#ေဖ့ဘြတ္ကို ေမြးဖြားေပးလိုက္ေသာ Zuckerberg အေၾကာင္း

Zuckerberg ဆ္ုိလိုက္တာနဲ႕Facebook ကိုေျပးျမင္မိျကမွာပါ။ကမၻာၾကီးကရြာျကီးတရြာဆိုတဲ့ စကားကို သက္ေသၿပလုိက္တဲ့ Facebook ဆိုတဲ့ လူမွဳကြန္ရက္ဟာ ပစၥကၡလူေနမွဳဘဝပံုစံကို ေၿပာင္းလဲသြားေစခဲ့ပါတယ္။ ဒီေန႕ေခတ္မွာလူေတြက အထီးက်န္ဆန္လြန္းလွပါတယ္။ လူဆိုတာကလည္း အေပါင္းနဲ႕ အသင္းနဲ႕ေၿပာၾက ဆိုၾက ေနထိုင္ခ်င္ၾကပါတယ္။

ဒါေပမယ့္လည္း ေခတ္ကာလအေၿခအေနအရ ၊ လုပ္ငန္းေတြရဲ႕ သေဘာသဘာဝအရ တစ္ေယာက္နဲ႕တစ္ေယာက္ အတူတူမေနႏိုင္ၾကဘဲ တစ္ၿမိဳ႕တစ္ရြာစီ၊ တစ္ႏိုင္ငံစီ ခြဲခြာေနထိုင္ၾကရပါတယ္။ အဲဒိလုိ ကြဲကြာေနမွဳကို အင္တာနက္သာရမယ္ဆိုရင္ တစ္ေယာက္နဲ႕တစ္ေယာက္အနီးဆံုးၿဖစ္ေအာင္ ၿဖစ္ေအာင္ စြမ္းေဆာင္ေပးလိုက္တာကေတာ့ အားလံုးသိၾကတဲ့အတိုင္း Facebook ဆိုတာပါပဲ။ သို႕ေသာ္လည္း ဒီ Facebook ေၾကာင့္ ၿပႆနာေတြတက္ၾကတာလည္းတစ္ပံုတစ္ပင္ၾကီးပါပဲ။ တစ္ကိုယ္ရည္မွသည္ ႏိုင္ငံနဲ႕ခ်ီၿပီး၊ ကမၻာနဲ႕ခ်ီၿပီးေတာင္ တက္ၾကပါတယ္။

သို႕ေသာ္ ေကာင္းေကာင္းအသံုးခ်တတ္ရင္ေတာ့ ေကာင္းက်ိဳးေတြ အမ်ားၾကီးလည္းရႏိုင္ပါတယ္။ မည္သုိ႕ပင္ၿဖစ္ေစ လူသားေတြကေတာ့ ေန႕စဥ္ေန႕စဥ္၊ ညစဥ္ညစဥ္ ဒီ Facebook ထဲကို ၀င္ေနၾကဦးမွာကေတာ့ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႕ အဲဒိ Facebook ကိုအသက္သြင္းခဲ့တဲ့ လူတစ္ေယာက္အေၾကာင္းကို ေၿခရာေကာက္ၾကရေအာင္။

သူကေတာ့ ကမၻာေက်ာ္ ဟားဗတ္တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ၿဖစ္တဲ့ Mark Zuckerberg ပါပဲ။ Facebook လုပ္ဖို႕ေက်ာင္းေတာင္ထြက္ခဲ့သူတစ္ေယာက္ေပါ့။ သူ႕ကို May 14,1984 မွာ နယူးေယာက္ၿပည္နယ္က ဟဒ္ဆန္ၿမစ္ၾကီးအနီးက White Plains ဆိုတဲ့ၿမိဳ႕ေလးမွာ ေမြးဖြားခဲ့ပါတယ္။ ပညာတတ္မိသားစုက ေနဆင္းသက္လာခဲ့ၿပီး သူ႕ အေဖက သြားဆရာဝန္တစ္ေယာက္ၿဖစ္ကာ အေမကေတာ့စိတ္ေရာဂါကုဆရာဝန္တစ္ေယာက္ၿဖစ္သည္။

