Customer ဆီကေရာ ႏိုင္ငံေတာ္ဆီကေရာ လိမ္ၿပီး အခြန္ေငြေတြ ခိုးလိုက္တဲ့ The Myst

(ဒါ က်ေနာ္က ကိုယ္မိလာတဲ့ဆိုင္ကို သာဓကထား ေျပာျပတာပါ။ဒီဆိုင္ကို မုန္းလို႔ မဟုတ္ပါဘူး။ဒီလိုဆိုင္ေတြ ဘယ္ႏွဆိုင္ေလာက္ေတာင္ ရွိေနမလဲ။ ကိုယ့္ႏိုင္ငံအက်ိဳးအတြက္ လူထု သတိထားမိေအာင္ ဝိုင္းshareေပးၾကပါ။)

စိတ္မေကာင္းစရာတစ္ခု ေျပာျပရဦးမယ္။ က်ေနာ္ အရမ္းႀကိဳက္တဲ့ မႏၲေလးက The Myst Shisha Loungeu မွာ ျဖစ္သြားခဲ့တာပါ။ ပထမဦးစြာ က်ေနာ္ဟာ ဟိုးးးးးးအရင္ ေဆးေက်ာင္းသားဘဝကတည္းက The Mystမွာ အၿမဲထိုင္ေလ့ရွိတဲ့ Customer ပါ။ သူ႔ဆိုင္မွာ ထိုင္ရတဲ့Feelingႏွင့္ သူ႔Shishaကို ႀကိဳက္လြန္းလို႔ပါ။ အခုေတာ့ ေနာက္ဘယ္ေတာ့မွ မသြားေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ပါၿပီ။

ပထမဆုံးစျဖစ္ခဲ့တာ က်ေနာ္ဘြဲ႕ယူတဲ့အထိမ္းအမွတ္ သူငယ္ခ်င္းေတြကို ျပဳစုတဲ့ေန႔ကေပါ့ (Marchလ ၁ ရက္ေန႔ညပါ။ Bill ရွင္းတာေတာ့ 2.3.2019 1:30Amေပါ့) အဲ့ညက် က်ေနာ္တို႔ေသာက္တာ စုစုေပါင္း ၁သိန္းခြဲေလာက္က်ေတာ့ Taxက ၇ေထာင္ေက်ာ္က်တာေပါ့။ ရတယ္ Okay ကိုယ္ေတြဆိုတာ အခြန္ေကာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကိုသိေနလို႔ အခြန္ေဆာင္ရမွာ မေၾကာက္ပါဘူး။ ဒါေပမယ့္ သူတို႔ အခြန္တံဆိပ္ေခါင္း ကပ္ေပးထားတာက ၁၃၀၀ဖိုးတည္း (၁၀၀တန္ တံဆိပ္ေခါင္းေလး ၁၃ ခု)

က်ေနာ္က အၿမဲလိုလို ဘယ္ဆိုင္ထိုင္ထိုင္ တံဆိပ္ေခါင္းအၿမဲစစ္တယ္။ ၿပီးရင္ အဲ့တံဆိပ္ေခါင္းကို ၂ခါျပန္သုံးလို႔မရေအာင္ ၿဖဲပစ္ခဲ့တဲ့အက်င့္ရွိတယ္။ အဲ့ေတာ့ တံဆိပ္ေခါင္းစစ္ေတာ့ ၇ေထာင္ေက်ာ္ကို ၁ေထာင္ေက်ာ္ပဲကပ္ထားတာ မေတာ္တဆမႈ လုံးဝမျဖစ္ႏိုင္ဘူး။ ၾကားထဲက တမင္ခိုးလိုက္တာပဲ။

အဲ့မွာ က်ေနာ္ေသာင္းက်န္းေတာ့တာပဲ က်ေနာ္ မႏၲေလးကို ဘြဲ႕လာယူေနစဥ္၃ရက္အတြင္းမွာပဲ သူ႔ဆိုင္မွာ ညတိုင္း က်ေနာ္အားေပးခဲ့တဲ့ေငြဟာ ၃,၄သိန္းအထက္မွာရွိပါတယ္။ ဒီလို ညတိုင္းလာၿပီး မ်က္မွန္းတန္းမိေနတဲ့ Customer အေပၚေတာင္ ဒီလိုလုပ္ရဲရင္ အျခားလူေတြအေပၚလည္း သူတို႔လုပ္မွာပဲ။

