တို႔ႏိုင္ငံသားမ်ားအတြက္ အရွက္ရမိပါတယ္…!

ေရႊတိဂုံေစတီေတာ္ႀကီးကို ဘုရားဖူးလာရင္

ေနပူမွာစိုးလို႔ အလွဴရွင္ေတြက

( ေရႊတိဂုံေစတီေတာ္ ) စာတမ္းပါထီးေတြ

အခမ့ဲ ( ေခတၱ ) ယူသုံးခြင့္ေပးတယ္။

စာလည္း ေရးထားတယ္။အျပန္မွာ ထားခ့ဲေပးၾကဖို႔။

ဒါေပမယ့္ ရက္ပိုင္းအတြင္းမွာ

ထီးအားလုံး ေပ်ာက္ဆုံးသြားတယ္။

ယူတ့ဲသူေတြက ျပန္မထားပဲ အပိုင္ယူသြားၾကလို႔ေပါ့။

ေရာင္းသူမ့ဲေစ်းဆိုင္ေလးေတြ ဖြင့္ေပးၾကတယ္။

သိပ္မၾကာခင္မွာပဲ ဆိုင္ေလးေတြ ေပ်ာက္သြားတယ္။

ပိုက္ဆံထည့္ရေကာင္းမွန္းမသိတာထက္

အလကား အေခ်ာင္လိုခ်င္ၾကတာေၾကာင့္ေပါ့။

ေသာက္ေရသန္႔စက္ေတြက ေရအိုးစင္ေနရာကို

အစားထိုးေရာက္လာေပမယ့္ ေရခြက္ေတြကေတာ့

ႀကိဳးခ်ည္ထားရတုန္းပဲ။

YBS ကားေတြမွာ စကၠဴနဲ႔ စီးေနၾကတုန္းမို႔

အရွံဳးေပၚတာကို အစိုးရအသုံးမက်ဘူးလို႔ေတာင္

သူတို႔က ေအာ္လိုက္ေသးတယ္။YBS စဆြဲတ့ဲေန႔မွာ

လိုင္းစနစ္အခက္အခဲကိုရန္ကုန္သား ကားပိုင္႐ွင္ေတြ

က အနစ္နာခံၿပီးအခမ့ဲ ေျပးဆြဲေပးတ့ဲအခါ ဘယ္မွ

သြားစရာမရွိပဲအားလို႔ ကားလိုက္စီးပါတယ္ဆိုတ့ဲ

သူေတြကိုၾကဳံခ့ဲရဘူးတယ္။

စတုဒီသာဆိုတာ အယုတ္အလတ္အျမတ္မေရြး

မကုန္မခ်င္းေကြ်းပါတယ္ဆိုမွ အတင္းလုတိုးၿပီး

ဝ႐ုန္းသုံးကား စားေနၾကတုန္းပဲ။

စနစ္တက် ေဖာ္ေဆာင္ေပးထားတ့ဲ ညေစ်းတန္းမွာ

ေစ်းေရာင္းၿပီး ကိုယ့္အိမ္က အိမ္သာထက္ အမ်ားႀကီး

ပိုေကာင္းတ့ဲအိမ္သာကို တံခါးဂ်က္ ႐ိုက္ခ်ိဳးတာ

ျမင္ခ့ဲရတယ္။

သီတဂူဆရာေတာ္ႀကီး ေမြးေန႔မွာ ကိုယ္တိုင္ထုတ္ၿပီး

စာသင္သားေတြကိုပဲ သီးသန္႔လွဴခ့ဲတ့ဲ သီတဂူ

ဆရာေတာ္ႀကီးရဲ႕ ေထ႐ုပတၱိစာအုပ္ကို ဆြမ္းလာၿပီး

ေလာင္းၾကတ့ဲ သူေဌးသူေဌးမေတြပါးစပ္က

( ဘုန္းႀကီးေတြကို လွဴမယ့္အစား တို႔ကို ေပးပါလား )