ဇူကာဘတ္သည္ သူ႕ရဲ႕ငယ္စဥ္ကတည္းကပင္ ကြန္ပ်ဴတာအေပၚရူးသြပ္ခဲ့ၿပီး အသက္ ၁၂ ႏွစ္မွာပင္ Atari BASIC ပရိုဂရမ္မင္း ကို အသံုးၿပဳကာ “Zucknet” ဆိုတဲ့ စတိုပို႕လႊတ္တဲ့ messageing ပရိုဂရမ္ေလးကိုေရးသားခဲ့ပါတယ္။အဲဒိပရိုဂရမ္ေလးကသူ႕အေဖသြားဆရာဝန္အတြက္ေတာ့ ေတာ္ေတာ္ အသံုးၾကပါတယ္။ လူနာတစ္ေယာက္လာတဲ့အခါ စာေရးမက လွမ္းေအာ္စရာမလိုဘဲ ကြန္ပ်ဴတာနဲ႕ စာရိုက္ဆက္သြယ္လုိက္ရံုပါပဲ။ သူ႕အေဖတင္မက တစ္မိသားစုလံုးပါအဲဒိ ပရိုဂရမ္ေလးကို တစ္ေယာက္နဲ႕တစ္ေယာက္ဆက္သြယ္ဖို႕အသံုးၿပဳခဲ့ၾကပါတယ္။ Facebook ရဲ႕ေရွ႕ေၿပးလို႔ ဆိုရမလားမသိဘူး။ တစ္ခ်ိန္တည္းမွာပဲ သူ႕သူငယ္ခ်င္းေတြနဲ႕တြဲၿပီး အေပ်ာ္သေဘာအေနနဲ႕ ဂိမ္းေလးေတြကိုလည္း ေရးခဲ့ပါတယ္။

ဇူကာဘတ္က ကြန္ပ်ဴတာဝါသနာပါတာသိလို႕ သူ႕မိဘေတြက အလြတ္တန္းကြန္ပ်ဴတာဆရာ တစ္ေယာက္ၿဖစ္တဲ့ David Newman ကို တစ္ပါတ္တစ္ခါ အိမ္ေခၚၿပီး စာကြန္ပ်ဴတာ သင္ေစပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဇူကာဘတ္ဟာ Philips Exeter Academy မွာ ေက်ာင္းဆက္တက္ခဲ့ၿပီး သူက အဲဒိမွ စာေပပညာရပ္နဲ႕ပတ္သက္လို႕ ထူးခၽြန္သူတစ္ေယာက္ၿဖစ္ခဲ့ကာ ဂႏၳဝင္စာေပနဲ႕ ဒီပလုိမာရရွိခဲ့ပါတယ္။ သို႕ေသာ္လည္းသူ႕ရဲ႕ ပရိုဂရမ္ေတြ develop လုပ္ဖို႕ အတြက္ ပိုမိုစိတ္အားထက္သန္စြာနဲ႕ ဆက္လက္လုပ္ေဆာင္ခဲ့ကာ ပရိုဂရမ္အသစ္မ်ားကိုေရးသားခဲ့ပါတယ္။

အဲဒိေက်ာင္းမွာပဲ ေတးဂီတေဆာ့ဖ္ဝဲ တစ္ခုၿဖစ္တဲ့ Pandora ရဲ႕ေရွ႕ေၿပးၿဖစ္တဲ့ Synapse ကို ေရးသားခဲ့ၿပီး AOL ,Microsoft တို႕က ဝယ္ယူဖို႕ကမ္းလွမ္းၿခင္းခံရခဲ့ေပမယ့္ ဇူကာဘတ္ကမေရာင္းခဲ့သလုိ အလုပ္လုပ္ဖို႕ ကမ္းလွမ္းမွဳကိုလည္း ပယ္ခ်ခဲ့ပါတယ္။
Exeter ကေန 2002 မွာေက်ာင္းၿပီးတဲ့ေနာက္ ဟားဗတ္တကၠသိုလ္ကို ဆက္တက္ခဲ့ပါတယ္။

