ျမစ္ဆုံစီမံကိန္း တစ္ဦးတစ္ေဒၚလာေပးေလ်ာ္မယ့္ လႈပ္ရွားမႈစတင္မယ္…!

ျမစ္ဆုံစီမံကိန္း ရပ္တန္႕ဖို႕အတြက္ တစ္ဦး ကို တစ္ေဒၚလာေပးေလ်ာ္မယ့္ လႈပ္ရွားမႈ စတင္မယ္လို႕ ဦးေဆာင္ျပဳ လုပ္ၾကမယ့္သူမ်ားက ဆိုလုိက္ပါတယ္။

အဲဒီလႈပ္ရွားမႈကို ဧရာဝတီကို ျပန္ေရြးယူၾကမယ္ ေခါင္းစဥ္နဲ႕ ရန္ကုန္ၿမိဳ႕ ၊ ႏိုဗုိတယ္ ဟိုတယ္မွာ က်င္းပတဲ့ ေဆြးေႏြးပြဲမွာ ေၾကညာခဲ့တာပါ။

ေဆြးေႏြးပြဲမွာေတာ့ ျမစ္ဆုံစီမံကိန္းရပ္တန္႕ဖို႕အတြက္ တရုတ္သမၼတ ဆီကို အိတ္ဖြင့္ေပးစာ လည္း ေပးပို႕ခဲ့ပါေသးတယ္။

ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ရပ္တန္႔ဖုိ႔နဲ႔ ျမစ္ဆံုနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံက တရားဝင္ကုန္က်ထားတာေတြကုိ ျပန္ေပးေလ်ာ္မယ္လို႔ ဧရာဝတီကိုျပန္ေရြးယူဖို႔ ဦးေဆာင္လႈပ္ရွားေနသူေတြက တ႐ုတ္သမၼတဆီထံ စာေပးပို႔ကမ္းလွမ္းလိုက္ပါတယ္။

ရပ္ဆုိင္းထားတဲ့ ျမစ္ဆုံစီမံကိန္းကုိ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္သံအမတ္ႀကီးက ျပန္တည္ေဆာက္လုိေၾကာင္း သတင္းေတြ ထြက္ေပၚေနတာေၾကာင့္ ျမန္မာျပည္သူေတြ အထူးစုိးရိမ္ေနၾကတယ္လုိ႔လည္း အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။

အဲဒီ အိတ္ဖြင့္ေပးစာကို ရန္ကုန္မွာ ဒီေန႔ျပဳလုပ္ေနတဲ့ ဧရာဝတီကို ျပန္ေရြးယူၾကမယ္ဆိုတဲ့ ေဟာေျပာပြဲကေန ထုတ္ျပန္လိုက္တာပါ။

ဒီေဟာေျပာပြဲမွာ ႏိုင္ငံေရးသမားေတြ၊ မိုးေလဝသပညာရွင္၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ပညာရွင္၊ ကာတြန္းဆရာ၊ စာေရးဆရာ၊ သ႐ုပ္ေဆာင္၊ ေတးေရးဆရာနဲ႔ အဆိုေတာ္ စတဲ့သူေတြ ပါဝင္ေဆြးေႏြးေျပာဆိုေနၾကပါတယ္။

ဒါကို လ်စ္လ်ဴ႐ႈၿပီး ဆက္လုပ္မယ္ဆိုရင္ေတာ့ ျမန္မာေတြဟာ ဂုဏ္သိကၡာအခ်ိဳးႏွိမ္ခံရတယ္၊ အႏိုင္က်င့္ခံရတယ္ဆိုၿပီး စြဲမွတ္ယူၾကႏိုင္လို႔ တ႐ုတ္- ျမန္မာဆက္ဆံေရးမွာ ျပင္ဆင္ဖို႔ခက္တဲ့ ဆိုးက်ိဳးေတြ ရင္ဆိုင္ရႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ျမစ္ဆံုနဲ႔ပတ္သက္ၿပီး စာခ်ဳပ္ပါအတိုင္း တ႐ုတ္ႏိုင္ငံက တရားဝင္ ကုန္က်ထားတာေတြကို ေပးေလ်ာ္ဖို႔အတြက္လည္း ကမ္းလွမ္းလိုက္သလို ဒါကို အေျဖအျဖစ္ လက္ခံဖို႔လည္း တိုက္တြန္းထားပါတယ္။

Unicode

မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့အတွက် တစ်ဦး ကို တစ်ဒေါ်လာပေးလျော်မယ့် လှုပ်ရှားမှု စတင်မယ်လို့ ဦးဆောင်ပြု လုပ်ကြမယ့်သူများက ဆိုလိုက်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဧရာဝတီကို ပြန်ရွေးယူကြမယ် ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ၊ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကြေညာခဲ့တာပါ။

ဆွေးနွေးပွဲမှာတော့ မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့အတွက် တရုတ်သမ္မတ ဆီကို အိတ်ဖွင့်ပေးစာ လည်း ပေးပို့ခဲ့ပါသေးတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့နဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တရားဝင်ကုန်ကျထားတာတွေကို ပြန်ပေးလျော်မယ်လို့ ဧရာဝတီကိုပြန်ရွေးယူဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက တရုတ်သမ္မတဆီထံ စာပေးပို့ကမ်းလှမ်းလိုက်ပါတယ်။

ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြန်တည်ဆောက်လိုကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြန်မာပြည်သူတွေ အထူးစိုးရိမ်နေကြတယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာကို ရန်ကုန်မှာ ဒီနေ့ပြုလုပ်နေတဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ ဟောပြောပွဲကနေ ထုတ်ပြန်လိုက်တာပါ။

ဒီဟောပြောပွဲမှာ နိုင်ငံရေးသမားတွေ၊ မိုးလေဝသပညာရှင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ တေးရေးဆရာနဲ့ အဆိုတော် စတဲ့သူတွေ ပါဝင်ဆွေးနွေးပြောဆိုနေကြပါတယ်။

ဒါကို လျစ်လျူရှုပြီး ဆက်လုပ်မယ်ဆိုရင်တော့ မြန်မာတွေဟာ ဂုဏ်သိက္ခာအချိုးနှိမ်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်ဆိုပြီး စွဲမှတ်ယူကြနိုင်လို့ တရုတ်- မြန်မာဆက်ဆံရေးမှာ ပြင်ဆင်ဖို့ခက်တဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြစ်ဆုံနဲ့ပတ်သက်ပြီး စာချုပ်ပါအတိုင်း တရုတ်နိုင်ငံက တရားဝင် ကုန်ကျထားတာတွေကို ပေးလျော်ဖို့အတွက်လည်း ကမ်းလှမ်းလိုက်သလို ဒါကို အဖြေအဖြစ် လက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။