အခေၾကးေငြျဖင့္ မဲေပးေရြးခ်ယ္ေစမႈေၾကာင့္ အႏုပညာရွင္ေတြ ႏုတ္ထြက္ကုန္ၾကတဲ့ Stars Award

ဆယ္လီကမၻာပရိသတ္ၾကီးေရ ဒုတိယအကယ္ဒမီ ျဖစ္လာမယ္လို႕ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ Stars Award ဆုေပးပြဲၾကီးဟာ မၾကာခင္ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ လက္ရွိမွာStar Awards ​ေပးအပ္​မယ္​့ People Choice, Popular Choice ဆုတို႔အတြက္​ လ်ာထားခံရတ့ဲ သ႐ုပ္​​ေဆာင္​ အခ်ိဳ႕ဟာ ယ​ေန႔၊ မတ္​လ ၁၇ ရက္​​ေန႔၊ ဆုလ်ာထားသူမ်ား စာရင္​း ​ေၾကညာၿပီးၿပီးခ်င္းမွာ ႏုတ္ထြက္ခဲ့ၾကတယ္လို႕သိရပါတယ္။

ေၾကညာျပီးျပီးခ်င္းမွာ ႏုတ္ထြက္ခဲ့ၾကတဲ့ အႏုပညာရွင္ေတြထဲမွာ နိုင္ငံေက်ာ္သရုပ္ေဆာင္ ဇန္ခီ ႏွင့္ ဒါရိုက္တာ ခရစၥတီးနားခီ၊ အလင္းေရာင္၊ သက္မြန္ျမင့္တို႕ က ႏုတ္ထြက္ခဲ့ၾကတာပါ

အခေၾကးေငြျဖင့္ မဲေပးေရြးခ်ယ္ေစမႈေၾကာင့္ အႏုပညာရွင္ေတြႏုတ္ထြက္ကုန္ၾကတဲ့ Stars Award 1

အခုလိုႏႈတ္ထြက္ရျခင္းနဲ႕ ပတ္သက္ျပီး ခီေမာင္နွံကေတာ့လူမႈကြန္ရက္ေပၚမွာ တစ္စံုတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးပါဘူး ။သက္မြန္ျမင့္ကေတာ့ “ဒီ Star Awards ရဲ႕ People Choice ဆုကို မြန္ ရင္ခုန္ခဲ့ပါတယ္။ ကိုယ့္ကို ခ်စ္တဲ့သူေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြနဲ႔ အင္အားကိုပါ ျမင္ရမွာ ထုတ္ျပခြင့္ရမွာ ဆိုၿပီးေတာ့ေပါ့။ ခုေတာ့ နႈတ္ထြက္လိုက္ပါၿပီေနာ္

Voting စနစ္မွာ sms တစ္ေစာင္ ၁၅ က်ပ္ ဆိုတဲ့ ေငြေပးစနစ္ ပါလာတာျဖစ္တဲ့တြက္ မြန္႔ကို ခ်စ္တဲ့သူေတြရဲ႕ ပိုက္ဆံမျဖဳန္းခ်င္ပါဘူး။ မြန္ ခ်စ္တဲ့ ပရိသတ္ေတြတိုင္းရဲ႕ ၁၅ က်ပ္ကို တန္ဖိုးထားလို႔ အဲ့ဒီဆုမလိုခ်င္ေတာ့ပါဘူးေနာ္။ ၁ ေစာင္ ၁၅ က်ပ္နဲ႔ မရပ္ဘဲ အကန္႔သတ္မဲ့ဆိုေတာ့ ပိုၿပီး မလိုလားပါဘူး”လို႔ သက္​မြန္​ျမင့္က ​​ဆိုထားပါတယ္​။

အခေၾကးေငြျဖင့္ မဲေပးေရြးခ်ယ္ေစမႈေၾကာင့္ အႏုပညာရွင္ေတြႏုတ္ထြက္ကုန္ၾကတဲ့ Stars Award 2

အလင္းေရာင္ ရဲ႕လူမႈကြန္ရက္စာမ်က္နွာမွာအမာခံပရိသတ္ Thetnaing Soe အေကာင္ပိုင့္ရွင္ ရဲ႕ “We Love ေတြ ပိုက္ဆံကုန္မွာစိုးလို႕ မပါေတာ့တာျဖစ္ေၾကာင္း ဒီေန႕ညေန ၅:၃၀ ေလာက္က အေၾကာင္းၾကားလာတာမို႕ Vote တာရပ္ဖို႕ Post တင္ခဲ့ပါတယ္။ ဒါေပမယ့္ တခ်ဳိ႕လည္း မသိေသးပဲ ခုထိ ဆက္ vote ေနတာေတြ႕ရလို႕ We Love ေတြအခ်င္းခ်င္း လက္လွမ္းမီသေလာက္ အေၾကာင္းၾကားေပးၾကပါအုန္းေနာ္ “ဆိုတဲ့ ပိုစ္ ကို ျပန္လည္မွ်ေဝထားတာေတြ႔ရပါတယ္။

အခေၾကးေငြျဖင့္ မဲေပးေရြးခ်ယ္ေစမႈေၾကာင့္ အႏုပညာရွင္ေတြႏုတ္ထြက္ကုန္ၾကတဲ့ Stars Award 3