လို႔ အရွက္မရွိ မ်က္ႏွာေျပာင္တိုက္ေတာင္းတာ

ခံရဘူးတယ္။

ျပင္ဦးလြင္ ပန္းပြဲေတာ္မွာ ပန္းမခူးရ ျမက္ခင္းမနင္းရ

ဆိုတ့ဲ စာတန္းထိုးထားေပမယ့္ အလွျပအ႐ုပ္ေတြဟာ

ပြဲၿပီးတာနဲ႔ က်ိဳးလို႔ပ့ဲလို႔။

သူ႔ဟာသူေနတ့ဲ မင္းကြန္းေခါင္းေလာင္းႀကီးလို

အထင္ကရေနရာေတြမွာလည္း လက္ကျမင္းေၾကာထ

မိမဆုံးမ ဖမဆုံးမေတြရဲ႕ ေကာ္ရက္ရွင္ပန္ စာတန္းေတြ

ေနရာအႏွံ႔ ပလူပ်ံ။

ေဆးခ်ယ္ပန္းခ်ီဆြဲအလွဆင္ထားတ့ဲ ေနာက္ေဖး

လမ္းၾကားကို လပိုင္းအတြင္းမူလအတိုင္း ေပသလူး

ညစ္ပတ္ေအာင္ လုပ္ပစ္လိုက္ၾကတယ္။

ေဖာ္ထားၿပီးသား ေျမာင္းေတြကလည္း ေနာက္ေန႔မွာ

အမိႈက္ေတြ စီးေန ေမ်ာေနဆဲ။

အခုလည္း သၾကၤန္ပြဲေတာ္အတြက္ အလွဆင္ထားတ့ဲ

ပုသိမ္ထီးေတြကို စည္းပ်က္ကမ္းပ်က္ ပရမ္းပတာ

အဆင့္အတန္းမရွိတ့ဲေကာင္ေတြက ျဖဳတ္ယူေနၾက။

ၿပီးရင္ သူတို႔ပါးစပ္ေတြက ေအာ္မယ္။

သူတို႔လက္ေတြက ေရးမယ္။

အစိုးရ မေကာင္းဘူး။

ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔။

အရွက္မရွိတ့ဲ

အသုံးမက်တ့ဲ အေတြးအေခၚေတြ ျပည့္ေနဆဲ

တို႔ႏိုင္ငံသားေတြအတြက္ ဖြံ႕ၿဖိဳးတိုးတက္သည့္

ဒီမိုကေရစီတိုင္းျပည္ဆိုတာ……………

Credit : သီဟ

Unicode >>>

တို့နိုင်ငံသားများအတွက် အရှက်ရမိပါတယ်

ရွှေတိဂုံစေတီတော်ကြီးကို ဘုရားဖူးလာရင်

နေပူမှာစိုးလို့ အလှူရှင်တွေက

( ရွှေတိဂုံစေတီတော် ) စာတမ်းပါထီးတွေ

အခမဲ့ ( ခေတ္တ ) ယူသုံးခွင့်ပေးတယ်။

စာလည်း ရေးထားတယ်။အပြန်မှာ ထားခဲ့ပေးကြဖို့။

ဒါပေမယ့် ရက်ပိုင်းအတွင်းမှာ

ထီးအားလုံး ပျောက်ဆုံးသွားတယ်။

ယူတဲ့သူတွေက ပြန်မထားပဲ အပိုင်ယူသွားကြလို့ပေါ့။

ရောင်းသူမဲ့ဈေးဆိုင်လေးတွေ ဖွင့်ပေးကြတယ်။

သိပ်မကြာခင်မှာပဲ ဆိုင်လေးတွေ ပျောက်သွားတယ်။

ပိုက်ဆံထည့်ရကောင်းမှန်းမသိတာထက်

အလကား အချောင်လိုချင်ကြတာကြောင့်ပေါ့။

သောက်ရေသန့်စက်တွေက ရေအိုးစင်နေရာကို

အစားထိုးရောက်လာပေမယ့် ရေခွက်တွေကတော့

ကြိုးချည်ထားရတုန်းပဲ။

YBS ကားတွေမှာ စက္ကူနဲ့ စီးနေကြတုန်းမို့

အရှုံးပေါ်တာကို အစိုးရအသုံးမကျဘူးလို့တောင်

