႐ုပ္ အ ဆင္း လွ ပေ စေ ေသာ ကု သိုလ္ ( ၄ ) မ်ိဳး…!

လူ၊ နတ္၊ ျဗဟၼာ ျဖစ္ေလရာ ဘဝတို႔တြင္သူတစ္ပါးထက္

႐ုပ္အဆင္း လွပ လိုသူတို႔သည္ေကာင္းမႈ ( ၄ ) ပါး

ကိုျပဳၾကရမည္ ဟု က်မ္းဂန္တို႔ ၌ဆိုၾက၏ ။

ထိုေကာင္းမႈ ( ၄ ) ခုသည္ကား……

၁။ အဝတ္အစား , သကၤန္း လွဴဒါန္းျခင္း

၂။ အစာအဟာရ လွဴဒါန္းျခင္း

၃။ ေဒါသကို ခ်ဳပ္တည္း၍ ေမတၱာပြားျခင္း

၄။ တံျမတ္လွည္းျခင္း

ဤ( ၄)ပါးသည္ ႐ုပ္အဆင္းလွပျခင္း၏အေၾကာင္းရင္း ျဖစ္ေလ၏ ။

ထိုကုသိုလ္( ၄ )ပါးကိုျပဳပါက

႐ုပ္အဆင္းလွပျခင္းအျပင္

သက္ဆိုင္ရာေကာင္းက်ိဳးမ်ားကိုလဲ ထပ္မံရေသး၏။

ထိုေၾကာင့္ ဤ ( ၄ ) ပါးေသာ ကုသိုလ္တို႔ကို ျဖစ္ေလရာ ဘဝတိုင္း

သူတစ္ပါးထက္ ႐ုပ္အဆင္းလွလိုသူတို႔သည္

မလြဲ မေသြ ျပဳၾကရေပမည္။

တစ္ခ်ိဳ႕လူေတြက

႐ုပ္လွတယ္ စိတ္မလွဘူး ။

ဒီစိတ္ေၾကာင့္ပဲ ႐ုပ္ဘယ္ေလာက္ပဲလွလွ

သူမ်ားေတြရဲ႕ ေမတၱာေတြကို

ရသင့္သေလာက္ မရၾကေတာ့ဘူး ။

တစ္ခ်ိဳ႕လူေတြက

႐ုပ္ဆိုးတယ္ စိတ္ထားျဖဴတယ္ ။

ဒီစိတ္ေတြေၾကာင့္ပဲ

ဘယ္ေလာက္ ႐ုပ္ဆိုး႐ုပ္ဆိုး

သူတစ္ခုခု လိုအပ္လာရင္ ကူညီမယ့္သူေတြ

အဆင္သင့္နဲ႔ သူ႔အနားမွာ ဝန္းရံသူေတြ

ေပါမ်ားတတ္တယ္ ။

တစ္ခ်ိဳ႕လူေတြက

႐ုပ္လည္းမလွဘူး စိတ္လည္းမလွဘူး ။

ဒါေၾကာင့္ပဲ ဘယ္သူနဲ႔မွ အဆင္မေျပပဲ

တေလာကလံုးကို အျပစ္ျမင္ၿပီး

ပူေလာင္ေနရတယ္ ။

႐ုပ္လွၿပီး စိတ္လွဖို႔ ဆိုတာကလည္း

ဘဝေပးကုသိုလ္ကံ ေကာင္းေလး

ေကာင္းခဲ႔တာလည္း ျဖစ္ခ်င္ျဖစ္မယ္ ။

ဒါေပမယ့္ အရင္ဘဝက

ဘာေကာင္းခဲဲ႔ ေကာင္းခဲ႔

မေကာင္းခဲ႔ မေကာင္းခဲ႔….

