ျမန္မာစစ္တပ္နဲ႔ အိႏၵိယစစ္တပ္ ပူးတြဲၿပီး ေအေအ ကို တိုက္ခိုက္…!

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၁၇ ရက္ေန႕ကေန မတ္လ ၂ ရက္ေန႕အထိ ျမန္မာ နဲ႕ အိႏၵိယ စစ္တပ္တို႕ ပူးတြဲၿပီး ရခိုင့္တပ္မေတာ္ AA ကို တိုက္ခိုက္ ခဲ့ၾကတယ္လို႕ အိႏၵိယ စစ္တပ္က ေျပာဆိုေၾကာင္း India Today သတင္း က ေဖာ္ျပပါတယ္။

အိႏၵိယ အေနာက္ဘက္ နယ္စပ္ေဒသ တည္ၿငိမ္ေရးအေပၚ အမ်ားက အာရံုစိုက္ေနၾကခ်ိန္မွာ၊ အိႏၵိယ စစ္တပ္က အေရွ႕ဘက္ နယ္စပ္ေဒသမွာ ရခိုင့္တပ္မေတာ္ AA ကို ပစ္မွတ္ထား တိုက္ခိုက္ ခဲ့တယ္လို႕ သိရပါတယ္။

AA ကို ျမန္မာအစိုးရက အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ ထားတာပါ။ သတင္းေတြအရ အိႏၵိယအစိုးရရဲ႕ အႀကီးစား ကုလားတန္ စီမံကိန္း ကို AA က ၿခိမ္းေျခာက္ေနတယ္လို႕ ဆိုပါ တယ္။ ကုလားတန္ စီမံကိန္းဟာ အိႏၵိယ ကာလ္ကတၱားၿမိဳ႕နဲ႕ ျမန္မာႏိုင္ငံ စစ္ေတြ ဆိပ္ကမ္းကို ဆက္စပ္မယ့္ စီမံကိန္းျဖစ္ပါတယ္။

အခုလို ျမန္မာ နဲ႕ အိႏၵိယ စစ္တပ္တို႕ ပူးတြဲဆင္ႏြဲတဲ့ အႀကီးစား စစ္ဆင္ေရးေတြ မွာ ပထမအဆင့္အေနနဲ႕ မီဇိုရမ္ျပည္နယ္တြင္းက အသစ္ တည္ေဆာက္ထားတဲ့ သူပုုန္စခန္းေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာျဖစ္ၿပီး၊ ဒုတိယအဆင့္အေနနဲ႕ ေျမာက္ပိုင္းက NSCN (K) နာဂ သူပုန္စခန္းေတြကို တိုက္ခိုက္ခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီ ပူးတြဲ စစ္ဆင္ေရးေတြကို သီတင္းႏွစ္ပတ္ၾကာ ဆင္ႏြဲခဲ့ျပီး၊ မတ္လ ၂ ရက္ေန႕မွာ အဆံုးသတ္ခဲ့ပါတယ္။RFA\File Photo- ျမန္မာႏိုင္ငံေျမာက္ပိုင္းရွိ ေအေအ တပ္စခန္း တစ္ခု ကို ေတြ႕ရစဥ္။

(Photo –

Unicode

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ မြန်မာ နဲ့ အိန္ဒိယ စစ်တပ်တို့ ပူးတွဲပြီး ရခိုင့်တပ်မတော် AA ကို တိုက်ခိုက် ခဲ့ကြတယ်လို့ အိန္ဒိယ စစ်တပ်က ပြောဆိုကြောင်း India Today သတင်း က ဖော်ပြပါတယ်။

အိန္ဒိယ အနောက်ဘက် နယ်စပ်ဒေသ တည်ငြိမ်ရေးအပေါ် အများက အာရုံစိုက်နေကြချိန်မှာ၊ အိန္ဒိယ စစ်တပ်က အရှေ့ဘက် နယ်စပ်ဒေသမှာ ရခိုင့်တပ်မတော် AA ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

AA ကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားတာပါ။ သတင်းတွေအရ အိန္ဒိယအစိုးရရဲ့ အကြီးစား ကုလားတန် စီမံကိန်း ကို AA က ခြိမ်းခြောက်နေတယ်လို့ ဆိုပါ တယ်။ ကုလားတန် စီမံကိန်းဟာ အိန္ဒိယ ကာလ်ကတ္တားမြို့နဲ့ မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်းကို ဆက်စပ်မယ့် စီမံကိန်းဖြစ်ပါတယ်။

အခုလို မြန်မာ နဲ့ အိန္ဒိယ စစ်တပ်တို့ ပူးတွဲဆင်နွဲတဲ့ အကြီးစား စစ်ဆင်ရေးတွေ မှာ ပထမအဆင့်အနေနဲ့ မီဇိုရမ်ပြည်နယ်တွင်းက အသစ် တည်ဆောက်ထားတဲ့ သူပုန်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒုတိယအဆင့်အနေနဲ့ မြောက်ပိုင်းက NSCN (K) နာဂ သူပုန်စခန်းတွေကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ ပူးတွဲ စစ်ဆင်ရေးတွေကို သီတင်းနှစ်ပတ်ကြာ ဆင်နွဲခဲ့ပြီး၊ မတ်လ ၂ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။RFA\File Photo- မြန်မာနိုင်ငံမြောက်ပိုင်းရှိ အေအေ တပ်စခန်း တစ်ခု ကို တွေ့ရစဉ်။

(Photo –