ဒါ ပထမတစ္ခါတုန္းက သူတို႔ကို ဆူခဲ့ၿပီး ေနာက္မလုပ္ဖို႔ မွာခဲ့ပါတယ္။ ခုလို Facebookႀကီးမွာ တင္ပစ္ဖို႔ကလည္း သူမ်ားစီးပြားေရးကို မဖ်က္ဆီးခ်င္ဘူးေလ။

ဒါေပမယ့္ မေန႔ညက ေနာက္တစ္ခါ ထပ္လုပ္ပါတယ္။ ဒုတိယပုံမွာၾကည့္ပါ။ ၂ ေထာင္ေက်ာ္ ေကာက္ထားတဲ့ Taxကို ၁၂၀၀ဖိုးပဲ ကပ္ထားတယ္ေလ။ ထပ္ခိုးျပန္ၿပီ။၁၀၀၀တန္ တံဆိပ္ေခါင္း ၅၀၀တန္ တံဆိပ္ေခါင္းေတြ ရွိလ်က္သားနဲ႔ ၁၀၀တန္ေလးေတြ အမ်ားႀကီးကပ္ၿပီး မ်က္စိရႈပ္ေအာင္ လုပ္ထားတာပါ။

ဒါေပမယ့္ က်ေနာ့္လိုေကာင္က ဘယ္လိုကပ္ထားထား အၿမဲေသခ်ာစစ္တယ္ေလ။ ေတြ႕သြားတယ္။ ဒီတစ္ခါ ဘာမွမေျပာေတာ့ဘူး။ တိတ္တိတ္ကေလးပဲ ဓာတ္ပုံ႐ိုက္လာၿပီး အားလုံးသိေအာင္ ခုလို ဖြင့္ခ်ရျခင္းျဖစ္ပါတယ္။

ထူးျခားတာတစ္ခုက ၂ေခါက္လုံး အေပၚထပ္မွာထိုင္မွပဲ ျဖစ္တာပါ။ ေအာက္ထပ္မွာ ထိုင္တုန္းက မျဖစ္ဖူးပါဘူး။ ဒီ Post ကို ဆိုင္ရဲ႕ တာဝန္ရွ်သူ တစ္ေယာက္ေယာက္ ျမင္သြား ခဲ့မယ္ဆို အေပၚထပ္ကို သတိျပဳေစခ်င္ပါတယ္။ က်ေနာ္ဘာေၾကာင့္ ဒီတံဆိပ္ေခါင္းေလးကို သဲသဲလႈပ္ျဖစ္ေနရသလဲ က်ေနာ္တြက္ျပမယ္ ေသခ်ာဆက္ဖတ္ပါ။

ဒီလိုပါ ႏိုင္ငံေတာ္ စားသုံးသူက အခြန္ေဆာင္ရင္ အခြန္တံဆိပ္ေခါင္းကပ္ေပးမွ ႏိုင္ငံေတာ္ကို အခြန္ေငြေတြေရာက္ပါတယ္။ ဒီတံဆိပ္ေခါင္းေတြကို အခြန္႐ုံးမွာ သတ္မွတ္ထားတဲ့ ေဈးအတိုင္း ဆိုင္က ျပန္ဝယ္ရတာေလ။

ဥပမာ – ၁၀၀၀တန္ အခြန္တံဆိပ္ေခါင္းကို အခြန္႐ုံးမွာ ေငြ ၁၀၀၀ ႏွင့္ ဝယ္ၿပီး က်ေနာ္တို႔ Tax ၁၀၀၀ က်ရင္ ၁၀၀၀ ကပ္ေပးရတာေလ။ အဲ့ေတာ့ အခြန္တံဆိပ္ေခါင္းေတြဟာ ဘယ္အခြန္ဦးစီး ဘာညာသာရကာမွ မျဖတ္ရလို႔ ၁၀၀ ဆို၁၀၀ ကိုယ္ေဆာင္သမွ် ကပ္ေပးသေလာက္ ႏိုင္ငံေတာ္ဘ႑ာတိုက္ကို အတိအက် မပ်က္မယြင္း ေရာက္လို႔ ေဆာင္ရတာ အတန္ဆုံးအခြန္ပါ။

