မေသေဆးလို႔ေတာင္ တင္စားၾကတဲ့ အသက္ရွည္ေဆးေခၚ မခ်စ္ဥ (ဂမုန္းၾကက္သြန္ျဖဴ) တန္ဖိုးႀကီးလို႔ ရွယ္ျပီးသိမ္းထားပါဗ်ာ…!

မခ်စ္ဥ

မေသေဆးလို႔ေတာင္ တင္စားၾကတဲ့ အသက္ရွည္ေဆးေခၚ မခ်စ္ဥ (ဂမုန္းၾကက္သြန္ျဖဴ)

==============================

မေသေဆးလို႔ေတာင္ တင္စားၾကတဲ့ အသက္ရွည္ေဆးေခၚ မခ်စ္ဥ (ဂမုန္းၾကက္သြန္ျဖဴ)

(Fritillaria roylei Hook)

Common name: Himalayan fritillary

Family : Liliaceae

အသက္ရွည္ေဆးေခၚ မခ်စ္ဥ (ဂမုန္းၾကက္သြန္ျဖဴ)

============================

ကခ်င္ျပည္နယ္ေျမာက္ပိုင္း ေရခဲမ်ားဖံုးအုပ္ေသာ ေဒသ တြင္ မ်ားစြာ ေပါက္သဘာ၀အေလ်ာက္ ေရာက္သည္။ ေရခဲမ်ားဖံုးအုပ္ခ်ိန္၌ ေရခဲ မ်ားေအာက္၌ ေပါက္ေရာက္ၿပီး ေရခဲမ်ားအရည္ေပ်ာ္သြား ေသာအခါမွ ေပၚထြက္လာသည္။ပင္ေပ်ာ့ပင္ငယ္မ်ိဳးျဖစ္၍ အျမင့္ ၁ ေပခန္႕႐ွိသည္။ ေရခဲျပင္ေအာက္ ၌ေပါက္ေရာက္ေသာ အပင္မ်ိဳးျဖစ္သည္။ ပင္တည္းျဖစ္၍ ပင္စည္ အစိမ္းေရာင္႐ွိၿပီး ေခ်ာေမြ႕သည္။

႐ြက္ဆိုင္ထြက္သည္။ ေျဖာင့္မတ္သည္။ႀကိဳးျပားေသးပံု႐ွိၿပီး ႐ြက္ထိပ္ ခၽြန္သြယ္သည္။ ႐ြက္ညွာမဲ့သည္။ ႐ြက္လယ္ ေၾကာ ထင္႐ွားသည္။ ၂ လက္မ ၄ လက္မ ႐ွည္သည္။ပြင့္တည္း ပြင့္သည္။ ၁ မွ ၂ လက္မ အထိ ႐ွည္သည္။ ေခါင္းေလာင္း ပံုျဖစ္သည္။

ျမန္မာေဆးက်မ္းမ်ားအရ ၄င္းဥသည္ခါးသည္၊ဆိမ့္သည္၊ အသက္ကို ႐ွည္ေစႏိုင္ေသာ ဂုဏ္သတၱိ႐ွိ၏။ လူသားတို႕အတြက္ အေရးႀကီးေသာ ေလဓာတ္ကိ အားေပး၏။ ယုတ္ေလ်ာ႕ေနေသာ ကုိယ္ေငြ႕အပူ ဓာတ္ကို ျဖစ္ထြန္း ႏုိင္ရန္ မ်ားစြာ အေထာက္အပံ့ျပဳ၏။

အသံုးျပဳပံု

မခ်စ္ဥ၍ ထူးျခားေသာ အစြမ္းသတၱိ႐ွိ၍ ယင္းကို မအို၊ မနာ၊ မေသေဆး ဟု ယူဆၾကသည္။

အနာေပါက္၊ ပန္းနာ၊ ေသြးအားနည္းေရာဂါ ၊ ေခ်ာင္းေျခာက္ အဆုတ္နာ၊ ေလက်ိတ္၊ ေသြးက်ိတ္၊အေၾကာနာ၊အဆစ္ကိုက္ ၊ဆီးပူငုပ္၊ နာတာ႐ွည္ဖ်ား စေသာ ေရာဂါမ်ား မက်ေရာက္ႏိုင္ေအာင္ လည္းေကာင္း၊ ေပ်ာက္ကင္း ခ်မ္းသာေစရန္လည္းေကာင္း အသံုးျပဳ၏။

