ဦးခင္ေမာင္ေလး ( #လက္ေရြးစင္ ေဘာလံုးသမားေဟာင္း )

မႏၱေလးၿမိဳ႕၊ အား/ကာသိပၸံထဲက ေဘာလံုးကြင္းတစ္ခုရဲ႕ အစြန္အဖ်ားကေလးမွာ ကေလးတစ္သိုက္ ေဘာလံုးေလ့က်င့္ေနၾကတယ္။ သူတို႔ေလ့က်င့္ေနတဲ့ကြင္းဆိုတာက တကယ္ေတာ့ခပ္ေသးေသး။ ေဘာလံုးကြင္းရဲ႕အစပ္ကေလးကို သဲခင္းလို႔ ခပ္က်ဥ္းက်ဥ္း ဖန္တီးထားတဲ့ ေလ့က်င့္ေရးကြင္းေလးတစ္ခုေပါ့။

အနားက တျခားကြင္းတစ္ခုမွာေတာ့ အား/ကာသိပၸံက ေက်ာင္းသားေတြ ေဘာလံုးကစားသူက ကစား၊ ေျပးခုန္ပစ္အားကစားနည္းေလ့က်င့္သူက ေလ့က်င့္၊ ေသြးပူေလ့က်င့္ခန္းလုပ္သူကလုပ္။ အားလံုးဟာ ညေနခင္းရဲ႕ ေနေရာင္ျခည္ေအာက္မွာ တက္တက္ၾကြၾကြနဲ႔ လႈပ္ရွားေနၾကတယ္။

“ ဖိန္႔မယ္…ဆြဲမယ္… တိုင္ကို လူလိုသေဘာထား ”

“ဟုတ္ၿပီ…ေဘာလံုးကို ပုတ္လို႔ရေအာင္ ပုတ္လိုက္ဦး”

“ဟုတ္ၿပီ…ေတာ္တယ္…ေတာ္တယ္…ေျခခြင္နဲ႔ ထုတ္…ေသခ်ာလုပ္…ေသခ်ာလုပ္”

ခဲေရာင္ စပို႔ရွပ္နဲ႔ ေဘာင္းဘီေရွာ့ပင္၀တ္ဆင္ထားတဲ့ သူတစ္ဦးက ကြင္းေဘးမွာရပ္ၿပီး ကေလးေတြကို ညႊန္ၾကားေနတယ္။ အသက္(၆၀)ေက်ာ္ေလာက္လို႔ ခန္႔မွန္းရတဲ့ သူ႔အသြင္က က်န္းမာေရးေကာင္းၿပီး သန္မာတဲ့ဟန္ ေပါက္တယ္။ မ်က္မွန္ေနာက္ကြယ္ကေန ကေလးေတြကို ေစာင့္ၾကည့္အကဲခတ္ေနတဲ့ မ်က္လံုးအစံုမွာလည္း စူးရွမႈကို ေတြ႕ေနရေသးတယ္။

“ ကေလးေတြအတြက္ အဓိကအခက္အခဲကေတာ့ ကြင္းပါပဲ။ ကြင္းသာရွိရင္ ေလ့က်င့္သင္ၾကားေပးလို႔ရတာေပါ့။ အခုေတာ့ ျမင္တဲ့အတိုင္းပဲေလ။ အား/ကာ ကြင္းကိုခြင့္ျပဳခ်က္ေတာင္းၿပီး ကေလးမိဘေတြက သဲ၀ယ္ခင္းၿပီး ဒီနားေလးမွာ ကစားလို႔ရေအာင္လုပ္ရတာေပါ့” လို႔ ကေလးေတြကို ေလ့က်င့္သင္ၾကားေပးေနတဲ့ ဦးခင္ေမာင္ေလးကေျပာတယ္။

ဦးခင္ေမာင္ေလးက ျမန္မာ့လက္ေရြးစင္ေဘာလံုးကစားသမားေဟာင္းတစ္ဦးပါ။ ျမန္မာ့ေဘာလံုးေလာက ေအာင္ျမင္မႈေခတ္တစ္ေခတ္ကို ျဖတ္သန္းသိမွီလိုက္တဲ့ သူတစ္ဦးျဖစ္ၿပီး သူ ျမန္မာ့လက္ေရြးစင္ေဘာလံုးသမားျဖစ္ခဲ့တဲ့ သက္တမ္းတစ္ေလ်ာက္ ၁၉၇၀ ျပည့္ႏွစ္လြန္ကာလေတြမွာ ႏိုင္ငံတကာၿပိဳင္ပြဲေတြကေန ေရႊတံဆိပ္(၅)ခု၊ ေငြတံဆိပ္(၁)ခု၊ ေၾကးတံဆိပ္(၁)ခု ရခဲ့တယ္။ ၁၉၇၂ ခုႏွစ္မွာျပဳလုပ္ခဲ့တဲ့ ျမဴးနစ္အိုလံပစ္ပြဲကေတာ့ ျမန္မာေဘာလံုးအသင္းအတြက္ ဒီေန႔အထိ အဆင့္အျမင့္ဆံုးသမိုင္းမွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့တာပါပဲ။

သူ႔ဘ၀ျဖတ္သန္းမႈပံုရိပ္ေတြအေၾကာင္း ေမးျမန္းဖို႔ တစ္ေန႔မွာ မႏၱေလးၿမိဳ႕၊ နန္းဦးလြင္က သူ႔ရဲ႕ေနအိမ္ကို ကၽြန္ေတာ္ေရာက္ခဲ့တယ္။ ဧည့္ခန္းထဲက ဘီရိုတစ္ခုထဲမွာ၁၉၇၂ ျမဴးနစ္အိုလံပစ္ၿပိဳင္ပြဲကိုသြားခဲ့တဲ့ ျမန္မာေဘာလံုးအသင္းရဲ႕ဓာတ္ပံုကို ေတြ႕ရတယ္။ ၁၉၇၂ ခုႏွစ္ ပတ္ခ်ံဳဟီးဖလားေဘာလံုးၿပိဳင္ပြဲမွာ ျမန္မာက အင္ဒိုနီးရွားကို ၃ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ဓာတ္ပံုကို ေထာင္ထားတယ္။