အဲဒိဟားဗတ္ဆိုတဲ့ တကယ့္ေနရာမွာလည္းသူက ေဆာ့ဖ္ဝဲdeveloper အသိုင္းအဝိုင္းမွာေရပန္းစားခဲ့ၿပီး Course Match ဆိုတဲ့ ပရိုဂရမ္ကိုေရးသားခဲ့ကာ အဲဒိ ပရိုဂရမ္က ေက်ာင္းသားေတြအေနနဲ႕သူတို႕ယူထားတဲ့ဘာသာရပ္မ်ားနဲ႕ပတ္သက္ၿပီး အၿခားသူမ်ားယူထားတဲ့ ဘာသာရပ္မ်ားနဲ႕ပတ္သက္ကာ တူညီမွဳမ်ားကိုႏွဳိင္းယွဥ္တဲ့ ပရိုဂရမ္ၿဖစ္ပါတယ္။ထုိ႕ၿပင္ Facemash ပရိုဂရမ္ကိုလည္း ေရးသားခဲ့ၿပီး Campus အတြင္းက ေက်ာင္းသားႏွစ္ေယာက္ရဲ႕ ပံုႏွစ္ပံုကိုႏွဳိင္းယွဥ္ၿပကာ user မ်ားကို ဘယ္အတြဲက ဆြဲေဆာင္မွဳအရွိဆံုးလဲ ဆိုတာကို vote လုပ္ရတဲ့ ပရိုဂရမ္ၿဖစ္ပါတယ္။ အဲဒိပရိုဂရမ္ကေတာ္ေတာ္ေလး လူၾကိဳက္မ်ားခဲ့ေပမယ့္ ေက်ာင္းရဲ႕ အုပ္ခ်ဳပ္မဳွအဖြဲ႕အစည္းက အၿခားသူမ်ားရဲ႕ ကုိယ္ေရးအခ်က္အလက္မ်ားကို သံုးစြဲမွဳနဲ႕ ပတ္သက္ၿပီး ပိတ္ပင္ၿခင္းခံခဲ့ရပါတယ္။

ဒီလိုနဲ႕ဇူကာဘတ္ဟာ သူလုပ္ခဲ့တဲ့ Projects မ်ားနဲ႕ ပတ္သက္ဆက္ႏြယ္ကာ Social Networking site တစ္ခုၿဖစ္တဲ့ Harvard Connection ဆိုတဲ့ site ကိုလုပ္ဖို႕ Divya Narendra နဲ႕ အမႊာညီအစ္ကိုၿဖစ္တဲ့ Cameron နဲ႕ Tyler တို႕ကဖိတ္ေခၚခဲ့ပါတယ္။ ဇူကာဘတ္က အဲဒိ Project ကုိလုပ္ေဆာင္ဖို႕ကူညီေပးခဲ့ေပမယ့္ မၾကာမီ သူ႕ရဲ႕ကုိယ္ပိုင္ social networking site ကိုလုပ္ဖို႕ သူ႕သူငယ္ခ်င္းေတြၿဖစ္တဲ့ Dustin Moskovitz,Chris Hughes နဲ႕ Eduardo Saverin တို႕နဲ႕ပူးေပါင္းခဲ့ပါတယ္။

ဇူကာဘတ္နဲ႕သူ႕သူငယ္ခ်င္းေတြက site တစ္ခုကိုလုပ္ခဲ့ၿပီး အဲဒိ site မွာ သံုးစြဲသူမ်ားကို သူတို႕ရဲ႕ ကိုယ္ပိုင္ profile ေတြၿပဳလုပ္ဖို႕၊ ပံုေတြ တင္ဖို႕နဲ႕ အၿခားေသာ သံုးစြဲသူမ်ားနဲ႕ ဆက္သြယ္ဖို႕ အတြက္ ရည္ရြယ္ခဲ့ၿပီး ပထမဦးဆံုး The Facebook လို႕ေခၚတြင္ခဲ့ပါတယ္။ဟားဗတ္မွာအဲဒိ Project လုပ္ေနရင္း ဒုတိယႏွစ္ၿပီးတဲ့အခါ Facebookကို အခ်ိန္ၿပည့္လုပ္ေဆာင္ႏိုင္ေအာင္ ေက်ာင္းထြက္ခဲ့ၿပီး ကုမၸဏီကို ကယ္လီဖိုးနီးယားမွာရွိတဲ့ Palo Alto ကိုေၿပာင္းေရႊ႕ခဲ့ပါတယ္။ဒီလုိနဲ႕ Facebook စတင္ေမြးဖြားခဲ့ကာ 2004 ႏွစ္ကုန္ပိုင္းေလာက္မွာေတာ့ သံုးစြဲသူေပါင္း တစ္သန္းေက်ာ္ရွိလာခဲ့ပါတယ္။

