သိန်းတစ်သောင်းခွဲ ဆုကြီး နဲ့ ငွေဖြူငွေမဲ ပြဿနာ
Unicode
သင်္ကြန် အတက်နေ့မှာ ကျည်တောင်ကန် တောင်နီလေး ကျောင်းကို သွားခဲ့ပါတယ်။ သိန်းတစ် သောင်းခွဲ ဆုကြီးပေါက်တယ် ကြားပြီး ခုမှ ရောက် ဖြစ် တာပါ။
ဦးဇင်းနဲ့က ညီအစ်ကိုအရင်းလို နေခဲ့ကြ တာပါ။ သမီးလေး နှစ်နှစ်သမီးတုန်းက ဆောက်လှူခဲ့ တဲ့ စောင်းတန်းလေးကလည်း ခုထိ သပ်သပ်ယပ်ယပ် လေး ရှိဆဲပါ။ ထွေရာလေးပါးပြောကြရင်းနဲ့ ထီအပို ဆု အကြောင်းရောက်သွားပါတယ်။ ထီဆိုင်က ကြေငြာ သလို အပိုဆု သိန်းထောင့်ငါးရာက ခုထိ မရ သေးပါဘူး။
ထီလက်မှတ်မပေးလို့ မရသေးတာလို့ သိ ရပါတယ်။ ဦးဇင်း မိန့်တာက သူတို့ကိုထီလက်မှတ် ပေး လိုက်ရင် သူတို့ပေးမယ့် မူရင်း သိန်းတစ်သောင်း ခွဲရယ် အပို ထောင့်ငါးရာရယ်က ကျုပ်လက်ထဲမှာ ငွေမဲတွေ ဖြစ်နေမှာပေါ့ ။ကျုပ်က သန့်တဲ့ငွေဘဲ ကိုင်ချင်တာ တဲ့ လေ။
ဟိုတစ်နေ့က ဂျာနယ်တွေခေါ် ပြီး ရှင်းပြထားပေမယ့် ဘယ်ကမှလည်း ရေးကြတာ မဖတ်ရသေးဘူး လို့ မိန့်ပါတယ်။ ခုနောက်ဆုံး အခြေအနေက လာပြီး ဈေးဆစ်ညှိနေဆဲဖြစ်ပါသတဲ့။
ထီဆုကြီးတွေနဲ့ ငွေဖြူ ငွေမဲပြဿနာ ၊ ခဝါချ မှု ပြဿနာဟာ ဆက်စပ်နေသလား ဆိုတာ တော့ ကာယကံရှင်များက ပိုသိမှာပါ။ စီပွားကူးသန်းက တော့ မေးနေပြီလို့ဆိုပါတယ်။
ဒီ post လေးကို ငွေကြေးခဝါချမှု တိုက်ဖျက် ရေး အဖွဲ့ က ဖတ်မိရင်တော့ မီးခိုးကြွက်လျောက် ကလေးတွေ မြင်ရစရာ ရှိပါတယ်။စစ် ရဲ နိုင်