ၿပီးေတာ့ အားကစား၀န္ႀကီးဌာနကေပးတဲ့ ႏိုင္ငံဂုဏ္ေဆာင္ အားကစားသမားေဟာင္းမ်ားအမွတ္တရ တံဆိပ္ရွိတယ္။ ကၽြန္းဆြယ္အားကစားၿပိဳင္ပြဲက ဆုတံဆိပ္ေတြစီရီထားတယ္။အျဖဴအမည္း ဓာတ္ပံုထဲက ျမန္မာ့လက္ေရြးစင္အားကစားသမားေဟာင္းႀကီးေတြကို တစ္ေယာက္ခ်င္းစီ လက္ညိွဳးထိုးၿပီး နာမည္ေတြကို သူကရြတ္ျပတယ္။

စိန္၀င္းေလး၊ တင္စိန္၊ ေအးေမာင္ႀကီး၊ ေမာင္ေမာင္ညြန္႔၊ စံေအး၊ တင္ေအာင္မိုး၊ ျမင့္ၾကဴး၊ စိန္လိႈင္၊ ၀င္းေမာင္၊ ခင္ေမာင္၀င္း၊ ရဲညြန္႔၊ မ်ိဳး၀င္းညြန္႔၊ သန္းစိုး၊ တင္ေအာင္၊ ေမာင္ေမာင္တင္၊ အရႈတ္၊ ေအးေမာင္ေလး၊ တင္၀င္း။

ၾကားဖူးရံုသာရွိခဲ့တဲ့ လက္ေရြးစင္ေဘာလံုးသမားေဟာင္းႀကီးေတြရဲ႕ ငယ္ရုပ္ေတြကို အျဖဴအမည္းဓာတ္ပံုေတြထဲမွာၾကည့္ၿပီး ဘယ္သူ၊ ဘယ္၀ါ ရယ္လို႔ ကၽြန္ေတာ္ ခြဲျခားမမွတ္မိႏိုင္တာေတာ့အမွန္ပါ။ အေတာ္မ်ားမ်ားကလည္း ကြယ္လြန္သြားခဲ့ၾကပါၿပီ။ ဒါေၾကာင့္ ျမန္မာ့ေဘာလံုးေလာက ေအာင္ျမင္ခဲ့တဲ့ေခတ္တစ္ေခတ္က ပံုရိပ္ေတြအျဖစ္နဲ႔ပဲ ေက်နပ္စြာ ၾကည့္မိခဲ့တယ္။

“ အဲဒီေခတ္က ေဘာလံုးေလာကအေနနဲ႔ ေအာင္ျမင္တယ္။ ေရႊရတယ္။ ကၽြန္းဆြယ္မွာဆို ဆက္တိုက္ ေရႊရခဲ့တယ္။ ဒါေပမဲ့ ေဘာလံုးကသာေရႊေခတ္ျဖစ္ေပမယ့္ ေဘာလံုးသမားေတြကေတာ့ ရုန္းကန္ခဲ့ရတယ္။ စားေရးေသာက္ေရး၊ ေနထိုင္ေရး၊ ေလ့က်င့္ေရး ဒုကၡေရာက္တယ္။ အခုေခတ္လိုမဟုတ္ဘူး။ ေတာ္ေတာ္ရုန္းကန္ရတာ။ ေဘာလံုးသမားေတြက စာေပနဲ႔ စီးပြားေရးမွာ ဆံုးရံႈးခဲ့ရတယ္”လုိ႔ ဦးခင္ေမာင္ေလးက ေျပာတယ္။

သူကိုယ္တိုင္လည္း ငယ္ဘ၀မွာ မိဘေတြတားျမစ္ခဲ့တဲ့ၾကားက ေဘာလံုးကိုရူးသြပ္စြာ ဖက္တြယ္ခဲ့သူတစ္ေယာက္ပါ။ မိဘက စာေပကို ဦးစားေပးတယ္။ သူကေတာ့ ေဘာလံုးကိုပဲဦးစားေပးတယ္။ မႏၱေလး၊ စိတၱရမဟီရပ္ကြက္က ရဲသိပၸံကြင္းဟာ သူ႔အတြက္ေဘာလံုးေလ့က်င့္ရာေနရာျဖစ္ခဲ့တယ္။ ဖခင္ျဖစ္သူက ေဘာလံုးမကန္ဘဲစာႀကိဳးစားေစခ်င္လို႔ ေဘာကန္ဖိနပ္ေတြကို လႊင့္ပစ္တဲ့အခါ သူငယ္ခ်င္းအိမ္မွာဖိနပ္ေတြဖြက္ထားၿပီး ေဘာလံုးခိုးကန္တဲ့အထိ စာေပဘက္မွာလစ္ဟင္းခဲ့တယ္။

၁၉၆၆ ခုႏွစ္ ေက်ာင္းသားပြဲေတာ္မွာ မႏၱေလးတိုင္းလက္ေရြးစင္ သူစျဖစ္တယ္။ ၁၉၆၇ ခုႏွစ္မွာ တိုင္းလက္ေရြးစင္အသင္းႀကီးကိုေရာက္လာတယ္။ ၁၉၆၈ ခုႏွစ္၊ သူ(၉)တန္းႏွစ္မွာေတာ့ မတားႏိုင္ေတာ့တဲ့၀ါသနာပိုးေၾကာင့္ ရန္ကုန္ကို ဆင္းလာၿပီး တပ္မေတာ္(ေရ) အသင္းမွာ ၀င္ကစားတယ္။