ဒီလုိမ်ိဳးသံုးစြဲသူေတြမ်ားလာတာနဲ႕အမွ် အၿခားေသာ ရင္းႏွီးၿမွဳပ္ႏွံသူမ်ားပါဝင္ပူးေပါင္းေထာက္ပံ့မဳွကိုရရွိခဲ့ကာ 2005 မွာေတာ့ Accell Partners က $12.7 billion ရင္းႏွီးၿမွဳပ္ႏွံခဲ့ပါတယ္။ 2005 ဒီဇင္ဘာေလာက္မွာေတာ့ သံုးစြဲသူ 5.5 million ရွိလာခဲ့ၿပီး အၿခားေသာကုမၸဏီမ်ားက ဒီမွာေၾကာ္ၿငာဖို႕ စိတ္ဝင္စားမွဳၿမင့္တက္လာခဲ့ပါတယ္။

ထို႕ၿပင္သူ႕ကုမၸဏီကုိမေရာင္းခ်လိုတဲ့ Zuckerberg ကYahoo! နဲ႕ MTV Networks တိုရဲ႕ကမ္းလွမ္းမွဳကိုလည္းပယ္ခ်ခဲ့ပါတယ္။ အဲဒိလိုမေရာင္းခဲ့ပဲ သူ႕ရဲ႕ site မွာ ၿပင္ပ developer မ်ားအား မ်ားစြာေသာ feature မ်ားထည့္သြင္းႏိုင္ေစဖို႕ေတြလုပ္ေဆာင္ေပးခဲ့ၿပီး site ကိုပိုမိုတိုးတက္ဖို႕ပဲအာရံုစိုက္လုပ္ေဆာင္ခဲ့ပါတယ္။ ဒီအခ်က္က Developer ေတြ အတုယူရမယ့္ အခ်က္တစ္ခုလည္းၿဖစ္ပါတယ္။

2006 မွာေတာ့ ၿပႆနာတက္ေတာ့တာပဲ။ Harvard Connection ရဲ႕ ဖန္တီးသူေတြက သူတို႕ရဲ႕ အိုင္ဒီယာကို ခုိးခ်ပါတယ္ဆိုၿပီးတရားစြဲပါတယ္ ။ အဲဒိအမွဳဟာ၂၀၁၁ အထိေရာက္ရွိခဲ့ပါတယ္။ ႏွစ္ဦးႏွစ္ဖက္လည္း ေတာ္ေတာ္ေလးေငြကုန္ခဲ့ပါတယ္။ထို႕အတူ ဇူကာဘတ္အေနနဲ႕ အၿခားေသာ ကိုယ္ေရးကိုယ္တာ ၿပႆနာတစ္ခုနဲ႕လည္းၾကံဳေတြ႕ခဲ့ရပါေသးတယ္။

စာေရးဆရာ Ben Mezirch က “The Accidental Billionaries” မွာ ဇူကာဘတ္ရဲ႕ ဘဝအေၾကာင္းနဲ႕ပတ္သက္ၿပီး ဇာတ္ကြက္ေတြကို ကုိယ့္ဖာသာကုိဆင္ေရးတာ၊ စကားေၿပာေတြကို စိတ္ကူးနဲ႕ ေရးတာ့ ၊ဝတၳဳ ဆန္ဆန္ ဇာတ္ရုပ္ဖန္တီးေရးသားတာေတြနဲ႕ပတ္သက္ၿပီး ဇူကာဘတ္နဲ႕ ၿပႆနာတက္ပါတယ္။ ဘယ္လုိပဲၿဖစ္ၿဖစ္ သူေရးထားတာေတြက မွန္တာ မွားတာ ဆိုတာထက္ေနာက္ဆံုးေတာ့ အကယ္ဒမီ ရွစ္ဆု အမည္တင္သြင္း ၿခင္းခံခဲ့ရတဲ့ The Social Network ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၿဖစ္လာခဲ့ပါတယ္။

