တက်တူးအသစ်နဲ့အတူ စွဲမက်ဖွယ်အလှတရားတွေကို မောဒိုက်ကမ်းခြေမှာ ချပြလိုက်တဲ့ သင်ဇာဝင့်ကျော်

ဆက်စီဆန်ဆန်ဝတ်စားဆင်ယင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အာရုံစိုက်မှုတွေကို ရရှိလာတဲ့ ဆက်စီမင်းသမီးလေး သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ မောဒိုက်ကမ်းခြေကို အပန်းဖြေဖို့ရောက်ရှိနေတာဖြစ်ပါတယ်။

နှစ်သစ်ကူးအတာသင်္ကြန်ကာလဟာ မြန်မာလူမျိုးတွေအတွက် ခရီးထွက်ပြီး အနားယူတဲ့ကာလပဲဖြစ်ပါတယ်။ ဆက်စီမင်းသမီးလေး သင်ဇာကလည်း ဒီအတာသင်္ကြန်ကာလမှာ မလေးရှားနိုင်ငံနဲ့အတူ မောဒိုက်ကမ်းခြေကိုပါ ရောက်ရှိနေတာတွေ့ရပါတယ်။

2018 ခုနှစ်ဟာလည်း သူမရဲ့ ဖက်ရှင်တွေကို ပရိသတ်တွေစောင့်ကြည့်ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကမှ တက်တူးအသစ်တစ်ခုကို သူမရဲ့ ခန္ဓာကိုယ်မှာထိုးခဲ့ပြီးနောက် တက်တူးအသစ်တွေပေါ်လွင်စေမယ့် ဝတ်စားဆင်ယင်မှုတွေနဲ့အတူ မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်သူပီပီ သူမရဲ့ တက်တူးအသစ်ကို ပေါ်လွင်စေမယ့် ဝတ်စားမှုပုံစံနဲ့အတူ ပရိသတ်တွေကို ချပြလိုက်တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ ခန္ဓာကိုယ်လှပမှုနဲ့အတူ ပေါ်လွင်နေတဲ့ တက်တူးအသစ်လေးကို ပရိသတ်ကြီးမြင်တွေ့နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။We Love Cele

Video Source-Thin Zar Wint Kyaw
Credit-we love cele