


ကလေးပီပီ



ငေးကြည့်တတ်လာတယ် ။

ကျောင်းပွဲတွေမှာ


အားကျတယ်။

မတော်တဆ ဆုတွေရမယ်




ရှိစေချင်တယ် ။

လစဉ် အောင်လက်မှတ်မှာ










အားအင်မဲ့ သွားတယ် …

တစ်ခါတစ်လေ

တောင်းပန်ချင်ပါတယ်





တောင်းပန်ပါတယ် …

မည်သူ့ကိုမဆိုပါ



Unicode >>>

မိဘတွေကွဲသွားတဲ့အခါကျန်ခဲ့တဲ့ သားသမီးတွေကအလိုလို သိမ်ငယ်သွားတယ်

တနည်းပြောရရင် “စိတ်ဒဏ်ရာရတယ် ”

ကလေးပီပီ

ဖေဖေနဲ့မေမေ ကျောင်းလိုက်ပို့တဲ့

မိသားစုလေးကိုတွေ့ရင်

ငေးကြည့်တတ်လာတယ် ။

ကျောင်းပွဲတွေမှာ

မိဘ စုံလင်တဲ့ လူတွေကို

အားကျတယ်။

မတော်တဆ ဆုတွေရမယ်

စင်ပေါ်တက်ယူ ရမယ်ဆိုရင်

အဘိုးအဘွား အဒေါ်တွေထက်

စင်အောက်မှာ မိဘ တွေကိုပဲ

ရှိစေချင်တယ် ။

လစဉ် အောင်လက်မှတ်မှာ

ကျကျရှုံးရှုံး အဖေရဲ့လက်မှတ်ကလေးဖြစ်ဖြစ်အမေ့ရဲ့

လက်မှတ်ကလေးဖြစ်ဖြစ် ရှိစေချင်တယ်။

ကျောင်းမှာ သူများအနိုင်ကျင့် လာရင်

အိမ်ပြန်ရောက်ရင် မိဘတွေဆီကို

ပြန်တိုင်ကြားချင်တယ် ။

ပိုဆိုးတဲ့ ခံစားချက်ကိုပြောပြပါဆိုရင်

ကွဲသွားတဲ့ မိဘ တွေက သားသမီး

မျက်နှာကိုမထောက်ပဲ နောက်အိမ်ထောင်ပြုသွားရင်

ဟော့ ဒီ အကောင်တွေ ရဲ့ ရင်ထဲမှာ

အားအင်မဲ့ သွားတယ် …

တစ်ခါတစ်လေ

တောင်းပန်ချင်ပါတယ်

အိမ်ထောင်ကွဲတွေ မြင်ရရင်

ကလေးတွေ ရဲ့မျက်နှာကို ထောက်ပြီး

ဆုံးဖြတ်ချက်မစောကြဖို့

ဟော့ ဒီ က ကောင်က ကလေးတွေအစား

တောင်းပန်ပါတယ် …

မည်သူ့ကိုမဆိုပါ

သားသမီးတွေရဲ့မျက်နှာကလေးကိုကြည့်စေချင်ပါတယ်

Credit : AungKhinSitt(LuAh)