အခု သူတို႔က ၇၀၀၀ ေက်ာ္ က်တာကို ၁၃၀၀ ဖိုးပဲ ကပ္ေပးတာဆိုေတာ့ ၾကားထဲက ၅၇၀၀ ခိုးထားလိုက္ၿပီေလ။ က်ေနာ္ကလည္း ေပးလိုက္ရတယ္။ ႏိုင္ငံေတာ္ကလည္း မရဘူး။သူက ၾကားထဲက ခိုးထားလိုက္တာ ၅၇၀၀။ ဒီလို တစ္ဝိုင္းကို ပွ်မ္းမွ်ျခင္း ၅၀၀၀ ေလာက္ခိုးရင္ တစ္ညကို သူ႔ဆိုင္မွာ အနည္းဆုံး ဝိုင္း ၄၀ ေလာက္ရွိပါတယ္။ ဒါဆို ခိုးယူေငြ ၂ သိန္းေလာက္ရေနၿပီေလ။ တစ္ည ၂ သိန္း တစ္လကို သိန္း ၆၀။ တစ္ႏွစ္ကို သိန္း ၇၀၀ ေက်ာ္ ခိုးေနတာပါ။

ဒီလို ဘားမွာ လာေသာက္ၾကၿပီ ဆိုမွေတာ့ အားလုံးက မူးေနၾကတာေလ။ က်ေနာ့္လို Tax စစ္မယ့္လူ ဘယ္ႏွေယာက္ ပါမယ္ ထင္သလဲ။

အျခားၿမိဳ႕က လူေတြထက္ မႏၲေလးသူ မႏၲေလးသားေတြက အခြန္ေငြရဲ႕ အက်ိဳးေက်းဇူးကို ပိုသိၾကမွာပါ။ အခု မႏၲေလးၿမိဳ႕ႀကီးတိုးတက္လာတာ ေန႔ခ်င္းညခ်င္းမဟုတ္ပါဘူး။ ၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္အစိုးရ တက္လာခါစက ဘာမွ မလုပ္ေပးႏိုင္ပါဘူး။ ပိုက္ဆံမရွိဘူးေလ။ အခြန္ေတြေကာက္ၿပီးမွ ဒီအခြန္ေငြေတြနင့္ လမ္းေတြခင္း မီးတိုင္ေတြစိုက္ လုပ္ေပးႏိုင္တာေလ။ ရွင္းရွင္းေျပာရရင္ က်ေနာ္တို႔ အခြန္ေဆာင္ထားတဲ့ က်ေနာ္တို႔ပိုက္ဆံေတြႏွင့္ အခုလို လုပ္ေပးႏိုင္တာပါ။ ဘယ္ႏိုင္ငံ ဘယ္ဖန္ဆင္းရွင္ကမွ လာလုပ္ေပးသြားတာမဟုတ္ဘူး။ အခုလို ၾကားထဲက ျဖတ္ခိုးတဲ့ သူခိုးရွိေနရင္ က်ေနာ္တို႔ ရပိုင္ခြင့္ေတြ မီးတိုင္ေတြ လမ္းေတြ ဘယ္ကပိုက္ဆံႏွင့္ ေဆာက္ၾကမလဲ။

က်ေနာ္တြက္ျပမယ္။ ခုနက တြက္ျပတဲ့အတိုင္း ဒီတစ္ဆိုင္ထဲက တစ္ႏွစ္ခိုးေငြ သိန္း၇၀၀ ဆို မီးတိုင္ အတိုင္၇၀ စိုက္လို႔ရပါတယ္။ မီးသတ္ကားတစ္စီး ဝယ္လို႔ရပါတယ္။ အမႈိက္သိမ္း ၃ဘီးယာဥ္ အစီး၂၀ေက်ာ္ ဝယ္လို႔ရပါတယ္။

ဒီဆိုင္က က်ေနာ့္လို သတိထား စစ္တတ္တဲ့သူႏွင့္ေတြ႕သြားလို႔ ေပၚသြားေပမယ့္ ဒီလို ခိုးေနတဲ့ ဆိုင္ ဘယ္ႏွဆိုင္ရွိမလဲ ဘယ္သူမွ မသိဘူး။ ဒါေၾကာင့္ က်ေနာ္ ဒီေနရာကေန အားလုံးကို ကိုယ္စားေသာက္ၿပီး Billရွင္းတဲ့အခါ။ အခြန္တံဆိပ္ေခါင္း ေသခ်ာစစ္ဖို႔ရယ္ အဲ့တံဆိပ္ေခါင္းကို ျပန္သုံးမရေအာင္ ေသခ်ာၿဖဲပစ္ခဲ့ဖို႔ရယ္ တိုက္တြန္းရင္း ျပည္သူ႔ဘ႑ာေငြကို ခိုးယူတဲ့ The Myst Shisha Lounge ကိုလည္း ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ပါတယ္။

