လွတ်​ငြိမ်းချမ်းသာခွင့်ဖြင့်် လွတ်မြောက်လာသူထံမှ မူးယစ်​ဆေးများ လက်ဝယ်ဖမ်းမိ




ထိုစဉ်​ ကျုံပါရွာဘက်​မှ သထုံဘက်​သို့လမ်း​လျောက်​လာသူ ထွန်း​အောင်​​ကျော်​ (ခ)​အောင်​ကိုလတ်​ ၂၁နှစ်​ အဖ ဦးမင်း​ဆွေ အား ​တွေ့ရှိစစ်​​ဆေးခဲ့​ကြောင်း ၎င်း၏​ဘောင်းဘီအိတ်​ထဲမှ WY​ဆေးပြားစုစု​ပေါင်း ၄၅ ပြားနှင့်​​ငွေ၁၈၅၀၀ သိမ်းဆည်းရမိသဖြင့်





မယ(ပ)၅/၂၀၁၉ မူးယစ်​ဥပ​ဒေပုဒ်​မ ၁၉ က/၂၀က/၂၁ဖြင့်​အ​ရေးယူထား​ကြောင်းသိရသည်ဝရဇိန်​ ​ပေါင် (Paung Daily)

Unicode

သင်္ကြန်​ရက်​အပြီးတွင်​ နိုင်​ငံ​တော်​သမ္မတ၏လွတ်​ငြိမ်​းချမ်​းသာဖြင်​့အကျဉ်​းသားများ လွတ်​​မြောက်​ကြရာတွင်​မူးယစ်​​ဆေးမှုဖြင်​့အ​ရေးယူခံထားရသူအများအပြားလွတ်​ခဲ့ကြ​သော်​လည်​း ယခုရက်​ပိုင်​းအတွင်​းရဲကမူးယစ်​​ဆေးမှုများ ဆက်​တိုက်​ဖမ်​းဆီးရမိ​နေသည်​်

သထုံခရိုင်​ရဲတပ်​ဖွဲ့မှုးရုံး မှုခင်​းအကူဌာနမှ ဒုရဲအုပ်​ တင်​ကိုထွန်​း ၊တပ်​ကြပ်​ချစ်​စမ်​း​မောင်​ ၊တပ်​ကြပ်​ဆန်​းရီ ၊တပ်​ကြပ်​စံ​ရွှေ​မောင်​တို့သည်​မွန်​ပြည်​နယ်​မှုကူဌာနမှတကက​အေးမင်​းထွန်​းနှင်​့အတူ သထုံမြို့နယ်​တွင်​ ဧပြီ၂၀ရက်​​နေ့ က မူးယစ်​​ဆေး ၂မှုဖမ်​းဆီးရမိထား​ကြောင်​းသိရသည်​

အဆိုပါအဖွဲ့သည်​မူးယစ်​​ဆေးဝါးသတင်​းကြိုတင်​ရထားပြီး ဧပြီ၂၀ ရက်​ မနက်​၁၁း၃၀နာရီအချိန်​က သထုံမြို့ ​ဂေါ့​ကျေးရွာ ​ဂေါ့လမ်​းမတွင်​သက်​​သေများနှင်​့အတူ​စောင်​့ဆိုင်​း​နေ​ကြောင်​း ၊

ထိုစဉ်​ ကျုံပါရွာဘက်​မှ သထုံဘက်​သို့လမ်​း​လျောက်​လာသူ ထွန်​း​အောင်​​ကျော်​ (ခ)​အောင်​ကိုလတ်​ ၂၁နှစ်​ အဖ ဦးမင်​း​ဆွေ အား ​တွေ့ရှိစစ်​​ဆေးခဲ့​ကြောင်​း ၎င်း၏​ဘောင်​းဘီအိတ်​ထဲမှ WY​ဆေးပြားစုစု​ပေါင်​း ၄၅ ပြားနှင်​့​ငွေ၁၈၅၀ဝ သိမ်​းဆည်​းရမိသဖြင်​့်

စစ်​​ဆေးရာ ထွန်​းမင်​းစိုး (ခ)တရုတ်​ ထံမှဝယ်​ယူခဲ့​ကြောင်​းအစစ်​ခံထွက်​ဆိုခဲ့​ကြောင်​း ထိုအမှုအား သထုံမြို့မရဲစခန်​း မယ(ပ)၄/၂၀၁၉မူးယစ်​ဥပ​ဒေ ပုဒ်​မ ၁၉က/ ၂၀က/ ၂၁ ၊တို့အရအ​ရေးယူထာခဲ့​ကြောင်​း

ထို့​နောက်​ အဆိုပါဖမ်​းဆီး​ရေးအဖွဲ့သည်​ သထုံခရိုင်​ရဲတပ်​ဖွဲမှုး၏ ရှာ​ဖေဝရမ်​းအမှတ်​ ၂/၂၀၁၉ ဖြင်​့ မူးယစ်​​ဆေးဝါးမှုရှာ​ဖွေဖမ်​းဆီးရန်​ ပြုလုပ်​​နေစဉ်​ မသင်္ကာသူထွန်​းမင်​းစိုး (ခ)တရုတ်​ အား ​အောင်​​ဇေယျကွက်​သစ်​၃

လမ်​းရှိ ဦး​ကျော်​သန်​းလဘက်​ရည်​ဆိုင်​တွင်​​တွေ့ရပြီးစစ်​​ဆေးခဲ့ရာ ၎င်း၏​ဘောင်​းဘီတိုအိတ်​ထဲမှ WY​ဆေးပြားစုစု​ပေါင်​း ၃၇ ပြားနှင်​့​ငွေ ၅၅၀ဝ၀ ကျပ်​​တွေ့ရှိသိမ်​းဆည်​းရမိပြီး

၎င်း၏​နေအိမ်​ရှိရာ သိမ်​ကုန်​းရပ်​ ​ရေစက်​မင်​းလမ်​းမ သို့ဝင်​​ရောက်​ရှာ​ဖွေစဉ်​ မီးဖို​ချောင်​ထဲရှိ​ပေါင်​းအိုးပျက်​ထဲမှ WY​ဆေးပြားစုစု​ပေါင်​း၁၇၁ ပြားထပ်​မံ​တွေ့ရှိသိမ်​းဆည်​းရမိခဲ့​ကြောင်​း ထိုအမှုအား ဒုရဲအုပ်​ တင်​ကိုထွန်​းကတရာလိုပြုလုပ်​တိုင်​တန်​းချက်​အရ သထုံမြို့မရဲစခန်​း

မယ(ပ)၅/၂၀၁၉ မူးယစ်​ဥပ​ဒေပုဒ်​မ ၁၉ က/၂၀က/၂၁ဖြင်​့အ​ရေးယူထား​ကြောင်​းသိရသည်​်ဝရဇိန်​ ​ပေါင် (Paung Daily)