အခုလို ႏုတ္ထြက္ရတဲ႔ အဓိကအေၾကာင္းအရင္းက အခေၾကးေငြျဖင့္ ပရိသတ္ေတြကို အကန္႕အသတ္မရွိမဲေပးေရြးခ်ယ္ေစမႈေၾကာင့္ျဖစ္တယ္လို႕ ပရိသတ္ေတြကလည္း သံုးသပ္ေနၾကတာပါ ။ အခုလို အခေၾကးေငြနဲ႕ အကန္႕အသတ္မရွိမဲေပးႏိုင္တဲ့ Star Awards နဲ႔ ပတ္သက္ျပီး ဆယ္လီကမၻာရိသတ္ေတြရဲ႕ အျမင္ေတြသေဘာထားေတြကို မွတ္ခ်က္ကေနမွ်ေဝေပးခဲ့ၾကပါဦး။

အခေၾကးေငြျဖင့္ မဲေပးေရြးခ်ယ္ေစမႈေၾကာင့္ အႏုပညာရွင္ေတြႏုတ္ထြက္ကုန္ၾကတဲ့ Stars Award 4

Source – The Irrawady / Alinnyoung light
Yenanthar Khin Khin Se @ Cele Gabar

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒုတိယအကယ်ဒမီ ဖြစ်လာမယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ Stars Award ဆုပေးပွဲကြီးဟာ မကြာခင်ပြုလုပ်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာStar Awards ပေးအပ်မယ့် People Choice, Popular Choice ဆုတို့အတွက် လျာထားခံရတဲ့ သရုပ်ဆောင် အချို့ဟာ ယနေ့၊ မတ်လ ၁၇ ရက်နေ့၊ ဆုလျာထားသူများ စာရင်း ကြေညာပြီးပြီးချင်းမှာ နုတ်ထွက်ခဲ့ကြတယ်လို့သိရပါတယ်။

ကြေညာပြီးပြီးချင်းမှာ နုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ နိုင်ငံကျော်သရုပ်ဆောင် ဇန်ခီ နှင့် ဒါရိုက်တာ ခရစ္စတီးနားခီ၊ အလင်းရောင်၊ သက်မွန်မြင့်တို့ က နုတ်ထွက်ခဲ့ကြတာပါ

အခုလိုနှုတ်ထွက်ရခြင်းနဲ့ ပတ်သက်ပြီး ခီမောင်နှံကတော့လူမှုကွန်ရက်ပေါ်မှာ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး ။သက်မွန်မြင့်ကတော့ “ဒီ Star Awards ရဲ့ People Choice ဆုကို မွန် ရင်ခုန်ခဲ့ပါတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အင်အားကိုပါ မြင်ရမှာ ထုတ်ပြခွင့်ရမှာ ဆိုပြီးတော့ပေါ့။ ခုတော့ နှုတ်ထွက်လိုက်ပါပြီနော်

Voting စနစ်မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ် ပါလာတာဖြစ်တဲ့တွက် မွန့်ကို ချစ်တဲ့သူတွေရဲ့ ပိုက်ဆံမဖြုန်းချင်ပါဘူး။ မွန် ချစ်တဲ့ ပရိသတ်တွေတိုင်းရဲ့ ၁၅ ကျပ်ကို တန်ဖိုးထားလို့ အဲ့ဒီဆုမလိုချင်တော့ပါဘူးနော်။ ၁ စောင် ၁၅ ကျပ်နဲ့ မရပ်ဘဲ အကန့်သတ်မဲ့ဆိုတော့ ပိုပြီး မလိုလားပါဘူး”လို့ သက်မွန်မြင့်က ဆိုထားပါတယ်။

အလင်းရောင် ရဲ့လူမှုကွန်ရက်စာမျက်နှာမှာအမာခံပရိသတ် Thetnaing Soe အကောင်ပိုင့်ရှင် ရဲ့ “We Love တွေ ပိုက်ဆံကုန်မှာစိုးလို့ မပါတော့တာဖြစ်ကြောင်း ဒီနေ့ညနေ ၅:၃၀ လောက်က အကြောင်းကြားလာတာမို့ Vote တာရပ်ဖို့ Post တင်ခဲ့ပါတယ်။ ဒါပေမယ့် တချို့လည်း မသိသေးပဲ ခုထိ ဆက် vote နေတာတွေ့ရလို့ We Love တွေအချင်းချင်း လက်လှမ်းမီသလောက် အကြောင်းကြားပေးကြပါအုန်းနော် “ဆိုတဲ့ ပိုစ် ကို ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

အခုလို နုတ်ထွက်ရတဲ့ အဓိကအကြောင်းအရင်းက အခကြေးငွေဖြင့် ပရိသတ်တွေကို အကန့်အသတ်မရှိမဲပေးရွေးချယ်စေမှုကြောင့်ဖြစ်တယ်လို့ ပရိသတ်တွေကလည်း သုံးသပ်နေကြတာပါ ။ အခုလို အခကြေးငွေနဲ့ အကန့်အသတ်မရှိမဲပေးနိုင်တဲ့ Star Awards နဲ့ ပတ်သက်ပြီး ဆယ်လီကမ္ဘာရိသတ်တွေရဲ့ အမြင်တွေသဘောထားတွေကို မှတ်ချက်ကနေမျှဝေပေးခဲ့ကြပါဦး။

Source – The Irrawady / Alinnyoung light
Yenanthar Khin Khin Se @ Cele Gabar