PS က်ေနာ့္ Post ကို share ႐ုံပဲ မ Share ပါနဲ႔။ share လည္း share copy လည္း ယူထားေပးၾကပါ။ က်ေနာ့္အေကာင့္ Report အထုခံရရင္ က်ေနာ့္အေကာင့္ ပ်က္မွာထက္ ဒီစာေလးေတြ ပါသြားမွာ ပိုစိုးရိမ္လို႔ပါ။

Source : Kyaw Wai Yan Phyo

(Unicode Version)

Customer ဆီကရော နိုင်ငံတော်ဆီကရော လိမ်ပြီး အခွန်ငွေတွေ ခိုးလိုက်တဲ့ The Myst

(ဒါ ကျနော်က ကိုယ်မိလာတဲ့ဆိုင်ကို သာဓကထား ပြောပြတာပါ။ဒီဆိုင်ကို မုန်းလို့ မဟုတ်ပါဘူး။ဒီလိုဆိုင်တွေ ဘယ်နှဆိုင်လောက်တောင် ရှိနေမလဲ။ ကိုယ့်နိုင်ငံအကျိုးအတွက် လူထု သတိထားမိအောင် ဝိုင်းshareပေးကြပါ။)

စိတ်မကောင်းစရာတစ်ခု ပြောပြရဦးမယ်။ ကျနော် အရမ်းကြိုက်တဲ့ မန္တလေးက The Myst Shisha Loungeuမှာ ဖြစ်သွားခဲ့တာပါ။ ပထမဦးစွာ ကျနော်ဟာ ဟိုးးးးးးအရင် ဆေးကျောင်းသားဘဝကတည်းက The Mystမှာ အမြဲထိုင်လေ့ရှိတဲ့ Customer ပါ။ သူ့ဆိုင်မှာ ထိုင်ရတဲ့Feelingနှင့် သူ့Shishaကို ကြိုက်လွန်းလို့ပါ။ အခုတော့ နောက်ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ။

ပထမဆုံးစဖြစ်ခဲ့တာ ကျနော်ဘွဲ့ယူတဲ့အထိမ်းအမှတ် သူငယ်ချင်းတွေကို ပြုစုတဲ့နေ့ကပေါ့ (Marchလ ၁ ရက်နေ့ညပါ။ Bill ရှင်းတာတော့ 2.3.2019 1:30Amပေါ့) အဲ့ညကျ ကျနော်တို့သောက်တာ စုစုပေါင်း ၁သိန်းခွဲလောက်ကျတော့ Taxက ၇ထောင်ကျော်ကျတာပေါ့။ ရတယ် Okay ကိုယ်တွေဆိုတာ အခွန်ကောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုသိနေလို့ အခွန်ဆောင်ရမှာ မကြောက်ပါဘူး။ ဒါပေမယ့် သူတို့ အခွန်တံဆိပ်ခေါင်း ကပ်ပေးထားတာက ၁၃၀၀ဖိုးတည်း (၁၀၀တန် တံဆိပ်ခေါင်းလေး ၁၃ ခု)

ကျနော်က အမြဲလိုလို ဘယ်ဆိုင်ထိုင်ထိုင် တံဆိပ်ခေါင်းအမြဲစစ်တယ်။ ပြီးရင် အဲ့တံဆိပ်ခေါင်းကို ၂ခါပြန်သုံးလို့မရအောင် ဖြဲပစ်ခဲ့တဲ့အကျင့်ရှိတယ်။ အဲ့တော့ တံဆိပ်ခေါင်းစစ်တော့ ၇ထောင်ကျော်ကို ၁ထောင်ကျော်ပဲကပ်ထားတာ မတော်တဆမှု လုံးဝမဖြစ်နိုင်ဘူး။ ကြားထဲက တမင်ခိုးလိုက်တာပဲ။

အဲ့မှာ ကျနော်သောင်းကျန်းတော့တာပဲ ကျနော် မန္တလေးကို ဘွဲ့လာယူနေစဉ်၃ရက်အတွင်းမှာပဲ သူ့ဆိုင်မှာ ညတိုင်း ကျနော်အားပေးခဲ့တဲ့ငွေဟာ ၃,၄သိန်းအထက်မှာရှိပါတယ်။ ဒီလို ညတိုင်းလာပြီး မျက်မှန်းတန်းမိနေတဲ့ Customer အပေါ်တောင် ဒီလိုလုပ်ရဲရင် အခြားလူတွေအပေါ်လည်း သူတို့လုပ်မှာပဲ။