သူတို့က အော်လိုက်သေးတယ်။YBS စဆွဲတဲ့နေ့မှာ

လိုင်းစနစ်အခက်အခဲကိုရန်ကုန်သား ကားပိုင်ရှင်တွေ

က အနစ်နာခံပြီးအခမဲ့ ပြေးဆွဲပေးတဲ့အခါ ဘယ်မှ

သွားစရာမရှိပဲအားလို့ ကားလိုက်စီးပါတယ်ဆိုတဲ့

သူတွေကိုကြုံခဲ့ရဘူးတယ်။

စတုဒီသာဆိုတာ အယုတ်အလတ်အမြတ်မရွေး

မကုန်မချင်းကျွေးပါတယ်ဆိုမှ အတင်းလုတိုးပြီး

ဝရုန်းသုံးကား စားနေကြတုန်းပဲ။

စနစ်တကျ ဖော်ဆောင်ပေးထားတဲ့ ညဈေးတန်းမှာ

ဈေးရောင်းပြီး ကိုယ့်အိမ်က အိမ်သာထက် အများကြီး

ပိုကောင်းတဲ့အိမ်သာကို တံခါးဂျက် ရိုက်ချိုးတာ

မြင်ခဲ့ရတယ်။

သီတဂူဆရာတော်ကြီး မွေးနေ့မှာ ကိုယ်တိုင်ထုတ်ပြီး

စာသင်သားတွေကိုပဲ သီးသန့်လှူခဲ့တဲ့ သီတဂူ

ဆရာတော်ကြီးရဲ့ ထေရုပတ္တိစာအုပ်ကို ဆွမ်းလာပြီး

လောင်းကြတဲ့ သူဌေးသူဌေးမတွေပါးစပ်က

( ဘုန်းကြီးတွေကို လှူမယ့်အစား တို့ကို ပေးပါလား )

လို့ အရှက်မရှိ မျက်နှာပြောင်တိုက်တောင်းတာ

ခံရဘူးတယ်။

ပြင်ဦးလွင် ပန်းပွဲတော်မှာ ပန်းမခူးရ မြက်ခင်းမနင်းရ

ဆိုတဲ့ စာတန်းထိုးထားပေမယ့် အလှပြအရုပ်တွေဟာ

ပွဲပြီးတာနဲ့ ကျိုးလို့ပဲ့လို့။

သူ့ဟာသူနေတဲ့ မင်းကွန်းခေါင်းလောင်းကြီးလို

အထင်ကရနေရာတွေမှာလည်း လက်ကမြင်းကြောထ

မိမဆုံးမ ဖမဆုံးမတွေရဲ့ ကော်ရက်ရှင်ပန် စာတန်းတွေ

နေရာအနှံ့ ပလူပျံ။

ဆေးချယ်ပန်းချီဆွဲအလှဆင်ထားတဲ့ နောက်ဖေး

လမ်းကြားကို လပိုင်းအတွင်းမူလအတိုင်း ပေသလူး

ညစ်ပတ်အောင် လုပ်ပစ်လိုက်ကြတယ်။

ဖော်ထားပြီးသား မြောင်းတွေကလည်း နောက်နေ့မှာ

အမှိုက်တွေ စီးနေ မျောနေဆဲ။

အခုလည်း သြင်္ကန်ပွဲတော်အတွက် အလှဆင်ထားတဲ့

ပုသိမ်ထီးတွေကို စည်းပျက်ကမ်းပျက် ပရမ်းပတာ

အဆင့်အတန်းမရှိတဲ့ကောင်တွေက ဖြုတ်ယူနေကြ။

ပြီးရင် သူတို့ပါးစပ်တွေက အော်မယ်။

သူတို့လက်တွေက ရေးမယ်။

အစိုးရ မကောင်းဘူး။

ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။

အရှက်မရှိတဲ့

အသုံးမကျတဲ့ အတွေးအခေါ်တွေ ပြည့်နေဆဲ

တို့နိုင်ငံသားတွေအတွက် ဖွံ့ဖြိုးတိုးတက်သည့်

ဒီမိုကရေစီတိုင်းပြည်ဆိုတာ……………

Credit : သီဟ