ဆိုးဝါးကြမ်းတမ်းလှတဲ့ဘ၀အခြေအနေမို့ မျက်ရည်တွေကူသုတ်ပေးကြပါစို့…!





” ဆရာရယ် ကျမလဲအတတ်နိုင်ဆုံး အိမ်ထောင့်တာဝန်ကိုထမ်းနေပါတယ် သားသမီးတွေအတွက် မိခင်ကြီးအတွက် အိပ်ယာထဲလဲနေတဲ့ယောက်ျားအတွက် ကြိုးစားခဲ့ပါတယ်…ဒါပေမယ့် ဆရာရယ် တနေ့လုံးရထားတွေမလွတ်တမ်းရေရောင်းတာတောင် ၂၀၀၀ လောက်ပဲရတယ် သူ့လစာကလဲ ဆေးခွင့်ယူထားတာဆိုတော့ တစ်ဝက်လောက်ပဲရတယ် သူ့ဆေးဖိုးကိုဘယ်လိုမှ မလောက်ငတော့ပါဘူး ကူညီပါဦးဆရာရယ်….”






Unicode

မျက်ရည်တွေကူသုတ်ပေးကြပါစို့….

ရထားရဲတပ်ဖွဲ့ အမှတ်(၁၀)တပ်ခွဲ တောင်ငူရထားရဲစခန်း မှ လ ၁၇၉၆၂၉ ရဲဒုတက ဇော်ဦး….

လည်ချောင်းကင်ဆာရောဂါနဲ့ အိပ်ယာထဲလဲနေတာ (၃)နှစ်ရှိပါပြီ…ကျနော်တို့ရဲပရဟိတအဖွဲ့က ဆေးကုသစာရိတ်ကူညီထောက်ပံ့ခဲ့တာ (၃) ကြိမ်ရှိပါပြီ…

သားသမီး(၂)ယောက် နဲ့ မျက်စိကွယ်နေတဲ့ မိခင်ကြီးကိုစောင့်ရှောက်ကျွေးမွေးနေတဲ့သူ…အခုသူအိပ်ယာထဲလဲနေချိန်မှာ ဇနီးဖြစ်သူက ဘူတာမှာရေရောင်းပြီး မိသားစုစားဝတ်နေရေးနဲ့ သူ့ဆေးကုသစာရိတ်ကိုဖြေရှင်းနေရတယ်….

” ဆရာရယ် ကျမလဲအတတ်နိုင်ဆုံး အိမ်ထောင့်တာဝန်ကိုထမ်းနေပါတယ် သားသမီးတွေအတွက် မိခင်ကြီးအတွက် အိပ်ယာထဲလဲနေတဲ့ယောကျာ်းအတွက် ကြိုးစားခဲ့ပါတယ်…ဒါပေမယ့် ဆရာရယ် တနေ့လုံးရထားတွေမလွတ်တမ်းရေရောင်းတာတောင် ၂၀ဝ၀ လောက်ပဲရတယ် သူ့လစာကလဲ ဆေးခွင့်ယူထားတာဆိုတော့ တစ်ဝက်လောက်ပဲရတယ် သူ့ဆေးဖိုးကိုဘယ်လိုမှ မလောက်ငတော့ပါဘူး ကူညီပါဦးဆရာရယ်….”

သားသမီးနှစ်ယောက်အတွက် မိခင်ကောင်းခင်ပွန်းသည်အတွက် အိမ်ရှင်မကောင်းမျက်မမြင်မိခင်ကြီးအတွက် သမီးကောင်း

သူကြိုးစားရုန်းကန်နေရှာတယ် ဒါပေမယ့် ဝန်နဲ့အားနဲ့မမျှလေတော့ ကြိတ်ကြိတ်ငိုနေရတဲ့ နေ့တွေများလွန်းခဲ့ပါပြီ….ကျနော်တို့မကြုံဖူးတဲ့ ဒုက္ခတွေကို သူတို့မိသားစုကြုံတွေ့ရင်ဆိုင်နေရတယ်….ကျနော်တို့မကျဖူးတဲ့ မျက်ရည်တွေ သူတို့မျက်ဝန်းမှာအကြိမ်ကြိမ် ကျနေတယ်….

ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ဒုက္ခကို ကျနော်တို့ရဲတပ်ဖွဲ့ဝင်မိသားစုတွေက တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဖေးမပေးကြရအောင်လား….

သူတို့မိသားစုအတွက် သီးသန့်ကူညီထောက်ပံ့လိုသူများ ကျနော်တို့ရဲပရဟိတအဖွဲ့ကို ဆက်သွယ်ပေးကြပါလို့ ကျနော်အနေနဲ့ မေတ္တာရပ်ခံပါရစေ….

ဦးမြတ်သူဟိန်း (ဥက္ကဌ)09-421002737 ….ဦးမျိုးဆွေဦး (အတွင်းရေးမှူး)09-43007061 …ဦးရိုးမ (ဘဏ္ဍာရေးမှူး)09-444486678 ….မထူးထူး (စာရင်းကိုင်)09-400002420