ဒါ ပထမတစ်ခါတုန်းက သူတို့ကို ဆူခဲ့ပြီး နောက်မလုပ်ဖို့ မှာခဲ့ပါတယ်။ ခုလို Facebookကြီးမှာ တင်ပစ်ဖို့ကလည်း သူများစီးပွားရေးကို မဖျက်ဆီးချင်ဘူးလေ။

ဒါပေမယ့် မနေ့ညက နောက်တစ်ခါ ထပ်လုပ်ပါတယ်။ ဒုတိယပုံမှာကြည့်ပါ။ ၂ ထောင်ကျော် ကောက်ထားတဲ့ Taxကို ၁၂၀၀ဖိုးပဲ ကပ်ထားတယ်လေ။ ထပ်ခိုးပြန်ပြီ။၁၀၀၀တန် တံဆိပ်ခေါင်း ၅၀၀တန် တံဆိပ်ခေါင်းတွေ ရှိလျက်သားနဲ့ ၁၀၀တန်လေးတွေ အများကြီးကပ်ပြီး မျက်စိရှုပ်အောင် လုပ်ထားတာပါ။

ဒါပေမယ့် ကျနော့်လိုကောင်က ဘယ်လိုကပ်ထားထား အမြဲသေချာစစ်တယ်လေ။ တွေ့သွားတယ်။ ဒီတစ်ခါ ဘာမှမပြောတော့ဘူး။ တိတ်တိတ်ကလေးပဲ ဓာတ်ပုံရိုက်လာပြီး အားလုံးသိအောင် ခုလို ဖွင့်ချရခြင်းဖြစ်ပါတယ်။

ထူးခြားတာတစ်ခုက ၂ခေါက်လုံး အပေါ်ထပ်မှာထိုင်မှပဲ ဖြစ်တာပါ။ အောက်ထပ်မှာ ထိုင်တုန်းက မဖြစ်ဖူးပါဘူး။ ဒီ Post ကို ဆိုင်ရဲ့ တာဝန်ရျှသူ တစ်ယောက်ယောက် မြင်သွား ခဲ့မယ်ဆို အပေါ်ထပ်ကို သတိပြုစေချင်ပါတယ်။ ကျနော်ဘာကြောင့် ဒီတံဆိပ်ခေါင်းလေးကို သဲသဲလှုပ်ဖြစ်နေရသလဲ ကျနော်တွက်ပြမယ် သေချာဆက်ဖတ်ပါ။

ဒီလိုပါ နိုင်ငံတော် စားသုံးသူက အခွန်ဆောင်ရင် အခွန်တံဆိပ်ခေါင်းကပ်ပေးမှ နိုင်ငံတော်ကို အခွန်ငွေတွေရောက်ပါတယ်။ ဒီတံဆိပ်ခေါင်းတွေကို အခွန်ရုံးမှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်း ဆိုင်က ပြန်ဝယ်ရတာလေ။

ဥပမာ – ၁၀၀၀တန် အခွန်တံဆိပ်ခေါင်းကို အခွန်ရုံးမှာ ငွေ ၁၀၀၀ နှင့် ဝယ်ပြီး ကျနော်တို့ Tax ၁၀၀၀ ကျရင် ၁၀၀၀ ကပ်ပေးရတာလေ။ အဲ့တော့ အခွန်တံဆိပ်ခေါင်းတွေဟာ ဘယ်အခွန်ဦးစီး ဘာညာသာရကာမှ မဖြတ်ရလို့ ၁၀၀ ဆို၁၀၀ ကိုယ်ဆောင်သမျှ ကပ်ပေးသလောက် နိုင်ငံတော်ဘဏ္ဍာတိုက်ကို အတိအကျ မပျက်မယွင်း ရောက်လို့ ဆောင်ရတာ အတန်ဆုံးအခွန်ပါ။