၁၉၇၄ ခုႏွစ္မွာ ကုန္သြယ္ေရးအသင္းမွာ ေျပာင္းကစားတယ္။

၁၉၇၁ ခုႏွစ္ကေန ၁၉၇၇ ခုႏွစ္အထိ ျမန္မာ့လက္ေရြးစင္ေဘာလံုးသမားတစ္ေယာက္ျဖစ္လာတယ္။
ေဘာလံုးကို လံုး၀အားမေပးခဲ့တဲ့ ဖခင္က သူျမန္မာ့လက္ေရြးစင္ျဖစ္ေတာ့မွပဲ ေဘာလံုးကြင္းထဲလာအားေပးခဲ့တယ္။ ဒါေပမဲ့ ျမန္မာ့လက္ေရြးစင္ဆိုတဲ့ ဦးခင္ေမာင္ေလးအတြက္ေတာ့ တျခားေသာအားကစားသမားေတြလိုပါပဲ၊ ပညာေရးမွာ လစ္ဟင္းခဲ့ရသလို စီးပြားေရးမွာလည္း မေအာင္ျမင္ခဲ့ပါဘူး။

“ ျမန္မာ့ေဘာလံုးေလာက က်ဆံုးရျခင္းရဲ႕အဓိကအေၾကာင္းကေတာ့ စား၀တ္ေနေရး အဆင္မေျပတာပဲ။ မေျပေတာ့ ေခါက္ဆြဲကိစၥေတြျဖစ္လာတယ္။ အဲဒီေတာ့ ပထမတန္းေဘာလံုးေလာကက စၿပီးပ်က္စီးလာခဲ့တာပဲ” လို႔ သူကဆိုတယ္။

တကယ္ေတာ့ ဦးခင္ေမာင္ေလးကိုယ္တိုင္ အဲဒီေခတ္ရဲ႕ ေဘာလံုးေလာက ေခါက္ဆြဲကိစၥေတြမွာ ကုန္သြယ္ေရးအသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ေယာက္အျဖစ္ ထဲထဲ၀င္၀င္နာမည္ထြက္ခဲ့သူတစ္ေယာက္ပါ။ အဲဒီေခါက္ဆြဲဂယက္က ေဘာလံုးေလာကနဲ႔ ျပန္လည္ထိစပ္လာတဲ့ ဒီေန႔လို သက္ႀကီးပိုင္းေရာက္လာတဲ့အခ်ိန္အထိတိုင္ေအာင္ အတိုင္းအတာတစ္ခုအထိ သူ႔အေပၚမွာ ရိုက္ခတ္ေနဆဲပဲ။ ဒီအေၾကာင္းေတြကိုလည္း သူက မကြယ္မ၀ွက္ဘဲ၀န္ခံခဲ့တယ္။

“ေခါက္ဆြဲကိစၥေတြျဖစ္လာေတာ့ ထိန္းရသိမ္းရခက္တယ္။ စည္းစည္းလံုးလံုးနဲ႔လုပ္ဖို႔ မန္ေနဂ်ာေတြနဲ႔ ညိွရတယ္။ အသင္းႏိုင္ရင္ၿပီးေရာဆိုၿပီး ခြင့္ျပဳလိုက္ရတာေတြရွိတယ္။ တစ္ဂိုးေလာက္ပဲ သြင္းဆိုတာမ်ိဳး။ အဲဒီလို ခြင့္မျပဳရင္လည္း ၃၊ ၄ ေယာက္ေလာက္ကေဖာက္ရင္ လူမညီေတာ့ အသင္းက ႏိုင္ပြဲမရဘဲ ပ်က္ေရာ။ ဒါေပမဲ့ အသင္းေခါင္းေဆာင္ဆိုေတာ့ နာမည္ကေတာ့ထြက္တာေပါ့။ အျမင္ေစာင္းတာေလးေတြရွိတာေပါ့။ အကုန္လံုးရဲ႕ခြင့္ျပဳခ်က္နဲ႔ လုပ္ရတာေလ။ အမ်ားအတြက္ ကိုယ့္နာမည္နဲ႔ ေပးဆပ္လိုက္ရတာေပါ့” လို႔ ဦးခင္ေမာင္ေလးက ေျပာတယ္။

စား၀တ္ေနေရးအခက္အခဲ၊ အစိုးရက ျပည္ပကိုထြက္ကစားခြင့္ပိတ္ပင္မႈနဲ႔ ႏိုင္ငံျခားေဘာလံုးၿပိဳင္ပြဲေတြကို လူေတြအာရံုေရာက္ႏိုင္ဖို႔ ၿဂိဳဟ္တု၊ စေလာင္းေတြ မေပၚေသးတဲ့ အဲဒီေခတ္မွာ ျပည္တြင္းေလာင္းကစားသမားေတြရဲ႕ခ်ဳပ္ကိုင္မႈေအာက္မွာ ျပည္တြင္းေဘာလံုးေလာကက အေတာ္ေလးပ်က္စီးသြားခဲ့ၿပီး (၉၀)ရာခိုင္ႏႈန္းေလာက္က ေခါက္ဆြဲကိစၥမလုပ္ဖူးတဲ့သူ မရွိသေလာက္ပဲလို႔ သူကဆိုတယ္။

