စိတ်ဓါတ်ပျော့ညံ့ သူတိုင်းအတွက် (စိတ်ခွန်အားဖြည့်စာ)

မိသားစုက ပေးတဲ့ဒဏ်ရာတွေက အရယ်အမော ကင်းပြီး

မျက်နှာတွေ တင်းမာလာတယ်

ပတ်ဝန်းကျင်က ပေးတဲ့ဒဏ်က စကားပြန်ပြောရမှာ

စိတ်မပါ တော့ပဲ နှုတ်နည်းလာစေတယ်

ချစ်သူက ပေးတဲ့ ဒဏ်တွေက သေဆုံးနေတဲ့ သူတွေလို

အေးစက်စက် နေထိုင်တတ် လာတယ် .

ကိုယ့်ရဲ့ စိတ်ရင်း အမှန်က ပျော်ပျော်ပါးပါးနဲ့  နေချင်တာပါ

အသက်ရှင်နေရတာက ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ

လူဖြစ်ခွင့်တောင် အဓိပါယ်မရှိတဲ့

လူတစ်ယောက်နဲ့  မခြားပါဘူး .

ပြန်တွေးကြည့်တော့ ကိုယ့်စိတ်တွေ ပြောင်းလဲစေသူတွေဟာ

အတိတ်ဘဝက ရေစက်တွေကြောင့် ဆုံလာရတဲ့

သူတွေချည်း ဖြစ်နေသလို

ကိုယ်ကသာ ပျော့ညံ့လို့  ပြောင်းလဲသွားပေမဲ့

သူတို့ တွေကတော့ အနေအစားမပျက် သွားလာလှုပ်ရှား

နေကြတာပါပဲ

depression
ကိုယ့်ရဲ့ ပြောင်းလဲသွားခြင်း အတွက် မတန်ပါဘူး .

” ပြုံးပါ ” ကျလာမဲ့ မျက်ရည်အစား ပြုံးကြည့်လိုက်ပါ

” ရယ်မောပစ်ပါ ” ဒေါသထွက်စရာတွေ ကြုံလာရင်

အားပါးတရ ရယ်ပစ်လိုက်ကြည့်လိုက်ပါ

” ငိုပစ်လိုက် ” စိတ်တအားညစ်လာရင် အားပါးတရ

အော်ငိုပစ်လိုက်ပါ

စိတ်ကို ထိန်းချုပ်ထားပြီး နာကျင်နေမဲ့အစား ပြောင်းလဲပစ်

လိုက်ခြင်းနဲ့  အစားထိုးကြည့်လိုက်

အနည်းနဲ့  အများ စိတ်သက်သာသွား ပါလိမ့်မယ် .

လောကကြီးမှာ ပေးဆပ်ရတာ မတန်တဲ့သူတွေ အများကြီး

ရှိသလို ကြုံရပါလိမ့်မယ် .

လူတချို့ က တမင်တကာ စိတ်ဒုက္ခပေးခြင်ကြတယ်

တချို့ ကျ မတော်တဆ စိတ်ဒုက္ခပေးသလို ဖြစ်သွား

တာတွေရှိပါတယ် .

ကိုယ်ကသာ ကောင်းသူ မကောင်းသူ ခွဲခြားတတ်ဖို့ 

လိုအပ်ပါတယ် .

လူ တစ်ယောက် အသက်တစ်ရာပြည့်မှ ရက်ပေါင်း( ၃၆၀၀၀)

ကို ပိုင်ဆိုင်တာ

ပိုင်ဆိုင်ထားတဲ့ ရက်တွေဟာလည်း တစ်ရက်ပြီးတရက်

နုတ်ယူသွားနေတာလေ .

လူတိုင်းဟာ မနက်ဖြန်တောင် သေချာသော ရှင်သန်မှုကို

မပိုင်ဆိုင် ထားကြပါဘူး .