မည္သို႕ပင္ၿဖစ္ေစ Facebook ရဲ႕ အရွိန္အဟုန္ၾကီးထြားလာခဲ့ၿပီး 2010 မွာေတာ့ ဇူကာဘတ္ဟာ Person of the Year အၿဖစ္ေရြးခ်ယ္ၿခင္းခံခဲ့ရၿပီး Forbes မဂၢဇင္းရဲ႕ ကမၻာ့အခ်မ္းသာဆံုးစာရင္း မွာNo. 35 ၿဖစ္လာခဲ့ၿပီး အသားတင္ပိုင္ဆုိင္မွဳဟာ $ 6.9 billion ရွိလာခဲ့ပါတယ္။အလွဴအတန္းလည္းရက္ေရာတဲ့ဇူကာဘတ္ဟာ 2010 မွာ ေဒၚလာသန္းတစ္ရာကို နယူးဂ်ာစီမွာရွိတဲ့ Newark Public Schools အတြက္ လွဴဒါန္းခဲ့သလို သူ႕ရဲ႕ တစ္သက္တာမွာ သူ႕ပိုင္ဆိုင္မွဳတစ္ဝက္ကို ေပးလွဴဖို႕ “Giving Pledge” အဖြဲ႕မွာလက္မွတ္ေရးထုိးခဲ့ၿပီး အဲဒိအဖြဲ႕ဝင္ေတြထဲမွာ ဘီလ္ဂိတ္၊ ဝါရင္းဘတ္ဖတ္ နဲ႕ ေဂ်ာ့လူးကပ္စ္တို႕လုိ ဘီလီယံနာၾကီးေတြလည္း ပါဝင္ပါတယ္။

၂၀၁၂ ေမလမွာေတာ့ Facebook ရဲ႕အေၿပာင္းအလဲၾကီးတစ္ခုစတင္ခဲ့ပါတယ္။ အဲဒါကေတာ့ Public လုပ္လုိက္တာပါပဲ ။ $16 ဘီလီယံ အထိၿမင့္တက္ခဲ့ၿပီး သမိုင္းတေလွ်ာက္အၾကီးမားဆံုးေသာ internet IPO တစ္ခုၿဖစ္ခဲ့ပါတယ္။ေမလ 2013 မွာေတာ့ ဇူကာဘတ္ကသူႏွစ္ေပါင္းမ်ားစြာတြဲလာတဲ့ Priscilla Chan နဲ႕လက္ထပ္ခဲ့ပါတယ္။ေမလ 2013 မွာေတ့ Facebook ဟာ Fortune 500 lists ထဲကိုပထမဦးဆံုးအၾကိမ္ေရာက္ခဲ့ၿပီး ဇူကာဘတ္က အဲဒိ lists ထဲမွာ အသက္အငယ္ဆံုးၿဖစ္ကာ ၂၈ ႏွစ္မွ်သာရွိပါေသးတယ္။

ဗဟုသုတေပါ့
က်န္းမာခ်မ္းသာျကပါေစ

credit to
Nyein Chan(TSJ Tech Team)

Zuckerberg ဆိုလိုက်တာနဲ့Facebook ကိုပြေးမြင်မိကြမှာပါ။ကမ္ဘာကြီးကရွာကြီးတရွာဆိုတဲ့ စကားကို သက်သေပြလိုက်တဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ ပစ္စက္ခလူနေမှုဘဝပုံစံကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလူတွေက အထီးကျန်ဆန်လွန်းလှပါတယ်။ လူဆိုတာကလည်း အပေါင်းနဲ့ အသင်းနဲ့ပြောကြ ဆိုကြ နေထိုင်ချင်ကြပါတယ်။

ဒါပေမယ့်လည်း ခေတ်ကာလအခြေအနေအရ ၊ လုပ်ငန်းတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အတူတူမနေနိုင်ကြဘဲ တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံစီ ခွဲခွာနေထိုင်ကြရပါတယ်။ အဲဒိလို ကွဲကွာနေမှုကို အင်တာနက်သာရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အနီးဆုံးဖြစ်အောင် ဖြစ်အောင် စွမ်းဆောင်ပေးလိုက်တာကတော့ အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတာပါပဲ။ သို့သော်လည်း ဒီ Facebook ကြောင့် ပြဿနာတွေတက်ကြတာလည်းတစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ကိုယ်ရည်မှသည် နိုင်ငံနဲ့ချီပြီး၊ ကမ္ဘာနဲ့ချီပြီးတောင် တက်ကြပါတယ်။

သို့သော် ကောင်းကောင်းအသုံးချတတ်ရင်တော့ ကောင်းကျိုးတွေ အများကြီးလည်းရနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ လူသားတွေကတော့ နေ့စဉ်နေ့စဉ်၊ ညစဉ်ညစဉ် ဒီ Facebook ထဲကို ဝင်နေကြဦးမှာကတော့ သေချာပါတယ်။ ကျွန်တော်တို့ အဲဒိ Facebook ကိုအသက်သွင်းခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ခြေရာကောက်ကြရအောင်။

သူကတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Mark Zuckerberg ပါပဲ။ Facebook လုပ်ဖို့ကျောင်းတောင်ထွက်ခဲ့သူတစ်ယောက်ပေါ့။ သူ့ကို May 14,1984 မှာ နယူးယောက်ပြည်နယ်က ဟဒ်ဆန်မြစ်ကြီးအနီးက White Plains ဆိုတဲ့မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ပညာတတ်မိသားစုက နေဆင်းသက်လာခဲ့ပြီး သူ့ အဖေက သွားဆရာဝန်တစ်ယောက်ဖြစ်ကာ အမေကတော့စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သည်။

ဇူကာဘတ်သည် သူ့ရဲ့ငယ်စဉ်ကတည်းကပင် ကွန်ပျူတာအပေါ်ရူးသွပ်ခဲ့ပြီး အသက် ၁၂ နှစ်မှာပင် Atari BASIC ပရိုဂရမ်မင်း ကို အသုံးပြုကာ “Zucknet” ဆိုတဲ့ စတိုပို့လွှတ်တဲ့ messageing ပရိုဂရမ်လေးကိုရေးသားခဲ့ပါတယ်။အဲဒိပရိုဂရမ်လေးကသူ့အဖေသွားဆရာဝန်အတွက်တော့ တော်တော် အသုံးကြပါတယ်။ လူနာတစ်ယောက်လာတဲ့အခါ စာရေးမက လှမ်းအော်စရာမလိုဘဲ ကွန်ပျူတာနဲ့ စာရိုက်ဆက်သွယ်လိုက်ရုံပါပဲ။ သူ့အဖေတင်မက တစ်မိသားစုလုံးပါအဲဒိ ပရိုဂရမ်လေးကို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့အသုံးပြုခဲ့ကြပါတယ်။ Facebook ရဲ့ရှေ့ပြေးလို့ ဆိုရမလားမသိဘူး။ တစ်ချိန်တည်းမှာပဲ သူ့သူငယ်ချင်းတွေနဲ့တွဲပြီး အပျော်သဘောအနေနဲ့ ဂိမ်းလေးတွေကိုလည်း ရေးခဲ့ပါတယ်။

ဇူကာဘတ်က ကွန်ပျူတာဝါသနာပါတာသိလို့ သူ့မိဘတွေက အလွတ်တန်းကွန်ပျူတာဆရာ တစ်ယောက်ဖြစ်တဲ့ David Newman ကို တစ်ပါတ်တစ်ခါ အိမ်ခေါ်ပြီး စာကွန်ပျူတာ သင်စေပါတယ်။ နောက်ပိုင်းမှာတော့ ဇူကာဘတ်ဟာ Philips Exeter Academy မှာ ကျောင်းဆက်တက်ခဲ့ပြီး သူက အဲဒိမှ စာပေပညာရပ်နဲ့ပတ်သက်လို့ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ကာ ဂန္ထဝင်စာပေနဲ့ ဒီပလိုမာရရှိခဲ့ပါတယ်။ သို့သော်လည်းသူ့ရဲ့ ပရိုဂရမ်တွေ develop လုပ်ဖို့ အတွက် ပိုမိုစိတ်အားထက်သန်စွာနဲ့ ဆက်လက်လုပ်ဆောင်ခဲ့ကာ ပရိုဂရမ်အသစ်များကိုရေးသားခဲ့ပါတယ်။

အဲဒိကျောင်းမှာပဲ တေးဂီတဆော့ဖ်ဝဲ တစ်ခုဖြစ်တဲ့ Pandora ရဲ့ရှေ့ပြေးဖြစ်တဲ့ Synapse ကို ရေးသားခဲ့ပြီး AOL ,Microsoft တို့က ဝယ်ယူဖို့ကမ်းလှမ်းခြင်းခံရခဲ့ပေမယ့် ဇူကာဘတ်ကမရောင်းခဲ့သလို အလုပ်လုပ်ဖို့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။
Exeter ကနေ 2002 မှာကျောင်းပြီးတဲ့နောက် ဟားဗတ်တက္ကသိုလ်ကို ဆက်တက်ခဲ့ပါတယ်။