ဒီဘဝမွာ ရသင့္ရထိုက္တဲ႕ ႐ုပ္ရည္ကေတာ့

ျပဳျပင္လို့မရရင္ စိတ္ကေလးကိုေတာ့

ေကာင္းတာ မလုပ္ႏိုင္ေသးရင္ သူမ်ားကို ဒုကၡမေပးမိေအာင္ေန။

လူ႔တန္ဖိုးဆိုတာ

႐ုပ္ရည္ ေငြေၾကးအေပၚကေန

အေပၚယံရွပ္ၾကည့္လို႔ မသိရဘူး ။

တန္ဖိုးတက္ေအာင္

မေနႏိုင္ေသးရင္ေတာင္ ကိုယ္က်င့္တရား အပိုင္းမွာ တန္ဖိုးက်ေအာင္ မေနနဲ႔။

စိတ္ေပါ့ပါးရင္ ႐ုပ္ၾကည္တယ္ ။

စိတ္ေကာင္းရွိရင္ ကံေကာင္းတယ္ ။

စိတ္မေကာင္းႏိုင္ေသးရင္ေတာင္

စိတ္မယုတ္ညံ႔နဲ႔ ။

ကိုယ္ေဒါသထြက္ခ်ိန္

အၿငိဳးေတးႀကီးခ်ိန္ တုန္းကလည္း

တအားကို ပူေလာင္ၿပီး ႐ုပ္က်ခဲ႔ရတဲ႔

အခ်ိန္အခိုက္တန့္ ရွိခဲ႔ဖူးတယ္ ။

အဓိကကေတာ့ စိတ္ထား ေပါ့ပါးသြားရင္

အရာအားလံုးက ေပါ့ေပါ့ပါးပါး ျဖစ္သြားမွာပါ…။

Credit – Original Writer & Uploader

Unicodeဖြင့်ဖတ်ရန်

ရုပ် အ ဆင်း လှ ပေ စေ သော ကု သိုလ် ( ၄ ) မျိုး

လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင်သူတစ်ပါးထက်

ရုပ်အဆင်း လှပ လိုသူတို့သည်ကောင်းမှု ( ၄ ) ပါး

ကိုပြုကြရမည် ဟု ကျမ်းဂန်တို့ ၌ဆိုကြ၏ ။

ထိုကောင်းမှု ( ၄ ) ခုသည်ကား……

၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း

၂။ အစာအဟာရ လှူဒါန်းခြင်း

၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း

၄။ တံမြတ်လှည်းခြင်း

ဤ( ၄)ပါးသည် ရုပ်အဆင်းလှပခြင်း၏အကြောင်းရင်း ဖြစ်လေ၏ ။

ထိုကုသိုလ်( ၄ )ပါးကိုပြုပါက

ရုပ်အဆင်းလှပခြင်းအပြင်

သက်ဆိုင်ရာကောင်းကျိုးများကိုလဲ ထပ်မံရသေး၏။

ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ကို ဖြစ်လေရာ ဘဝတိုင်း

သူတစ်ပါးထက် ရုပ်အဆင်းလှလိုသူတို့သည်

မလွဲ မသွေ ပြုကြရပေမည်။

တစ်ချို့လူတွေက

ရုပ်လှတယ် စိတ်မလှဘူး ။

ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲလှလှ

သူများတွေရဲ့ မေတ္တာတွေကို

ရသင့်သလောက် မရကြတော့ဘူး ။

တစ်ချို့လူတွေက

ရုပ်ဆိုးတယ် စိတ်ထားဖြူတယ် ။

ဒီစိတ်တွေကြောင့်ပဲ

ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုး

သူတစ်ခုခု လိုအပ်လာရင် ကူညီမယ့်သူတွေ

အဆင်သင့်နဲ့ သူ့အနားမှာ ဝန်းရံသူတွေ

ပေါများတတ်တယ် ။

တစ်ချို့လူတွေက

ရုပ်လည်းမလှဘူး စိတ်လည်းမလှဘူး ။

ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲ

တလောကလုံးကို အပြစ်မြင်ပြီး

ပူလောင်နေရတယ် ။

ရုပ်လှပြီး စိတ်လှဖို့ ဆိုတာကလည်း

ဘဝပေးကုသိုလ်ကံ ကောင်းလေး

ကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။

ဒါပေမယ့် အရင်ဘဝက

ဘာကောင်းခဲ့ ကောင်းခဲ့

မကောင်းခဲ့ မကောင်းခဲ့….

ဒီဘဝမှာ ရသင့်ရထိုက်တဲ့ ရုပ်ရည်ကတော့

ပြုပြင်လို့မရရင် စိတ်ကလေးကိုတော့

ကောင်းတာ မလုပ်နိုင်သေးရင် သူများကို ဒုက္ခမပေးမိအောင်နေ။

လူ့တန်ဖိုးဆိုတာ

ရုပ်ရည် ငွေကြေးအပေါ်ကနေ

အပေါ်ယံရှပ်ကြည့်လို့ မသိရဘူး ။

တန်ဖိုးတက်အောင်

မနေနိုင်သေးရင်တောင် ကိုယ်ကျင့်တရား အပိုင်းမှာ တန်ဖိုးကျအောင် မနေနဲ့။

စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။

စိတ်ကောင်းရှိရင် ကံကောင်းတယ် ။

စိတ်မကောင်းနိုင်သေးရင်တောင်

စိတ်မယုတ်ညံ့နဲ့ ။

ကိုယ်ဒေါသထွက်ချိန်

အငြိုးတေးကြီးချိန် တုန်းကလည်း

တအားကို ပူလောင်ပြီး ရုပ်ကျခဲ့ရတဲ့

အချိန်အခိုက်တန့် ရှိခဲ့ဖူးတယ် ။

အဓိကကတော့ စိတ်ထား ပေါ့ပါးသွားရင်

အရာအားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာပါ…။

Credit – Original Writer & Uploader