၁၉၈၂ ခုႏွစ္ေရာက္ေတာ့ ဦးခင္ေမာင္ေလးဟာ ကုန္သြယ္ေရးအသင္းမွာ ေဘာလံုးကစားတာကေန အနားယူၿပီး ကုန္သြယ္ေရး(၄)မွာ လုပ္ကိုင္ရင္း မႏၱေလးမွာျပန္ၿပီး အေျခခ်တယ္။ ၁၉၉၅ ခုႏွစ္မွာေတာ့ ကုန္သြယ္ေရးကအလုပ္ထြက္ခဲ့တယ္။
အဲဒီေနာက္ပိုင္း ႏွစ္ကာလမ်ားစြာ ေဘာလံုးေလာကနဲ႔အဆက္အသြယ္ျပတ္သြားခဲ့ၿပီး လြန္ခဲ့တဲ့ (၅)ႏွစ္၊ ၂၀၀၀ျပည့္ႏွစ္ေလာက္မွာ မႏၱေလးတိုင္းလက္ေရြးစင္ေဘာလံုးသမားေဟာင္းမ်ားအဖြဲ႔မွာ ဒုတိယဥကၠဌအျဖစ္ ပါ၀င္မလာေသးခင္အထိ ေတာလိုက္တဲ့ မုဆုိးတစ္ေယာက္အျဖစ္ အကုသိုလ္အလုပ္ေတြမွာ ႏွစ္အေတာ္ၾကာက်င္လည္ေနခဲ့ျပန္တယ္။

ဘ၀က အေျပာင္းအလဲတစ္ခုျဖစ္ခ်င္ေတာ့လည္း သူ႔အသက္ (၅၀) ေလာက္မွာ သြားဖုံးမွာ ကင္ဆာျဖစ္တယ္။ ကိုယ့္အသက္နဲ႔ရင္းရတဲ့အခါ ေသေဘးကို ေၾကာက္မိလာတယ္။ မိခင္ျဖစ္သူညႊန္ျပတဲ့အတိုင္း ဘာသာေရးဘက္ကို အာရံုစိုက္ခဲ့တယ္။ ကံေကာင္းတာက ကုသမႈက အဆင္ေျပသြားၿပီးတဲ့ေနာက္ ဒုလႅဘ ဘုန္းႀကီး၀တ္ရင္း မိုးကုတ္ဆရာေတာ္တပါးနဲ႔ေတြ႔ၿပီး တရားအလုပ္ကို စတင္လိုက္စားျဖစ္ခဲ့တာပါပဲ။ ဒီေတာ့ မုဆိုးအလုပ္ကို သူစြန္႔ပစ္ႏိုင္ခဲ့တယ္။

ဦးခင္ေမာင္ေလးက“ ကိုယ့္အသက္အႏၱရာယ္နဲ႔ေတြ႔တဲ့အခါ အေျပာင္းအလဲေတြ ျဖစ္သြားတာပဲ။ တခ်ိဳ႕ဆို အရင္ကေနခဲ့ထိုင္ခဲ့တဲ့ ပံုစံကို ၾကည့္ၿပီး ေတာ္ေတာ္နဲ႔မယံုၾကဘူး” လို႔ ဆိုတယ္။

အခုအခ်ိန္မွာေတာ့ တစ္ေက်ာ့ျပန္ထလာတဲ့ေဘာလံုး၀ါသနာပိုးနဲ႔အတူ ျမက္ခင္းစိမ္းေတြကို ျပန္လည္ထိေတြ႕ေနတဲ့အခါ သူ႔ရဲ႕ မုဆိုးဘ၀ပံုရိပ္ေတြဟာ ဓာတ္ပံုအယ္လ္ဘမ္ေတြထဲမွာပဲ သားေကာင္ပစ္ခတ္ေနတဲ့ပံုေတြ၊ ေတာတြင္းမွာ သားေကာင္ေတြအမဲဖ်က္ၿပီး ေသာက္စားေနတဲ့ဓာတ္ပံုေတြအျဖစ္ ေတြ႕ႏိုင္ေတာ့တယ္။

ဒီဘက္ကာလေတြမွာေတာ့ ဦးခင္ေမာင္ေလးဟာ မႏၱေလးမွာဖြင့္တဲ့ Super Star ေဘာလံုးအကယ္ဒမီမွာ နည္းျပဆရာအျဖစ္ (၂) ႏွစ္ေလာက္လုပ္ခဲ့တယ္။ ပုဂၢလိကပိုင္ Super Star ေဘာလံုးအကယ္ဒမီက ကြင္းအခက္အခဲေၾကာင့္ ေရရွည္မွာ မရပ္တည္ႏိုင္ခဲ့ေပမယ့္ ထူးခၽြန္တဲ့လူငယ္တခ်ိဳ႕ကေတာ့ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ အကယ္ဒမီေရာက္သူေရာက္၊ ျပည္တြင္းလိဂ္အသင္းေတြမွာ ၀င္ကစားသူကစားနဲ႔ ေဘာလံုးကြင္းေတြထဲမွာ ဆက္လက္ရွင္သန္ေနၾကတယ္။

“ ဒီ ၄, ၅ ႏွစ္အတြင္းမွာ ေဘာလံုးပိုးက ျပန္ထိန္းမရဘူး။ မႏၱေလးက ကေလးေတြကို ေလ့က်င့္ေပးေနတယ္။ အခုလက္ရွိ (၇) ေယာက္ေလာက္ရွိတာေပါ့။ အား/ကာသိပၸံကြင္းမွာပဲ ခြင့္ေတာင္းၿပီးေလ့က်င့္ရတာေပါ့ေလ။ ကေလးေတြက အေျခခံေလးေတြလည္း ေတာ္ေတာ္ေလးရေနၾကပါၿပီ” လို႔ သူကဆုိတယ္။

လက္ရွိမွာ တိုင္းလက္ေရြးစင္ေဟာင္းေတြ၊ ျမန္မာ့လက္ေရြးစင္ေဟာင္းေတြ(၃၀)ေလာက္နဲ႔ စုဖြဲ႔ထားတဲ့ မႏၱေလးနည္းျပဆရာအသင္းမွာ ဦးခင္ေမာင္ေလးက ဥကၠဌအျဖစ္ တာ၀န္ယူထားတယ္။ နည္းျပဆရာေတြ စုစုစည္းစည္းနဲ႔ ေဆာင္ရြက္ႏိုင္ဖို႔အျပင္ ေဘာလံုးအဖြဲ႔ခ်ဳပ္အကယ္ဒမီနဲ႔ အား/ကာ သိပၸံေတြမွာ အၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင္ၾကားခြင့္မရခဲ့တဲ့ေဘာလံုး၀ါသနာရွင္ကေလးေတြကို အျပင္ကေန ၀ိုင္း၀န္းေလ့က်င့္သင္ၾကားေပးဖို႔လည္း ရည္ရြယ္ထားတယ္။