အဲဒိဟားဗတ်ဆိုတဲ့ တကယ့်နေရာမှာလည်းသူက ဆော့ဖ်ဝဲdeveloper အသိုင်းအဝိုင်းမှာရေပန်းစားခဲ့ပြီး Course Match ဆိုတဲ့ ပရိုဂရမ်ကိုရေးသားခဲ့ကာ အဲဒိ ပရိုဂရမ်က ကျောင်းသားတွေအနေနဲ့သူတို့ယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ပြီး အခြားသူများယူထားတဲ့ ဘာသာရပ်များနဲ့ပတ်သက်ကာ တူညီမှုများကိုနှိုင်းယှဉ်တဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ထို့ပြင် Facemash ပရိုဂရမ်ကိုလည်း ရေးသားခဲ့ပြီး Campus အတွင်းက ကျောင်းသားနှစ်ယောက်ရဲ့ ပုံနှစ်ပုံကိုနှိုင်းယှဉ်ပြကာ user များကို ဘယ်အတွဲက ဆွဲဆောင်မှုအရှိဆုံးလဲ ဆိုတာကို vote လုပ်ရတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ အဲဒိပရိုဂရမ်ကတော်တော်လေး လူကြိုက်များခဲ့ပေမယ့် ကျောင်းရဲ့ အုပ်ချုပ်မုှအဖွဲ့အစည်းက အခြားသူများရဲ့ ကိုယ်ရေးအချက်အလက်များကို သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ဒီလိုနဲ့ဇူကာဘတ်ဟာ သူလုပ်ခဲ့တဲ့ Projects များနဲ့ ပတ်သက်ဆက်နွယ်ကာ Social Networking site တစ်ခုဖြစ်တဲ့ Harvard Connection ဆိုတဲ့ site ကိုလုပ်ဖို့ Divya Narendra နဲ့ အမွှာညီအစ်ကိုဖြစ်တဲ့ Cameron နဲ့ Tyler တို့ကဖိတ်ခေါ်ခဲ့ပါတယ်။ ဇူကာဘတ်က အဲဒိ Project ကိုလုပ်ဆောင်ဖို့ကူညီပေးခဲ့ပေမယ့် မကြာမီ သူ့ရဲ့ကိုယ်ပိုင် social networking site ကိုလုပ်ဖို့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Dustin Moskovitz,Chris Hughes နဲ့ Eduardo Saverin တို့နဲ့ပူးပေါင်းခဲ့ပါတယ်။

ဇူကာဘတ်နဲ့သူ့သူငယ်ချင်းတွေက site တစ်ခုကိုလုပ်ခဲ့ပြီး အဲဒိ site မှာ သုံးစွဲသူများကို သူတို့ရဲ့ ကိုယ်ပိုင် profile တွေပြုလုပ်ဖို့၊ ပုံတွေ တင်ဖို့နဲ့ အခြားသော သုံးစွဲသူများနဲ့ ဆက်သွယ်ဖို့ အတွက် ရည်ရွယ်ခဲ့ပြီး ပထမဦးဆုံး The Facebook လို့ခေါ်တွင်ခဲ့ပါတယ်။ဟားဗတ်မှာအဲဒိ Project လုပ်နေရင်း ဒုတိယနှစ်ပြီးတဲ့အခါ Facebookကို အချိန်ပြည့်လုပ်ဆောင်နိုင်အောင် ကျောင်းထွက်ခဲ့ပြီး ကုမ္ပဏီကို ကယ်လီဖိုးနီးယားမှာရှိတဲ့ Palo Alto ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီလိုနဲ့ Facebook စတင်မွေးဖွားခဲ့ကာ 2004 နှစ်ကုန်ပိုင်းလောက်မှာတော့ သုံးစွဲသူပေါင်း တစ်သန်းကျော်ရှိလာခဲ့ပါတယ်။

ဒီလိုမျိုးသုံးစွဲသူတွေများလာတာနဲ့အမျှ အခြားသော ရင်းနှီးမြှုပ်နှံသူများပါဝင်ပူးပေါင်းထောက်ပံ့မုှကိုရရှိခဲ့ကာ 2005 မှာတော့ Accell Partners က $12.7 billion ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ 2005 ဒီဇင်ဘာလောက်မှာတော့ သုံးစွဲသူ 5.5 million ရှိလာခဲ့ပြီး အခြားသောကုမ္ပဏီများက ဒီမှာကြော်ငြာဖို့ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။

ထို့ပြင်သူ့ကုမ္ပဏီကိုမရောင်းချလိုတဲ့ Zuckerberg ကYahoo! နဲ့ MTV Networks တိုရဲ့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။ အဲဒိလိုမရောင်းခဲ့ပဲ သူ့ရဲ့ site မှာ ပြင်ပ developer များအား များစွာသော feature များထည့်သွင်းနိုင်စေဖို့တွေလုပ်ဆောင်ပေးခဲ့ပြီး site ကိုပိုမိုတိုးတက်ဖို့ပဲအာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအချက်က Developer တွေ အတုယူရမယ့် အချက်တစ်ခုလည်းဖြစ်ပါတယ်။

