မြမြ ဆိုသူ၏ ဝိဥာဉ်​ဝင်​ပူးပြီး ​ပြောဆိုသည့်​ လူသတ်​ မုဒိမ်း အ​လောင်း​ဖျောက်​မှု အုပ်​ချုပ်​​ရေးမှူး ပြောပြီ…!
တောင်​ဒဂုံမြိုနယ်​ ၁၀၇ ရပ်​ကွက်​အတွင်​ နှစ်​ဆန်းတစ်​ရက်​​နေ့က မြမြဆိုသူ၏ ဝိဥာဉ်ဝင်​​ရောက်​ပူးကပ်​​ပြောဆိုခဲ့သည့်​ သူသတ်​ မုဒိမ်းအ​လောင်း​ဖျောက်​မှုသည်​ မဟုတ်​မှန်​​ကြောင်း ​၁၀၇ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး က​ပြောသည်​။
၁၀၇ ရပ်​ကွက်​အတွင်း နှစ်​ဆန်းတစ်​​ရက်​​နေ့တွင်​ ပရိတ်​တရားနာစဉ်​ မဇာခြည်​လွင်​ဆိုသူအား ရုတ်​တရက် ​မြမြဆိုသည့်​ ဝိဥာဉ်​ဝင်​ပူး၍ ၄င်းအား သင်္ကြန်​အကြို​နေ့တွင်​ လည်​ပြီးပြန်​လာစဉ်​ Sweety Home စက်​ရုံမှ အမျိုးသားလုပ်​သား၃ဦးမှ အတင်းဆွဲ​ခေါ်၍မုဒိန်းကျင့်​ခဲ့ပြီး
The Fifth Wave News..
Unicode
​တောင်​ဒဂုံမြိုနယ်​ ၁၀၇ ရပ်​ကွက်​အတွင်​ နှစ်​ဆန်​းတစ်​ရက်​​နေ့က မြမြဆိုသူ၏ ဝိဉာဉ်ဝင်​​ရောက်​ပူးကပ်​​ပြောဆိုခဲ့သည်​့ သူသတ်​ မုဒိမ်းအ​လောင်​း​ဖျောက်​မှုသည်​ မဟုတ်​မှန်​​ကြောင်​း ​၁၀၇ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး က​ပြောသည်​။
“ရာအိမ်​မှူးက လှမ်​းသတင်​းပို့​တော့ ကိုယ်​​တွေကိုယ်​တိုင်​လိုက်​ရှာတယ်​ စခန်​းမှူးလည်​းလှမ်​အ​ကြောင်​းကြားလိုက်တယ်​။ပထမပတ်​ဝန်​းကျင်​က လူ​တွေနဲ့ရာအိမ်​မှူးဆယ်​အိမ်​မှူး​တွေနဲ့လိုက်​ရှာတယ်။​ဘာမှမ​တွေ့ရဘူး။၁၀နာရီ​လောက်​မှ စခန်​းမှူးတို့အဖွဲ့​ရောက်​လာတယ်။​
မီးမလင်​းတဲ့မှတ်​တိုင်​​တွေကို​သေချာမှတ်​သားပြီး​တော့ရှာတယ်။ ​မ​တွေ့ဘူး။​သေတာကြာပြီဆိုရင်​ အပုတ်​နံထွက်​ရမယ်။​ အပုတ်​နံလည်​းမရဘူး။ဒီ​နေ့​ကျောက်​စိမ်​းစက်​ရုံကို ကျွန်​​တော်​တို့ရယ်​ စခန်​းမှူးရယ်​သွားပြီး လူစာရင်​းစစ်​​ဆေးတယ်။​
မြမြဆိုတဲ့သူ နာမည်​မ​တွေ့ရဘူး။ အခုကျွန်​​တော်​တို့ဒီကိစ္စမဟုတ်​မှန်​​ကြောင်​း မြို့နယ်​ကိုတင်ထားပြီ”ဟု ၁၀၇ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက​ပြောသည်​။
၁၀၇ ရပ်​ကွက်​အတွင်​း နှစ်​ဆန်​းတစ်​​ရက်​​နေ့တွင်​ ပရိတ်​တရားနာစဉ်​ မဇာခြည်​လွင်​ဆိုသူအား ရုတ်​တရက် ​မြမြဆိုသည်​့ ဝိဉာဉ်​ဝင်​ပူး၍ ၄င်​းအား သင်္ကြန်​အကြို​နေ့တွင်​ လည်​ပြီးပြန်​လာစဉ်​ Sweety Home စက်​ရုံမှ အမျိုးသားလုပ်​သား၃ဦးမှ အတင်​းဆွဲ​ခေါ်၍မုဒိ်န်​းကျင်​့ခဲ့ပြီး
ဓားများဖြင်​့ခုတ်​ထစ်​ကာ အ​​လောင်​းအား ​မီမလင်​းသည်​့ဓာတ်​တိုင်​ခြုံပုတ်​နားရှိ ​မြောင်း၏သုံ​ပေ​နေရာတွင်​မြုပ်​ထားသည်​ဟု ​ပြောဆိုခဲ့သည်​။
ယ​ခုအကိစ္စနှင်​့ပတ်​သက်​၍ ဆိုရှယ်​မီဒီယာအသုံးပြုသူများ စိတ်​ဝင်​စားလျက်​ရှိပြီး တာဝန်​ရှိသူများမှ စုံစမ်းရာတွင် ယ​နေ့နံနက်​နာမည်​စာရင်​းများအားစစ်​​ဆေးရာ ​ကျောက်​စိမ်​းဖိနပ်​စက်​ရုံတွင်​ မြမြဆိုသည်​့နာမည်​မရှိ​ကြောင်​းသိရသည်​။
The Fifth Wave News..