ဒါေပမဲ့ ေဘာလံုးအားကစားနည္းကိုေလ့က်င့္သင္ၾကားေပးဖို႔ကိစၥမွာ ေဘာလံုးကြင္းမရွိဘူးဆိုတဲ့ျပသနာက အခံရခက္စြာနဲ႔ ဒီေန႔အထိ ရင္ဆိုင္ေနရဆဲပါပဲ။

“ တို႔တုန္းက အားလံုးကိုစြန္႔လႊတ္ၿပီး ၀ါသနာနဲ႔ ကစားခဲ့ၾကတယ္။ အခုေတာ့ အားေပးလာၾကေတာ့ ကစားဖို႔ ပိုေကာင္းတာေပါ့။ ဒါေပမဲ့ ခုလည္း ေဘာလံုးေလာကက တျဖည္းျဖည္းက်ဆင္းေနတုန္းပါပဲ။ အားကစား၀န္ႀကီးဌာနနဲ႔ ပညာေရး၀န္ႀကီးဌာန ေပါင္းၿပီးေတာ့အားေပးမွရမွာ။ ဒီတိုင္းဆို ေနာက္လည္း တျဖည္းျဖည္းအားနည္းလာမွာပဲ” လို႔ သူကဆိုပါတယ္။

ေဇာ္ေနာင္လင္း

မန္တလေးမြို့၊ အား/ကာသိပ္ပံထဲက ဘောလုံးကွင်းတစ်ခုရဲ့ အစွန်အဖျားကလေးမှာ ကလေးတစ်သိုက် ဘောလုံးလေ့ကျင့်နေကြတယ်။ သူတို့လေ့ကျင့်နေတဲ့ကွင်းဆိုတာက တကယ်တော့ခပ်သေးသေး။ ဘောလုံးကွင်းရဲ့အစပ်ကလေးကို သဲခင်းလို့ ခပ်ကျဉ်းကျဉ်း ဖန်တီးထားတဲ့ လေ့ကျင့်ရေးကွင်းလေးတစ်ခုပေါ့။

အနားက တခြားကွင်းတစ်ခုမှာတော့ အား/ကာသိပ္ပံက ကျောင်းသားတွေ ဘောလုံးကစားသူက ကစား၊ ပြေးခုန်ပစ်အားကစားနည်းလေ့ကျင့်သူက လေ့ကျင့်၊ သွေးပူလေ့ကျင့်ခန်းလုပ်သူကလုပ်။ အားလုံးဟာ ညနေခင်းရဲ့ နေရောင်ခြည်အောက်မှာ တက်တက်ကြွကြွနဲ့ လှုပ်ရှားနေကြတယ်။

“ ဖိန့်မယ်…ဆွဲမယ်… တိုင်ကို လူလိုသဘောထား ”

“ဟုတ်ပြီ…ဘောလုံးကို ပုတ်လို့ရအောင် ပုတ်လိုက်ဦး”

“ဟုတ်ပြီ…တော်တယ်…တော်တယ်…ခြေခွင်နဲ့ ထုတ်…သေချာလုပ်…သေချာလုပ်”

ခဲရောင် စပို့ရှပ်နဲ့ ဘောင်းဘီရှော့ပင်ဝတ်ဆင်ထားတဲ့ သူတစ်ဦးက ကွင်းဘေးမှာရပ်ပြီး ကလေးတွေကို ညွှန်ကြားနေတယ်။ အသက်(၆၀)ကျော်လောက်လို့ ခန့်မှန်းရတဲ့ သူ့အသွင်က ကျန်းမာရေးကောင်းပြီး သန်မာတဲ့ဟန် ပေါက်တယ်။ မျက်မှန်နောက်ကွယ်ကနေ ကလေးတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ မျက်လုံးအစုံမှာလည်း စူးရှမှုကို တွေ့နေရသေးတယ်။

“ ကလေးတွေအတွက် အဓိကအခက်အခဲကတော့ ကွင်းပါပဲ။ ကွင်းသာရှိရင် လေ့ကျင့်သင်ကြားပေးလို့ရတာပေါ့။ အခုတော့ မြင်တဲ့အတိုင်းပဲလေ။ အား/ကာ ကွင်းကိုခွင့်ပြုချက်တောင်းပြီး ကလေးမိဘတွေက သဲဝယ်ခင်းပြီး ဒီနားလေးမှာ ကစားလို့ရအောင်လုပ်ရတာပေါ့” လို့ ကလေးတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ဦးခင်မောင်လေးကပြောတယ်။

ဦးခင်မောင်လေးက မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမားဟောင်းတစ်ဦးပါ။ မြန်မာ့ဘောလုံးလောက အောင်မြင်မှုခေတ်တစ်ခေတ်ကို ဖြတ်သန်းသိမှီလိုက်တဲ့ သူတစ်ဦးဖြစ်ပြီး သူ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျောက် ၁၉၇၀ ပြည့်နှစ်လွန်ကာလတွေမှာ နိုင်ငံတကာပြိုင်ပွဲတွေကနေ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု ရခဲ့တယ်။ ၁၉၇၂ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ မြူးနစ်အိုလံပစ်ပွဲကတော့ မြန်မာဘောလုံးအသင်းအတွက် ဒီနေ့အထိ အဆင့်အမြင့်ဆုံးသမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာပါပဲ။

