွဲတဲ့ယောကျ်ား မယူလေနဲ့။

– { လင်နာ }

မင်္ဂလာဦးညကစလို့ ဖြစ်လိုက်တဲ့ ရောဂါကြီးသေးပေါင်းစုံ၊ ပိုးမွေးသလို မွေးနေရမယ့် ကိုချူချာ၊ ကုလိုက်ရတဲ့ဆေး၊ ရှိသမျှ အကုန်ပြောင်။
အကျိုးစီးပွား တိုးတက်ရာလမ်းမမြင် ဆုတ်ယုတ်ရန်သာရှိ မယူလေနဲ့အမိ။

– { လင်အရက်သမား(လင်သူရာကြိုက်) }

အရက်သေစာ၊ ယခုခေတ်တော့ မူးယစ်ဆေးသောက်စား မူးယစ်တတ်တဲ့ယောကျ်ား မိတ်ကောင်းဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာပျက်ပြား။
ကိုယ့်လက်ထဲရောက်မှ ပြု ပြင်ပါ့မယ်၊ ကိုယ်ကိုင်တွယ်ပါ့မယ်လို့မတွေးနဲ့။

ကတိတွေ အထပ်ထပ်ပေးလည်း မယုံလိုက်လေနဲ့။ လျှာမှာ အရိုးမရှိ။
အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။

– { လင်မိုက် (လင်ရမ်းကား) }

ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန် မကျန်ကုန်အောင် ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား။ ယူမိရင်မျက်ရည်နဲ့ဒူးနဲ့ ဝမ်းဆက်ဖြစ်လိမ့်မယ်။

– { လင်ဖျင်း }

အစစအရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။
ကိုယ်ပိုင်ရပ်တည်ချက်မရှိ။ ကိုယ်ပိုင်အစွမ်းအစ မရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီးလုပ်တတ်တဲ့ယောကျ်ား။ လင်ရုပ်သေး ဝေးဝေးကသာရှောင်။

– { လင်ပျင်း }

သေချာတယ် ချစ်သူဘဝမှာ ကတည်းက ထမင်းတောင် ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ်ရှိတတ်တဲ့ မိန်းကလေးတွေအဖို့ သဘောကျစရာပဲ။
ဒီလိုအစားကြာကြာဝါးမှ ခါးမှန်းသိမယ်။ မိတ်ဆွေကောင်းမရှိ။ အပျင်းထူအရေထွက် စီးပွားမတက်။

– { လင်အို }

အိုတဲ့ယောကျ်ား သူများအတွက်ရော၊ မိန်းမအတွက်ရော ဘယ်နေရာများ အသုံးတဲ့တာရှိသတုန်း။ သဝန်တိုတတ်တာ နှစ်ယောက်မရှိ။
သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ပေးစား။ စိတ်ကိုမီးလိုပူစေတဲ့ယောကျ်ား ဝေးရာကရှားလော့ ချစ်သမီး။

– { လင်အလိုမပြည့် }

ဘယ်လောက်ပဲ…ကောင်းအောင်လုပ်ပေးပေး ကျေးဇူးတရားကိုမသိ၊ အဆိုးအပြစ်သာ မြင်တတ်ပြောတတ်တဲ့ယောကျ်ား။
အပြုသဘောမဆောင် အပျက်သဘော၊ အဖျက်သဘောသာရှိတဲ့ ယောကျ်ား အလကားပဲ။

ကြိုက်ရင်လည်းယူတော်မူ…မတားလိုပါ။(ဝဋ်ကြွေးဆပ်လိုတဲ့သဘော)

ဖိုးသူတော်(www.phothutaw.com)
Credit:ဘဝသုတ_စာပေ Page