သင်္ကြန်ရေကစားလို့ရိုက်နှက်ဆုံးမတဲ့ အဖေကြောင့် သေဆုံးခဲ့ရတဲ့ မအိအိခိုင် အသက်(15)နှစ်…!
ဖခင်မှ သမီးဖြစ်သူအား သင်္ကြန်ရေကစား၍ ရိုက်နှက်ဆုံးမရာမှ သမီးဖြစ်သူ သေဆုံးသွားခဲ့မှု ဖြစ်ပွား
ယမန်နေ့ သင်္ကြန်အကျနေ့က အုတ်တွင်းမြို ့နယ် သရက်ချဉ် ကျေးရွာမှ မအေးအေးခိုင် အသက်(15)နှစ်အား ဖခင်ဖြစ်သူမှ သင်္ကြန်ရေကစားခြင်းကြောင့် ရိုက်နှက်ဆုံးမရာမှ နောက်စေ့အား ရိုက်မိသဖြင့်
သတိလစ်မေ့မျော သွားခဲ့၍ အုတ်တွင်းဆေးရုံ မှ တောင်ငူဆေးရုံကြီးသို့ ရင်ခုန်သံ ရှင်/ကူ ယာဉ်ဖြင့် အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့သော်လည်း သမီးဖြစ်သူမှာ သေဆုံးသွားခဲ့သဖြင့် အအေးခန်းအခေါင်း ဆင်ပေးထားခဲ့ပြီးသော်လည်း
လုပ်ထုံးလုပ်နည်းအရ ညသန်းခေါင်ကျော်က အအေးခန်းအခေါင်း ဆင်ပေးထားသော မအိအိခိုင် အသက်(15)နှစ်၏ နာရေးဖြစ်စဉ်မှာ ဖခင်မှ သင်္ကြန်ရေကစားခြင်းကို ရိုက်နှက်ဆုံးမရာမှ သေဆုံးခဲ့ရတာ ဖြစ်ခြင်းကြောင့်
အလောင်းအား အုတ်တွင်းဆေးရုံရင်ခွဲရုံသို့ ရင်ခုန်သံ ရှင်/ကူ အသင်းမှ အခမဲ့ ထပ်မံပို့ဆောင်ကူညီပေးထားကြောင်း သိရပါသည်။
မိဘများသတိပြုစရာပါ။ ဒီကာလဟာ သူသူကိုယ်ကိုယ် အနည်းနဲ့အများ ပျော်ရွှင်နေကြချိန်မို့ “ငါ မိဘပဲ” ဆိုသည့် ဖိအားမျိုး မပေးသင့်ပါ။
သင့်တော်ရုံမျှသာ ဆိုဆုံးမသင့်ပါကြောင်း ခုတော့ မိသားစုတစုလုံး ဖြေမဆည်နိုင် ရင်ကွဲစရာ အဖြစ်မျိုး ကြုံကြရရှာလေပြီး …
သတင်းဓါတ်ပုံ – အရှင်တေဇ(နာယကဆရာတော်) – ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း – ဈေးကျောင်းတိုက်၊အုတ်တွင်းမြို ့