သူ့ဘဝဖြတ်သန်းမှုပုံရိပ်တွေအကြောင်း မေးမြန်းဖို့ တစ်နေ့မှာ မန္တလေးမြို့၊ နန်းဦးလွင်က သူ့ရဲ့နေအိမ်ကို ကျွန်တော်ရောက်ခဲ့တယ်။ ဧည့်ခန်းထဲက ဘီရိုတစ်ခုထဲမှာ၁၉၇၂ မြူးနစ်အိုလံပစ်ပြိုင်ပွဲကိုသွားခဲ့တဲ့ မြန်မာဘောလုံးအသင်းရဲ့ဓာတ်ပုံကို တွေ့ရတယ်။ ၁၉၇၂ ခုနှစ် ပတ်ချုံဟီးဖလားဘောလုံးပြိုင်ပွဲမှာ မြန်မာက အင်ဒိုနီးရှားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဓာတ်ပုံကို ထောင်ထားတယ်။

ပြီးတော့ အားကစားဝန်ကြီးဌာနကပေးတဲ့ နိုင်ငံဂုဏ်ဆောင် အားကစားသမားဟောင်းများအမှတ်တရ တံဆိပ်ရှိတယ်။ ကျွန်းဆွယ်အားကစားပြိုင်ပွဲက ဆုတံဆိပ်တွေစီရီထားတယ်။အဖြူအမည်း ဓာတ်ပုံထဲက မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးတွေကို တစ်ယောက်ချင်းစီ လက်ညှိုးထိုးပြီး နာမည်တွေကို သူကရွတ်ပြတယ်။

စိန်ဝင်းလေး၊ တင်စိန်၊ အေးမောင်ကြီး၊ မောင်မောင်ညွန့်၊ စံအေး၊ တင်အောင်မိုး၊ မြင့်ကြူး၊ စိန်လှိုင်၊ ဝင်းမောင်၊ ခင်မောင်ဝင်း၊ ရဲညွန့်၊ မျိုးဝင်းညွန့်၊ သန်းစိုး၊ တင်အောင်၊ မောင်မောင်တင်၊ အရှုတ်၊ အေးမောင်လေး၊ တင်ဝင်း။

ကြားဖူးရုံသာရှိခဲ့တဲ့ လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးတွေရဲ့ ငယ်ရုပ်တွေကို အဖြူအမည်းဓာတ်ပုံတွေထဲမှာကြည့်ပြီး ဘယ်သူ၊ ဘယ်ဝါ ရယ်လို့ ကျွန်တော် ခွဲခြားမမှတ်မိနိုင်တာတော့အမှန်ပါ။ အတော်များများကလည်း ကွယ်လွန်သွားခဲ့ကြပါပြီ။ ဒါကြောင့် မြန်မာ့ဘောလုံးလောက အောင်မြင်ခဲ့တဲ့ခေတ်တစ်ခေတ်က ပုံရိပ်တွေအဖြစ်နဲ့ပဲ ကျေနပ်စွာ ကြည့်မိခဲ့တယ်။

“ အဲဒီခေတ်က ဘောလုံးလောကအနေနဲ့ အောင်မြင်တယ်။ ရွှေရတယ်။ ကျွန်းဆွယ်မှာဆို ဆက်တိုက် ရွှေရခဲ့တယ်။ ဒါပေမဲ့ ဘောလုံးကသာရွှေခေတ်ဖြစ်ပေမယ့် ဘောလုံးသမားတွေကတော့ ရုန်းကန်ခဲ့ရတယ်။ စားရေးသောက်ရေး၊ နေထိုင်ရေး၊ လေ့ကျင့်ရေး ဒုက္ခရောက်တယ်။ အခုခေတ်လိုမဟုတ်ဘူး။ တော်တော်ရုန်းကန်ရတာ။ ဘောလုံးသမားတွေက စာပေနဲ့ စီးပွားရေးမှာ ဆုံးရှုံးခဲ့ရတယ်”လို့ ဦးခင်မောင်လေးက ပြောတယ်။

သူကိုယ်တိုင်လည်း ငယ်ဘဝမှာ မိဘတွေတားမြစ်ခဲ့တဲ့ကြားက ဘောလုံးကိုရူးသွပ်စွာ ဖက်တွယ်ခဲ့သူတစ်ယောက်ပါ။ မိဘက စာပေကို ဦးစားပေးတယ်။ သူကတော့ ဘောလုံးကိုပဲဦးစားပေးတယ်။ မန္တလေး၊ စိတ္တရမဟီရပ်ကွက်က ရဲသိပ္ပံကွင်းဟာ သူ့အတွက်ဘောလုံးလေ့ကျင့်ရာနေရာဖြစ်ခဲ့တယ်။ ဖခင်ဖြစ်သူက ဘောလုံးမကန်ဘဲစာကြိုးစားစေချင်လို့ ဘောကန်ဖိနပ်တွေကို လွှင့်ပစ်တဲ့အခါ သူငယ်ချင်းအိမ်မှာဖိနပ်တွေဖွက်ထားပြီး ဘောလုံးခိုးကန်တဲ့အထိ စာပေဘက်မှာလစ်ဟင်းခဲ့တယ်။

၁၉၆၆ ခုနှစ် ကျောင်းသားပွဲတော်မှာ မန္တလေးတိုင်းလက်ရွေးစင် သူစဖြစ်တယ်။ ၁၉၆၇ ခုနှစ်မှာ တိုင်းလက်ရွေးစင်အသင်းကြီးကိုရောက်လာတယ်။ ၁၉၆၈ ခုနှစ်၊ သူ(၉)တန်းနှစ်မှာတော့ မတားနိုင်တော့တဲ့ဝါသနာပိုးကြောင့် ရန်ကုန်ကို ဆင်းလာပြီး တပ်မတော်(ရေ) အသင်းမှာ ဝင်ကစားတယ်။

