သင္မသိေသးတဲ့ ၾကက္ဥ တစ္ေန႔ ၂လံုးစားျခင္းရဲ႕ ေကာင္းက်ိဳးမ်ား…!

က်န္းမာေရး သတင္းေတြ ေဆာင္းပါးေတြ ေရးေနက် Bright Side မီဒီယာက ၾကက္ဥအေၾကာင္းကို သုေတသနလုပ္ထားၿပီး ထုတ္ျပန္ခဲ့တဲ့အေၾကာင္းကို မွ်ေ၀ေပးခ်င္ပါတယ္။

Hard-Boiled-eggs-375x300

မွတ္ဥာဏ္ကို အားေကာင္းေစ

14555460-23600660-04-0-1495637569-1495637578-650-1-1495637578-650-3dc71f5fca-1496413717

ဦးေႏွာက္ရဲ႕ ဆဲလ္ေတြက Choline နဲ႔ ဖြဲ႔စည္းထားတာျဖစ္ပါတယ္။ ဗီတာမင္က Choline ဓာတ္ေတြ လံုေလာက္ေစဖို႔အတြက္ အဓိက က်ပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို ၾကက္ဥ ၂လံုးစားရင္ အဟာရျပည့္၀ကာ ဒီဓာတ္ေတြလံုေလာက္ပါတယ္။ Choline ဓာတ္ေတြ ေလ်ာ့နည္းေနရင္ မွတ္ဥာဏ္အားနည္းတာေတြ ျဖစ္ေစပါတယ္။

မ်က္လံုးကို အားေကာင္းေစ

14555510-23589710-00-0-1495635471-1495635598-650-1-1495635598-650-5a790217fc-1496413717

ၾကက္ဥေတြမွာ Lutein ဓာတ္ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒီဓာတ္ေတြက မ်က္စိ အျမင္ကို ၾကည္လင္ျပတ္သားေအာင္ ကူညီေပးပါတယ္။ အကယ္၍ Lutein ဓာတ္ေတြ ခ်ိဳ႕တဲ့ရင္ မ်က္လံုး တစ္ရွဴးေတြ ပံုမွန္မဟုတ္ေတာ့ဘဲ မ်က္စိအျမင္ကို အားနည္းေစပါတယ္။

အရိုးႏွင့္သြားမ်ားကို ခိုင္မာေစ

သင္မသိေသးတဲ့ ၾကက္ဥ တစ္ေန႔ ၂လံုးစားျခင္းရဲ့ ေကာင္းက်ိဳးမ်ား

လူတစ္ေယာက္ကို ငါးႀကီးဆီ တစ္ဇြန္းေသာက္မလား၊ ၾကက္ဥ တစ္လံုးစားမလားလို႔ေမးရင္ေတာ့ ၾကက္ဥတစ္လံုးစားမယ္လို႔ ျပန္ေျဖၾကတာမ်ားပါလိမ့္မယ္။ ၾကက္ဥက ငါးႀကီးဆီတဲ့ အရသာပိုေကာင္းတာေၾကာင့္ပါ။ ဒါေပမယ့္ ဗီတာမင္ D ပါ၀င္တဲ့ ပမာဏခ်င္း တူညီၾကပါတယ္။ ဗီတာမင္ D က ကယ္ဆီယမ္ ဓာတ္ကိုပိုရရွိေအာင္ ကူညီေပးကာ အရိုးနဲ႔ သြားမ်ားကို သန္စြမ္းက်န္းမာေစပါတယ္။

အသားအေရ၊ ဆံပင္နဲ႔ အသည္းေရာဂါကို ကာကြယ္ေပး

14555610-23599960-03-0-1495637357-1495637392-650-1-1495637392-650-eb25ec9d0b-1496413717

ၾကက္ဥမွာ ပါ၀င္တဲ့ Biotin, Vitamin B 12 နဲ႔ ပရိုတင္းဓာတ္ေတြက အသားအေရနဲ႔ ဆံပင္က်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။ ၾကက္ဥေတြမွာပါ၀င္တဲ့ Phospholipids ဓာတ္က အသည္းထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ေပး

14555710-25154860-30-0-1496344449-1496344485-650-1-1496344485-650-74987e2275-1496413717