2006 မှာတော့ ပြဿနာတက်တော့တာပဲ။ Harvard Connection ရဲ့ ဖန်တီးသူတွေက သူတို့ရဲ့ အိုင်ဒီယာကို ခိုးချပါတယ်ဆိုပြီးတရားစွဲပါတယ် ။ အဲဒိအမှုဟာ၂၀၁၁ အထိရောက်ရှိခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်လည်း တော်တော်လေးငွေကုန်ခဲ့ပါတယ်။ထို့အတူ ဇူကာဘတ်အနေနဲ့ အခြားသော ကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုနဲ့လည်းကြုံတွေ့ခဲ့ရပါသေးတယ်။

စာရေးဆရာ Ben Mezirch က “The Accidental Billionaries” မှာ ဇူကာဘတ်ရဲ့ ဘဝအကြောင်းနဲ့ပတ်သက်ပြီး ဇာတ်ကွက်တွေကို ကိုယ့်ဖာသာကိုဆင်ရေးတာ၊ စကားပြောတွေကို စိတ်ကူးနဲ့ ရေးတာ့ ၊ဝတ္ထု ဆန်ဆန် ဇာတ်ရုပ်ဖန်တီးရေးသားတာတွေနဲ့ပတ်သက်ပြီး ဇူကာဘတ်နဲ့ ပြဿနာတက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူရေးထားတာတွေက မှန်တာ မှားတာ ဆိုတာထက်နောက်ဆုံးတော့ အကယ်ဒမီ ရှစ်ဆု အမည်တင်သွင်း ခြင်းခံခဲ့ရတဲ့ The Social Network ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ Facebook ရဲ့ အရှိန်အဟုန်ကြီးထွားလာခဲ့ပြီး 2010 မှာတော့ ဇူကာဘတ်ဟာ Person of the Year အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်း မှာNo. 35 ဖြစ်လာခဲ့ပြီး အသားတင်ပိုင်ဆိုင်မှုဟာ $ 6.9 billion ရှိလာခဲ့ပါတယ်။အလှူအတန်းလည်းရက်ရောတဲ့ဇူကာဘတ်ဟာ 2010 မှာ ဒေါ်လာသန်းတစ်ရာကို နယူးဂျာစီမှာရှိတဲ့ Newark Public Schools အတွက် လှူဒါန်းခဲ့သလို သူ့ရဲ့ တစ်သက်တာမှာ သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးလှူဖို့ “Giving Pledge” အဖွဲ့မှာလက်မှတ်ရေးထိုးခဲ့ပြီး အဲဒိအဖွဲ့ဝင်တွေထဲမှာ ဘီလ်ဂိတ်၊ ဝါရင်းဘတ်ဖတ် နဲ့ ဂျော့လူးကပ်စ်တို့လို ဘီလီယံနာကြီးတွေလည်း ပါဝင်ပါတယ်။

၂၀၁၂ မေလမှာတော့ Facebook ရဲ့အပြောင်းအလဲကြီးတစ်ခုစတင်ခဲ့ပါတယ်။ အဲဒါကတော့ Public လုပ်လိုက်တာပါပဲ ။ $16 ဘီလီယံ အထိမြင့်တက်ခဲ့ပြီး သမိုင်းတလျှောက်အကြီးမားဆုံးသော internet IPO တစ်ခုဖြစ်ခဲ့ပါတယ်။မေလ 2013 မှာတော့ ဇူကာဘတ်ကသူနှစ်ပေါင်းများစွာတွဲလာတဲ့ Priscilla Chan နဲ့လက်ထပ်ခဲ့ပါတယ်။မေလ 2013 မှာတေ့ Facebook ဟာ Fortune 500 lists ထဲကိုပထမဦးဆုံးအကြိမ်ရောက်ခဲ့ပြီး ဇူကာဘတ်က အဲဒိ lists ထဲမှာ အသက်အငယ်ဆုံးဖြစ်ကာ ၂၈ နှစ်မျှသာရှိပါသေးတယ်။

ဗဟုသုတပေါ့
ကျန်းမာချမ်းသာကြပါစေ

credit to
Nyein Chan(TSJ Tech Team)