၁၉၇၄ ခုနှစ်မှာ ကုန်သွယ်ရေးအသင်းမှာ ပြောင်းကစားတယ်။

၁၉၇၁ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတစ်ယောက်ဖြစ်လာတယ်။
ဘောလုံးကို လုံးဝအားမပေးခဲ့တဲ့ ဖခင်က သူမြန်မာ့လက်ရွေးစင်ဖြစ်တော့မှပဲ ဘောလုံးကွင်းထဲလာအားပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာ့လက်ရွေးစင်ဆိုတဲ့ ဦးခင်မောင်လေးအတွက်တော့ တခြားသောအားကစားသမားတွေလိုပါပဲ၊ ပညာရေးမှာ လစ်ဟင်းခဲ့ရသလို စီးပွားရေးမှာလည်း မအောင်မြင်ခဲ့ပါဘူး။

“ မြန်မာ့ဘောလုံးလောက ကျဆုံးရခြင်းရဲ့အဓိကအကြောင်းကတော့ စားဝတ်နေရေး အဆင်မပြေတာပဲ။ မပြေတော့ ခေါက်ဆွဲကိစ္စတွေဖြစ်လာတယ်။ အဲဒီတော့ ပထမတန်းဘောလုံးလောကက စပြီးပျက်စီးလာခဲ့တာပဲ” လို့ သူကဆိုတယ်။

တကယ်တော့ ဦးခင်မောင်လေးကိုယ်တိုင် အဲဒီခေတ်ရဲ့ ဘောလုံးလောက ခေါက်ဆွဲကိစ္စတွေမှာ ကုန်သွယ်ရေးအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် ထဲထဲဝင်ဝင်နာမည်ထွက်ခဲ့သူတစ်ယောက်ပါ။ အဲဒီခေါက်ဆွဲဂယက်က ဘောလုံးလောကနဲ့ ပြန်လည်ထိစပ်လာတဲ့ ဒီနေ့လို သက်ကြီးပိုင်းရောက်လာတဲ့အချိန်အထိတိုင်အောင် အတိုင်းအတာတစ်ခုအထိ သူ့အပေါ်မှာ ရိုက်ခတ်နေဆဲပဲ။ ဒီအကြောင်းတွေကိုလည်း သူက မကွယ်မဝှက်ဘဲဝန်ခံခဲ့တယ်။

“ခေါက်ဆွဲကိစ္စတွေဖြစ်လာတော့ ထိန်းရသိမ်းရခက်တယ်။ စည်းစည်းလုံးလုံးနဲ့လုပ်ဖို့ မန်နေဂျာတွေနဲ့ ညှိရတယ်။ အသင်းနိုင်ရင်ပြီးရောဆိုပြီး ခွင့်ပြုလိုက်ရတာတွေရှိတယ်။ တစ်ဂိုးလောက်ပဲ သွင်းဆိုတာမျိုး။ အဲဒီလို ခွင့်မပြုရင်လည်း ၃၊ ၄ ယောက်လောက်ကဖောက်ရင် လူမညီတော့ အသင်းက နိုင်ပွဲမရဘဲ ပျက်ရော။ ဒါပေမဲ့ အသင်းခေါင်းဆောင်ဆိုတော့ နာမည်ကတော့ထွက်တာပေါ့။ အမြင်စောင်းတာလေးတွေရှိတာပေါ့။ အကုန်လုံးရဲ့ခွင့်ပြုချက်နဲ့ လုပ်ရတာလေ။ အများအတွက် ကိုယ့်နာမည်နဲ့ ပေးဆပ်လိုက်ရတာပေါ့” လို့ ဦးခင်မောင်လေးက ပြောတယ်။

စားဝတ်နေရေးအခက်အခဲ၊ အစိုးရက ပြည်ပကိုထွက်ကစားခွင့်ပိတ်ပင်မှုနဲ့ နိုင်ငံခြားဘောလုံးပြိုင်ပွဲတွေကို လူတွေအာရုံရောက်နိုင်ဖို့ ဂြိုဟ်တု၊ စလောင်းတွေ မပေါ်သေးတဲ့ အဲဒီခေတ်မှာ ပြည်တွင်းလောင်းကစားသမားတွေရဲ့ချုပ်ကိုင်မှုအောက်မှာ ပြည်တွင်းဘောလုံးလောကက အတော်လေးပျက်စီးသွားခဲ့ပြီး (၉၀)ရာခိုင်နှုန်းလောက်က ခေါက်ဆွဲကိစ္စမလုပ်ဖူးတဲ့သူ မရှိသလောက်ပဲလို့ သူကဆိုတယ်။

၁၉၈၂ ခုနှစ်ရောက်တော့ ဦးခင်မောင်လေးဟာ ကုန်သွယ်ရေးအသင်းမှာ ဘောလုံးကစားတာကနေ အနားယူပြီး ကုန်သွယ်ရေး(၄)မှာ လုပ်ကိုင်ရင်း မန္တလေးမှာပြန်ပြီး အခြေချတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ကုန်သွယ်ရေးကအလုပ်ထွက်ခဲ့တယ်။
အဲဒီနောက်ပိုင်း နှစ်ကာလများစွာ ဘောလုံးလောကနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပြီး လွန်ခဲ့တဲ့ (၅)နှစ်၊ ၂၀၀၀ပြည့်နှစ်လောက်မှာ မန္တလေးတိုင်းလက်ရွေးစင်ဘောလုံးသမားဟောင်းများအဖွဲ့မှာ ဒုတိယဥက္ကဌအဖြစ် ပါဝင်မလာသေးခင်အထိ တောလိုက်တဲ့ မုဆိုးတစ်ယောက်အဖြစ် အကုသိုလ်အလုပ်တွေမှာ နှစ်အတော်ကြာကျင်လည်နေခဲ့ပြန်တယ်။