ကယ္လုိရီနည္းတဲ့ မနက္စာကို ၾကက္ဥေတြနဲ႔ ေရာၿပီးစားသံုးရင္ ကိုယ္အေလးခ်ိန္ သာမန္ထက္ေတာင္ ၂ ဆေလာက္က်ေစတယ္လို႔ အေမရိကန္သိပၸံပညာရွင္ေတြက ေတြ႔ရွိထားပါတယ္။ ၾကက္ဥပါတြဲစားတဲ့ မနက္စာစားထားရင္ အခ်ိန္ၾကာၾကာ ဗိုက္ျပည့္ေနတာေၾကာင့္ ေန႔လည္စာမွာ သာမန္ထက္ေလ်ာ့စားမိမွာျဖစ္ပါတယ္။

ႏွလံုးေရာဂါကို ကာကြယ္ေပး

သင္မသိေသးတဲ့ ၾကက္ဥ တစ္ေန႔ ၂လံုးစားျခင္းရဲ့ ေကာင္းက်ိဳးမ်ား

ၾကက္ဥမွာပါ၀င္တဲ့ ကိုလက္စထေရာက က်န္းမာေရးအတြက္ ဆိုးက်ိဳးမေပးတဲ့ ကိုလက္စထေရာျဖစ္ပါတယ္။ အဲ့ဒီအျပင္ ခႏၶာကိုယ္မွာ ကိုလက္စထေရာထုတ္လုပ္မႈကို ေလ်ာ့ခ်ေပးပါတယ္။ ၾကက္ဥမွာ omega-3 အက္ဆစ္ဓာတ္ပါ၀င္တာေၾကာင့္ ႏွလံုးေရာဂါ ျဖစ္ပြားမႈကို ေလ်ာ့ခ်ေပးပါတယ္။

ကင္ဆာ ေရာဂါျဖစ္ပြားႏိုင္ေခ်ကို ေလ်ာ့ခ်ေပး

14555810-23947160-2-0-1495788336-1495788346-650-1-1495788346-650-32e9147584-1496413717

ၾကက္ဥမွာပါ၀င္တဲ့ Choline ဓာတ္က ဦးေႏွာက္အတြက္ ေကာင္းမြန္ရုံသာမက ကင္ဆာေရာဂါျဖစ္ပြားႏိုင္ေခ်ကိုပါ ေလ်ာ့ခ်ေပးပါတယ္။ သုေတသန ျပဳလုပ္ခ်က္အရ ေန႔တိုင္းၾကက္ဥစားေပးတဲ့အမ်ိဳးသမီးက ရင္သားကင္ဆာျဖစ္ပြားႏိုင္ေခ် ၁၈ % ေလ်ာ့နည္းတယ္လုိ႔ ဆိုပါတယ္။

အရြယ္တင္ႏုပ်ိဳေစ

14555860-23604710-06-0-1495638053-1495638065-650-1-1495638065-650-3ca34ebd4c-1496413717

နယ္သာလန္ႏိုင္ငံရဲ႕ သုေတသနျပဳလုပ္ခ်က္အရ ၾကက္ဥကို တစ္ေန႔ ၂လံုးစားေပးတဲ့ အသက္ ၃၅ ႏွစ္ကေန ၄၀ ၾကား အမ်ိဳးသမီးမ်ား ၏ ၈၇%မွာ အသားအေရ တင္းရင္းၿပီး အစက္အေျပာက္ေတြ နည္းပါးတယ္လို႔ ဆိုပါတယ္။

Unicode

ကျန်းမာရေး သတင်းတွေ ဆောင်းပါးတွေ ရေးနေကျ Bright Side မီဒီယာက ကြက်ဥအကြောင်းကို သုတေသနလုပ်ထားပြီး ထုတ်ပြန်ခဲ့တဲ့အကြောင်းကို မျှဝေပေးချင်ပါတယ်။

မှတ်ဉာဏ်ကို အားကောင်းစေ

ဦးနှောက်ရဲ့ ဆဲလ်တွေက Choline နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဗီတာမင်က Choline ဓာတ်တွေ လုံလောက်စေဖို့အတွက် အဓိက ကျပါတယ်။ ဒါကြောင့် တစ်နေ့ကို ကြက်ဥ ၂လုံးစားရင် အဟာရပြည့်ဝကာ ဒီဓာတ်တွေလုံလောက်ပါတယ်။ Choline ဓာတ်တွေ လျော့နည်းနေရင် မှတ်ဉာဏ်အားနည်းတာတွေ ဖြစ်စေပါတယ်။