ဒါကြောင့်

ကိုယ့်ရဲ့ ရှင်သန်ခြင်းဟာ တပါးသူတွေပေးတဲ့ ဒဏ်ရာတွေနဲ့ 

မူရင်း စိတ်ဓါတ် အခံတွေ ကို ပြောင်းလဲပြီး ရှင်သန်ခြင်းဟာ

အဓိပါယ် ရှိရဲ့လား တန်ရဲ့လား တွေးကြည့်ပါ .

ကိုယ်ပိုင်တဲ့ အသက် ! ကိုယ်ပိုင်တဲ့ စိတ်ကို

မပျော်ရွှင်မှုတွေနဲ့  နေရတာ မတန်ပါဘူး ပျော်ပျော်ပါးပါး

နေလိုက် စမ်းပါ .

ကိုယ်နဲ့  ရေစက်ကုန်သူတွေက နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ 

သူတို့ ဖာသာ ထွက်သွားကြပါလိမ့်မယ် .

ကိုယ်နဲ့  အကြောင်းသင့်ပြီး လက်ရှိပေါင်းသင်းနေသူတွေနဲ့ သာ

ချစ်ချစ်ခင်ခင် ပျော်ပျော်နေလိုက်ခြင်းနဲ့  ပြောင်းလဲယူတတ်

ရပါမယ် .

မခင်သူကိုလည်း တမ်းတမနေနဲ့  မမင်သူကိုလည်း

လွမ်းမနေနဲ့ 

အကြောင်းသင့်သူတွေနဲ့ သာ ပျော်အောင်နေ

လိုက်ခြင်းသာ စိတ်ချမ်းသာစေပါတယ် .

ဖြစ်လာရတဲ့ အကြောင်းအကျိုးမှန်သမျှ ကိုယ်ကမပါတောင်

ပါတ်သက်မှုရှိလို့  လာငြိတယ်လို့ ခံယူထားပါ .

မကောင်းရင်လည်း စွန့် ရဲရမယ်

ကောင်းသူဆိုလည်း စာနာစိတ်နဲ့  ဆက်ဆံတတ်ရမယ် .

ဒါမှ အညှီဟောက်ကင်းကင်း ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်

လာပါလိမ့်မယ် .

လူ့ ဘဝဆိုတာ တိုတိုလေး

ဘာအတွက်ကြောင့် ကိုယ်ရဲ့ ရှင်သန်မှုကို တပါးသူအတွက်

ပေးဆပ်နေရမှာလည်း

ဘာအတွက်နဲ့ ကိုယ့်ရဲ့စိတ်တွေကို တခြားလူတွေကြောင့်

အကျဉ်းချထားရမှာလည်း

သေချာတွေးလေ မတန်လေဆိုတာ သိလာလိမ့်မယ် .

မနက်ဖြန်တောင် ကိုယ်မပိုင်တဲ့ လူဘဝကို

ဒီနေ့ တင် ပြုံးပြုံးလေးနဲ့  ဖြတ်ကျော်လိုက်မှ တန်တာပါ .

လူတိုင်းမှာ စိတ်ညစ်စရာတွေ ရှိတယ်

စိတ်ဆင်းရဲစရာတွေ အနည်းအများကြုံတွေ့ နေကြတယ်

သယ်ဆောင်သွားသူနဲ့  လွှင့်ပစ်တတ်သူပဲ ကွာခြားတာပါ .

စိတ်ညစ်စရာတွေရှိနေလည်း ဒီနေ့ တင် ချန်ထားခဲ့

နာကျည်းမှုတွေရှိနေလည်း ဒီနေ့ မှာတင် စွန့် ပစ်လိုက်

ဝမ်းနည်းစရာတွေရှိနေလည်း ဒီနေ့ တင် ငိုပစ်လိုက်

မနက်ဖြန်ဆိုရင် ” ကိုယ့်စိတ်နဲ့  ကိုယ် ” ပျော်ပျော်နေလိုက်

ကြတာပေါ့ ။
မိတ်ဆွေများအားလုံးအတွက်…ပျော်ရွင်တဲ့ဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေ.. !!