ေလဖိအားနည္းရပ္၀န္း ပိုမိုအားေကာင္းလာျပီး မုန္တိုင္းတစ္ခုုျဖစ္လာႏိုင္…!

ဘဂၤလားပင္လယ္ေအာ္ တ ြင္မုန္တိုင္းျဖစ္ေပးရန္အလားအလာ။

ဘဂၤလားပင္လယ္ေအာ္ အ ေရွ႕ေတာင္ပိုင္း တ ြင္ ေလထုမျငိမ္မသက္ျဖစ္ျဖစ္ေနျပီး၊ ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚ ေနပါတယ္။

အဆိုပါ ေလဖိအားနည္း ရပ္၀န္းသည္ ပိုမိုအားေကာင္းလာျပီး မုန္တိုင္း တစ္ခုုျဖစ္လာ ဖ ြယ္ရာရွိေနပါတယ္။

ေဒါက္တာထ ြန္း လ ြင္

က်န္းမာေတာ္မူႀကပါစခင္ဗ်ာ။၁၅-၄-၂၀၁၉ နံနက္(၁၀း၅၄)နာရီ ၂၀၁၉ ခုႏွစ္၊ဧၿပီလ (၁၅) ရက္ေန႔ အတြက္ မိုးေလ၀သခန္႔မွန္းခ်က္။

ဘဂၤလားပင္လယ္ေအာ္တြင္မုန္တိုင္းျဖစ္ေပးရန္အလားအလာ။

ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတြင္ ေလထုမျငိမ္မသက္ျဖစ္ျဖစ္ေနျပီး၊ ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚေနပါတယ္။ ပိုမိုအားေကာင္းလာျပီး မုန္တိုင္းတစ္ထုျဖစ္လာဖြယ္ရာရွိေနပါတယ္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ေတာင္တရုတ္ပင္လယ္ျပင္အေျခအေန။ (၁၄-၄-၂၀၁၉)ရက္ နံနက္ (၀၉း၀၀) နာရီအခ်ိန္KALPANA_1ျဂိဳဟ္တုမွတိုင္းတာေပးခ်က္အရ၊ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ ေအာ္ ေတာင္ပိုင္း တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္း ေနၿပီး၊က်န္ဘဂၤလားပင္လယ္ေအာ္ တို႔မွာ တိမ္ အနည္းငယ္ ျဖစ္ထြန္း ေနပါတယ္။ျမန္မာႏုိင္ငံ ေျမာက္ပိုင္း ႏွင့္ ေတာင္ပိုင္း ေဒသေတြမွာ တိမ္အသင့္ အတင့္ ျဖစ္ထြန္း ေနၿပီး၊က်န္ေဒသေတြမွာ တိမ္အနည္းငယ္ မွ တိမ္အသင့္အတင့္ ျဖစ္ထြန္း ေနပါ တယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန။

ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ ေတြမွာ လိႈင္းအနည္း ငယ္သာ ရွိပါမယ္။ ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္း အျမင့္ (၁) ေပခန္႔ မွ (၂) ေပ ခန္႔ ရွိႏိုင္ပါတယ္။

ေန႔အပူခ်ိန္မ်ားအေျခအေန။

ခ်င္းျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) တို႔မွာ 26°C မွ 32°C ခန္႔၊ကခ်င္ျပည္နယ္၊ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ရွမ္းျပည္နယ္္(အေရွ႕ပိုင္း)၊ရခိုင္ျပည္နယ္၊စစ္ကိုင္းတိုင္း ေဒသႀကီး(အထက္ပိုင္း) ႏွင့္ တနသၤာရီတိုင္းေဒသႀကီး တို႔တြင္ 33°C မွ 36°C ခန္႔၊ က်န္ေဒသေတြ မွာ 37°C မွ 41°C အထိရွိ ႏိုင္ပါတယ္။

ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းမ်ားအေျခအေန။၊တစ္ျပည္လံုး မွာ ခရမ္းလြန္ေရာင္ျခည္ အညႊန္း ကိန္း လြန္ကဲအဆင့္ တြင္ရွိႏိုင္ပါတယ္။

မိုးတိမ္ေတာင္ျဖစ္ရန္အလားအလာ။ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း နဲက တနသၤာရီတိုင္းတို႕တြင္ မိုးတိမ္ေတာင္ျဖစ္ထြန္းႏိုင္ျပီး၊ က်န္ေဒသမ်ားတြင္ မိုးတိမ္ေတာင္မ်ားကင္းစင္ႏိုင္ပါတယ္။

မိုးရြာသြန္းမႈအေျခအေနခန္႔မွန္းခ်က္။ကခ်င္ျပည္နယ္ မွာ ေနရာက်ဲက်ဲ၊စစ္ကိုင္းတိုင္းေဒသႀကီး (အထက္ပိုင္း) ႏွင့္ တနသၤာရီတိုင္းေဒသႀကီး တို႔မွာ ေနရာကြက္က်ား ထစ္ခ်ဳန္းရြာ ႏိုင္ၿပီး၊ က်န္ေဒသ ေတြမွာ တိမ္အနည္း ငယ္ မွ တိမ္အသင့္အတင့္ ျဖစ္ထြန္း ႏိုင္ပါတယ္။

ေနာက္ႏွစ္ရက္အတြက္ခန္႔မွန္းခ်က္။ျမန္မာႏုိင္ငံ ေျမာက္ပိုင္း ႏွင့္ ေတာင္ပိုင္း ေဒသေတြမွာ ေနရာ ကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္။

ေဒါက္တာထြန္းလြင္္

Unicode

ကျန်းမာတော်မူကြပါစခင်ဗျာ။၁၅-၄-၂၀၁၉ နံနက်(၁၀း၅၄)နာရီ

၂၀၁၉ ခုနှစ်၊ဧပြီလ (၁၅) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်ပေးရန်အလားအလာ။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ဖြစ်နေပြီး၊ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပါတယ်။ ပိုမိုအားကောင်းလာပြီး မုန်တိုင်းတစ်ထုဖြစ်လာဖွယ်ရာရှိနေပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၁၄-၄-၂၀၁၉)ရက် နံနက် (ဝ၉းဝ၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ် အော် တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ် အနည်းငယ် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသတွေမှာ တိမ်အသင့် အတင့် ဖြစ်ထွန်း နေပြီး၊ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါ တယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအနည်း ငယ်သာ ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်း အမြင့် (၁) ပေခန့် မှ (၂) ပေ ခန့် ရှိနိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ။

ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ 26°C မှ 32°C ခန့်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် 33°C မှ 36°C ခန့်၊ ကျန်ဒေသတွေ မှာ 37°C မှ 41°C အထိရှိ နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း လွန်ကဲအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ရန်အလားအလာ။ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နဲက တနင်္သာရီတိုင်းတို့တွင် မိုးတိမ်တောင်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဒေသများတွင် မိုးတိမ်တောင်များကင်းစင်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ကချင်ပြည်နယ် မှာ နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကွက်ကျား ထစ်ချုန်းရွာ နိုင်ပြီး၊ ကျန်ဒေသ တွေမှာ တိမ်အနည်း ငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပါတယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသတွေမှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်