ဒီနှစ်သင်္ကြန်မှာ IC အဖွဲ့ကြီးနဲ့ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတူနေပါတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ..

ချစ်ပရိသတ်ကြီးရေ… ဆက်ပက်သင်္ကြန်သီချင်းကနေစပြီး ပရိသတ်တွေရဲ့ အဆဲပေါင်းများစွာ ဆဲဆိုခြင်းတွေခံရပြီး နာမည်ကြီး လူသိများလာတဲ့ ဆက်ပက်သီချင်း အဆိုတော် ကျော်ကျော်နန္ဒကတော့ သူကိုယ်တိုင်သုံးနေတဲ့ လူမှုကွန်ယက် ဖေ့ဘုတ်အကောင့်ကနေပြီး ပရိသတ်တွေသိအောင် သင်္ကြန်နဲ့ပတ်သက်ပြီး တင်လိုက်ပြန်ပါပြီ..။

ဒီနှစ်သင်္ကြန်မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ချစ်ခင်အားပေးခဲ့ကြပြီး အဆိုလောကမှာ ရှမ်းရှမ်တောက် နာမည်ကြီး အဖွဲ့ဖြစ်တဲ့ Iron Cross (IC) အဖွဲ့ကြီး ဟာ သင်္ကြန်​အတွင်း Show ပွဲများ လက်ခံသီဆိုချင်းမရှိတာနဲ့ ပတ်သက်ပြီး ကျော်ကျော်နန္ဒကလည်း ဒီနှစ်သင်္ကြန် ဘယ်မဏ္ဍပ်မှ သီချင်း လက်ခံသီဆိုချင်း မရှိတာကို တိုက်တိုက် ဆိုင်ဆိုင်လာတူနေတဲ့ အကြောင်း ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်..။

အခုလိုရေးသား ဖော်ပြချက်များနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာတော့ ဘယ်လိုတွေ ပြောဆိုကြတာကို မြင်ရဦးမလဲဆိုတာ အပန်းပြေ ချစ်ပရိသတ်ကြီး စောင့်ကြည့်ကြရအောင်နော်..။ အပန်းပြေ ပရိသတ်ကြီးလည်း ပြောချင်တာလေးများ ပြောခဲ့နိုင်ပါသည်။ ပရိသတ်အားလုံးကို လေးစားစွာဖြင့်…ApannPyay

လူမှုကွန်ယက်မှာ ကျော်ကျော်နန္ဒတင်ထားတာကတော့” ဒီနှစ်​သင်္ကြန်​မှာ နာမည်​အရမ်းကြီးပြီ ပရိသတ်​အကုန်​ချစ်​တဲ့ ကျ​နော်​လည်းချစ်​တဲ့ Iron Cross အဖွဲ့ ကြီးနှင့်​ အတူယခုနှစ်​ပရိသတ်​အကုန်​ဆဲပြီး အရမ်းနာမည်​ကြီးတဲ့ ဆက်​ပက်​ သင်္ကြန်​ သီချင်းအဆို​တော်​ ​ကျော်​​ကျော်​နန္ဒ တို့ သည်​ သင်္ကြန်​အတွင်း show ပွဲများ လက်​ခံဆိုခဲ့ခြင်းမရှိခြင်းများသွားတူ​နေ​သော​ကြောင့်​ IC အဖွဲ့ ကြီးအား ရို​သေဂါဝရပြုပါတယ်​ဗျ ” ဆိုပြီး ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။ ပရိသတ်အားလုံးကို လေးစားစွာဖြင့်…ApannPyay

Source – Kyaw Kyaw Nanda’ Facebook

မည့်သည့်စာမျက်နှာ Website များတွင်မဆို အပျော်တမ်းမျှဝေဖော်ပြခြင်း စီးပွားဖြစ် မျှဝေဖော်ပြခြင်းများ Credit – ApannPyay ပေး၍ လွတ်လတ်စွာ ကူးယူဖော်ပြနိုင်ပါသည်။