ဘဝက အပြောင်းအလဲတစ်ခုဖြစ်ချင်တော့လည်း သူ့အသက် (၅၀) လောက်မှာ သွားဖုံးမှာ ကင်ဆာဖြစ်တယ်။ ကိုယ့်အသက်နဲ့ရင်းရတဲ့အခါ သေဘေးကို ကြောက်မိလာတယ်။ မိခင်ဖြစ်သူညွှန်ပြတဲ့အတိုင်း ဘာသာရေးဘက်ကို အာရုံစိုက်ခဲ့တယ်။ ကံကောင်းတာက ကုသမှုက အဆင်ပြေသွားပြီးတဲ့နောက် ဒုလ္လဘ ဘုန်းကြီးဝတ်ရင်း မိုးကုတ်ဆရာတော်တပါးနဲ့တွေ့ပြီး တရားအလုပ်ကို စတင်လိုက်စားဖြစ်ခဲ့တာပါပဲ။ ဒီတော့ မုဆိုးအလုပ်ကို သူစွန့်ပစ်နိုင်ခဲ့တယ်။

ဦးခင်မောင်လေးက“ ကိုယ့်အသက်အန္တရာယ်နဲ့တွေ့တဲ့အခါ အပြောင်းအလဲတွေ ဖြစ်သွားတာပဲ။ တချို့ဆို အရင်ကနေခဲ့ထိုင်ခဲ့တဲ့ ပုံစံကို ကြည့်ပြီး တော်တော်နဲ့မယုံကြဘူး” လို့ ဆိုတယ်။

အခုအချိန်မှာတော့ တစ်ကျော့ပြန်ထလာတဲ့ဘောလုံးဝါသနာပိုးနဲ့အတူ မြက်ခင်းစိမ်းတွေကို ပြန်လည်ထိတွေ့နေတဲ့အခါ သူ့ရဲ့ မုဆိုးဘဝပုံရိပ်တွေဟာ ဓာတ်ပုံအယ်လ်ဘမ်တွေထဲမှာပဲ သားကောင်ပစ်ခတ်နေတဲ့ပုံတွေ၊ တောတွင်းမှာ သားကောင်တွေအမဲဖျက်ပြီး သောက်စားနေတဲ့ဓာတ်ပုံတွေအဖြစ် တွေ့နိုင်တော့တယ်။

ဒီဘက်ကာလတွေမှာတော့ ဦးခင်မောင်လေးဟာ မန္တလေးမှာဖွင့်တဲ့ Super Star ဘောလုံးအကယ်ဒမီမှာ နည်းပြဆရာအဖြစ် (၂) နှစ်လောက်လုပ်ခဲ့တယ်။ ပုဂ္ဂလိကပိုင် Super Star ဘောလုံးအကယ်ဒမီက ကွင်းအခက်အခဲကြောင့် ရေရှည်မှာ မရပ်တည်နိုင်ခဲ့ပေမယ့် ထူးချွန်တဲ့လူငယ်တချို့ကတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီရောက်သူရောက်၊ ပြည်တွင်းလိဂ်အသင်းတွေမှာ ဝင်ကစားသူကစားနဲ့ ဘောလုံးကွင်းတွေထဲမှာ ဆက်လက်ရှင်သန်နေကြတယ်။

“ ဒီ ၄, ၅ နှစ်အတွင်းမှာ ဘောလုံးပိုးက ပြန်ထိန်းမရဘူး။ မန္တလေးက ကလေးတွေကို လေ့ကျင့်ပေးနေတယ်။ အခုလက်ရှိ (၇) ယောက်လောက်ရှိတာပေါ့။ အား/ကာသိပ္ပံကွင်းမှာပဲ ခွင့်တောင်းပြီးလေ့ကျင့်ရတာပေါ့လေ။ ကလေးတွေက အခြေခံလေးတွေလည်း တော်တော်လေးရနေကြပါပြီ” လို့ သူကဆိုတယ်။

လက်ရှိမှာ တိုင်းလက်ရွေးစင်ဟောင်းတွေ၊ မြန်မာ့လက်ရွေးစင်ဟောင်းတွေ(၃၀)လောက်နဲ့ စုဖွဲ့ထားတဲ့ မန္တလေးနည်းပြဆရာအသင်းမှာ ဦးခင်မောင်လေးက ဥက္ကဌအဖြစ် တာဝန်ယူထားတယ်။ နည်းပြဆရာတွေ စုစုစည်းစည်းနဲ့ ဆောင်ရွက်နိုင်ဖို့အပြင် ဘောလုံးအဖွဲ့ချုပ်အကယ်ဒမီနဲ့ အား/ကာ သိပ္ပံတွေမှာ အကြာင်းအမျိုးမျိုးကြောင့် သင်ကြားခွင့်မရခဲ့တဲ့ဘောလုံးဝါသနာရှင်ကလေးတွေကို အပြင်ကနေ ဝိုင်းဝန်းလေ့ကျင့်သင်ကြားပေးဖို့လည်း ရည်ရွယ်ထားတယ်။

ဒါပေမဲ့ ဘောလုံးအားကစားနည်းကိုလေ့ကျင့်သင်ကြားပေးဖို့ကိစ္စမှာ ဘောလုံးကွင်းမရှိဘူးဆိုတဲ့ပြသနာက အခံရခက်စွာနဲ့ ဒီနေ့အထိ ရင်ဆိုင်နေရဆဲပါပဲ။

“ တို့တုန်းက အားလုံးကိုစွန့်လွှတ်ပြီး ဝါသနာနဲ့ ကစားခဲ့ကြတယ်။ အခုတော့ အားပေးလာကြတော့ ကစားဖို့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ခုလည်း ဘောလုံးလောကက တဖြည်းဖြည်းကျဆင်းနေတုန်းပါပဲ။ အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ပေါင်းပြီးတော့အားပေးမှရမှာ။ ဒီတိုင်းဆို နောက်လည်း တဖြည်းဖြည်းအားနည်းလာမှာပဲ” လို့ သူကဆိုပါတယ်။

ဇော်နောင်လင်း