မျက်လုံးကို အားကောင်းစေ

ကြက်ဥတွေမှာ Lutein ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက မျက်စိ အမြင်ကို ကြည်လင်ပြတ်သားအောင် ကူညီပေးပါတယ်။ အကယ်၍ Lutein ဓာတ်တွေ ချို့တဲ့ရင် မျက်လုံး တစ်ရှူးတွေ ပုံမှန်မဟုတ်တော့ဘဲ မျက်စိအမြင်ကို အားနည်းစေပါတယ်။

အရိုးနှင့်သွားများကို ခိုင်မာစေ

သင်မသိသေးတဲ့ ကြက်ဥ တစ်နေ့ ၂လုံးစားခြင်းရဲ့ ကောင်းကျိုးများ

လူတစ်ယောက်ကို ငါးကြီးဆီ တစ်ဇွန်းသောက်မလား၊ ကြက်ဥ တစ်လုံးစားမလားလို့မေးရင်တော့ ကြက်ဥတစ်လုံးစားမယ်လို့ ပြန်ဖြေကြတာများပါလိမ့်မယ်။ ကြက်ဥက ငါးကြီးဆီတဲ့ အရသာပိုကောင်းတာကြောင့်ပါ။ ဒါပေမယ့် ဗီတာမင် D ပါဝင်တဲ့ ပမာဏချင်း တူညီကြပါတယ်။ ဗီတာမင် D က ကယ်ဆီယမ် ဓာတ်ကိုပိုရရှိအောင် ကူညီပေးကာ အရိုးနဲ့ သွားများကို သန်စွမ်းကျန်းမာစေပါတယ်။

အသားအရေ၊ ဆံပင်နဲ့ အသည်းရောဂါကို ကာကွယ်ပေး

ကြက်ဥမှာ ပါဝင်တဲ့ Biotin, Vitamin B 12 နဲ့ ပရိုတင်းဓာတ်တွေက အသားအရေနဲ့ ဆံပင်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကြက်ဥတွေမှာပါဝင်တဲ့ Phospholipids ဓာတ်က အသည်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ချပေး

ကယ်လိုရီနည်းတဲ့ မနက်စာကို ကြက်ဥတွေနဲ့ ရောပြီးစားသုံးရင် ကိုယ်အလေးချိန် သာမန်ထက်တောင် ၂ ဆလောက်ကျစေတယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။ ကြက်ဥပါတွဲစားတဲ့ မနက်စာစားထားရင် အချိန်ကြာကြာ ဗိုက်ပြည့်နေတာကြောင့် နေ့လည်စာမှာ သာမန်ထက်လျော့စားမိမှာဖြစ်ပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

သင်မသိသေးတဲ့ ကြက်ဥ တစ်နေ့ ၂လုံးစားခြင်းရဲ့ ကောင်းကျိုးများ

ကြက်ဥမှာပါဝင်တဲ့ ကိုလက်စထရောက ကျန်းမာရေးအတွက် ဆိုးကျိုးမပေးတဲ့ ကိုလက်စထရောဖြစ်ပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်မှာ ကိုလက်စထရောထုတ်လုပ်မှုကို လျော့ချပေးပါတယ်။ ကြက်ဥမှာ omega-3 အက်ဆစ်ဓာတ်ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ချပေးပါတယ်။

ကင်ဆာ ရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေး

ကြက်ဥမှာပါဝင်တဲ့ Choline ဓာတ်က ဦးနှောက်အတွက် ကောင်းမွန်ရုံသာမက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုပါ လျော့ချပေးပါတယ်။ သုတေသန ပြုလုပ်ချက်အရ နေ့တိုင်းကြက်ဥစားပေးတဲ့အမျိုးသမီးက ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ၁၈ % လျော့နည်းတယ်လို့ ဆိုပါတယ်။

အရွယ်တင်နုပျိုစေ

နယ်သာလန်နိုင်ငံရဲ့ သုတေသနပြုလုပ်ချက်အရ ကြက်ဥကို တစ်နေ့ ၂လုံးစားပေးတဲ့ အသက် ၃၅ နှစ်ကနေ ၄၀ ကြား အမျိုးသမီးများ ၏ ၈၇%မှာ အသားအရေ တင်းရင်းပြီး အစက်အပြောက်တွေ နည်းပါးတယ်လို့ ဆိုပါတယ်။