အခု သူတို့က ၇၀၀၀ ကျော် ကျတာကို ၁၃၀၀ ဖိုးပဲ ကပ်ပေးတာဆိုတော့ ကြားထဲက ၅၇၀၀ ခိုးထားလိုက်ပြီလေ။ ကျနော်ကလည်း ပေးလိုက်ရတယ်။ နိုင်ငံတော်ကလည်း မရဘူး။သူက ကြားထဲက ခိုးထားလိုက်တာ ၅၇၀၀။ ဒီလို တစ်ဝိုင်းကို ပျှမ်းမျှခြင်း ၅၀၀၀ လောက်ခိုးရင် တစ်ညကို သူ့ဆိုင်မှာ အနည်းဆုံး ဝိုင်း ၄၀ လောက်ရှိပါတယ်။ ဒါဆို ခိုးယူငွေ ၂ သိန်းလောက်ရနေပြီလေ။ တစ်ည ၂ သိန်း တစ်လကို သိန်း ၆၀။ တစ်နှစ်ကို သိန်း ၇၀၀ ကျော် ခိုးနေတာပါ။

ဒီလို ဘားမှာ လာသောက်ကြပြီ ဆိုမှတော့ အားလုံးက မူးနေကြတာလေ။ ကျနော့်လို Tax စစ်မယ့်လူ ဘယ်နှယောက် ပါမယ် ထင်သလဲ။

အခြားမြို့က လူတွေထက် မန္တလေးသူ မန္တလေးသားတွေက အခွန်ငွေရဲ့ အကျိုးကျေးဇူးကို ပိုသိကြမှာပါ။ အခု မန္တလေးမြို့ကြီးတိုးတက်လာတာ နေ့ချင်းညချင်းမဟုတ်ပါဘူး။ မြို့တော်ဝန် ဦးရဲလွင်အစိုးရ တက်လာခါစက ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ပိုက်ဆံမရှိဘူးလေ။ အခွန်တွေကောက်ပြီးမှ ဒီအခွန်ငွေတွေနင့် လမ်းတွေခင်း မီးတိုင်တွေစိုက် လုပ်ပေးနိုင်တာလေ။ ရှင်းရှင်းပြောရရင် ကျနော်တို့ အခွန်ဆောင်ထားတဲ့ ကျနော်တို့ပိုက်ဆံတွေနှင့် အခုလို လုပ်ပေးနိုင်တာပါ။ ဘယ်နိုင်ငံ ဘယ်ဖန်ဆင်းရှင်ကမှ လာလုပ်ပေးသွားတာမဟုတ်ဘူး။ အခုလို ကြားထဲက ဖြတ်ခိုးတဲ့ သူခိုးရှိနေရင် ကျနော်တို့ ရပိုင်ခွင့်တွေ မီးတိုင်တွေ လမ်းတွေ ဘယ်ကပိုက်ဆံနှင့် ဆောက်ကြမလဲ။

ကျနော်တွက်ပြမယ်။ ခုနက တွက်ပြတဲ့အတိုင်း ဒီတစ်ဆိုင်ထဲက တစ်နှစ်ခိုးငွေ သိန်း၇၀၀ ဆို မီးတိုင် အတိုင်၇၀ စိုက်လို့ရပါတယ်။ မီးသတ်ကားတစ်စီး ဝယ်လို့ရပါတယ်။ အမှိုက်သိမ်း ၃ဘီးယာဉ် အစီး၂၀ကျော် ဝယ်လို့ရပါတယ်။

ဒီဆိုင်က ကျနော့်လို သတိထား စစ်တတ်တဲ့သူနှင့်တွေ့သွားလို့ ပေါ်သွားပေမယ့် ဒီလို ခိုးနေတဲ့ ဆိုင် ဘယ်နှဆိုင်ရှိမလဲ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ကျနော် ဒီနေရာကနေ အားလုံးကို ကိုယ်စားသောက်ပြီး Billရှင်းတဲ့အခါ။ အခွန်တံဆိပ်ခေါင်း သေချာစစ်ဖို့ရယ် အဲ့တံဆိပ်ခေါင်းကို ပြန်သုံးမရအောင် သေချာဖြဲပစ်ခဲ့ဖို့ရယ် တိုက်တွန်းရင်း ပြည်သူ့ဘဏ္ဍာငွေကို ခိုးယူတဲ့ The Myst Shisha Lounge ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

PS ကျနော့် Post ကို share ရုံပဲ မ Share ပါနဲ့။ share လည်း share copy လည်း ယူထားပေးကြပါ။ ကျနော့်အကောင့် Report အထုခံရရင် ကျနော့်အကောင့် ပျက်မှာထက် ဒီစာလေးတွေ ပါသွားမှာ ပိုစိုးရိမ်လို့ပါ။

Source : Kyaw Wai Yan Phyo