မခ်စ္ဥကို အမႈန္႕ျပဳ၍ လိေမၼာ္ခြံႏွင့္ ျပဳတ္ၿပီးေသာက္ျခင္းျဖင့္ပန္းနာေရာဂါ ႏူနာေရာဂါမ်ား ေပ်ာက္ကင္းေစ၏။

မခ်စ္ဥေျခာက္အမႈန္႕ကို ပ်ားရည္ပုလင္းႀကီး တစ္၀က္ခန္႕ႏွင့္စိမ္ထားၿပီး ေန႕စဥ္နံနက္ ည လက္ဖက္ရည္ဇြန္းတစ္ဇြန္းက် စားသံုးေပးပါက ဒူလာေရာဂါ ေပ်ာက္ကင္း၍ အိပ္ေပ်ာ္စား၀င္ အသက္႐ွည္ေစသည္။

Crd: arogyamonline Credit : ေမာင္ႏြယ္သန္း

Unicode version

မသေဆေးလို့တောင် တင်စားကြတဲ့ အသက်ရှည်ဆေးခေါ် မချစ်ဥ (ဂမုန်းကြက်သွန်ဖြူ)

==============================

မသေဆေးလို့တောင် တင်စားကြတဲ့ အသက်ရှည်ဆေးခေါ် မချစ်ဥ (ဂမုန်းကြက်သွန်ဖြူ)

(Fritillaria roylei Hook)

Common name: Himalayan fritillary

Family : Liliaceae

အသက်ရှည်ဆေးခေါ် မချစ်ဥ (ဂမုန်းကြက်သွန်ဖြူ)

============================

ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲများဖုံးအုပ်သော ဒေသ တွင် များစွာ ပေါက်သဘာဝအလျောက် ရောက်သည်။ ရေခဲများဖုံးအုပ်ချိန်၌ ရေခဲ များအောက်၌ ပေါက်ရောက်ပြီး ရေခဲများအရည်ပျော်သွား သောအခါမှ ပေါ်ထွက်လာသည်။ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁ ပေခန့်ရှိသည်။ ရေခဲပြင်အောက် ၌ပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ ပင်တည်းဖြစ်၍ ပင်စည် အစိမ်းရောင်ရှိပြီး ချောမွေ့သည်။

ရွက်ဆိုင်ထွက်သည်။ ဖြောင့်မတ်သည်။ကြိုးပြားသေးပုံရှိပြီး ရွက်ထိပ် ချွန်သွယ်သည်။ ရွက်ညှာမဲ့သည်။ ရွက်လယ် ကြော ထင်ရှားသည်။ ၂ လက်မ ၄ လက်မ ရှည်သည်။ပွင့်တည်း ပွင့်သည်။ ၁ မှ ၂ လက်မ အထိ ရှည်သည်။ ခေါင်းလောင်း ပုံဖြစ်သည်။

မြန်မာဆေးကျမ်းများအရ ၄င်းဥသည်ခါးသည်၊ဆိမ့်သည်၊ အသက်ကို ရှည်စေနိုင်သော ဂုဏ်သတ္တိရှိ၏။ လူသားတို့အတွက် အရေးကြီးသော လေဓာတ်ကိ အားပေး၏။ ယုတ်လျော့နေသော ကိုယ်ငွေ့အပူ ဓာတ်ကို ဖြစ်ထွန်း နိုင်ရန် များစွာ အထောက်အပံ့ပြု၏။

အသုံးပြုပုံ

မချစ်ဥ၍ ထူးခြားသော အစွမ်းသတ္တိရှိ၍ ယင်းကို မအို၊ မနာ၊ မသေဆေး ဟု ယူဆကြသည်။

အနာပေါက်၊ ပန်းနာ၊ သွေးအားနည်းရောဂါ ၊ ချောင်းခြောက် အဆုတ်နာ၊ လေကျိတ်၊ သွေးကျိတ်၊အကြောနာ၊အဆစ်ကိုက် ၊ဆီးပူငုပ်၊ နာတာရှည်ဖျား စသော ရောဂါများ မကျရောက်နိုင်အောင် လည်းကောင်း၊ ပျောက်ကင်း ချမ်းသာစေရန်လည်းကောင်း အသုံးပြု၏။

မချစ်ဥကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့်ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။

မချစ်ဥခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။

Crd: arogyamonline